We9 Htay Myaing Skincare

We9  Htay Myaing  Skincare

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We9 Htay Myaing Skincare, Beauty, cosmetic & personal care, 120/58(A္-59ပြည်ကြီးတံခွန်​မြို့နယ်။မန်းတ​လေးမြိ(ဇော်ညီနောင်)လျှပ်စစွ, Mandalay.

06/11/2024

We9 V08 နှုတ်ခမ်းနီလေးနဲ့ လှနေသူကြီး😍😍

25/09/2024
08/09/2024

🍀ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင်း
တနေ့တခြား ကြပ်တည်းလာတာ
ပိုသိသာ လာတယ်။

🍀အဆင်မပြေဘူးလို့ ခဏခဏတွေးနေရင်း
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။

🍀စိတ်ညစ်ဖို့ အရမ်းကောင်းတယ်လို့ ပြောရင်
ဒီထက်ပိုပြီး စိတ်ညစ်စရာတွေ ဖြစ်လာမယ်။

🍀ဒါ အယူအဆ မဟုတ်ဘူး။
ဘာသာရေး အတွေးမဟုတ်ဖူး။
Psycho သဘောပဲ။

🍀’ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်
ပြောပါများရင် အဲ့ဒီအတိုင်း ယုံကြည်လာတယ် '
ကြာတော့ ကိုယ့်စိတ်ကူးထဲကအတိုင်း
ကိုယ့်နုတ်ထွက် စကားတွေအတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်။

#မယုံမရှိနဲ့
🍀ပါးစပ်နောက်မှာ ဘဝတွေပါတတ်တယ်
မြတ်စွာဘုရားကလည်း မိန့်တယ်
နှုတ်ထွက် စကားလုံးတိုင်းဟာ
အကျိုးမခံစားရဘဲ ပျောက်ပျယ်သွားလေ့မရှိဘူးတဲ့

🍀ဒါ့ကြောင့်
အမြဲတမ်း အကောင်းဘက်ကတွေးပါ
အောင်မြင်သူလို တွေးပါ။
အောင်မြင်သူတွေနား ချဉ်းကပ်ပါ။
စိတ်နှလုံးသားကောင်းမွန်သူတွေနဲ့သာ
ပေါင်းသင်းပါ လို့ ပြောကြတာပေါ့။

🍀လဲကျတာဟာ ပြဿနာမဟုတ်ဖူး။
ပြန်မထချင်တော့တာ (သို့)
ငါ ပြန်မထနိုင်လောက်ပါဘူးလို့
တွေးတာ လက်လျှော့လိုက်တော့မယ် ဆိုတာကသာ ပြဿနာကြီးပါ။

🍀မဖြစ်နိုင်ဘူး ဆိုတာထက်
ဖြစ်အောင် ဘယ်လိုလုပ်ရမလဲက
တွေးဖို့ ပိုလိုတာ ပါ။

🍀လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။
ဖြေရှင်းပုံပေါ် မူတည်ပြီး လူတွေရဲ့
ဘဝအခြေအနေတွေ ကွာသွားတာပါ။

(မူရင်းရေးသားသူအား Credit ပေးပါတယ်)
အားလုံး ဘေးအန္တရာယ်တွေကင်းလ်ု့အဆင်ပြေချောမွေ့ကြပါစေ🙏
💜ချစ်တဲ့
#ယွေး

07/06/2024

အမေက ကျွန်တော့်ကို ပြောခဲ့ဖူးတယ် ။
"သူတို့က သားကို စိတ်ထိခိုက်စေတာ၊အနာတရ ဖြစ်စေတာတွေ ကြုံခဲ့ရင် ခွင့်လွှတ်လိုက်ပါ။
ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့အရာတွေကို ဘယ်တော့မှ မမေ့ပါနဲ့" တဲ့။ "
ဒီအကြံပေးချက်က လူတွေနဲ့ အထူးသဖြင့် လူသစ်တစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရတိုင်း ကျွန်တော်နဲ့အတူရှိနေခဲ့တယ်။
ဒါပေမယ့် ဒါဟာ တစ်ခါတစ်ရံမှာ ကျွန်တော့်ကို ပင်ပန်းနွမ်းနယ်စေတယ်။ နာကျင်မှုကို ဟန်လုပ်ပြီး နောက်ကျော ဓားနဲ့ထိုးတဲ့သူကို ပြုံးပြဖို့ဆိုတာ အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။​မျှော်လင့်ချက်က အီလည်လည်ကြီးပေါ့ဗျာ။

စိတ်ထဲ ဘဝင်မကျတာနဲ့ တစ်နေ့မှာ အမေ့ကို မေးခဲ့တယ်​။
"အမေ သူတို့က သားခွင့်လွှတ်မှုနဲ့ ထိုက်တန်ရဲ့လား"

အမေက ပြုံးပြီး သူဖတ်နေတဲ့သတင်းစာကိုချလိုက်တယ်၊။မနက်ခင်း စာဖတ်တာကအမေ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။
"သားလေး
လူတိုင်းက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်ပါတယ်။
သားကို တစ်ကြိမ် နာကျင်စေရင် ခွင့်လွှတ်ပါ။ နှစ်ကြိမ်လုပ်ခဲ့ရင်လည်း သူ့တို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ။ ဒါပေမဲ့ သုံးကြိမ်လုပ်ရင် သားကိုယ်သား ခွင့်လွှတ်ဖို့ အချိန်တန်ပြီ။"

ကျွန်တော် စိတ်ရှုပ်ထွေးပြီး
ဇဝေဇဝါဖြစ်နေတာကို အမေ သတိထားမိပြီး ရယ်တယ်။ အမေက ထလာပြီး ကျွန်တော့် လက်ကို ကိုင်လိုက်တယ်။
"သူတို့ကိုယုံကြည်ပြီး စိတ်ပျက်မိသွားတဲ့အတွက် သားကိုယ်သား ခွင့်လွှတ်လိုက်ပါ။
အရမ်းကြီးယုံကြည်မှုလွန်ကဲခဲ့တဲ့ သားအတွက် သားကိုယ်သားခွင့်လွှတ်လိုက်ပါ။
ပိုကောင်းမယ်ထင်လို့ နောက်ထပ်အခွင့်အရေးတစ်ခုပေးလိုက်မိတဲ့ သားကိုယ်သားခွင့်လွှတ်လိုက်ပါ။ဒါပေမဲ့သားကတော့ မုန်းတီးမှု၊ ကလဲ့စားချေမှုတွေနဲ့ အတိတ်တွေကနေ လွတ်မြောက်နိုင်ပါစေ"

နောက်နေ့မနက်ရောက်တော့ အဖေ့ရှေ့မှာ အမေငိုနေတာ တွေ့တယ်။ ဆယ်နှစ်တာခင်မင်မှုရှိတဲ့ အမေ့သူငယ်ချင်းရဲ့ သစ္စာဖောက်မှုကို ခံရလို့တဲ့။
။ "အမေ့သူငယ်ချင်းကို မုန်းသွားပြီလား"မေးတော့ အမေက ခေါင်းခါပြီး ပြုံးပြတယ်။
"အမေ့ နှလုံးသားမှာ အမုန်းတရားတွေအတွက် နေရာမရှိဘူး။ အမေ့နှလုံးသားက ဒီအမုန်းတရားနဲ့ ထိုက်တန်တာမှ မဟုတ်တာ။
အမေ သူ့ကို ခွင့်လွှတ်ပါတယ်။
ဒါပေမယ့် သူလုပ်ခဲ့တာကို အမေ ဘယ်တော့မှ
မမေ့ဘူး။ အမေ့အပြုံးက အမှန်တကယ် နာကျင်ခံစားရတာ ဘာလဲဆိုတာ သူ့ကို ပြသလိမ့်မယ်"

ကျွန်တော် ပေးထားတဲ့ လက်ကိုင်ပဝါနဲ့ မျက်ရည်တွေကိုသုတ်ရင်း အမေကပြောတယ်။

"ကိုယ့်ကို နာကျင်အောင်လုပ်တဲ့သူကို အကောင်းဆုံးတုံ့ပြန်နည်းက ပိုကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေထိုင်ခြင်းပါပဲ"

သူတို့ ဆုံးရှုံးသွားတဲ့အရာက ဘာလဲ ။သူတို့ ရဲ့ လုပ်ရပ်က မထင်မှတ်ဘဲ ကိုယ့်ကို ဘယ်လို အားဖြစ်စေခဲ့လဲဆိုတာကို သူတို့ သိပါစေ။
သားကို နာကျင်စေခဲ့တဲ့သူတွေအတွက် အချိန်မဖြုန်းပါနဲ့၊ နှလုံးသားမှာ အမာရွတ် မကျန်စေနဲ့။
သူတို့သာ လွဲချော်ခဲ့တယ်ဆိုတာ
သူတို့လုပ်ရပ်တွေက သားကို ပိုကောင်းလာအောင် ဘယ်လိုကူညီပေးခဲ့တာလဲဆိုတာ ပြသလိုက်ပါ။"

အမေ့ဆုံးမစကားတွေ အတွက် အမေ့ကို ကျေးဇူးတင်လိုက်တာ။အမေ့ ဉာဏ်စကားသာ ကျွန်တော် မကြားခဲ့ရရင် ကိုယ့်အမှား မဟုတ်ခဲ့တဲ့ အရာတွေက ကျွန်တော့်ကို အခုထိ ခြောက်လှန့်နေဦးမှာပဲ။

#ဟမ်စိုင်း(ဆေး-မန်း)

ဘာသာပြန်

31/05/2024

21/05/2024

▫️အေးချမ်းမှုကို အလိုရှိသူတိုင်း
ဗုဒ္ဓတရားတော်များနဲ့ ဆုံပါစေ...

▫️အနစ်နာခံတတ်တဲ့သူတိုင်း
ကိုယ်ချင်းစာသူများနဲ့ ဆုံပါစေ..

▫️ဒုက္ခပင်လယ်ဝေသူတိုင်း
ဖေးမကူညီသူများနဲ့ ဆုံပါစေ..

▫️ဖြူစင်ရိုးသားသူတိုင်း
သူငယ်ချင်းကောင်းများနဲ့ ဆုံပါစေ...

▫️ချစ်တတ်တဲ့သူတိုင်း
စိတ်ထားလှသူများနဲ့ ဆုံပါစေ....

▫️အောင်မြင်ကျော်ကြားသူတိုင်း
ဝမ်းသာသူများနဲ့ ဆုံပါစေ...

▫️ကျရှုံးဝမ်းနည်းသူတိုင်း
အားပေးသူများနဲ့ ဆုံပါစေ....

▫️ဟိုမရောက် ဒီမရောက် ကိုယ်လိုလူတိုင်း
ဆရာကောင်းများနဲ့ ဆုံပါစေ....

#ဦးနန္ဒ
7.5.2023.

19/05/2024

ဒီနေ့ ကိုယ့်လက်ထဲမှာရှိနေတဲ့ ပျော်ရွှင်ခြင်းဟာ..
မနက်ဖြန် ဆက်ရှိနေလိမ့်မယ်လို့ မသေချာပါ..
ဒါကြောင့် ပျော်ရွှင်ခြင်းကို ဒီနေ့အပြည့်အဝပျော်ရွှင်ခံစားပါ..။

ဒီနေ့ ကိုယ်လက်ထဲရောက်လာတဲ့..ကြေကွဲနာကျင်ခြင်းဟာ..မနက်ဖြန် ဆက်ရှိနေလိမ့်မယ်လို့ မသေချာပါ..။
ဒါကြောင့် ကြေကွဲနာကျင်ခြင်းကို.. ဒီနေ့အားလုံးလက်လွှတ်စွန့်ပစ်လိုက်ပါ..။

#လွန်းထားထား
#မေ၂၀၂၄

Photos from We9  Htay Myaing  Skincare's post 15/05/2024

မချမ်းသာနိုင်တဲ့ လုပ်ငန်းလို့မရှိပါဘူး …

လူတွေ မအောင်မြင်တာ လုပ်ငန်းကြောင့်မဟုတ်ပါဘူး…

လူတွေ မအောင်မြင်တာ လုပ်နည်းကြောင့်ပါ…

Life is short, Never Stop learning

15/05/2024

ငါအရှုံးပေးလို့မဖစ်သေးဘူး
အဖေနဲ့အမေက
ငါ့အပေါ်အများကြီးမျှော်လင့်ထားဝာာ💪💪

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


120/58(A္-59ပြည်ကြီးတံခွန်​မြို့နယ်။မန်းတ​လေးမြိ(ဇော်ညီနောင်)လျှပ်စစွ
Mandalay