Shopping With Ah Su

Shopping With Ah Su

Share

Skin Care ☘️✨ဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ရှိပါသည်

Photos from Shopping With Ah Su's post 24/01/2023

Collagen ဓာတ်ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေက

ဘာတွေလည်း⁉️

မိမိက အသက်20ကျော်နေပြီဆို Collagen 🩸တစ်ခုကို မှီဝဲသင့်ပါပြီ✅

#ချစ်စု

22/01/2023

💅💅 လက်သည်း ခြေသည်းလေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ💅💅

လက်သည်း ခြေသည်းလေးတွေ လှပ သန့်ရှင်းနေတာကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့ အချက်တွေထဲကတစ်ချက်ပါပဲ။

ဒါကြောင့် လှပတဲ့ လက်သည်း ခြေသည်းတွေ ပိုင်ဆိုင်ထားချင်ရင် လိုက်နာသင့်တဲ့ အချက်တွေနဲ့ လုံးဝရှောင်သင့်တဲ့ အချက်လေးတွေကို Nail Studio ကနေ
ဝေမျှသွားမှာပဲ ဖြစ်ပါတယ်။

🐚 လက်သည်းတွေကို သန့်ရှင်းခြောက်သွေ့နေအောင်ထားပါ။
ပန်းကန်ဆေးရမယ်၊ အဝတ်လျှော်ရမယ်ဆိုရင်တောင် ရာဘာလက်အိတ်တွေစွပ်ပြီးမှ လုပ်ပေးပါ။ ရေနဲ့ ကြာကြာထိတာက လက်သည်းတွေကို ပွပြီး ကျိုးပဲ့လွယ်စေသလို မှိုရောဂါလည်းအဖြစ်လွယ်စေပါတယ်။

🐚 လက်သည်းလုံးဝ မကိုက်ပါနဲ့!

လက်သည်းကိုက်တာကြောင့် Nail Bed လို့ ခေါ်တဲ့ အသားနဲ့ လက်သည်းကြားပိတ်ပေးထားတဲ့
အစပ်နေရာလေးကို ပျက်စီးစေပါတယ်။
Nail Bed ပျက်စီးသွားရင် မှိုတွေ Bacteria တွေ လက်သည်း အထဲထဲထိ ဝင်နိုင်ပြီး လက်သည်းတွေကိုလည်း တဖြည်းဖြည်းတိုသွားစေနိုင်ပါတယ်။

🐚 လက်သည်းအပေါ်ကို ဖုံးပေးထားတဲ့ Cuticle လို့ခေါ်တဲ့ အသားစလေးကို မဖဲ့ပစ်ပါနဲ့။
လက်သည်းရဲ့ ညီညာလှပမှုအတွက် Cuticle လေးတွေက အများကြီး အရေးပါပါတယ်။

🐚 လက်သည်းကို ပုံစံမပျက်လေးထားပေးပါ။ ချွန်နေ၊ ရှနေတဲ့ နေရာ​လေးတွေကို တံစဉ်းနဲ့ တိုက်ပေးပါ။

🐚 လက်သည်းကိုသုံးပြီး သံဗူးအချိုရည်တွေ ဖွင့်တာမျိုးမလုပ်ပါနဲ့။

🐚 လက်သည်း၊ ခြေသည်းကို ပုံမှန် ညှပ်ပေး၊ ညှိပေးပါ။

ရှည်နေတဲ့ လက်သည်း၊ ခြေသည်းတွေက ထိခိုက်ခံရပိုလွယ်တတ်ပါတယ်။
လက်သည်းရှည်ရှည် လှလှလေးမှ ကြိုက်တယ်ဆိုရင်လည်း Nail Art လုပ်ပေးတဲ့ဆိုင်တွေမှာ သေချာ ဆပြင်ပြီး အရှည်ထားတာ၊ အတုဆက်တာမျိုး လုပ်သင့်ပါတယ်။

🐚 ခြေသည်းတွေ တခါတလေအရမ်းမာပြီး ညှပ်မရတာမျိုး ကြုံကြရဖူးမှာပါ။

အဲ့လိုဖြစ်လာရင် ဇွတ်မညှပ်ပစ်ပဲ ဆားရေနွေးနွေးလေးနဲ့ ၅မိနစ်ကနေ ၁၀ မိနစ်ကြား အရင်စိမ်ပြီးမှ ညှပ်ပေးပါ။ နာလည်းမနာသလို ညှပ်ရလည်းလွယ်ပြီး ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းစေမှာပါ။

🐚 အရေးအကြီးဆုံးအချက်ကတော့ လက်သည်း၊ ခြေသည်းတွေအပေါ်မှာ အညိုကွက်တွေပေါ်လာတာ၊ ချိုင့်တွေကျင်းတွေ ပေါ်လာတာ၊ Cuticle နဲ့ လက်သည်းဆက်ထားတဲ့နေရာ ပြတ်သွားတာ(လက်ပန်းကုန်းပြတ်တာ)၊ လက်သည်း ခြေသည်း ပြန်ထွက်မလာတော့တာမျိုးဆို အချိန်တန် ပြန်ကောင်းသွားမှာပဲဆိုပြီး ပေမနေသင့်ပါဘူး။

ရိုးရိုးလက်သည်းခြေသည်းပြဿနာ ဖြစ်နိုင်သလို တခြားကျန်းမာရေးတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ ဒါမှာမဟုတ် အရေပြားအထူးကုနဲ့ ပြကိုပြသင့်ပါတယ်။

အားလုံးပဲ ကျန်းမာလှပတဲ့ လက်သည်း၊ ခြေသည်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်... 🥰



#လက်သည်းထိန်းသိမ်းနည်း

16/01/2023

😂🙈🙈 ကုန်နေတဲ့ဗူး အသစ်ထုတ်ရမှာဆိုးလို့😁

ဇွတ်ညှစ်🙈

👀 4 လကျော်ထိ သုံးခဲ့တာမို့ အပစ်တော့မပြောတော့ပါဘူးလေ😁🤎🤎🤎

ဖြတ်သုံးရင် အများကြီးကျန်သေးတယ်✅ မဖြတ်ရင်ဖူးဖြစ်နေတယ်😁🙈

Suncream -50Ml(19000ks)

#ချစ်စု

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay