One Love One Dream One United Myanmar

One Love One Dream One United Myanmar

Share

Manchester United ရဲ့ သတင်းတွေ Admin တို့ အမြင်တွေက?

09/04/2023

ဇနီးဟောင်း နှစ်ယောက်နဲ့ ဗျာများနေရတဲ့ မန်ယူတိုက်စစ်မှူး အန်တိုနီ မာရှယ်

Anthony Martial ဟာ သူ့ရဲ့ ပထမမိန်းမ ဖြစ်တဲ့ ဆမန်သာနဲ့ ၂၀၁၆ ခုနှစ်က ကွာရှင်းခဲ့ပြီး ကလေးနှစ်ယောက်ရှိပါတယ်။

သူ့ရဲ့ နောက်အိမ်ထောင်ကို ၂၀၁၈ ခုနှစ်မှာ ပြင်သစ်စတားဖြစ်တဲ့ Melanie Da Cruz နဲ့ စတင်ခဲ့ပြီး လေးနှစ်သားလေးတယောက်ရှိထားကြပါတယ် ဒါပေမဲ့ မနှစ်ကပဲ သူတို့ နှစ်ယောက်ပြတ်ဆဲသွားခဲ့ပါတယ်။

ဒီတလောမှာတော့ ဗီဒီယိုတခု ထွက်လာနေတာက Martial ရဲ့ ဒုတိယမိန်းမဖြစ်ခဲ့သူ Da Cruz ဟာ ပထမမိန်းမဖြစ်သူ ဆမန်သာရဲ့ ကားနောက်ကို လိုက်နေတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

အင်တာနက်မှာ လူပြောများနေကြတာကတော့
"ဒါကြောင့် သူ ဒဏ်ရာ ခဏခဏ ရနေတာဖြစ်မယ်"
"ငါ အခု ဘာကို ကြည့်နေတာလဲ"
"Martial ဘာများ လုပ်နေမလဲပဲ"
Source -Sportbible
Video အပြည့်အစုံကို comment မှာ တင်ထားပေးပါမယ်

09/04/2023

Casemiro သမီးလေး ‌ရဲ့ Birthday party 🎉
Happy Birthday young Casemiro 🥳🎉

23/02/2023

မားကပ်ရက်ရှ်ဖို့ဒ်သည် သူ၏ပြင်းထန်သောဂိုးသွင်းပုံ အပြီး အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး နောက်ကွယ်က အဓိပ္ပါယ်အကြောင်း သူ့ကိုပြောပြခဲ့တယ်လို့ မန်ယူ ဂန္ဓဝင်ကစားသမား ရီယို ဖာဒီနန်ကဆိုပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြ အဲရစ်တန်ဟဂ်လက်ထက် အိုးထရက်ဖို့ကွင်းကြီးထဲမှာ သရဲနီတွေနဲ့အတူ ဇယားထိပ်ရောက်ဖို့ စိန်ခေါ်နေရပြီး သူ့ဘဝရဲ့ပုံစံတခုအ‌နေအထားတခုသို့ ရောက်ရှိနေပြီး ဖြစ်ပါတယ်။
ဒီ ၂၅ နှစ်အရွယ် ယူနိုက်တက်ရှေ့တန်းကစားသမားဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ကစားပြီးနောက်ပိုင်း ၁၈ပွဲမှာ ၁၇ဂိုးအထိ အထင်ကြီးလောက်စရာ ဂိုးသွင်းထားတာပဲ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းပြီးတိုင်း မတ်တပ်ရပ်လျက် သူ့လက်ညိုးဖြင့် နားထင်ကိုထောက်ပြီး အောင်ပွဲခံတဲ့ပုံကို တခြားကစားသမားတွေကပါ လိုက်လုပ်နေတာကြောင့် နာမည်ကြီးနေပါတယ်။

အဲ့ဒီအောင်ပွဲခံပုံအကြောင်းကို ဘယ်သူမှ မသိရသေးပေမဲ့ အဲ့ဒါဟာ မနှစ်က ရက်ရှ်ဖို့ဒ်ရဲ့ စိတ်ကျန်းမာရေးအခြေအနေအကြောင်းလို့ ထင်ကြေးပေးနေကြပါတယ်။

"ကျနော် အဲ့အချိန်တွေမှာ စိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ပက်သက်ပြီး နပန်းလုံးနေခဲ့ရတာပါ" လို့ သူက ၂၀၂၂ မှာပြောခဲ့ဖူးပါတယ်။
"အရင်ရာသီတုန်းက ပွဲတွေအတွက် ကျနော်ဟာ ရောက်‌သင့်တဲ့ စိတ်အခြေအနေတခုမှာ ရှိမနေခဲ့ပါဘူး"

ဖာဒီနန်ဟာ ယူနိုက်တက်၏ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ တနင်္လာနေ့က အလည်အပတ် သွားရောက်ခဲ့ပြီး ဘာစီလိုနာနှင့် ဒုတိယအကျော့ပွဲအတွက် Training session ကိုကြည့်ခဲ့ပါတယ်။

သူဟာ အဲ့မှာ ရောက်နေတုန်း မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ တွေ့ခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာ သူ့အောင်ပွဲခံပုံအကြောင်းပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဖာဒီနန် အဆိုအရ ရက်ရှ်ဖို့ဒ်အောင်ပွဲခံပုံမှာ "ရိုးရှင်းတယ်"ဆိုတဲ့ အဓိပ္ပာယ်ပါပါတယ်
ရက်ရှ်ဖို့ဒ်ဟာ "စိတ်ကျန်းမာရေး" ဆိုတဲ့ စကားလုံးကို ဖယ်ရှားပစ်ရန်အဓိကအကြောင်းအရာအဖြစ်မီးမောင်းထိုးပြလိုသောကြောင့်ဖြစ်သည်။
သူ့ရဲ့ VIBE with FIVE podcast မှာ ရီယိုဖာဒီနန်က "ရက်ရှ်ဖို့ဒ်ရေ ငါ ဒီနေ့ သိခဲ့ရတာတခုရှိတယ် ဒါနဲ့ ငါဒီနေ့ ကာရင်တန်ကို ရောက်ခဲ့ပြီး ဘရူနိုကို အင်တာဗျူးခဲ့တယ်။
"ငါ ဒီနေ့ ကတ်သ် (နှစ်ရှည် ကောင်တာဝန်ထမ်း) ကိုတွေ့ခဲ့တယ် ၅၆ နှစ်တောင်ကြာပြီ မယုံနိုင်စရာပဲ"
"ဒါမဲ့ မင်းရဲ့ အောင်ပွဲခံပုံ အဲ့ဒါရဲ့ စိတ်အခြေအနေက ကောင်းတယ် ဟုတ်တယ်မဟုတ်လား ရိုးရိုးရှင်းရှင်းပဲ အဲ့ဒါက တလုံးတခဲကို ပျံ့နှံ့သွားတာနော်"
"တကမ္ဘာလုံးကသူတွေ အဲ့ဒါကို လုပ်နေကြပြီ လူငယ်လေးတွေ ဂိုးတွေသွင်းပြီး အဲ့လို အောင်ပွဲခံနေကြတယ်
အဲ့ဒါက မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ လွှမ်းမိုးမှုပဲ"

Sportbible

18/01/2023

အဲရစ်တန်ဟဂ်🗣️-အရင်တခေါက်တုန်းက အာဆင်နယ်ကို ကျတော်တို့ ကတ်စမဲရိုး မပါဘဲ အနိုင်ယူခဲ့ပါတယ်. အခုလည်း အဲ့လို ထပ်လုပ်ရပါတော့မယ်.

18/01/2023

HT
Crystal Palace 0-1 Manchester United

18/01/2023

Official xi for tonight တိုက်စစ်မှူးအသစ်ဖြစ်တဲ့ Weghorst ကို ပွဲထုတ်လာတာ တွေ့ရမှာဖြစ်ပါတယ်

18/01/2023

ဗြိတိန်လူမျိုးဘီလီယျံနာ တဦးဖြစ်တဲ့ Jimmy Ratcliffe ဟာ သူ၏ ကုမ္ပဏီIneos company မှတဆင့် Manchester United အသင်းကို ဝယ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

Photos from One Love One Dream One United Myanmar's post 18/01/2023

Happy 25th birthday 🎉 Licha 🥳

14/01/2023

ဟာကွာမနက်ဘာစားရမလဲ မသိဘူး

14/01/2023

ထိပ်ဆုံးကခလေးတွေ စာတော်တယ်ဆိုလို့ စာမွဲခေါ်စစ်လိုက်တာအာ့လောက်လဲ မဟုတ်ပါဘူး ဟဲဟဲ 😆😆😆

Photos from One Love One Dream One United Myanmar's post 14/01/2023

Luke Shaw ဆိုလို့ ကြည့်လိုက်တာ ကျောက်တုံးနံရံကြီးဖြစ်နေတယ်ဗျာ

14/01/2023

Manchester is RED 🛑

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay
11111