May Moe Chit Online Shop

May Moe Chit Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Moe Chit Online Shop, Beauty, cosmetic & personal care, Mandalay.

14/01/2024
16/01/2023

🌞ကိုယ့်အသားအရေကိုချစ်ရင် Sunscreen လိမ်းပေးဖို့မမေ့ပါနဲ့နော်
.အသားအရေကိုမပျက်စီးအောင်ကာကွယ်ပေးတယ်..
.အရေးအကြောင်းတွေတားဆီးပေးတယ်
.အသားအရေညီညာစေပြီး အရေပြားကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်

15/01/2023

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....
ဒီနေ့တော့ ကျွန်တော်နဲ့ ညီအစ်ကိုလို ရင်းနှီးနေတဲ့ လုပ်ငန်းရှင်တစ်ဦးက သူ့ ရဲ့ ဝန်ထမ်း ညီ ညီမငယ် တွေကို ဘ၀ အတွက် သိမှတ်စရာတွေ လိုက်နာစရာတွေ ရရှိစေဖို့ စိတ်အားတက်ကြွဖို့ တစ်ရက်တာ သင်တန်း တစ်ခု စီစဉ်ပေးဖို့ အကူအညီတောင်းတာနဲ့ လုပ်ပေးဖြစ်ပါတယ်။ သင်တန်း ခန်းမထဲမှာတော့ ငယ်ရွယ်တဲ့ တက်ကြွ တဲ့ ဝန်ထမ်း ငယ် လေးတွေ အများအပြား ဟာ သင်ယူဖို့ကို အသင့်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ သင်တန်း စတင်နေရင်း ကျွန်တော်က မေးခွန်းတစ်ခု မေးဖြစ်လိုက် ပါတယ်။ အလုပ် မလုပ်ပဲ ငွေ ရနိုင်ပါ့မလား။ ဘယ်လိုထင်ကြလဲလို့ဆိုတာပါပဲ။ အားလုံးက တစ်ညီ ထဲ သံပြိုင် ဖြေလိုက်တာပါပဲ အလုပ်မလုပ်ပဲ ငွေ မရနိုင်ပါဘူးဆရာ တဲ့…..
“ဒါဆိုရင် ခင်ဗျား တို့အားလုံး ငွေရဖို့ အတွက် အမြဲ အလုပ်လုပ်နေရမှာပဲ ..ဘာကြောင့်လဲ ဆိုတော့ ခင်ဗျား တို့က အဲဒီလို ယုံကြည်ထားတာကိုး……”
ကျွန်တော်က အထက်က အတိုင်း ပြောလိုက်တဲ့ အခါ တစ်ခန်းလုံး တိတ် ဆိတ်သွားပါတယ်။လူငယ် အချို့ရဲ့ မျက်လုံးတွေ ထဲမှာတော့ လင်းခနဲ ဖြစ်သွားတာကိုတွေ့ လိုက်ရပေမယ့် အများစု ကတော့ ကျွန်တော်ပြောလိုက်တဲ့ စကား အဓိပ္ဗာယ်ကို သိပ်ပြီး နားလည်ပုံမရကြပါဘူး။ ဒါနဲ့ ကျွန်တော်က မေးခွန်း တစ်ခု ထပ်မေးပါတယ်။ ဟောဒီမှာ ရှေ့ဆုံးက ထိုင်နေတဲ့ မင်းတို့ရဲ့ CEO က ဒီနေ့က စပြီး ဘာအလုပ်မှ မလုပ်တော့ပဲ တစ်လ လုံးခရီးပတ်ထွက်နေမယ် ဆိုရင် သူရော ငွေ ရ နေဦးမလားလို့ ပါပဲ။ ဒီမေးခွန်းကျတော့ ဖြေတာ မြန် သွားပြန်ပါတယ်။ သူဌေး ကတော့ ငွေ ရနေမှာပါပဲဆရာ တဲ့။
ဒါဖြင့် ခင်ဗျား တို့ကျတော့ အလုပ်လုပ်မှ ငွေရမယ် သူကျတော့ အလုပ်မလုပ် လဲ ငွေရနေတယ် ဘာကွာ လို့တုန်းဗျာ လို့ ထပ်မေးတော့ ထပ်ပြီး တိတ် ဆိတ် သွားပြန်ပါတယ်။ ပြီးတော့မှ အသံ တိုးတိုး လေးတစ်ခု ချောင်က ထွက်လာပါလေရော… သူဌေးက သူဌေးကို ဆရာရဲ့ တဲ့…….မှန်လိုက်လေဗျာ။
လူတစ်ယောက်ရဲ့ အောင်မြင်မှုကိုဘယ်သူက ဟန့်တား ထားသလဲ လို့ မေးရင် အဲဒီလူ ကိုယ်တိုင် ပါပဲ လို့ တန်းပြီးဖြေရမှာပါပဲ။ ဟုတ်ပါတယ်။ များသောအားဖြင့် လူတွေဟာ ကိုယ့်ကိုကိုယ်ပြန်ပြီး ဟန့်တား နေကြတာပါပဲ။ ဒါတွေကို ကျွန်တော်ကတော့ Limitations ကန့်သတ်ချက်များ လို့ သုံးနှုန်းလေ့ရှိ ပါတယ်။ လူတွေ မှာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ လက်ရှိ လူနေမှု အနေအထား၊ အသိုင်းအဝန်း စတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး ယုံကြည်မှု Belief တွေ ဖြစ် ပေါ် နေတတ်လေ့ရှိပါတယ်။ ဒီယုံကြည်မှုတွေ ကလဲ လူတွေကို ကန့်သတ် ထားတဲ့ ဘောင်တွေ Limitations တွေ ဖြစ်လာစေတာပါပဲ။ အထက်ကပြောသလိုပါပဲ အလုပ်လုပ်မှ ငွေ ရမယ် လို့ ယူဆ သတ်မှတ် ထားတဲ့ သူဟာ သူ့တစ်ဘဝလုံး ငွေ ရဖို့အတွက် အလုပ်လုပ်ဖို့ပဲ စဉ်းစားနေတော့မှာ ဖြစ်ပါတယ်။ အလုပ်မလုပ်ပဲ ငွေ ဝင်မယ့်နည်းဆိုတာကိုလဲ မယုံကြည်တဲ့အတွက် အိမ်မက်ထဲတောင် ထည့်မက်ပြီး ရှာဖွေ မှာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်ပဲငွေ ဝင်နိုင်တဲ့ နည်းတွေ များစွာ ရှိနေပါတယ်။ သူဌေးလို မျိုး ဝန်ထမ်းတွေငှားရမ်း စနစ်တစ်ခုနဲ့ ထိန်းချုပ်ပြီး သူမပါပဲလည်ပတ်ငွေဝင်နေအောင် လုပ်လို့ရတယ်၊ Intellectual Properties ဆိုတဲ့ ဉာဏ ဆိုင်ရာ ပိုင်ဆိုင်မှုတွေတစ်ခါ ဖန်တီးပြီး တစ်သက်လုံးငွေ ဝင်နေအောင်လုပ်လို့ရတယ်၊ ပိုင်ဆိုင်မှု Assets ဥပမာ အိမ် ကား စတာတွေဝယ်ယူ ပြီး အငှား ချတာ ကိုယ်တိုင် လုပ်စရာမလိုတဲ့. Rental Income တွေ လုပ်လို့ရတယ်၊ အခြား သူရဲ့ လုပ်ငန်းမှာ အစုရှယ်ယာ ထည့်ဝင်ပြီး ငွေဝင်အောင်လုပ်လို့ရတယ် စသဖြင့် Passive Income နည်းလမ်းပေါင်း များစွာ ရှိနေပြန်ပါတယ်။
နောက် ထပ် ကျွန်တော်မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ကိုယ်ပိုင်လုပ်ငန်းစတင် နိုင်ဖို့ အတွက် အရင်းအနှီး လိုအပ်လား မလိုအပ်ဘူးလား ဆိုတာပါပဲ။ ဒါကိုလဲ သင်တန်းသားတိုင်းက သံပြိုင် ဖြေကြပါတယ်။ အရင်းအနှီး ကြိမ်းသေ လိုအပ်ပါတယ်ပေါ့။ ဆိုတော့ ကျွန်တော်ကလဲ ချက်ချင်း ပြန်ပြောတာပါပဲ။
“ခင်ဗျားတို့က အရင်းအနှီး ရှိမှ ကိုယ်ပိုင်လုပ်ငန်း စလို့ရမယ်လို့ ယုံကြည်ရင် ခင်ဗျား တို့အရင်းအနှီးရှိလာ တဲ့နေမှ ကိုယ်ပိုင်လုပ်ငန်း စဖြစ်လိမ့်မယ် ….” လို့ပါပဲ။
ဆိုလိုတာက အရင်းအနှီး မရှိလာရင် ဘယ်တော့မှ ကိုယ်ပိုင်လုပ်ငန်း စဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ်တော့ ကိုယ်ပိုင် အရင်းအနှီး မရှိပဲ လုပ်ငန်းတစ်ခု က စလို့ ရတဲ့ နည်းတွေ အများအပြား ရှိပါတယ်။ သူငယ်ချင်းမိတ်ဆွေ တွေ ဆီက ရှယ်ယာ ခေါ်ယူစတင်တာ၊ ဘဏ်ချေးငွေ နဲ့စတင်တာ၊ Investor ရှာဖွေတာ၊ Supplier ကောင်းကောင်းရှိနေတာ၊Network ကောင်းတစ်ခု ရှိတာ စတာတွေက အရင်းအနှီး မရှိပဲ လုပ်ငန်း တစ်ခုစဖို့ လုံလောက်ပါတယ်။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ဆိုရင် သူဖွင့်ထားတဲ့ အထည်ဆိုင်က အားလုံးနီးပါးဟာ သူ့သူငယ်ချင်း အထည်ချုပ် က နေယူပြီး တင်ရောင်းနေတာတွေ ချည်းပါပဲ ။ငွေလဲ စိုက်မဝယ်ရသလို တစ်လစီ လကုန်တော့မှ ရောင်းရသမျှကို ရှင်းပေးရုံအပြင် မရောင်းရတဲ့ အထည်တွေကိုပါ ပြန်လဲ လှယ်ပေးပါသေးတယ်။
ဆိုတော့ လူတွေ မှာ ကိုယ့်ကိုကိုယ်ပြန်ကန့်သတ်ထားတဲ့Limitation တွေဟာ ကြောက်ဖို့ကောင်း လောက်အောင်များပြားပါတယ်။ အထက်က ဥပမာ နှစ်ခု ကတော့ ငွေ နဲ့ပတ်သတ်ရင် လူအများ စု မှာရှိနေတတ် တဲ့ Limitation တွေ ဖြစ်ပါတယ်။ ဒီလိုပဲ နယ်ပယ်အစုံမှာ ကိုယ့်ကို ကိုယ် ကန့်သတ်ထား မိတာတွေ အများအပြားရှိနေပါတယ်။ အသိတစ်ယောက် မှာ ဆိုရင် သူ့ တစ်ယောက်ထဲ ယုံကြည်ထား တဲ့ ကန့်သတ်ချက် တစ်ခုရှိပါတယ်။ ဒါကတော့ သူ့ ဟာ ဘ၀ မှာ ဘာကို မှ ပထမဆုံးတစ်ကြိမ်ထဲနဲ့ မရတတ်ဘူး လို့ဆိုတာပါပဲ။ အမြဲတမ်းပထမ တစ်ကြိမ်ဟာ ကျရှုံးရမယ်ပေါ့။ ဒီလို ယုံကြည်လိုက်တာဟာ ဘောင်ခတ် ကန့်သတ်လိုက်ပြီး တစ်သက်လုံး ဒီအတိုင်းဖြစ်နေတော့တာပါပဲ။
ကျွန်တော့်ရဲ့ လက်ထောက် အဖြစ်တာဝန် ထမ်းဆောင်နေတဲ့ ညီလေးကပြောပြန်ပါတယ်… ကျွန်တော် အတွက် ကငွေ ကိုဘယ်တုန်းကမှ လွယ်လွယ်ရှာလို့ မရခဲ့ဘူးဆရာတဲ့။ အေး ..ဒါဆိုရင်တော့ မင်းတစ်သက်လုံး ငွေ ကို ခက်ခက်ခဲခဲ ပင်ပန်းပြီးမှ ပဲ ရှာလို့ ရနေတော့မှာ အသေအချာပဲလို့၊ ဒီကန့်သတ်ချက်ကို ပြင်ဖို့လိုတယ်လို့ ပြောရတာပဲ။ ဒီလိုနဲ့ ကျွန်တော့်ဆီမှာ လအတော် ကြာလာ တော့ မှ ကဲ..အခုဆို ငွေရှာ ရတာကတော့ သိပ်ခက်ခဲနေသေးလားလို့ ပြန်မေးတော့မှ ဒီလောက်လဲ မခက်ပါဘူးဆရာ လုပ်စရာတွေက အတော်များတာပါပဲ လို့ ဆိုပါတော့တယ်။ ကျွန်တော်နဲ့ လိုက်ပါရင် း သူလဲ လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံ စကား ပြော ရင်းနှီးကာ အမြင်ကျယ် လာလို့ပါပဲ။
ဒီလိုကန့်သတ်ချက်တွေ ဟာ ငယ်ရွယ်တဲ့ ကျောင်းသားလေးတွေ မှာတောင်ရှိနေတတ်ပါတယ်။ ငါက သချာၤ တအားညံတာ ဘယ်လိုမှ လုပ်လို့မရဘူးဆိုတာမျိုး၊ အတန်းရှေ့ထွက်ပြီး စကားပြောတိုင်း ရယ်စရာ တစ်ခုခုဖြစ်တယ်ဆိုတာမျိုး၊ စာမေးပွဲနီးတိုင်း မတော်တဆ တစ်ခုခုဖြစ်တယ်ဆိုတာ မျိုး စတာတွေ ပါပဲ။
အဆုံးသတ် အနေနဲ့ပြောလိုတာကတော့ ကိုယ့် အောင်မြင်မှုကို ဟန့်တားနေတာဟာ များသောအားဖြင့် ကိုယ်ကိုယ်တိုင်သာ ဖြစ်နေလေ့ရှိတတ်ပါတယ်။ ဒီတော့ မိမိမှာ ဘယ်လို ကန့်သတ်ချက်တွေ ရှိနေလဲ ယုံကြည်မှုတွေ ရှိနေလဲ ဒီယုံကြည်မှုတွေက တကယ်ရော ဟုတ်မှန်သလားဆိုတာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေကို မေးမြန်းသုံးသပ်ကာ ပြင်ဆင် နိုင်ဖို့ လိုအပ်ကြောင်းပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe - Strategic
Business Consultant

15/01/2023

Skin care ရုံနဲ့
အသားရေ အပြည့်ဝမကာကွယ်နိုင်ဘူးနော်
အသားရေ မပျက်စီးစေဖို့

Sun cream လေးလိမ်းရပါမယ်
Heffy sun cream လေးက
မိတ်ကပ်သားလုံးဝမပါဘူး
Spf 50+++ ပါဝင် လို့
နေရောင်ခြည်နဲ့ ဖုန်းမီး အလင်းရောင်ကြောင့်
ဖြစ်ပေါ်တက်တဲ့
တင်းတိတ် နဲ့ အမဲစက် တွေကို
ကာကွယ်ပေးနိုင်တယ်

Heffey Skincare Myanmar🇲🇲📌

Photos from May Moe Chit Online Shop's post 01/02/2022

လက်ပေါက် crop top 💎💎 အသားကောင်းအိအိလေး❤️❤️ ws 3600 1 ထည်ဈေး 4000 4 colour5ထည်တစ်စီး

Photos from May Moe Chit Online Shop's post 20/01/2022

💋 Odbo XoXo Lip Tint ရောက်ထားပီ

Price 3000 t

💁🏼‍♀️Odbo ကထွက်တဲ့ XoXo Lip Lint လေးတွေ နှုတ်ခမ်းနီ crazy sis တို့ရဲ့ အသဲစွဲလေးနော်..

🥰🥰 နှုတ်ခမ်းအတွင်းသားလေးကိုပဲဆိုးဆိုး၊ နှုတ်ခမ်းသားအပြည့်ပဲဆိုးဆိုး
အ​ရောင်ကအရမ်းကိုလှ

🤩🤩 အနီ၊ ပန်း၊ လိ​မ္မော် ဆိုပြီး 3 ​ရောင်လာပါတယ်ရှင့်

Photos from May Moe Chit Online Shop's post 20/01/2022

Top one Laser Dryer 2500W
ပြန်ရောက်ပါတယ်ရှင့်❤

Price 7000 t

၆၀ပါဖာလိုက်စျေးသီးသန့်ပါ✔

💁🏼‍♀️အပူအအေးနှစ်မျိုးသုံးလို့ရတဲ့ အပြာရောင်အလင်းတန်းနဲ့ Blue Ray Hair Care Technology ပါလို့ ဆံသားပျက်စီးမှုကိုကာကွယ်ပေးပါတယ်ရှင်။

အိမ်ပဲသုံးသုံး ဆိုင်ပဲသုံးသုံး အားမနာတမ်းအရန်းအဆင်ပြေတဲ့ 2000watts အားDryer အကြီးဆိုဒ်ပါ။

Watt အားပြင်းလို့ လျင်မြန်စွာခြောက်သွေ့မှုကိုပေးစွမ်းပေမယ့် ဆူညံခြင်းလုံးဝမရှိပါဘူးနော်။

အပူအအေးကိုထိန်းညှိနိုင်သလို လေအားအလျှော့အတင်းလဲလုပ်နိုင်ပါတယ်။

crd

Photos from May Moe Chit Online Shop's post 20/01/2022

၆ဆင့်အပိတ်ဖိနပ်စင် ရောက်ပါပီရှင့်

Price 10000t

၂၄ခုပါဖာလိုက်စျေးသီးသန့်ပါ✔✔✔
❌ပါကင်ပိတ်လာလို့ဒီဇိုင်းရွေးမရပါ❌

အပြင်ကနေပြန်ဖုံးဖို့ လိုက်ကာလေးပါတာကြောင့် ဖုန်တက်မှာ နေပူထိမှာမစိုးရိမ်ရတော့ဘူးပေါ့ရှင်။

ဖိနပ်စင်အပြင် ကလေးအိင်္ကျီလေးတွေတင်တဲ့စင်အဖြစ်လည်းသုံးနိုင်ပါတယ်နော်။

စင်ကတောင့်တောင့်တင်းတင်းရှိ
တာကြောင့် နွေမိုးဆောင်း အသုံးခံပါတယ်နော်။

မိုးကာသားနဲ့ဖြစ်ပြီး စတီးချောင်းနဲ့ဆက်ထားတာလေးပါ။အရှေ့ကလိုက်ကာလေးက မိုးကာသားအထူပါ🥳

(ပါကင်ပိတ်မို့ error ပါပြန်မလဲပါ error
မရှိသလောက်ရှားပါသည်)

Photos from May Moe Chit Online Shop's post 10/01/2022

3 in 1 Kiss Beauty Peachရောက်ပီရှင့်

လက်ကား...6500 t

🧡Kiss Beauty က ထုတ်တဲ့ Peach Collection လေးပါ color လေးတွေအရမ်းလှပီး အရမ်းချစ်ဖို့ကောင်းတယ်နော် 😚

Set ထဲမှာပါတာလေးတွေက

🍑 Eyeshadow
🍑 Highlighter
🍑Blusher ၃မျိုးနော်ချစ်တို့🥰🥰🥰

💁🏼‍♀️ကဲအရမ်းတန်ပီး အရမ်းလှနေလို့
ကိုယ်တိုင်သုံးမလား
လက်ဆောင်ပေးမလား Okနေမှာနော်သဲတို့

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay