P Lay Online shop

P Lay Online shop

Share

ကိုယ့်မိသားစု ဘဝလေး ကောင်းစားဖို့ အလုပ်ကြိုးစားနေပါတယ်���

21/10/2024

သူတစ်ပါး ကျေနပ်ဖို့
ကိုယ့်စိတ်ကို မစတေးပါနဲ့။

ကိုယ့်ကိုယ်ကိုယ်
ကျေနပ်ဖို့ ကြိုးစားပါ။

သူတစ်ပါး ငြိုငြင်မှာ မကြောက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ် လေးစားဖို့
အရေးကြီးပါတယ်။

သူတစ်ပါးက ကိုယ့်ဘဝကို မဖန်တီးပါစေနဲ့။
ကိုယ့်ဘဝကို ကိုယ့်မူပိုင်ဟန်ပုံစံအတိုင်းပဲ
ထုဆစ္ဖန္တီးပါ။

ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ
ကိုယ့်လက်ထဲမှာပဲ အေသခ်ာဆုံးပါ။ ။

လွန်းထားထား (ဆေးတက္ကသိုလ်)

31/03/2024

မင်းလက်တွဲထားတဲ့ ပါတနာကေလ

သူတစ်နေ့တာ ဘာလုပ်တယ်
ဘယ်သွားတယ် ဘယ်သူတွေနဲ့ရှိနေတယ်ဆိုတာ မင်းကို အကုန်ပြောပြတယ်
ဘာတစ္ခုမွ လျှို့ဝှက်မထားဘူးဆိုရင်
သူ မင်းနောက်ကွယ်မှာ
မဟုတ္တာမလုပ္ဘူးဆိုတာ သိစေချင်လို့ပါ

တစ်ချို့သော လူတွေက
အရမ်း လျှို့ဝှက်တတ်ကြတာ
သူဘာလုပ်လုပ် ဘယ္သြားသြား
ဘယ်သူနဲ့ ရွိရွိ အကုန်မပြောပြတတ်ကြဘူး

အဲ့ဒီလို ပြောတတ်တဲ့ လူမျိုးကို
မင်းပိုင်ဆိုင်ရနေပြီဆိုရင်
မင်းအရမ်းကံကောင်းတယ်
ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံပါနဲ့တော့
တန်ဖိုးထားပြီးတော့ ချစ်ပါ

ဒီခေတ် တစ်ချို့လူတွေက
တစ်ယောက်တည်းနဲ့ မလုံလောက်ကြဘူး
စိတ်နဲ့ပဲ ဖောက်ပြန်မလား
လူကိုယ်တိုင်ပဲ ဖောက်ပြန်မလား
ဖောက်ပြန်ဖို့ အရမ်းလွယ်ကူလွန်းတဲ့ ခေတ်ပါ

ဒီခေတ်ကြီးထဲမှာလေ
ယောကျ်ား မိန်းမပေါတယ်
တစ်ယောက်တည်းနဲ့ လုံလောက်ပြီး
သစ္စာရှိရှိနဲ့ ချစ်တဲ့
ယောကျ်ားကောင်း မိန်းမကောင်းရှားတယ်

NZ
Crd...

25/03/2024

မိသားစုတိုင်းအတွက် ခေတ်မီတဲ့ လုံခြုံရေးစနစ်ကိုသယ်ဆောင်လာပေးနိုင်ဖို့ တမူထူးခြားတဲ့ smart features တွေနဲ့ ✨ H6c Pro✨

📌1080p resolution ကြည်တောက်ရှင်းမြင်ကွင်း၊

📌smart human shape detection နဲ့ 360' panoramic view တို့ အပြင်

📌patrol mode က စောင့်ကြည့်မှုမှာ blind spots လုံးဝမရှိရစေပဲ တောင့်တိုင်းကို စောင့်ကြည့်နိုင်ပြီး

📌pre-set point ကိုလည်း မိမိစိတ်ကြိုက် (၄) နေရာအထိ သတ်မှတ်ထားနိုင်အုန်းမှာဖြစ်ပါတယ်။

လုံခြုံရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ညအချိန်တွေမှာလဲ ချစ်ရတဲ့မိသားစုဝင်တွေ လုံခြုံအေးချမ်းစွာအိပ်စက်နိုင်စေဖို့အတွက်

📌၅ မီတာအကွာအထိ smart color night vision ရနိုင်ပြီး overexposure ကိုလျော့ချထားပေးပြီး အသေးစိတ်မြင်ကွင်းကအစ ပြတ်ပြတ်သားသား ဖမ်းယူထားနိုင်ပြီး

📌Nighttime imaging ကိုလည်း ၁၀ မီတာ အကွာအဝေးအထိရနိုင်မှာဖြစ်လို့ ညဘက်တွေမှာလဲ လုံခြုံအပြည့်ပဲပေါ့

📌Loud Noise Detection နဲ့ auto - tracking တို့အပြင်

📌Two-way calling function ပါဝင်လို့ ကင်မရာကို tap လုပ်ရုံနဲ့ တစ်ဖက်ကို ဖုန်းကတစ်ဆင့် ဆက်သွယ်နိုင်လို့ အိမ်က ဖိုးဖိုးဘွားဘွားလူကြီးတွေအတွက်လည်း အလွယ်တကူနဲ့ရင်းနှီးနိုင်မှာပဲဖြစ်ပါတယ်။

📌ဖမ်းယူထားတဲ့ ပုံရိပ်တွေကိုလည်း လုံခြုံရေးအတွက် အချိန်မရွေးပြန်ကြည့်နိုင်ဖို့ EZVIZ cloud play မှတစ်ဆင့်လည်း သိမ်းဆည်းနိုင်သလို 512 GB အထိရနိုင်တဲ့ microSD ဖြင့်လည်း အလွယ်တကူသိမ်းဆည်းနိုင်မှာပဲဖြစ်ပါတယ်။

သင့်အိမ်ရဲ့ လုံခြုံရေးအတွက် တစ်ဆင့်ထပ် တစ်ဆင့်မြင့်ပြီး အကောင်းဆုံးသော လုံခြုံရေးကိုဖန်တီးနိုင်ဖို့ဆို EZVIZ ရဲ့ smart features အသစ်တွေနဲ့ H6c Pro လေးက အသင့်တော်ဆုံးဖြစ်မှာနော်။

07/01/2024

ဟုတ်တယ်မို့လား😁😁😁

03/01/2024

မိန်းမကို....

တကယ်ချစ်တဲ့ ယောက်ျား ဆိုတာ

မိန်းမကိုနာကျင်စေဖို့မပြောနဲ့

မျက်နှာအမူအရာလေး တစ်ချက်ပျက်သွားမှာတောင်

သေအောင်ကြောက်နေတတ်တာမျိုး . . . ။

08/12/2023

အိမ်ဦးနတ်🙏

ငါ့တာဝန် ငါ့အလုပ် ငါ့မိသားစု ငါဟာယောက်ျား ဆိုတဲ့စိတ်ရှိသူကိုမှ အိမ်ဦးနတ်လို့ ခေါ်တာပါ

ဘယ်လောက်ပဲ ဇနီးမယားနဲ့ ဒေါသတကြီး ရန်ဖြစ်ထားပါစေ ကလေးတွေက "ဖေဖေ"လို့ခေါ်လိုက်ရင်"ဟေ"ဆိုတဲ့ အသံနောက်မှာ အပြုံးတွေ အလိုလိုပါပြီးသား ဖြစ်နေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ

သူရှာတဲ့ဝင်ငွေ နည်းချင်နည်းမယ်။ များချင် များမယ်။ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲ မရောက်ချင်နေ သူဘယ်လောက် ရွာရသလဲ သူ့ဇနီးသိစေရမယ်။ ဇနီးကိုအပ်တဲ့ငွေဟာ အိမ်ဖော်ကိုပေးတဲ့ ထမင်းစားရိတ်ဖိုးထက်တော့ သာနေရမယ်လေ။
သူကိုယ်တိုင် စုတ်တီးစုတ်ပြတ် နေချင်နေမယ်။ သူ့အရိပ်အောက်က ဇနီးသားသမီးဟာ အများထက်မသာတောင် မလျော့စေရသူ။ သူ့အရိပ်မှီနေတဲ့အတွက် အေးချမ်းနေစေရမယ်။
သူဟာအားလုံးကို အရိပ်အာ ဝါသပေးနေတဲ့ သစ်ပင်ကြီးလို စိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာ အိမိဦးနတ္လို့ ခေါ်တာပါ။

ဘာပဲလုပ်မယ် စဉ်းစားလိုက်ပါစေ သူ့အနောက်က သူ့ကိုမှီခိုနေတဲ့ဘဝ(ဇနီး) သူ့တည်ဆောက်ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝေတြကို ပြန်ငှဲ့ကြည့်တတ်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

ကိုယ္လက္တြဲထားတဲ့ ဇနီးမယား ဘယ်လိုကျန်းမာရေးမျိုးမဆို ရင်ဆိုင်ရပါစေ။ ဘယ်လိုခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားပါစေ။ အဆုံးစွန်ဒုက္ခိတ ဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ်သာမက သူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာ အိမ်ဦးနတ်လို့ ခေါ်ထိုက်တာပါ။

ဘယ်လိုလောကဓံမျိုးနဲ့ ကြုံပါစေ။ ရှောင်မပြေးပဲ သူကိုယ်တိုင် ရှေ့မှာမားမားမတ်မတ် ကြံ့ကြံ့ခံရှိနေသူကိုသာ အိမ်ဦးနတ်လို့ ခေါ်တာပါ။

အလကားနေ မယားယူ သားသမီးမွေးပြီး နေနေတိုင်း အိမ်ဦးနတ်လို့ အမည်မတွင်ပါဘူး။

Credit

Photos from P Lay Online shop's post 20/07/2023

🫴ကဲကဲ မီးတွေက ခဏ,ခဏ ပျက်တော့
Wifi လိုင်းတွေ သုံးမရမှာကို စိတ်ပူနေကြပြီလား...😉

B311-B Full-Band Router လေးသုံးကြည့်..😍

B311-B Full-Bank Router လေးကတော့...👇✌️
(4G Sim Router -ဘယ် Sim Card မဆို အသုံးပြုနိုင်ပါတယ်ရှင့်)

Power Bankတွေ နဲ့တွဲသုံးဖို့ ကြိုးတွေရှာဝယ်နေစရာမလို​ပဲ..⭐

မီးလာတဲ့ အခါအားသွင်းထားလို့ရတဲ့
`Original Battery '🔋လေးကပါပြီးသားဆိုတော့ မီးပျက်လဲစိတ်ပူနေစရာမလိုတော့ဘူးနော်...✌️👌

P Lay Online shop မှာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီနော်...💁

အသေးစိတ်မေးမြန်းချင်သူများ
ph-09789567136(viber)
09253168726 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰


🚙🚙မန္တလေးမြို့အတွင်းလည်းအိမ်အရောက်ငွေချေစနစ်ဖြင့်လည်းပို့ဆောင်ပေးနေပြီနော်...

🚛ကျန်မြို့များကားဂိတ်ကနေတင်ပေးပါတယ်ရှင့်

Price - 110000ks

12/07/2023

- ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...

- ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...

- သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...

- သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...

- တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

- Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...

- ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...

- အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...

- ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...

- ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...

-လူကြားထဲ စတိုင်ကျသလိုလိုနှင့်ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကိုကိုယ်ချင်းစာပါ..ကိုယ်မလုပ်ပဲရောဂါခံရအောင်..ဖြစ်သင့်မဖြစ်သင့်တွေး..

-စားသောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ သလိပ်မဟပ်နှင့်..နှပ်မညှစ်နှင့်..နီတိထဲမှာ ဒါတွေပါတယ်..

ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...

အထာကျတယ်ဆိုတာ သူများကို
စိတ်အနှောက်အယှက်မပေးဘဲ
နေထိုင်တတ်တာကို ခေါ်တယ် ...

ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...

သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...

Credit
အညာသားစွယ်စုံကျမ်း
Pakokku

12/07/2023

လေးစားအပ်ပါသော လူကြီးမင်းများရှင်။
ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၂ရက်နေ့) နေ့လည် ၂နာရီ အချိန်တွင် လက်ရှိ customerများစိတ်ဝင်စားသော Smart Building Solution ၊ Smart Lock နှင့် ပတ်သက်သော knowledge များကို Zoom Online Training နှင့် Hikvision Service Center မှာ Offline Training ဖြင့် မျှဝေသွားပေးမည်ဖြစ်ပါ၍ အားလုံး ကို တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။ 📣 📣

HPP ဖြင့် check-in လုပ်ပါက point 50 ရရှိနိုင်ပါသည်ရှင်။ 🎁 🎁

ဒီtrainingမှာ အောက်ပါအကြောင်းပါဝင်ပါမယ်ရှင့်။
✅Video Survelliance Function
✅Intelligent Service
✅ Property Service
✅ IT Service
✅ Smart Lock

Customerများသည် training အချိန်မှီ မပါဝင်ဖြစ်လျှင်လဲ YouTube မှာ ပြန်လည်လေ့လာ နိုင်ပါမည်ရှင်။ အောက်ပါ link မှတဆင့် ပြီးခဲ့တဲ့တစ်ပတ် Hikvision ColorVu Technology နှင့်ပတ်သက်သော အကြောင်းကို လေ့လာနိုင်ပါမည်။
https://youtu.be/M9ZlFs3XV8o

11/07/2023

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့
ဒါက သူ့ကိုပေးကိုပေးရမယ်ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး အခင်အမင် ပျက်သွားကြ တယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစ်စုက မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။ဖောင်စီးရင်းနဲ့ ရေဆော့ရင်း ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ဒါနဲ့ကောင်မလေးက သူနဲ့လှေအတူစီးတဲ့ သူတွေဆီက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှ မပေးချင် ကြဘူး။ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး။ကူညီချင်စိတ်မ ရှိဘူးလို့တွက်လိုက်တယ်။နောက်တော့ လူတစ်ယောက်က သူ့ဖိနပ်ကိုပေးလိုက်တယ်။ကောင်မလေးက ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက " ဘယ်သူမှမင်းကို ကူညီဖို့တာဝန် ရှိပါဘူး။မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင် ဒါကိုဒေါသမကြီးပါနဲ့ ဒါ သမရိုးကျပါ ""။

အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။ အဲ့ချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သား ထားပြီး ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့ကျေးဇူးတင်မဆုံးဘူး ပေါ့။ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့အကျင့် ဖြစ်လာတယ် ။

ဒါကို ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။
**************************
တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။

***************************

ညနေတခုမှာ၊ ဆိတ်လေးတစ်ကောင်ဟာ တောင်ကုန်း
ပေါ်မှာ ဆော့နေတယ်။ရုတ်တရက် သစ်ပင်ခြုံကြားထဲက ဝံပုလွေတကောင်ထွက်လာပြီး ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို အကူအညီလှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ဝံပုလြွေမင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

ဝက်ကလည်း ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်ကဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက် ခြုံပုတ်တွေထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေးမာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော...။
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊

မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။

ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတစ်ချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။

************************
အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊ ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာသူငယ်ချင်းအစစ် ဟုတ်မဟုတ် မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်းပေါင်းသင်းနေ တာ မဟုတ်ပေမယ့် မင်းတကယ် အကူအညီလိုအပ်နေချိန် မှာ ၊ အပိုမပြောပဲကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်/ချစ်သူအစစ်ပါပဲ။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ကျွဲဆည်ကန်
Mandalay