KB Princess MDY

KB Princess MDY

Share

အသားအရေလှပချင်သူများလေ့လာရန်

Photos from KB Princess MDY's post 18/08/2023

အရမ်းကိုဆိုးကောင်းသော
1- 8500

27/06/2023
Photos from Kathryn Beauty's post 18/03/2023
Mobile uploads 26/12/2022

🔹Kathryn Beauty ရဲ့ product များ

ခုဆို မေသော်ဟာ အသက် ၃၇ဝန်းကျင်ဖြစ်လာပြီမို့ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းတွေကို အတော့်ကို ဂရုစိုက်ဖြစ်လာတယ်ပေါ့နော်။ 👁အဲ့အတွက် တော်တော်လေးအထောက်အကူဖြစ်ခဲ့တာ Kathryn Beauty က Hydrogel Eye Mask လေးတွေပါ။ သူ့ဆီမှာ Signature Blue ၊ Sakura Pink နဲ့ Luxury Gold ဆိုပြီး 3 မျိုးရှိပေမယ့် မေသော်ကတော့ အပြာရောင်နဲ့ ပန်းရောင်နှစ်မျိုးကို သုံးခဲ့ပါတယ်။💁 အာနိသင်တွေက တစ်မျိုးစီမတူကြပါဘူး။ ဒါပေမယ့် Screen Time များတဲ့သူတွေ၊ မျက်ကွင်းညိုတဲ့သူတွေ၊ မျက်ဝန်းအောက်နားတွေ အသားခြောက်တတ်တဲ့သူတွေဆိုရင် ဘယ်တစ်ခုသုံးသုံး အကျိုးကျေးဇူးကတော့ ခံကိုခံစားရမှာပါ။ ✨မေသော်ကျတော့ အစပိုင်းက ပုံမှန်ရယ်လို့သုံးဖြစ်တာ မဟုတ်ပဲ ညဘက်ရုပ်ရှင်ကြည့်ခါနီးအချိန် တစ်ခါတစ်လေ သုံးဖြစ်ရင် သူ့အကျိုးကျေးဇူးကို သတိထားမိလာတယ်ပေါ့။ 🤗 ခုတော့ တစ်ပတ်ကို ၄ကြိမ် ၅ကြိမ်လောက်ကို သုံးဖြစ်လာပါတယ်။ ၂ဗူးတော့သုံးလို့ကုန်ပြီ။ ခုတစ်ခါတော့ Eye Serumပါ ပါတဲ့ Series လိုက် သုံးပါတော့မယ်။ မသုံးဖူးသေးတဲ့ Luxury Gold ကလည်း ကိုယ်တွေလို သုံးဆယ်ကျော်တွေ မျက်လုံးအရေးအကြောင်းနည်းပါးသက်သာအောင် အဓိကထုတ်ထားတာမို့ ကွက်တိပဲလို့ဆိုရမှာပေါ့။ 👌မျက်နှာအသားအရေအတွက် ဂရုစိုက်ဖို့ဆိုရင် မျက်ဝန်းတစ်ဝိုက်ကလည်း အရမ်းအရေးကြီးပါတယ်နော်။ မေသော်တို့အသက်အရွယ်ဆို ပိုဂရုစိုက်သင့်ပါတယ်လို့။
-----------------------------------------------------------
🍊Kathryn Beauty က မေသော် တအားကြိုက်တဲ့နောက်တစ်မျိုးက Vitamin C Essence လေးပါ။ သူ့အာနိသင်တွေက အများကြီးဆိုပေမယ့် မေသော်က ရာသီလာတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ ဝက်ခြံက ထွက်လေ့ရှိတတ်သူမို့ မျက်နှာပေါ်က အမာရွတ်လေးတွေ မြန်မြန်ပျောက်ဖို့ အဓိကသုံးတယ်ပေါ့။ 🥰နောက် တစ်ချက်က မေသော်တို့အရွယ်ဆို အရေးအကြောင်း ဘာညာမရှိရင်တောင် အသားရေ ညစ်သလိုမျိုး ဖြစ်လာတတ်ပါတယ်။ ဒါလေးက အဲ့ဒီပြသနာကိုလည်း ကူဖြေရှင်းပေးနိုင်တယ်လို့ ပြောရမယ်။ ☝️အဲ့လိုညစ်တာမျိုးတွေမရှိတော့ဘူး။ Collagen ပါလို့ အမျိုးသားရော အမျိုးသမီး သုံးနိုင်တယ်လို့တော့ပြောတယ်။ မေသော်ဆို ပုလင်းတစ်ဝက်လောက် ရောက်တော့ အရင်ထက် ကိုယ့်အသားရေကြည်လာတာကို သတိပြုမိတယ်ပေါ့။✨ နောက် သူ့ texture လေးက စေးကပ်တာမျိုး မရှိတာကိုလည်း သဘောကျတယ်။ နေ့ညသုံးတာတောင် တစ်လခွဲလောက် သုံးရတာကိုလည်း တန်တယ်လို့ခံစားမိတယ်။ ဒါတောင် မေသော်က ခပ်များများ သုံးတတ်တဲ့သူမို့။ ​တစ်ပုလင်း ကုန်သွားတော့ ဒါလေးအဆင်ပြေလိုက်တာ၊ ထပ်မှာရမယ့်စာရင်းလေးထဲ ထည့်ဖြစ်သွားတယ်။ Essence ကောင်းကောင်းလေး ရှာနေတဲ့သူတွေဆို ဒါလေး ညွှန်းချင်ပါတယ်။💁
----------------------------------------------------------------

🌾နောက်တစ်မျိုးကတော့ Kathryn Beauty က Rice Toner ပေါ့။ ရနံ့လေးကိုက ဆန်ရနံ့လေးမို့ Fresh ဖြစ်တယ်လို့ ခံစားရတယ်။ 💛ကိုယ်က Toner ဆို ရေလောက်နီးပါးကို texture ရတာမျိုး ကြိုက်တယ်။ Rice Toner ကအဲ့လိုမျိုးလေးကို မျက်နှာပေါ်တင်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြစ်နေတာမျိုးပါ။ ပြီးတော့ သူ့ကို Skin Soothing ဖြစ်တယ်လို့လည်း ခံစားရတယ်။ Inositol လို့ခေါ်တဲ့ ဗီတာမီ B ပါလို့ ချွေးပေါက်ကျဥ်းတာမျိုး၊ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ အကျိုးကျေးဇူးရှိတယ်လို့ ပြောထားပါတယ်။ တစ်ဗူးသုံးပြီး သဘောကျတဲ့ Toner အမျိုးအစားထဲ ထည့်ဖြစ်ခဲ့တယ်။🙌 မေသော်သုံးတုန်းကတော့ Spray Type မထုတ်သေးတော့ စိတ်ကြိုက် လက်ထဲထည့်ပြီး မျက်နှာပေါ် ပုတ်ပုတ်ပြီးလိမ်းခဲ့တာ။ အဲ့ဒါကြောင့် သိပ်အသုံးမခံခဲ့ဘူးလို့တော့ ခံစားရတယ်။ ခုတော့ Spray Type ဆိုတော့ ပိုကြာကြာအသုံးခံမယ်ထင်ပါတယ်။💯

☀️နောက်ထပ် Kathryn Beauty က သဘောကျတာက Organic Sunscreen လေးပါ။ သူ့ကို သဘောကျရတဲ့ အကြောင်းတွေထဲက Foundation Moisturizer လို့ ပြောတဲ့အတိုင်း သူ့မှာ အရောင်လေးနည်းနည်းပါတယ်ပေါ့။ 💁ဒီတော့လိမ်းလိုက်တဲ့အခါ အသားမညီဘူး ဘာညာမခံစားရတော့ဘူး။ နောက်တစ်ချက်က Suncreen လိမ်းပြီး ဘာမှထပ်မလိမ်းချင်တော့တဲ့ ကိုယ်တွေအတွက် အဆင်ပြေနေရော။ 🤗ဟိုနားဒီနားသွားတာလာတာလောက်ကတော့ သူ့လိမ်းပြီး နှုတ်ခမ်းနီလေးဆိုးသွားလိုက်ရင်ကို အိုခေနေပြီ။ သူ့မှာSPF 50 PA+++ ပါတယ်။ လိမ်းလိုက်တဲ့အခါ အရမ်းစေကပ်တာမျိုးမရှိဘူး။ လိမ်းထားတာ ကြာလို့ အဆီပြန်တာမျိုးလည်း မရှိလို့ သဘောကျရပါတယ်။

ဒါကတော့ Kathryn Beauty Myanmar Page လေးပါ။
https://www.facebook.com/kathrynbeautymyanmarofficial/?mibextid=ZbWKwL

06/12/2022
25/11/2022

📣 ပျက်စီးနေတဲ့ မျက်ဝန်းတစ်ဝိုက် အသားအရေ KB Eye Serum နဲ့ ဂရုစိုက်ကြမယ်ဟေ့ 📣

အနူးညံ့ဆုံး အရေပြားပိုင်ရှင်ဟာ မျက်ဝန်းတစ်ဝိုက်အရေပြားပဲနော် ✨

ဂရုမစိုက် မပြုပြင် မထိန်းသိမ်းရင်တော့ သင့်အလှ လျော့စေမှာပါ

ဒါကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်း မဖြစ်စေဖို့ KB Eye Serum အထူး ဆောင်ထားလိုက်ပါ 💁🏻‍♀️✨

💁🏻‍♀️ KB Eye Serum မှာဆိုရင် - Light Weight ဖြစ်လို့ အဆီပါဝင်မှုနည်းပြီး စိမ့်ဝင်မှု ပိုမို လွယ်ကူလျင်မြန်စေတယ်

Castor Oil, Glycerin စတဲ့ Ingredients အမျိုး 30 ကျော် ပေါင်းစပ်ထားပြီး Rejuvenating Anti - Aging Eye Serum ဖြစ်လို့ မျက်ဝန်းတစ်ဝိုက် တင်းရင်း နုပျို လှပစေပါတယ် ✨

📍FDA ထောက်ခံချက်ပါ ရရှိထားလို့ ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲနိုင်ပြီပေါ့

📍အသားအရေ တင်းရင်း၊ မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်းများပါ သက်သာစေလို့ Screen Time များသူ၊ မျက်အိတ်ဖောင်း၊ ပန်ဒါမျက်လုံးပိုင်ရှင်တွေအတွက် အကောင်းဆုံးဖြစ်စေပြီလေ 🐼✨

✅ အသုံးပြုနည်းအနေနဲ့ . . .

မျက်ဝန်းအသားအရေ Eye Serum တစ်စက်ချပြီး အတွင်းမှ အပြင်ထောင့်သို့ အသာအယာ ပင့်တင်ဟန်ဖြင့် Toner လိမ်းအပြီး မနက်၊ ည လိမ်းပေးရုံပဲနော်

💁‍♀️✨ နေ့ရက်မပြတ်လိမ်းပေးရုံနဲ့ လင်းလက်တောက်ပ မျက်ဝန်းတစ်စုံပိုင်ဆိုင်နိုင်မှာဆိုတော့ ဘာလိုသေးလဲ KB လေးတို့ရေ . . .

📢 ခုပဲ KB Eye Serum ကို အပြေးလေး လှမ်းမှာလိုက်တော့နော် ✨

🏷️ စျေးနှုန်းလေးက 15,000 ကျပ်ဖြစ်ပါတယ်
09402518181

25/11/2022

မျက်ဝန်းနဲ့ပက်သတ်လာရင် စိတ်ညစ်ဖို့မလိုဘူးနော်..

မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာ၊ အရေးအကြောင်းနဲ့ မျက်လုံးညောင်းတာတွေအတွက် KB Eye Mask လေးတွေရှိတယ်😍

ဖုန်းအသုံးများပြီး မျက်လုံးညောင်း မျက်ကွင်းညိုရင် အပြာလေးရှိတယ်

အရေးအကြောင်းတွေနဲ့ မျက်အိတ်တွေ ဖြစ်နေရင် ရွှေလေးသုံး

မျက်လုံးအသားရေခြောက်သွေ့ပြီး ညိုနေရင် Sakura လေးသုံးပေးနော်..

တစ်ဘူးမှာ အခု ၆၀ ပါတော့ ၁လ တိတိသုံးလို့ရတယ်နော်

နေ့တိုင်းမသုံးချင်ရင် တရက်ခြားသုံးပေးနော်…🥰

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Maha Myaing Street, Myanmar, Burma (Myanmar)
Mandalay