Central Care Clinic&Pharmacy

Central Care Clinic&Pharmacy

Share

Central Care Clinic&Pharmacy

01/11/2023

ကိုယ်ဝန်ဆောင်ကာလ ဆိုတာ လေဒီလေးတိုင်းအတွက် အလှပဆုံး အခိုက်အတန့်ပါ။ကောင်း
မွန်ခြင်းတွေ၊ ပျော်ရွှင်မှုတွေနဲ့ မျှော်လင့်ချက်တွေကို မွေးဖွားစေတဲ့ ကာလပေါ့။

ဒီလီုဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာမိခင်
လောင်းတိုင်းက ပျော်ရွှင်ကြတယ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်း
လဲမှုကြောင့် ကိုယ်ဝန်ဆောင်လေဒီလေးတွေဟာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို ခံစားရတာ များပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို အများဆုံး ခံစားမိတတ်ကြပါတယ်။

☑ကိုယ်ဝန်ဆောင်ချိန်မှာ ပျော်ပျော်နေပါ...

ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်စိတ် များလွန်းတာက မေမေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်
ဆောင်ချိန်မှာ မေမေတွေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်နေဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်အောင်နေထိုင်တာက ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာရော ကျန်းမာစေနိုင်သလို ရောဂါဘယကင်းတဲ့ ဘေဘီလေးအဖြစ် မွေးဖွားလာစေမှာပါ။

ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘယ်လိုလေးတွေ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

☑ကိုယ်ဝန်ဆောင်ချိန်မှာကျန်းမာပျော်ရွှင်စေရန်

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဘာတွေ လုပ်ရမလဲဆိုတော့ကျန်းမာ
ရေး နဲ့ ညီညွတ်အောင် စားသောက်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက်က အာဟာရပြည့်ဝမျှတအောင် စားသုံးဖို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အခုလိုလေး
စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ နဲ့ ပရိုတင်းတွေ ပါဝင်အောင် စားသုံးပါ။
တစ်ပတ်ကို ၂ ကြိမ် omegas fatty acids ပါတဲ့ ငါးတွေ စားသုံးပေးပါ။ ဒါမှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားပြီး ဦးနှောက် ကောင်းစွာ ဖွံ့ဖြိုးမှာပါ။
လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် စားသုံးပါ။
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစားတွေစားသုံးပါ။
ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ တစ်နေ့ကို ရေ ၆ အောင်စကနေ ၈ အာင်စအထိ သောက်ပေးပါ။
သေချာကျက်အောင် ချက်ပြုတ်မထားတဲ့ အစားအစာတွေကို မစားပါနဲ့။
အယ်လ်ကိုဟောနဲ့ ဆေးလိပ်တွေကို ရှောင်ပါ။

☑လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ...

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မလုပ်ခင်မှာတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေ၊ နှလုံးတွေကို သန်မာစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့ ထိန်းပေးနိုင်ပါတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ခါးနာတာကို သက်သာစေပြီး မွေးဖွားရလွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်
ဆောင်ချိန်မှာ မေမေတို့အနေနဲ့ ကိုယ်နဲ့သင့်တော်မယ့် လေ့ကျင့်ခန်း တွေကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ ရေပြည့်ပြည့်ဝဝ သောက်ပေးဖို့ မမေ့ပါနဲ့။

☑သက်တောင့်သက်သာနေပါ...

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု များတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာသက်တောင့်သက်သာနေပါ။စိတ်ဖိစီးမှု ကင်းပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ တတ်နိုင်သမျှ အကောင်းမြင်ပါ။အပျက်သဘောဆောင်တာတွေကိုကိုယ်ဝန်ဆောင်ချိန်မှာ ကြားရကောင်း ကြားရနိုင်ပေမယ့် အတတ်နိုင်ဆုံး အကောင်းမြင်ပေးပါ။ ဒါမှမေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။

☑ပြုံးပါ...

ပြုံးတာက စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ချမ်းသာစေမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ ပြုံးပါ။

☑ကျန်းမာရေး ဂရုစိုက်ပါ...

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လိုအပ်တာထက် ပိုတက်မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာက သိုင်းရွိုက်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆီးချိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ ကိုယ်အလေးချိန်ကို ထိန်းပေးပါ။

လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးပါ။ ဒါမှ မေမေလည်း ကျန်းမာပြီး မွေးဖွားလာတဲ့ ဘေဘီလေးလည်း ကျန်းမာမှာပါ။

ဒါတွေအပြင် အိပ်ရေးဝဝအိပ်တာ၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခံယူတာကလည်း ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ အကောင်းဆုံးအထောက်ကူပေးနိုင်မှာပါ။

🏥 Address 🏥
62st(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

☎Phone☎
09 773 733 033

29/10/2023

သီတင်းကျွတ် အခါသမယလေးမှာ
ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း
"Central Care Clinic&Pharmacy"မှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🙏🙏


#သီတင်းကျွတ်လပြည့်နေ့

10/10/2023

ယနေ့ကျရောက်ပါသော"ကမ္ဘာ့စိတ်ကျန်းမာရေးနေ့"အား ကြိုဆိုအပ်ပါသည်။

ပျော်ရွှင်ခြင်းဖြစ်စေ၊ ဝမ်းနည်းခြင်းဖြစ်စေ
ဒေါသထွက်ခြင်းဖြစ်စေ၊ စိတ်လှုပ်ရှားခြင်း
ဖြစ်စေ သင်ခံစားချက်တိုင်းဟာအလွန်အရေး
ပါပါတယ်။🤗🤗

ထို့ကြောင့်ယနေ့ကျရောက်သော " ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ "တွင် အရေးပါသောစိတ်ခံစားချက်ကို လက်ခံပြီး မိမိချစ်ရသူများ၊ မိသားစုများနှင့် ကောင်းမွန်သောဘဝကို ပျော်ရွှင်စွာ
နေထိုင်ရန် "Central Care "မှမိဘပြည်သူတို့အတွက် တိုက်တွန်းလိုက်ရပါတယ်။😍😍

လူသားအားလုံး စိတ်ကျန်းမာရေး
ကမ္ဘာတစ်ဝန်း ဦးစားပေး...
Make mental health&
well-being for a global priority...

30/09/2023

"Central Care Clinic and Pharmacy" တွင် ကလေးအထူးကုဆရာ၀န်ကြီး " ဒေါက်တာ ဖြူဖြူလွင် "နှင့်ပြသဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။🤗😊

🏥 Address 🏥
62St(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

☎ Phone ☎
09 773 733 033

29/09/2023

ရက်နေ့ ဟာ
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့
(World Heart Day) ဖြစ်ပါတယ်ရှင် 🤗

ထို့ကြောင့်မိဘပြည်သူတို့အတွက်နှလုံးရောဂါ
ကာကွယ်ရန်နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်ရှင်😍😍

(နှလုံး​​ရောဂါ ကာကွယ်ရန်နည်းလမ်းများ)
မျိုးရိုးလိုက်တာနဲ့ မွေးရာပါမဟုတ်ဘူးဆိုရင် နှလုံးရောဂါဟာ ကာကွယ်တားဆီးလို့ရတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အဓိကကျတဲ့နည်းလမ်းဖြစ်ပါတယ်။ထို့အပြင်-

❤သွေးတွင်း ကိုယ်လက်စထေရာ ပမာဏကို ထိန်းချုပ်ခြင်း
❤ သွေးတိုးမဖြစ်အောင် နေထိုင်ခြင်း
❤ စိတ်ဖိစီးမှုကို လျှော့ချခြင်း
❤ တစ်နေ့ကို မိနစ် ၃၀ နဲ့ ၆၀ အကြား ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
❤ ကျန်းမာပြီး အာဟာရပြည့်ဝအောင် စားသောက်ခြင်း
❤ ဆေးလိပ်သောက်သုံးမှုကို ရပ်တန်​ခြင်း၊ မသောက်ဘဲနေခြင်း
❤ အဝမလွန်အောင် ဂရုစိုက်နေထိုင်ခြင်း
စသည့်နည်းလမ်းတွေပဲဖြစ်ပါတယ်။

25/09/2023

"September25 "ရက်နေ့တွင်ကျရောက်သော
"World Pharmacists Day"တွင်ကမ္ဘာ့ဆေးဝါပ
ပညာရှင်များ၊ အနယ်အနယ်အရပ်ရပ်တွင်ရှိ
သော ဆေးဝါး ပညာရှင်များအား
"Central Care Clinic&Pharmacy "မှလေးစားစွာ ဂုဏ်ပြုအပ်ပါသည်။😍😍

22/09/2023

"Central Care Clinic&Pharmacy" တွင် မိဘပြည်သူတို့၏ ကျန်းမာရေးအတွက် ဆေးနှင့်ဆေးပစ္စည်းအစုံအလင်များ၊ ကလေးနို့မှုန့်များ၊လူကြီးများအတွက်ဖြည့်စွက်စာများကိုစျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါတယ်ရှင်😍

Address
62st(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

Phone
09 773 733 033

#ရရှိနိုင်သာဆေးနှင့်ဆေးပစ္စည်းများ

20/09/2023

Central Point(62st)ပထမထပ်စက်လှေကားအနီးတွင်တည်ရှိသော"Central Care Clinic&Pharmacy" တွင် အထွေထွေရောဂါများကုသနိုင်သည့်အပြင် ဖြည့်စွက်စာများ၊ဆေးနှင့်ဆေးပစ္စည်းများကိုစျေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါတယ်ရှင်🤗😍

15/09/2023

"Central Care Clinic&Pharmacy"တွင်
ဆေးနှင့် ဆေးပစ္စည်းမျိုးစုံကိုစျေးနှုန်း
ချိုသာစွာဖြင့် ရရှိနိုင်ပါတယ်ရှင်🤗😊

🏥 Address 🏥
62st(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

☎ Phone ☎
09 773 733 033

12/09/2023

Central Care Clinic&Pharmacy တွင်
စျေးနှုန်းချိုသာစွာဖြင့် "Bပိုးကာကွယ်ဆေး"
လာရောက်ထိုးနှံနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

🎉မိဘပြည်သူတို့၏ကျန်းမာရေးအတွက်
" Spetember "လတစ်လလုံး "FREE OPD"
လည်းရှိပါတယ်ရှင် 🤗

🏥 Address 🏥
62st(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

☎ Phone ☎
09 773 733 033

10/09/2023

"Central Care Clinic and Pharmacy" တွင် သားဖွားမီးယပ်အထူးကုဆရာ၀န် " ဒေါက်တာ ယုယုလှိုင်"နှင့်ပြသဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။🤗😊

🏥 Address 🏥
62St(Central Point1st Floor), Bet:109x110,
Chan Mya Tharsi Tsp, Mandalay.

☎ Phone ☎
09 773 733 033

05/09/2023

"Central Care Clinic and Pharmacy" တွင်
စိတ်ကျန်းမာရေး အထူးကုဆရာ၀န်
"ဒေါက်တာ ထွန်းမြင့်လှိုင်"နှင့်ပြသဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


62Street, Bet:Manaw Harti Street& Khaing Shwe War Street Chanmyathazi Tsp
Mandalay