Wutt Hmone's Real Radiance

Wutt Hmone's Real Radiance

Share

Natural Skincare

Photos from Wutt Hmone's Real Radiance's post 24/09/2025

Goodal Vita C Dark Spot Care Cream💛

Moisturizer ထဲ အသားလေးကိုစိုစိုကြည်ကြည် Glass Skin လေးဖြစ်စေမယ့် Gooda Vit C Cream လေး Instock ရှိပါတယ်ရှင်..

Goodal က သုံးဖူးသူတိုင်းကြိုက်ပြီး အရမ်းကောင်းပစ္စည်းဝယ်ရင်လည်းလိုသလိုမရတဲ့ထဲပါတယ်

Vitamin C ကြွယ်ဝစွာပါဝင်လို့ အမဲစက်၊ မှဲ့ခြောက်၊ ဝက်ခြံအမာရွတ်နဲ့ တင်းတိပ်ဖြစ်ချင်တာတွေကိုလည်း သက်သာစေပါတယ်..

အသားအရေညစ်နွမ်းနေတာကိုလည်း သက်သာစေပြီး Clear and Bright Skin လေး စေရပါတယ်.. အဆီပြန်၊ ချွေးပေါက်ကျယ်တာတွေအတွက်လည်း သက်သာစေပါတယ်ရှင်..

အရင် Formula ထက် Brighteing Effect 2 ဆ ပိုကောင်းပါတယ်.. Texture က Gel cream ပုံစံနဲ့ အထဲမှာ Capsule အစေ့လေးတွေလည်းပါတာမို့ ပို Effective ဖြစ်ပါတယ်.. Oily Skin လေးတွေပါသုံးလို့ရတယ်နော်




# hello

Photos from Wutt Hmone's Real Radiance's post 21/08/2025

Skin1004 Centella Ampoule Foam 🍂🍂

Sensitive skin သမားတွေနဲ့ Acne prone skin တွေ အကြိုက်တွေ့ကြမယ့် မျက်နှာသစ်လေးတစ်ခု💁🏻‍♀️

🤎Ampoule foam ဖြစ်တာကြောင့် မျက်နှာသစ်ပြီးတဲ့အခါ အဆီအရမ်းပြန်လာတာ အသားရည်ခြောက်သွားတွေ မဖြစ်စေဘဲ စိုစိုအိအိလေး ဖြစ်စေပါတယ်

🤎deep cleansing လည်းလုပ်ပေးလို့ အဆီဖုနဲ့ အဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်

100% Authentic

Photos from Wutt Hmone's Real Radiance's post 21/08/2025

မိတ်ကပ်တွေကို လုံးဝသန့်စင်ပေးမယ့်......
🍁 𝐒𝐤𝐢𝐧1004 𝐂𝐞𝐧𝐭𝐞𝐥𝐥𝐚 𝐋𝐢𝐠𝐡𝐭 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 𝐎𝐢𝐥

ဒီ Cleansing Oil လေးက မိတ်ကပ်အညစ်ကြေး တွေကို သန့်စင်အောင် လုပ်ပေးမယ့်အပြင် ချွေးပေါက်ကျယ်ခြင်းနဲ့ ဆားဝက်ခြံတွေကို ဖြစ်စေမယ့် အဆီအညစ်ကြေးတွေကိုပါ သန့်စင်အောင် ဆေးကြောပေးမယ့် Deep cleansing oil လေးပါ

🍁 Centella Extract အဓိက ပါ၀င်ထုတ်ထားတာမို့ သူ့သုံးတဲ့ အခါ တခြား cleansing တွေထက် Skin irritate ဖြစ်တာနည်းပြီး သုံး ပြီးရင်လဲ soothing and smoothing effect ကို ကျန်ခဲ့စေပါတယ်.

🍁 Oil Cleanser ဆိုပေမယ့် Water-Like Light Texture လေးမို့ သုံးရ ဖျက်ရလွယ်ပြီး Fresh skin အနေနဲ့လဲ ကျန်ခဲ့စေမှာပါ.

📌 Heavy Make up တွေကို ဖျက်တဲ့အခါ ရေမှာတခါတည်း ပျော်၀င်ပြီး ပြောင်စင်စေတဲ့ Micellar Particles Formula သုံးထားပေးပါတယ်နော်.🤗

100% Authentic

Photos from Wutt Hmone's Real Radiance's post 21/08/2025

🍁Sulwhasoo Clarifying Peel off Mask 🍁
Price - 14500 mmk (35ml)

🧡အွန်စောကြေညာတဲ့ တံဆိပ်လေး150ml ကို ၂သိန်းနီးပါးရှိတာမို့ 35 ml ကို စျေးသက်သာစွာနဲ့
Luxury Brand ကိုသုံးရမှာပါနော်

🧡Korea Brandထဲမှာ Luxury No.1 brand မို့လို့ နာမည်ကြီး ဈေးကြီးသလို ပြန်ရတဲ့ feeling က WOW ဖြစ်သွားမယ်နော်

🧡Peel off mask တွေထဲမှာ အနူးညံ့ဆုံးနဲ့ အသိသာဆုံးပဲ ခြောက်သွားတဲ့ချိန် ဆွဲခွါရင်ပျော့ပျော့လေးနဲ့ မျက်နှာပေါ်က အညစ်ကြေးတွေနဲ့ ဆားဝက်ခြံ အဆီခဲလေးတွေကိုပါ အကုန်ပါသွားစေပြီး မျက်နှာလေးကို ပြောင်ရှင်းပြီး ဝင်းမွှတ်သွားစေတယ်

🧡တခြား peel off mask တွေလို လုံးဝမနာဘူးနော် luxury ဆိုတဲ့ feeling ကို အဲ့မှာခံစားမိတာပဲ တကယ်ရှယ်ကောင်းတာပါ

🧡ဘယ်လိုသုံးရမလဲဆို သူ့ကို မိနစ် 20 to 30 မိနစ်လောက်ထားပြီး ခွါလိုက်ရုံပဲနော်

🧡တပတ် ၂ ကြိမ်လောက်ပဲ သုံးရုံပါပဲရှင့်
crd

💯Authentic
Direct from Korea

Photos from Wutt Hmone's Real Radiance's post 02/06/2025

Dr. Althea 345 Relief Cream

Price - 70000 mmk

Relief cream ဆိုပေမယ့် oily skin အထိသုံးရလို့ gel texture လေးပါနော်😍
✔️3 ingredients for blemish
✔️4 ingredients for nourishing
✔️5 ingredients for soothing မို့ 345 cream ဆိုပြီး နာမည်ပေးထားတာပါတဲ့ရှင်

🤍၀က်ခြံထွက်နေတဲ့အချိန်လိမ်းပေးရင် ချပ်ရပ်သွားစေပြီး
နောက်ထပ်၀က်ခြံပြန်မဖြစ်အောင်လဲကာကွယ်ပေးတယ်။

🖤အမဲစက်နဲ့ အနီစက်တွေကိုမှေးမှိန်စေပြီးချွေးပေါက်တွေလဲကျဉ်းသွားစေပါတယ်။

🤍၀က်ခြံအဆီဖုထွက်နေတာတွေကိုရပ်တန့်သွားစေပြီး skin barrier အားကောင်းစေတယ်။

🖤Niacinamide ကြောင့် Brightening ဖြစ်စေလို့လိမ်းပြီးတာနဲ့ Glow တယ် ဝက်ခြံအဆီဖုပျောက်သလားမမေးနဲ့ ဝက်ခြံနီတာဆို ၂ညလောက်နဲ့ သက်သာသွားရော✔️

🤍ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရည်အတွက်လဲ Hyaluronic ingredients 7မျိုးပါ၀င်တာမို့လို့ ရေဓါတ်ပြည့်၀တဲ့ skinလေးလဲရရှိစေပါတယ်။

345 Relife cream က All Skin Typeသုံးလို့ရတဲ့အပြင် Oily , Acne Prone Skin တွေအတွက် နီရဲယောင်ယမ်းနေတာတွေကိုသိသိသာသာ လျှော့ချပေးတယ်ရှင့်
Crd

Photos from Wutt Hmone's Real Radiance's post 02/06/2025

🍁Sulwhasoo Clarifying Peel off Mask 🍁
Price - 14000 mmk (35ml)

🧡အွန်စောကြေညာတဲ့ တံဆိပ်လေး150ml ကို ၂သိန်းနီးပါးရှိတာမို့ 35 ml ကို စျေးသက်သာစွာနဲ့
Luxury Brand ကိုသုံးရမှာပါနော်

🧡Korea Brandထဲမှာ Luxury No.1 brand မို့လို့ နာမည်ကြီး ဈေးကြီးသလို ပြန်ရတဲ့ feeling က WOW ဖြစ်သွားမယ်နော်

🧡Peel off mask တွေထဲမှာ အနူးညံ့ဆုံးနဲ့ အသိသာဆုံးပဲ ခြောက်သွားတဲ့ချိန် ဆွဲခွါရင်ပျော့ပျော့လေးနဲ့ မျက်နှာပေါ်က အညစ်ကြေးတွေနဲ့ ဆားဝက်ခြံ အဆီခဲလေးတွေကိုပါ အကုန်ပါသွားစေပြီး မျက်နှာလေးကို ပြောင်ရှင်းပြီး ဝင်းမွှတ်သွားစေတယ်

🧡တခြား peel off mask တွေလို လုံးဝမနာဘူးနော် luxury ဆိုတဲ့ feeling ကို အဲ့မှာခံစားမိတာပဲ တကယ်ရှယ်ကောင်းတာပါ

🧡ဘယ်လိုသုံးရမလဲဆို သူ့ကို မိနစ် 20 to 30 မိနစ်လောက်ထားပြီး ခွါလိုက်ရုံပဲနော်

🧡တပတ် ၂ ကြိမ်လောက်ပဲ သုံးရုံပါပဲရှင့်
crd

💯Authentic
Direct from Korea

23/01/2025

🖤Cosrx The 6 peptide skin booster serum🖤

Cosrx The 6 Peptide Skin Booster Serum Review

ဒီဟာလေးကို သုံးချင်နေတာ ကြာပြီ။ ကြာမှ စထွက်ကတည်းက၊ အဲတုန်းကတော့ ဝယ်မယ်နဲ့ မဝယ်ဖြစ်တာပေါ့။ သိပ်မကြာဘူး၊ အဆင်ပြေတယ်၊ မပြေဘူး နှစ်ဖွဲ့ကွဲနေတာမျိုး တွေ့ရတော့ ဝယ်ဖို့နောက်ကျသွားတာလဲ ပါမှာ။ Peptide သုံးဖူးနေတဲ့သူဆို Peptide ကိုယ့် Skincare Routine မှာ ပါတာနဲ့ မပါတာ အတော်သိသာတာ၊ Moon ကတော့ Peptide သုံးရတာ ကြိုက်တဲ့သူဆိုတော့ အဆင်ပြေမယ်ပဲ တွက်ပြီး ဝယ်လိုက်တာပါပဲ။

ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဝယ်လိုက်ပါ၊ ဝယ်သင့်တယ်လို့ မြင်တယ်။ တစ်ခုရှိတာ Peptide တွေက သုံးနည်းမမှန်ရင် မထိရောက်ဘူး ဘာညာကလည်း ရှိသေးတာကိုး။ ဆိုတော့ ဒီ Review မှာတော့ ဘာတွေပါတယ်၊ ဘာအတွက်ကောင်းတယ်၊ ဘယ်လိုသုံးသင့်လဲဆိုတာကို ပြောပြပါမယ်။

အရင်ဆုံး Peptide အကြောင်း နည်းနည်းရှင်းပြချင်တယ်။ ယေဘူယျတော့ Peptide ဆိုတာ Amino Acids အမျှင်လေးတွေ သွယ်တန်းထားသလိုမျိုးပေါ့။ များသောအားဖြင့် Collagen Boosting Effect ရလို့ Anti-aging တွေမှာ အသုံးများကြတယ်။ Peptide ကလည်း သူ့အမျိုးအစားပေါ် မူတည်ပြီး အလုပ်လုပ်ပုံ နည်းနည်းလေးကွဲသွားတာမျိုးတော့ ရှိတာပေါ့နော်။

ဒီ Cosrx Peptide Booster (နာမည်အပြည့်အစုံက ရှည်လို့ ဒီလိုပဲရေးမယ်နော်။) မှာတော့ Peptide (6) မျိုး ပါတယ်။ အဲတာကတော့
> SH-Polypeptide-121 (Collagen ကို မြှင့်တင်ပေးပြီး အသားအရေကို တင်းရင်းစေဖို့)
> Copper Tripeptide-121 (အသားအရေကို ပြန်လည်ညီညာစေဖို့)
> Dipeptide Diaminobutyroyl Benzylamide Diacetate (အဆီပိုတွေဖယ်ရှားပေးပြီး ချွေးပေါက်ကျယ်တာ သက်သာစေဖို့)
> Oligopeptide-68 (အသားအရေကို ကြည်လင်လာစေဖို့)
> Palmitoyl Tripeptide-8 (အသားအရေကို Soothing ဖြစ်စေပြီး အသားအရေ ထိခိုက်လွယ်တာကို သက်သာစေဖို့)
> Acetyl Hexapeptide-8 (အရေးအကြောင်းတွေ သက်သာစေပြီး အသားအရေကို တင်းရင်းစေဖို့)
အဲ ခြောက်မျိုး ထည့်ပေးထားတယ်။

နောက်ပြီး Niacinamide, Glycerine, Sodium Hyaluronate, Allantoin နဲ့ Arginine တို့လည်း ပါသေးတာဆိုတော့ အသားအရေအတွက် လိုနေတာတော်တော်များများကို Boost လုပ်ပေးပြီး ဖြည့်ပေးသလိုမျိုးပါပဲ။

ဆိုတော့ Peptide ကို အသားအရေတင်းရင်းစေဖို့ ပိုပြီး တခြားနေရာတွေပါ အသုံးတည့်အောင် သုံးလို့သွားတာမျိုးပေါ့နော်။ နောက်ပြီး သူ့မှာက ဘာနဲ့တွဲသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ပိုရမယ်ဆိုတာကိုလည်း အထဲမှာ အညွန်းနဲ့ သက်သက်ညွန်းထားသေးတယ်။ ဥပမာ အသားအရေတင်းရင်းချင်ရင် Retinol, အဆီပြန်တာပိုသက်သာဖို့ Niacinamide တွဲသုံး အဲလိုမျိုးပေါ့။

Texture အနေနဲ့ဆို Toner နဲ့ Essence ကြား မပျစ်မကျဲဘက်လေးကို သွားတယ်။ လိမ်းရတာ (ပွတ်ရတာ) Hyaluronic Essence တွေ သုံးဖူးတဲ့သူဆို အဲ Feeling ကို သိတယ်။ ရေလိုလည်း မကျဲသလို အရမ်းပျစ်နေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် လိမ်းရတာ စိမ့်ဝင်လွယ်တယ်။ လိမ်းလို့ကောင်းတယ်။

ဘယ်လိုသုံးရင် အကောင်းဆုံးလဲလို့မေးရင်တော့ First Step အဆင့်မှာ သုံးပေးရင် ပိုထိရောက်တာကို တွေ့ရတယ်။ Double Cleansing ဒါမှမဟုတ် မျက်နှာသစ်ပြီးပြီးချင်း သူ့ကို Essence/Toner သဘောမျိုး သုံးပေးမယ်ဆို အထိရောက်ဆုံးပါပဲ။ အသားအရေက Clean State ဖြစ်နေတဲ့အချိန် Peptide ကို အရင်လိမ်းပေးမယ်ဆို အသားအရေထဲ ပိုစိမ့်ဝင် ပိုသိသာ ပိုထိရောက်ပါတယ်။ ဆိုတော့ အဲလိုသုံးပေးတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

Moon ရေ Toner အရင်ဆုံး သုံးရမှ ကျေနပ်တယ်ဆိုလည်း သုံးပါ။ ပြီးမှ သူ့ကို လိမ်းလည်း ရတာပဲ။ Skincare က ထုတ်တဲ့သူကတော့ ဘယ်လိုအနေအထားဆို အသိသာဆုံးလည်းကတော့ ထည့်ညွန်းတာပေါ့နော်။ Moon လည်း Toner တအားကြိုက်တဲ့သူပဲ။ ဒါပေမယ့် သူပြောသလို သုံးပြီးနောက်ပိုင်း Toner တောင် သိပ်မသုံးဖြစ်တော့ဘူး။

သိသာတာလေးတွေ ပြောပြမယ်။ စစသုံးချင်း ပထမရက်မှာတင် အသားအရေက ရေဓာတ်ပြည့်ပြီး စိုပြေနေတာမျိုး သတိထားမိတယ်။ ဒါမျိုးကလည်း တခြား Essence တွေမှာ ရနေတာပဲလေ ဆိုပြီး သိပ်အာရုံမထားမိပေမယ့် သူက Booster Serum လို့ ဆိုတဲ့အတိုင်း နောက်လိမ်းတဲ့ (အထူးသဖြင့် Serum Step) Products တွေက ပိုစိမ့်ဝင် ပိုသိသာတာမြန်တာကို သတိထားမိတယ်။

အဲ လိမ်းနေရင်းနဲ့ သတိထားမိတာကတော့ အသားအရေက ကျန်းမာလာတယ်၊ တစ်ခုခုဆို ထိခိုက်လွယ်တာတွေ နည်းလာတယ်။ နောက်ဆက်တွဲက အသားအရေက ကြည်ကြည်လင်လင်နဲ့ တင်းတင်းရင်းရင်း ရှိလာတာမျိုးပေါ့။ သူနဲ့ ဘာနဲ့ပဲ တွဲသုံးသုံး effective ဖြစ်တာ မြန်လာတာမျိုး၊ ပုံမှန်ဆို ဝက်ခြံညှစ်လို့ အမာရွတ်ကျန်ရင် Soothing ပိုင်းနဲ့ သက်သာအောင်လုပ်တာ လေး၊ ငါးရက် ကြာတယ်ဆိုပါတော့၊ သူနဲ့ဆို နှစ်ရက်၊ ကြာရင် သုံးရက်လောက်ပဲ။

အသားအရေကော Barrier ပါ ကျန်းမာလာတာလည်း တွေ့ရတယ်။ ပုံမှန်ဆို ဆောင်းလေအေးတော့ အသားခြောက်တဲ့သူဆို ပိုခြောက်မယ်၊ အဆီပြန်တဲ့သူဆို ပိုအဆီပြန်ပေမယ့် အသားအရေက မွဲခြောက်ခြောက်ကြီး ဖြစ်တတ်တယ် မဟုတ်လား၊ လက်ရှိ ရှိနေတဲ့ Toner, Serum, Moisturizer အသစ်ပြောင်းစရာမလိုဘူး၊ ဒီဟာနဲ့ တွဲသုံးကြည့် အသားအရေလည်း ပိုကောင်း၊ သိသာတာလည်း မြန်မှမြန်၊ ရှိရင်းစွဲ အသားအရေကို စိုပြေကျန်းမာနေအောင် ထိန်းထားသလိုမျိုးပေါ့နော်။

အသားအရေ Firming အပိုင်း တင်းတင်းရင်းရင်း ရှိလားကတော့ တစ်လလောက်နဲ့တော့ ပြောလို့တော့မရသေးဘူး၊ သေချာတာကတော့ အရင်ကထက်စာရင် အသားအရေက စိုစိုပြေပြေနဲ့ ညီညီညာညာနဲ့ ကြည်ကြည်လင်လင်ဖြစ်လာတာမျိုးကိုလည်း သုံးနေရင်းနဲ့ကို သတိထားမိလာတာမျိုးပေါ့နော်။

တွဲသုံးလို့မရတာကတော့ AHA/BHA လိုမျိုးနဲ့ပဲ။ သဘောကတော့ AHA//BHA တွေက (Salicylic Acid, Glycolic Acid အဲလိုမျိုး) Peptide ရဲ့ Amino Acid Chains လေးတွေ ပျက်စီးစေနိုင်တာမျိုး ရှိလို့ တွဲမသုံးစေချင်ဘူး။ ကိုယ်က တစ်ပတ်တစ်ခါ နှစ်ခါ Chemical Exfoliation (Leave in လိမ်းထားရတာမျိုး) လုပ်တတ်တယ်ဆို အဲ့နေ့ကျ သူ့ကို မသုံးနဲ့ပေါ့။ ကျန်တာတော်တော်များများနဲ့ တွဲသုံး အရမ်းအဆင်ပြေတယ်။

ခြုံပြောရရင် ကိုယ်က အသားအရေက ပုံမှန်ပဲ ဒါပေမယ့် ပိုကျန်းမာ ပိုကြည်လင်ချင်ရင်၊ ဘာသုံးသုံး သိသာတာ မြန်မနေဘူး အသားအရေကို ဂရုစိုက်ဖို့အတွက် Anti-aging ကစလို့ အသားအရေ မကြည်တာကနေ ချွေးပေါက်ကျယ်တာသက်သာဖို့အတွက် လက်ရှိ Skincare Routine မှာ ပိုသိသာလာအောင် သုံးပေးလို့လည်း အဆင်ပြေတာဆိုတော့ Moon ကတော့ အကုန်လုံးကို Recommend ပေးပါတယ်။ Moon ကတော့ ဒါမသုံးခင်နဲ့ ဒါသုံးပြီး ကိုယ့်အသားအရေ အခြေအနေက တိုးတက်လာတာမျိုး ကိုယ်တိုင်ပဲ သတိထားမိတာဆိုတော့ Moon ကတော့ တော်တော်သဘောကျပါတယ်။

(150) ml ပါတာကို ငါးသောင်းပတ်ချာလည်ဆိုတော့ စျေးက နည်းနည်းများတယ်ဆိုပေမယ့် တကယ်ကို invest လုပ်လို့ ကောင်းသောပါ။ တစ်လလုံး အားရပါးရလိမ်းတာတောင် လေးပုံ တစ်ပုံစာပဲ ကုန်သေးတာဆိုတော့ တစ်လဘယ်လောက်ဆိုပြီး ပြန်တွက်ရင် တွက်ချေကိုက်ပါတယ်။ Moon ကတော့ Beauty & Me က ဝယ်ပါတယ်လို့။

🌙
Moon

Photos from Wutt Hmone's Real Radiance's post 23/01/2025

🖤Cosrx The 6 Peptide Skin Booster 🖤

Price - 68500 mmk (150ml)

🤍 ဒီ Booster လေးက Booster ဆိုတဲ့အတိုင်း အသားအရေ ပေါ် မှာ အသုံးပြုမည့် skincare တွေကို ပိုမိုထိရောက်စေနိုင်တာကြောင့် Skincare ရဲ့ ပထမဆုံးအဆင့်မှာ အသုံးပြုပေးရမှာပါရှင့်

🤍ချွေးပေါက်ကျယ်ခြင်း ၊ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းခြင်း ၊ အသားအရေ တင်းရင်းမှုမရှိခြင်းတို့ကို သိသိသာသာ သက်သာစေပြီးတော့ ချွေးပေါက်ကျဥ်းစေကာ skin လေးကို နူးညံ့စိုပြေ တင်းရင်းလာစေပါတယ်ရှင့်

🤍Peptides အမျိုးအစားပေါင်း (6) မျိုးနဲ့ Collagen တို့ ပါဝင်ပေါင်းစပ်ထားတာကြောင့် အသားအရေလေးကို တင်းရင်းလာစေပြီး ပိုမိုဖြူဝင်းလာစေပါတယ်ရှင့်

🤍ဒါ့အပြင် အသားအရောင်ကိုလ​ည်း ညီညာလာစေကာ ချွေးပေါက်ကျယ်ခြင်းနဲ့ အဆီပြန်ခြင်းကိုလည်း သိသိသာသာ ထိထိရောက်ရောက် သက်သာစေပါတယ်ရှင့် 😍
Crd




🏠မန္တလေးမြို့တွင်းအိမ်အရောက်ငွေချေရပါတယ်ရှင့်
📱092029961
09962029961

Photos from Wutt Hmone's Real Radiance's post 17/01/2025

🍏Detox Donutt Fiber🍏

Price - 18500 mmk

1 box မှာ 10ထုပ်ပါပါတယ်

Watsons မှာ3နှစ်ဆက်တိုက် အရောင်းရဆုံး ဆုရထားတယ့် detox donutt fiber လေးပါ

သူက ဘယ်လိုသူလေးတွေသောက်သင့်လည်းဆိုတော့😊😊

👉အထိုင်များသူ
👉အဆီတွေစုပီးဗိုက်ခေါက်ထူနေသူများ
👉ဝမ်းချုပ်သူများ သောက်သုံးသင့်ပါတယ်ရှင့်

🍏သူက သွေးနဲ့ အသည်းထဲက အဆိပ်တောက်တွေကိုဖယ်ရှားပေးပါတယ်

🍏ခန္ဓာကိုယ်ထဲက အဆိပ်တောက်တွေဖယ်ရှားပေးပီး အသားရေ ကြည်စေပါတယ်

🍏ဝမ်းမှန်စေပီး ဝမ်းတွင်း အပူအပုပ်တွေလည်း ကျပါတယ်

🍏စားချင်တာစား ဝိတ်မတက်ပဲ ဗိုက်ချပ်စေပါတယ်

🍏ခံတွင်းအနံ့ဆိုးထွက်ခြင်းလည်း သက်သာစေပါတယ်

🍋‍🟩ညမအိပ်ခင် အစာနဲ့ ၄၅မိနစ်လောက်ခြားပီး သောက်ပေးပါနော်
🍋‍🟩ရေအေးလေးနဲ့ဖျော်ပီး ချက်ချင်းသောက်ပေးလိုက်ပါ
🥝သူ့အရသာလေးက Kiwi Juice လေးသောက်နေရသလိုပဲ အရမ်းမချဉ်ဘူးနော်
Crd

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
05032