Multi blog by Anna

Multi blog by Anna

Share

You can trust this page. This isn’t liar.

21/06/2025

# ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာ မင်းပဲ 🧚‍♂️

#မယ်ညို

# သဘောကျမိသောစာအုပ်လေးများ

၁။ အခုတစ်လော နာမည်ကြီးပြီး ခေါင်းစဥ်လေး ထူးဆန်းသလို စာအုပ် နာမည်လေး မြင်လိုက်တာနဲ့ အရင်ဆုံး ဖတ်ချင်စိတ်ဖြစ်မိတာ စာရေးသူရဲ့ ခေါင်းစဥ်ပေးတတ်မှုကို ပိုသဘောကျမိတယ် ❤️

၂။ ကျွန်မ က စာအုပ်လေးတွေကို စုဆောင်းရတာကြိုက်တဲ့သူဆိုတော့ စာအုပ်မျက်နှာဖုံးလေးကလည်း စာအုပ်နာမည်လေးနဲ့ အပြိုင် ပနံရပြီးတော့ အရမ်းကို ဆွဲဆောင်နေတာပါပဲ 💞

👁 ဒါကတော့ စာအုပ်အတွင်းပိုင်းကို မဖတ်ရသေးပဲ အပေါ် မျက်နှာဖုံးကနေ စတင်ဆွဲဆောင်တဲ့အကြောင်းပါ

🪴 အာ့ကြောင့် စာအုပ်ကို "၄၅၀၀ ကျပ်" နဲ့ စာအုပ်တိုက်ကနေ ကိုယ့်ရဲ့လုပ်အားခလေးထဲက သဘောကျ နှစ်ခြိုက်စွာ ဝယ်ယူအားပေးခဲ့ပါတယ် စာအုပ် budget ကတော့ ကျွန်မတို့လို လခစားသမားတွေ အတွက် အပိုင်ဝယ်ဖတ်ဖို့ အဆင်ပြေတဲ့ အနေအထားပါပဲ

ကဲ ဒါဆို အရေးအသားပိုင်းကို ဝယ်ဖတ်ချင်သူများအတွက် နဲနဲညွန်းပေးပါမယ် 🍁

ကျွန်မတော့ အရမ်းဖတ်ချင်လွန်းတဲ့ စိတ်နဲ့ နေ့တပိုင်းနဲ့ အပီးဖတ်ပစ်လိုက်ပါတယ် ကျွန်မစာဖတ်မြန်တာလည်း ပါတာပေါ့နော်

အချစ်ရသစာပေလို့ ပြောလို့ရသလို ပညာပေးဇာတ်လမ်းသဘောမျိုးလို့ပြောလို့ရပါတယ်

တဇွတ်ထိုးဆန်တဲ့ မိန်းကလေး ...
လူ့ကျင့်ဝတ်အရ စောင့်ထိန်းသင့်တာကို မစောင့်ထိန်းနိုင်ပဲ ...
သူရဲ့ စွဲလန်းမှုကပူလောင်ရတဲ့ အပြင် ကိုယ်တကယ်လက်တွေ့မှာ ဝဋ်ကြွေးကံ ပြန်ဆပ်ဖို့ ရောက်လာတဲ့အခါ မှပဲ ...
ကာမပိုင်ပထမ မိန်းကလေးရဲ့ စိတ်ကို နားလည်ပြီး လွတ် မြောက်ဖို့ ကြိုးစားလိုက်တဲ့ မိန်းကလေးတယောက်အကြောင်းကို ဖော်ပြထားတဲ့ စာအုပ်လေး...
ပေါ့ပေါ့ပါးပါး လေးနဲ့ဖတ်ရတာ ရင်ထဲထိမယ့် စာအုပ်လေး ဖြစ်ပါမယ် ❤️

ဖတ်ရတာတော့ အကြောင်းအရာက သိပ်မများပေမယ့် ကျွန်မ အကြိုက်ကတော့ ၈/၁၀ လောက်တော့ စာရေးဆရာ/မ မယ်ညိုရဲ့ ဇာတ်လမ်လေးကို ပေးချင်ပါတယ်

မိန်းကလေးတိုင်း ကာမေသုကံမှ ကင်းဝေးနိုင်ကြပါစေ

ချစ်တဲ့
Anna

17/04/2023

Durian season 😁

#ဒူရင်းသီး

ရာသီစာလေးဆိုတော့ သတိနဲ့စားနိုင်ဖို့ တင်ပေးတာပါနော် ဒူးရင်းသီးကြိုက်သောအချစ်လေးတို့အတွက်

☺️ Photo ကို credit ပေးပါတယ်

Photos from Multi blog by Anna's post 10/06/2022

ဒီတခါ Anna sharing လုပ်ချင်တာကတော့ အမှုမဲ့ အမှတ်မဲ့ပေမယ့် အသုံးဝင်တဲ့ အိမ်သုံးပစ္စည်းလေး တခုအကြောင်း ပြောပြချင်ပါတယ်

Anna တို့ အပြင်ကို ဆိုင်ကယ်နဲ့သွားတာပဲဖြစ်ဖြစ် ခြေကျင်ပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုး နဲ့ ကိုယ်လိုရာခရီးကို သွားကြတာပါပဲ ဒါကြောင့် အပြင်ကနေ ပြန်လာတာပဲဖြစ်ဖြစ် အိမ်မှာနေတာပဲဖြစ်ဖြစ် Anna တို့ ကိုယ် ပေါ်မှာရော အိပ်ရာပေါ်မှာရော စသည်ဖြင့် နေရာအမျိုးမျိုးမှာ မမြင်နိုင်တဲ့ဖုန်တွေ ကပ်နေတတ်
ပါတယ်

Anna အခုပြောပြပေးမယ့် ပစ္စည်းလေးက ဖုန်တွေ အကုန်လုံး မပြောင်စင်နိုင်ရင်တောင်မှ ကိုယ်လိုချင်တဲ့ ပုံစံ ပမာဏ နီးနီးတော့ သန့်စင်ပေးနိုင်ပါတယ်

ဒါကြောင့် Anna လို အလုပ်က ပြန်လာရင် အိပ်ရာပေါ်လးမှာ အသာလေးခွေနေချင်တဲ့သူအတွက်တော့ ဒီroller လေးက အရမ်းအဆင်ပြေပါတယ် ဘာလို့လဲဆိုတော့ အိပ်ရာပေါ်မအိပ်ခင်မှာ ဖုန်တွေရှိနေမလားဆိုတဲ့ psycho ရှိတဲ့ Anna လိုလူမျိုးက နဲနဲလေးခါလိုက်ရမှ အဆင်ပြေပြေ အိပ်လို့ရသွားပါတယ်

အခု ဒီroller လေးအသုံးဝင်ပုံကို မြင်ဖူးတွေ့ဖူးနေတော့ အပြေး​လေးသွားဝယ်ပီး ကိုယ်တိုင် သုံးကြည့်တော့ အရမ်းအဆင်ပြေသွားပီး ခနခန ခါပီး ခနခန သပ်သပ်ရပ်ရပ် အိပ်ရာကို ပြန်ခင်းစရာမလိုတော့ပဲ အပေါ်ကလိမ့်လိုက်ယုံနဲ့ ပုံလေးထဲကအတိုင်း အိပ်ရာပေါ်မှာရှိနေတဲ့ ဖှုန်တွေ ဆံပင်ကျွတ်တွေကို တိုက်ပီးသား ဖြစ်သွားပါတယ်

ဒါကြောင့် ဒီ roller လေးက အိမ်ရှင်မတွေ အတွက် တကိုယ်ရည် သမားတွေအတွက်ရော Anna လို ပျင်းတဲ့သူလေးတွေ အတွက်ကော အသုံးဝင်ပီး အရမ်းအဆင်ပြေလို့ ညွှန်းပေးလိုက်ပါတယ်နော်

မှတ်ချက် : အိပ်ရာမှ မဟုတ်ဘူး ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်အစား တွေရော အခြားအဝတ် တွေ မှာရော တိုက်လို့ရတယ်နော် 😍😍😍😍😍

👛👛👛 ဝယ်လို့ ရတဲ့နေရာကတော့

Japan store ဘာယူယူ ၂၅၀၀ ကျပ် ဆိုင်မှာ ဝယ်လို့ရပါတယ်.

အစစအရာရာ အဆင်ပြေကြပါစေ 😘😘😘
ချစ်တဲ့
Anna

22/05/2022

#ဒူရင်းသီး

ရာသီစာလေးဆိုတော့ သတိနဲ့စားနိုင်ဖို့ တင်ပေးတာပါနော် ဒူးရင်းသီးကြိုက်သောအချစ်လေးတို့အတွက်

☺️ Photo ကို credit ပေးပါတယ်

Photos from Multi blog by Anna's post 05/05/2022

honest review



Fullerene protein fluorescent mask

ဒီmask ကို သူငယ်ချင်းတယောက်ပြောပြလို့ သုံးကြည့်ချင်စိတ်တွေ ဖြစ်ခဲ့တယ်
Discount နဲ့ ရလို့ သုံးကြည့်ဖို့ အခွင့်အရေးက အကြောင်းဖန်လာတယ်
အားရပါးရ သုံးကြည့်လို့ ပီးပီဆိုတော့ review လေးရေးပေးလိုက်ပီနော်

Ok let’s start

🛒 အားသာတဲ့ အချက်လေးတွေကိုအရင်ပြောပြမယ်
ဒါမှ ဆက်ဖတ်ချင်မှာပေါ့ 😄😄🤪

1. Mask အသား တခြားmask တွေနဲ့ မတူတာကို သိသိသာသာ ခံစားရတယ်

2. မျက်နှာပေါ်တင်ပြီး ကပ်လိုက်တဲ့အချိန်မှာ ကိုယ့်မျက်နှာပြင်ပေါ်မှာ ကပ်ထားတယ်လို့ မခံစားရဘူး

3. ပါးပါးကြည်ကြည်လေးနဲ့ မျက်နှာထဲ စိမ့်ဝင်နေသလို ခံစားရတယ်

4. Anna လို အနံ့sensitiveသမားတောင် သူ့အနံ့က အဆင်ပြေတယ် (အရင်ကဆို အနံ့ပြင်းတဲ့ အမွှေးနံ့တွေ ကို အမြဲရှောင်တယ် မခံနိုင်လို့) သူ့အနံ့က သင်းတယ်ဆ်ုရုံလေးပဲ ဆိုတော့ အနံ့အတွက် တော့ “ok” လို့ ပြောရမယ်

5. အကြိုက်ဆုံးကတော့ အဲ့ဒါလေးကို ညဘက်ကပ်ပီးရင် မနက်ကျရင် မျက်နှာလေးက ကြည်ကြည်လေး ဖြစ်နေတယ် ပီးတော့ မိတ်ကပ်လိမ်းလိမ်း ဘာလိမ်းလိမ်း လိမ်းလို့ ကောင်းတာကို သတိထားမိတယ်

6. Packaging ပုံစံလေးကလည်းမိုက်တယ်
မကပ်ကပ်ချင်အောင် ဆွဲဆောင်မှုရှိတယ်

💔 မကြိုက်တဲ့အချက်တွေကတော့

သိပ်တော့ များများစားစားမရှိပါဘူး

1. 🤔 Anna အတွက်တော့ တဘူးမှာ ၄ချက်ပဲ ပါတာ သိပ်မကြိုက်ဘူး 😬

2. 💷 Budget အရ ကြည့်မယ်ဆို နဲနဲ ဈေးများတဲ့ အပိုင်းမှာ ရှိတယ် သူ့quality ကို ပြန်ကြည့်ရင်တော့ မဆိုးဘူးပေါ့နော်
ဒါပေမယ့် budget ချွေတာရတဲ့သူတွေအတွက်တော့ အမြဲ မသုံးနိုင်ဘူးပေါ့

3. မျက်နှာပြန်သစ်ဖို့ သူ့အညွန်းထဲမှာ ပါပါတယ် အဲ့လို ပြန်သစ်တဲ့အခါ နဲနဲကြာကြာ သစ်ရတာကိုတော့ သိပ်မကြိုက်ဘူး 🥱

Overview # # # #
1. Mask ကောင်းကောင်းလေး ကပ်ချင်ရင်တော့ တိုက်တွန်းပါတယ် သူ့ဈေးနဲ့ သူ့ quality က အဆင်ပြေပါတယ်
2. Singapore made ဆိုတော့ စိတ်ချလက်ချ သုံးလို့ရမယ့် mask လို့ မြင်မိတယ်

Price $$$$$$

Anna ကတော့ discountနဲ့ သုံးဘူးကို ၂၀၀၀၀ကျပ်နဲ့ ဝယ်ရပါတယ်

ပုံမှန်ဈေးကွက်မှာတော့

တဘူးကို shop ပေါ်မူတည်ပီး "၁၀၀၀၀" ကျပ် ပတ်ချာလည်မှာ ရှိမယ်ထင်ပါတယ်

💌 အမျိုးသမီးများ စိတ်ရောကိုယ်ပါလှနိုင်ကြပါစေ
မိမိကိုယ်ကို ပိုချစ်နိုင်ပါစေ 💌

ချစ်တဲ့
Yours “Anna”

29/04/2022

Review လေးရေးပေးမယ်
အခု ပထမဆုံး တဘူး စသုံးနေပါပီ
# fullerene protein fluorescent mask

18/04/2022

🎉 Anna ရဲ့ blog မှာပထမဆုံးညွန်းပေးချင်တဲ့ honest review လေးကတော့ အားလုံးပဲ သိကြတဲ့အတိုင်းပဲ
လတ်တလောမှာဆိုရင် collagen သောက်သုံးခြင်းဟာဆိုရင် တော်တော်များများကြားမှာ ရေပန်းစားလာပါတယ်။ ဒါကြောင့်မို့ collagen အမျိုးအစားတံဆိပ်အများချည်း ရှိတဲ့အထဲမှာမှ ကျွန်မကိုယ်တိုင် လက်တွေ့သောက်သုံးခဲ့တဲ့ တံဆိပ်အမျိုးအစားတခု အကြောင်းကို ပြောပြချင်ပါတယ် 🎉

✉️ မသောက်ရသေးဘူး...သောက်ချင်တယ်ဆိုတဲ့သူတွေအတွက် Anna လက်တွေ့ ခံစားရတာလေးတွေကို ဖော်ပြပေးသွားပါမယ်နော်

📃 သူ့မှာဖော်ပြထားတဲ့ Collagen ရဲ့ အကျိုးအာနိသင်အညွန်းတွေကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ် (credit # #အာနိသင်အကြောင်းအရာအတွက်)

👍အသားအရေကို တင်းရင်းစိုပြေလှပစေတယ်
👍ဆံသားကို အားဖြည့်ပေးပြီး ဆံပင်ကျွတ်သက်သာ၊ ဆံပင်သန်စေတယ်
👍ခြေသည်း၊ လက်သည်းကျိုးလွယ်တာကို ကာကွယ်ပေးပြီး ကောင်းမွန်လှပစေတယ်
👍ခန္ဓာကိုယ်မှာ အဆီပိုတွေစုပုံတာကို တားပေးနိုင်တာကြောင့် သွယ်လျကျစ်လျစ်စေပါတယ်...

ပင်လယ်ငါးက ရတဲ့ Type I Collagen Peptides ပါဝင်ပါတယ်...Collagen ကို စုပ်ယူမှုကောင်းစေဖို့ ဆီးဖြူသီးအမှုန့်ကိုပါ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်ရှင်...

💊 ပထမဆုံးအနေနဲ့ Anna ရဲ့collagen သောက်သုံးတဲ့ပုံစံကတော့
🌙 ညမအိပ်ခင် ၂လုံး ပုံမှန်သောက်ပြီး အိပ်ပါတယ်
🫙 ဆေးဘူးမှာ အလုံးရေ ၆၀ ပါတဲ့အတွက် တလစာလုံလောက်ပါတယ်

🌝 Fame collagen သောက်ပီးတဲ့အချိန်မှာ လက်တွေ့ခံစားရမှုကတော့
ဆိုတာကအသားဖြူဆေးမဟုတ်တဲ့အတွက်တော့ အသားချက်ချင်းဖြူလာတဲ့ effects တော့ ပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အသားရေလေးတွေ တင်းပြီး မျက်နှာပေါ်မှာ ဘာလိမ်းလိမ်း တင်းတင်းလေး ဖွဖွလေးပဲ လိမ်းရတဲ့ ခံစားမှုလေးကိုတော့ အရမ်းသဘောကျပါတယ်

သူ့ရဲ့ အညွန်းမှာဖော်ပြထားတဲ့အတိုင်းပါပဲ စပြီးအမှန်တကယ်ဆံပင်ကျွတ်သက်သာလာပါတယ်။ ဘာလို့လဲဆိုတော့ Anna အရင်ကဆို ဆံပင်ကျွတ်တာက ဆံပင်အုံတအုံလုံး ကျွတ်ထွက်လာသလားအောက်မေ့ရအောင် အရမ်းကျွတ်ပါတယ်။

လက်သည်းခွံခနခန ကျိုးတတ်တဲ့ Anna လက်သည်းခွံအားလေးတွေလည်း ကောင်းလာတာကို အမှန်တကယ်ခံစားရပါတယ်။

နောက်အာနိသင်တခုဖြစ်တဲ့ သွယ်လျကျစ်လစ်တာကိုတော့ Anna အနေနဲ့ဆို သိပ်မခံစားရပါဘူး။ ဒီအချက်ကတော့ လူတယောက်နဲ့တယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မတူညီကြတာဆိုတော့
Anna ရဲ့ ခန္ဓာကိုယ်အနေနဲ့ ပြောရမယ်ဆိုရင် fame collagen သောက်တဲ့အချိန်ကာလမှာ အစားအရမ်းစားနိုင်လို့ ဝလာတဲ့ results ကို တွေ့ရပါတယ်။ အာ့ကြောင့် Anna ၂ဘူး မကုန်ခင်မှာဆက်မသောက်တော့ပဲ ရပ်ထားလိုက်ပါတော့တယ်။

🍃Anna အနေနဲ့ကတော့ ဇီးဖြူသီးပါဝင်တဲ့အာနိသင်ကြောင့်တော့ သူများမေးမေးနေတဲ့ ရာသီထိန်ခြင်းမရှိပါဘူး

🚑 သတိပြုရမှာကတော့
🐟 ပင်လယ်ငါးက ထုတ်ထားတာဖြစ်တဲ့ အလဂျစ်ထတတ်တဲ့ သူတွေကတော့ သတိထားသောက်သုံးသင့်ပါတယ်

💰စျေးနှုန်း

🔵 တစ်ဘူး (အလုံး ၆၀) - ၁၂,၀၀၀ ကျပ် 🔵 ဝယ်ရပါတယ်

🚚 ဝယ်ယူလို့ရမယ့်နေရာ
pharmaceuticals page
မှာရှိတဲ့ Medicare ဆိုင်တွေနဲ့ အခြား ိုင်တွေ မှာလည်း ဝယ်ယူလို့ရနိုင်ပါတယ်

ခြုံငုံသုံးသပ်ရမယ်ဆိုရင်

ကထုတ်တဲ့ဆေးဝါးတွေ တော်တော်များများက အဆင့်မီမီ စိတ်ချလက်ချဈေးသက်သက်သာသာနဲ့ လူတိုင်းသောက်သုံးနိုင်အောင် ထုတ်လုပ်ပေးနေတယ်ဆိုတာ သုံးစွဲဖူးသူတိုင်းအတွက် အထွေအထူး ပြောစရာမလိုဘူးလို့ ထင်ပါတယ်။

#စျေးနှုန်းအရပြောရမယ်ဆိုရင် အရမ်းကို သင့်တင့်ပီး လူတိုင်း ဝယ်သောက်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ တဘူးဝယ်ရင်လည်းတလစာပါဝင်တာကြောင့် ပို့လို့အဆင်ပြေပါတယ်။
တချို့ collagen တံဆိပ်တွေကဆို ၁၅ရက်စာလောက်စျေးနှုန်းတောင် အနဲဆုံး ၂သောင်းကျော်ကျော်မှာ ပဲရှိပါတယ်။

# အသားတင်းတာ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်း အတွက်ကတော့ ၉၅မှတ်လောက် (highly recommend) ပေးပါတယ်

ဒါကြောင့် အလဂျစ်အတွက်စိတ်မပူရသူများက collagenလည်းသောက်ချင် budget လည်းချွေတာချင်တယ် စိတ်ချလက်ချ စိတ်သန့်သန့်နဲ့ သောက်ချင်တယ်ဆိုရင်တော့ fame collagen က တော်တော်လေးအဆင်ပြေတဲ့အထဲမှာပါတဲ့ collagen တမျိုး ဖြစ်ပါတယ်။

🚦Note: ကူးယူဖော်ပြလိုပါက credit ပေးပီးမှ ဖော်ပြပေးပါရှင်။ ဖော်ပြထားတဲ့ အ​ကြောင်းအရာများသည် အမှန်တကယ် လက်တွေ့သောက်သုံးပြီးမှ Anna ကိုယ်တိုင်ခံစားရသမျှကို ဖော်ပြခြင်းဖြစ်ပါသည်။

🌸အမျိုးသမီးတိုင်း စိတ်ရော ကိုယ်ပါလှနိုင်ကြပါစေ
မိမိကိုယ်ကို ပိုချစ်နိုင်ကြပါစေ🌸

Yours “Anna”

15/04/2022

New honest review posts are coming soon.

01/07/2020

Multi blog by Anna You can trust this page. This isn’t liar.

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay