Halri Beauty HM
ကိုယ့်ရဲ့အတွေးတွေကိုဘောင်ခတ်မထားမိစေနဲ့
ပုံတုန်းကြီးမှပြောင်းလဲမှု့ကြီး
#ဘောစိဆန်ဆန်
21/04/2026
#ငယ်ငယ်တုန်းကအိမ်မှာထမင်းခူးရင်
မေမေက အပေါ်ယံကပဲ မခူးခိုင်းဘူး။
“ကိုယ်က ကောင်းတာတွေချည်း ရွေးယူနေရင်
နောက်လူအတွက် ဘာကျန်မလဲ
ထမင်းဂျိုးစားနေရမှာပေါ့” လို့ အမြဲဆူပြောတတ်တယ်။
အဲဒီအချိန်တုန်းကတော့ နားမလည်ခဲ့ဘူး။
ထမင်းခူးတာလေးကအစ
စည်းကမ်းတကျ လုပ်ခိုင်းနေပြီး
ဆူတယ်လို့ပဲ ထင်ခဲ့တယ်။
အခု အသက်ကြီးလာတော့မှ သိလာတယ်။
အဲဒါက ထမင်းခူးနည်းအကြောင်းတင် မဟုတ်ဘူး။
လူနေထိုင်မှုနဲ့ ပတ်သက်တဲ့
သင်ခန်းစာတစ်ခုဖြစ်နေတယ်။
တချို့လူတွေကကိုယ့်အတွက်
ကောင်းတာတွေကိုပဲ ယူချင်တယ်
ကိုယ်ပြောချင်တာကိုပဲ ပြောပစ်တတ်တယ်။
ကိုယ်လိုချင်တာကိုပဲရအောင်ယူတတ်ကြတယ်။
ကောင်းတာတွေကို မျှဝေပေးရမှာလည်း
လက်ရွံ့တတ်ကြတယ်။
နောက်လူ ဘယ်လိုခံစားရမလဲ၊
ဘာတွေ ကျန်ခဲ့မလဲဆိုတာကို
တစ်ခါတလေ မစဉ်းစားမိကြဘူး။
မေမေသင်ပေးခဲ့တာက
တစ်ကိုယ်ကောင်းမဆန်ဖို့၊
ကိုယ့်အဆင်ပြေမှုတစ်ခုတည်းကိုပဲ မကြည့်ဖို့၊
နောက်လူအတွက်လည်း နေရာချန်ပေးတတ်ဖို့ပဲ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို
ဘာတွေ ယူထားလဲဆိုတာနဲ့ပဲ မတိုင်းဘူး။
ဘာတွေ ချန်ထားပေးနိုင်လဲဆိုတာနဲ့လည်း တိုင်းလို့ရတယ်။
တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ဆိုတာ
အိမ်စားပွဲပေါ်က ထမင်းအိုးလေးကစပြီး
သင်ပေးလို့ရတဲ့ အရာတစ်ခုပါပဲ။
29/01/2026
#အသက်၃ဝကျော်ဆိုတဲ့နှစ်ဟာဘဝရဲ့
လမ်းဆုံလမ်းခွ တစ်ခုပါ။
လူငယ်ဘဝကို နှုတ်ဆက်ပြီး ရင့်ကျက်တည်ငြိမ် တဲ့ လူကြီးဘဝကို စတင်ရတဲ့ အရွယ်ပေါ့။
ဒီအရွယ်မှာ ကိုယ့်ကိုကိုယ် ပြန်မေးဖို့၊ ချိန်ညှိဖို့တွေ များပါ တယ်။ဒီတော့ အသက် ၃၀ နောက်ပိုင်း ဘယ်လိုနေထိုင် ပြုမူရမ လဲဆိုတာ ကိုယ်တိုင်လည်း လေ့လာနေရင်း မျှဝေချင်ပါ တယ်။
၁။ #ကိုယ်တိုင်အတွက်ရင်းနှီးပါ။
အသက်၂ဝ တုန်းကလိုလူတွေကကိုယ့်ကိုဘယ်လို
မြင်လဲဆိုတာထက်ကိုယ်ကကိုယ့်ကိုယ်ကို
ဘယ်လိုမြင်လဲဆိုတာကပိုအရေးကြီးလာပါပြီ၊
ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လက်ခံပါ။ကိုယ်နဲ့ မ တူတဲ့သူတွေကို အားကျနေ တာထက် ကိုယ့်ရဲ့လမ်းကြောင်းကို အာရုံစိုက်ပါ။
၂။ #ကျန်းမာရေးကိုဦးစားပေးပါ။
ဒါကတော့အားလုံးအသိပါပဲ။ဒါပေမယ့် ၃ဝ ကျော်မှ သိရတဲ့ အရေးကြီးဆုံးအချက်ပါ။ဒီတော့ အိပ်ချိန်မှန်ပါစေ။ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါစေ။အစားအသောက်ကို ဂရုစိုက်ပါ။ရေများများသောက်ပါ။ ကျန်းမာရေးစစ်ဆေးမှု တွေ ပုံမှန်လုပ်ပါ။
၃။ #ငွေကြေးကိုပညာရှိရှိစီမံပါ။
လစာရဲ့ ၁၀% ကို စုတတ်တဲ့အကျင့်လုပ်ပါ။Emergency Fund ဆိုတာ ဘာလဲသိပါစေ။ ရင်းနှီးမြှုပ်နှံမှုအကြောင်း စပြီးလေ့လာပါ။
မလိုအပ်တဲ့အရာတွေဝယ်တာမျိုး ရှောင်ပါ။
ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေအတွက်ဘတ်ဂျက်ချပါ။
၄။ #နက်ရှိုင်းတဲ့ဆက်ဆံရေးတွေကိုတန်ဖိုးထားပါ။
လူ၁၀၀လောက်ရင်းနှီးတာထက်အတိမ်နက်ဆုံး
အရင်းနှီးဆုံးမိတ်ဆွေ ၅ ယောက်ရှိရင်ကောင်းတယ်။မိသားစုနဲ့အချိန်ပေးပါ။
၅။ #စိတ်ချမ်းသာမှုကိုဦးတည်ပါ။
ဘယ်အလုပ်ကပိုက်ဆံပေးမလဲဆိုတာထက်
ဘယ်အလုပ်ကကိုယ့်ကိုစိတ်အားထက်သန်မှုပေးသလဲဆိုတာကို ကြည့်ပါ။ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်နေတဲ့ပတ်ဝန်းကျင်ကကိုယ့်ကို စိတ်ဖိစီးမှုတွေပေးနေရင်ပြောင်းဖို့ မကြောက်ပါ နဲ့။ Meditation, Yoga, စာအုပ်ဖတ်တာ၊ သဘာဝထဲ လမ်းလျှောက်တာလို စိတ်ကိုအနားရစေမယ့် အလေ့အထ တွေမွေးမြူပါ။
၆။ #သင်ယူမှုကိုမရပ်တန့်ပါနဲ့။
ဘွဲ့ရပြီးသွားပြီ၊အလုပ်ဝင်နေပြီဆိုပြီး သင်ယူမှုကိုရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ Online Course တွေတက်ပါ။ စာအုပ်တွေဖတ်ပါ။ Skill အသစ်တွေသင်ယူပါ။ ကိုယ်မ သိသေးတဲ့အရာတွေကိုလေ့လာပါ။ ဒါတွေက ကိုယ့်ကိုပိုပြီး ကြွယ်ဝစေပါတယ်။
၇။ #အတိတ်ကိုစိတ်မပူပါနဲ့၊ #အနာဂတ်ကိုစိုးရိမ်မနေပါနဲ့။ လက်ရှိ အခိုက်အတန့်လေးကိုရှင်သန်ပါ။ အတိတ်က
အမှားတွေကိုသင်ခန်းစာယူပြီး ချမ်းချမ်းသာသာလွတ်လိုက်ပါ။အနာဂတ်အတွက် စီစဉ်ပါ၊ ဒါပေမယ့်ဘာဖြစ်မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့မနေပါနဲ့ လက်ရှိအခိုက်တန့်ပဲ
အကောင်းဆုံဖြစ်အောင်တည်ဆောက်ပါ 🩵🩵🩵
ာသား
07/01/2026
တစ်ခါကပေါ့ကွယ်
#ကိုယ်ပိုင်အလင်းရောင်နဲ့တောက်ပနေတဲ့
ပိုးစုန်းကြူးတစ်ကောင်ကိုဖမ်းဖို့
🐍မြွေကအသဲအသန်လိုက်နေတယ်
ပိုးစုန်းကြူးကပျံသန်းတာကိုရပ်ပြီး
မြွေကိုပြောလိုက်တယ်တဲ့
"သင့်ကိုမေးခွန်းသုံးခုမေးလို့ရမလား"
🐍မြွေကလဲ"မေး"လို့ဖြေလိုက်တယ်
"ငါကမင်းရဲ့အစာကွင်းဆက်ထဲမှာပါသလား"
🐍 မပါဘူး
"ငါမင်းကိုများတစ်ခုခုလုပ်ခဲမိလား"
🐍"ဟင့်အင်းမလုပ်ခဲ့ပါဘူး" ဒါဆို
"ဘာ့ကြောင့်မို့မင်းငါ့ကိုပေါက်ချင် (မျိုချင်နေတာလဲ)"
မြွေကလဲပြန်ဖြေလိုက်တယ်
"မင်းဆီကထွက်တဲ့အလင်းရောင်
(တောက်ပနေတာကို)ကြည့်မရလို့တဲ့"
ဒီလိုပါပဲ လူတစ်ချို့ဟာလဲ
သင်သူတို့ပေါ်ဘာမှလုပ်မထားပဲ
သင့်ဘဝတောက်ပနေတာကိုမြင်ပြီး
မခံမရပ်နိုင်ဂျေဝင်တာမျိုးတွေ
ဖြစ်တတ်ပါတယ်။ သူတို့ကလဲ
🐍မြွေ လိုပဲတိတ်တိတ်လေးနဲ့
သင့်ဘဝကိုဖျက်ဆီးဖို့
အမြဲကြံစည်တွေးတောနေတတ်ကြတယ်။
#မြွေလိုလူတွေနဲ့ဝေးပါစေ🩵🩵🩵
ဖတ်မိတဲ့စာလေးသဘောကျမိလို့
06/01/2026
ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်
ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်
လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်
ရွှေဝယ်ထားရင် ပြန်တွက်ကြည့် ၁၂ % လောက် အမြတ်ရနိုင်တယ်။
ဘာမှ မလုပ်ဘဲ ထိုင်သုံးနေရင်တော့ ကုန်သွားမှာပဲ။
ဘဏ်တွေက စိတ်မချရရင်
၁၀ ရက်တခါ စာရင်းသေအပ်ပါ။
အတိုးကို အများကြီးမယူဘဲ
ယုံကြည်ရသူဆီ ချေးငှါးပါ။
အရောင်းအဝယ်ကတော့
တကယ်ကျွမ်းကျင်တာကိုပဲ လုပ်ပါ။
လုပ်ငန်းရှိရင် စီစစ်ပြီးရင်းပါ။
ရွှေဝယ်မယ်ဆို အခေါက်ရွှေသာ ဝယ်ပါ။
မြေရင်း ဘာညာက သူ့အလွှာနဲ့သူမို့
မပြောတော့ပါဘူး။
မီးဖိုဆောင်မှာ လွှတ်ပစ်ရတာ
ပုပ်သိုးတာတွေ မရှိအောင်
အလေအလွင့်နည်းအောင် စီမံပါ
ဥစ္စာဖြို စားဖိုကမို့ လိုအပ်တာ မလိုအပ်တာ သေချာစီစစ်ပါ။
ဖုန်းဘေ စီစစ်သုံးပါ
ဝိုင်ဖိုင်ရနေလျင် Viber က ပြောကြပါ။
မလိုအပ်တဲ့ planတွေ မသိဘဲ နှိပ်မိသလားစစ်ပါ
လောင်းကစား ရှောင်ပါ။
အသုံးမလျှော့နိုင်လျင် ပိုရှာပါ
ပိုမရှာနိုင်သေးလျင် မဖြုန်းတီးပါစေနှင့်။
စုဖို့ ဖယ်ပြီးမှ ကျန်တာကို ခွဲတမ်းချ သုံးစွဲပါ။
Crd
#တင်းတိပ်အရှင်းပျောက်စေတဲ့လျှို့ဝှက်ချက်
#တင်းတိတ်ပျောက်ချင်သူတိုင်းအဖြစ်မနေလုပ်ရမယ့်အရာတစ်ခု📌📌
ျိုးတစ်ဆက်
📍 #ဒီအချက်တွေမသိသရွေ့
တစ်သက်လုံးအဆီပြန်ပြီးအဆီဖု
ထွက်နေမယ်ဆိုတာသေချာတယ် 📌
#အဆီပြန်သူများအတွက်
09/06/2025
‼️ ခေါင်းဖြီးတိုင်းဆံပင်ကျွတ်လို့ စိတ်ညစ်နေတဲ့သူတွေရှိလား❓❓❓
ခေါင်းလျှော်ရည်တွေလဲစုံနေပြီ
ပေါင်းဆေးနှပ်ဆီတွေလဲသုံးနေတာစုံနေပြီ
ဘာမှထူးခြားမှု့မရှိသေးဘူးဆိုရင်တော့
ဒီအချက်တွေလိုက်လုပ်ကြည့်ဖို့လိုပီနော်
🌿ခေါင်းမလျှော်ခင်မှာရေအဝသောက်ပါ
ရေအရင်ချိုးပါ ပြီးမှခေါင်းကိုရေလောင်းပါ
🌿ခေါင်းလျှော်ရည်ကိုဆံပင်နဲ့တိုက်ရိုက်
မထိပါနဲ့ ရေနဲ့အရင်ဖျော်ပီးမှလျှော်ပေးပါ
🌿ဦးရေပြားကိုပဲသန့်ရှင်းအောင်လုပ်ရတဲ့ အတွက်ဆံပင်အဖျားတွေကို
လျှော်ရည်နဲ့ဖိပွတ်တိုက်စရာမလိုပါ
🌿ပေါင်းဆေးသုံးတဲ့အခါမှာ ဦးရေပြားကိုထိသုံးစရာမလိုပါ ဆံသားတွေကိုပဲသုံးပေးရပါမယ်
🌿ခေါင်းမလျှော်ခင်နာရီဝက်အလိုမှာနှပ်ဆီ သုံးပြီးပေါင်းပေးထားပါ
#ဆံပင်ကျွတ်တာသက်သာချင်တယ်
#ဖွာတာကြမ်းတာတွေသက်သာပြီး
#ဆံပင်ဝိတ်ရှိချင်တယ်ဆိုရင်တော့
𝐇𝐌 𝐇𝐚𝐢𝐫 𝐜𝐚𝐫𝐞 𝐬𝐞𝐫𝐢𝐞𝐬 လေး
❥❥❥𝐇𝐌 𝐓𝐞𝐚 𝐓𝐫𝐞𝐞 𝐒𝐡𝐚𝐦𝐩𝐨𝐨
❥❥❥𝐇𝐌 𝐓𝐞𝐚 𝐓𝐫𝐞𝐞 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐞𝐫 လေးသုံးပေးပါ🌿
တင်းတိတ်အမဲစက်တွေနဲ့
အရွယ်နဲ့မမျှ ရုပ်ကျတဲ့သူမဖြစ်ချင်ဘူးဆိုတဲ့သူေတွအတွက်မဖြစ်မနေလုပ်ရမယ့်အခြေခံ
Skincare နည်းလမ်း✅✅✅
#အရွယ်တင်နုပျိုချင်သူတွေအတွက်
08/12/2024
ဘယ်ဖုန်းအမျိုးအစားလဲဖြေခဲ့
မင်မင်ကတော့ vivo 🥰🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
