M.M.H OnlineBusniess

M.M.H OnlineBusniess

Share

ပစ္စည်းမှာယူလိုပါက09965371361(or)cb(or)viber

17/08/2025

လူတိုင်းလုပ်မိတတ်တဲ့
ခေါင်းလျှော်နည်း အလွဲ (၅) ချက်
သင်ရော ဘာတွေလွဲနေလဲ ?

(၁) ခေါင်းသေချာရေမစိုသေးဘဲ
ခေါင်းလျှော်တတ်တာ
လူအများစုက ခေါင်းနှံ့အောင် ရေမစိုသေးချိန်မှာ
Shampoo ထည့်ပြီး ခေါင်းလျှော်တတ်ပါတယ် !
အဲဒီလို လုပ်တာက ဆံသားအတွင်းပိုင်း ကြားထဲထိ
ခေါင်းလျှော်ရည် နှံ့အောင် မရောက်တတ်ပါဘူး ။
Shampoo မသုံးခင် ခေါင်းအနှံ့ ရေစိုပါစေနော် 😘

(၂) များလေကောင်းလေ မဟုတ်ပါဘူး

ခေါင်းလျှော်ရည် များများသုံးရင် ပိုထိရောက်တယ်
ဆိုပြီး အထင်မှားနေသူတွေ မနည်းပါဘူး !
ဆံပင်အတိုအရှည် အုံအထူအပါးအလိုက် သင့်ရုံပဲ
သုံးပေးနော်၊ များလေကောင်းလေ မလုပ်ပါနဲ့လို့ 😏

(၃) ဆံပင်ကိုပဲ လျှော်နေမှာလား

ခေါင်းလျှော်တယ်ဆိုပြီး ဆံပင်ကိုပဲကွက် လျှော်ရင်
ထိရောက်မှာ မဟုတ်ဘူးနော် ! ဦးရေပြား ထိအောင်
လက်ချောင်းတွေနဲ့ ထိုးဖွ နှိပ်နယ်ပြီး ခေါင်းလျှော်ဖို့
အရမ်းအရေးကြီးပါတယ် အဲဒါမှ ချေး (ဂျီး) တို့
ဗောက်တို့ ရှင်းသွားမှာမဟုတ်လား ...

(၄) နှစ်မိနစ်အပြီးခေါင်းလျှော်တာ ရပ်သင့်ပြီ

ယောက်ျားလေးအများစု လုပ်တတ်ပါတယ် 😌
ဖြစ်နိုင်ရင် ပြီးပြီးရောခေါင်းမလျှော်ဘဲ - ၃ မိနစ်ခန့်
ဦးခေါင်း နှိပ်နယ်၊ - ၁၅ စက္ကန့်လောက် ရေစိုအတိုင်း
ခဏနှပ်ပေးထား။ ပြီးမှ ခေါင်းလျှော်ရည် သုံးပြီး
အနည်းဆုံး - ၁ မိနစ်လောက် နှံ့အောင် လျှော်တာက
အသင့်တော်ဆုံးပဲနော် !

(၅) နေ့တိုင်းခေါင်းလျှော်ဖို့ မလိုပါ

ကျွမ်းကျင်ဆေးပညာရှင်တွေ ပြေပြတာကတော့
ဦးရေပြားနဲ့ဆံပင်သန့်ဖို့ နေ့တိုင်း ခေါင်းလျှော်စရာ
မလိုအပ်ပါဘူး တဲ့။ ဆံသား မပျက်စီးအောင်နဲ့
ဦးရေပြားမခြောက်သွေ့ဘဲ လုံလောက်တဲ့ အစိုဓာတ်
ရအောင်ကူညီပေးနေတဲ့ အဆီဓာတ် ပျက်စီးနိုင်လို့
တပတ် နှစ်ကြိမ်လောက်ပဲ ခေါင်းလျှော်ပေးတာက
သင့်လျော်တယ်လို့ ဆိုထားပါတယ်

#အလှအပဆိုင်ရာဗဟုသုတများ

09/08/2025

💚ဆံ ပင် အ တွက် ဆီး ဖြူ သီး💚
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
💚 ဆီး ဖြူ သီး ဟာ...

အာ ဟာ ရ ဓာတ် ပြည့် ဝ တဲ့အတွက်

ဆံ ကေ သာ တွေ ကို👩

နူး ညံ့ တောက် ပြောင် စေ နိုင် ပါ တယ်နော်😘

🙆ဆံ ပင် အ ရင်း ထိ ကို အား ဖြည့် ပေး ပြီး

ဦး ရေ ပြား သွေး လှည့် ပတ် မှု ကို

ကောင်း စေ နိုင် တဲ့ အ တွက်

ဆံ ပင် အ ရှည် မြန် စေ ပါ တယ် နော်😘

💚ဆီး ဖြူ မှုန့် ကို အုန်း ဆီ နဲ့ ရော ပြီး

ဆံ ပင် မှာ လိမ်း ပေး နိုင်ပါက အသစ်ပေါက်အုံထူအရှည်မြန်ပြီ ဆံသားကိုပြန်လည်နက်စေပါတယ်


#အလှအပဆိုင်ရာဗဟုသုတများ

08/08/2025

ဘဝရဲ့ အချို့အရာ အများစုဟာ Timer ချိန်ပြီးသား။
ကိုယ်ဟာ အပြင်သွားစရာရှိတယ် ။အိမ်သော့က ရှာမတွေ့တာတို့၊ ဆိုင်ကယ်သော့ ဘယ်ထားမိမသိတာတို့၊ အရေးထဲ နောက်ကျပါတယ်ဆို သော့က ဖွင့်မရတာတို့ ကြုံဖူးကြမှာပေါ့နော်။

အဲ့ချိန် ကိုယ်က စိတ်တိုလာ။
နောက်ကျပါတယ်ဆိုမှ ဘာညာ ပြောဖြစ်ရောလေ။

ဒါပေမယ့် Timerချိန်ပြီးသားကို ကိုယ်ကမသိတော့ တွန်းကန်နေတာ။
ကိုယ်သော့ဖွင့်မရလို့ ၃မိနစ်လောက် နောက်ကျသွားတာ လမ်းမှာ accidentဖြစ်မယ့် အရာတစ်ခုဟာ ထို၃မိနစ် နောက်ကျလို့ ကိုယ်လွတ်သွားတာ ဖြစ်နေတယ်။

ဆိုင်ကယ်သော့ ရှာမတွေ့လို့ စိတ်တိုပေမယ့် ကိုယ်လည်းမောင်းရော လက်မတင်လေး သစ်ကိုင်းကျိုးကြတာနဲ့ လွတ်သွားတယ်။

အချို့ဆို သဘ်ောနောက်ကျလို့ မလိုက်လိုက်ရလို့ ဝမ်းနည်းနေခ်ျန် ထိုသဘ်ော နစ်မြုတ်တော့ ကိုယ့်နောက်ကျမှုကပဲ ကိုယ့်ကို ကယ်တင်သွားကြတာတွေ အများကြီးပဲ။

နောက်ကျလိုက်လို့ မရင်းနှီးလိုက်ရတဲ့ စီးပွားရေးဟာလည်း အလိမ်ခံကြရတဲ့အခါ ကိုယ်ဟာ လွတ်သွားပြန်ရော။

ဒါကြောင့် ကောင်းဖို့ဖြစ်လာတဲ့အရာတွေကို ကျွန်မတို့က မမြင်နိုင်တော့ မကောင်းတဲ့အရာထွက်သွားမှာကို အတင်းဖမ်းဆုတ် နေကြတယ်။

အရာရာဟာ Timerချပြီးသားပါ။
ခုနောက်ပိုင်း တစ်ခုခု နောက်ကျတာ၊အဆင်မပြေတာဖြစ်ရင် လက်ခံလိုက်တယ်။

ငါ့အတွက် ကောင်းဖို့၊ အချိန်လိုနေသေးလို့ပါလို့ ခံယူလိုက်တယ်။
ဖမ်းဆုတ်ပြီးအနာခံနေပေမယ့် လွတ်သွားတော့မှ ပိုကောင်းတာတွေ ကြိုနေတတ်တယ်။
အဲ့လိုမှန်းသိ အစအတည်းက လွှတ်ပေးပါတယ်ပေါ့။

ဘယ်အရာမှ မဖမ်းဆုတ်နဲ့၊မတွန်းကန်နဲ့။
အချိန်တွေ သတ်မှတ်ပြီးသားပါလို့ ပြောလိုက်ပါရစေရှင့်။

07/08/2025

အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ
**************************

< 1. ဦးနှောက်နဲ့ အာရုံကြော

ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။

အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။

မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့ပြင် အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ
ဖြစ်လာမှာပါ။

ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။

အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။

ရေရှည်မှာ မရှိတာတွေကို ရှိတယ်လို့ ထင်လာမယ်။ အထင်မှားတွေ အမြင်မှားတွေ ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့

စိတ်လှုပ်ရှားတာ
စိတ်ကျတာ တတေေချင်စိတ်ပေါက်တာတွေ
ဖြစ်လာနိုင်ပါတယ်။

တစ်ခါတစ်လေ အိပ်ငိုက်လွန်းလို့ နေ့လည်ဘက်တွေမှာ ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ခဏလေး အိပ်ပျော်သွားလိမ့်မယ်။

ဒါဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ မတော်တဆ ကားမောင်းနေရင်းနဲ့ ဖြစ်ဖြစ်၊ အမြင့်တက်နေရင်းနဲ့ ဖြစ်ဖြစ် အိပ်ပျော်သွားခဲ့မယ်ဆိုရင် အက်စီးဒင့်ဖြစ်နိုင်ချေ များပါတယ်။

< 2. ခုခံအားစနစ်

အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။

နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။

အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ် တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။

ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

04/08/2025

♦️နည်းမှန် လမ်းမှန်ခေါင်းလျှော်တတ်ပြီလား?♦️

ခေါင်းလျှော်တာများ ငယ်ငယ်ထဲကလျှော်လာတာ ဘာခက်လို့လဲလို့မေးစရာရှိပါလိမ့်မယ်💁‍♀️💁‍♀️

ကဲ..အဲ့လိုမထင်လိုက်ကြပါနဲ့နော်။ အာရှတိုက်ဆိုင်ရာ စစ်တမ်းအရ လူအယောက် ၁၀၀ မှာ ၉၈ ယောက်က ခေါင်းလျှော်နည်းမှားနေကြပါတယ်တဲ့🥺🥺

ကဲ🤗 ဒါဆိုမှန်ကန်တဲ့ ခေါင်းလျှော်နည်းက ဘာဖြစ်မလဲ ❓

🔺️ ပထမဆုံးအနေနဲ့ ခေါင်းလျှော်မယ်ဆိုပြီး ကျွန်မအပါဝင်ပါ..ခေါင်းကို ရေစိုရုံ တစ်ခွက်နှစ်ခွက်လောက်ပဲ စတိလောင်းတတ်ကြတယ်။ ရေပန်းနဲ့ဆိုလည်း အဲ့လိုပါပဲ ရေစိုရုံပဲ ခံလိုက်တာ။ ပြီးတာနဲ့ ခေါင်းလျှော်ရည်တန်းထည့်တာပဲ။

ဒါဟာမှားယွင်းနေပါတယ်တဲ့။ ပထမဆုံး ခေါင်းလျှော်ရည် မထည့်ခင် ဦးခေါင်းမှာ ကပ်ငြိနေတဲ့ ဆံသားမှာကပ်ငြိနေတဲ့ ဖုံတွေ အညစ်ကြေးတွေ dissolve ဖြစ်ပြီးထွက်လာဖို့အတွက် အနည်းဆုံး ရေ ၇ ခွက်မှ ၁၀ ခွက်ထိ ရေရွှဲရွှဲစိုအောင် လောင်းပေးရပါမယ်။ ရေပန်းကို အသုံးပြုမယ်ဆိုလည်း အနည်းဆုံး ၃ မိနစ်ခန့် ခံပေးရပါမယ်။

🔺️ နောက်တစ်ခုမှားတာက ခေါင်းလျှော်ရည်ကို တန်းပြီး ထည့်ကြတာပါ။ ခေါင်းလျှော်ရည်မှာ ပါတဲ့ တစ်ချို့သော ပါဝင်ပစ္စည်းတွေဟာ ရေနဲ့ထိပြီး အမြှုပ်အနေထားရောက်မှ အလုပ်လုပ်ကြပါတယ်။ အဲ့ဒီအတွက် အရင်ဆုံး လက်မှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အမြှုပ်အနေထားရအောင် ပွတ်ပေးသင့်ပါတယ်။

အမြှုပ်အနေထားရပြီဆိုမှ ဦးရေပြားပေါ်တင်သင့်ပါတယ်။နောက် ပမာဏကလည်း အများကြီး မဖြစ်သင့်ပါဘူးနော်။ ကျပ်ပြားဝိုင်းပမာဏဆို ပုံမှန်ဆံပင်ရှည်အတွက် လုံလောက်ပါပြီ။

🔺️ ခေါင်းလျှော်ရင် ဆိုင်မှာလျှော်ရင် နှိပ်နယ်ပေးတာက တွဲလျက်ပါတာ အားလုံးသိကြမှာပါ။ နှိပ်လျှော်ခေါ်တာပေါ့လေ။ ဒီလို နှိပ်လျှော်တာက လျှော်နည်းအမှန်ပါ။ ဦးရေပြားဆိုတာ မျက်နှာ အရေပြားနဲ့ တစ်ဆက်တည်းဖြစ်နေတာမို့ မျက်နှာ အသားရေ မတွဲချင်တဲ့သူတွေ အရွယ်မတိုင်ခင် အိုမင်းမှာ ကြောက်တဲ့သူတွေက ဦးရေပြားကို နှိပ်နယ်ပေးသင့်ပါတယ်။

🔺️ နောက်ဆံပင်ကျွတ်လွယ်တဲ့သူတွေ အတွက်လည်း နှိပ်နယ်ပေးတာက သက်သာအောင်ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဆိုင်မှာလို ဇာတ်ကြောတွေပါဆွဲ၊ ပတ်ကားနှိပ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သွေးလည်ပတ်မှုကောင်းရုံ အညောင်းညာပြေရုံ မိမိလက်ထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံ ဦးရေပြား အနှံ့ နှိပ်နယ်ပေးရင် လုံလောက်ပါတယ်။

🔺️ နောက်အားလုံးသိတဲ့အတိုင်း အကြမ်းတစ်ခါလျှော်မယ်။ အချောတစ်ခါလျှော်မယ်ပေါ့နော်။ နောက် ဆံပင်ပျော့ဆေး ပေါင်းဆေးသုံးတတ်တဲ့သူတွေ အနေနဲ့ ဦးရေပြားကို ပျော့ဆေးပေါင်းဆေးတွေ မထိအောင် အထူး သတိထားပေးဖို့လိုပါတယ်။ ပျော့ဆေး ပေါင်းဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးရေပြား ကျန်းမာရေးအတွက် မကောင်းပါဘူး။

🔺️ ခေါင်းလဲ သေချာလျှော်ရက်နဲ့ ဗောက်ထတယ်ဆိုတာ ဒီပေါင်းဆေး ပျော့ဆေးတွေ ဦးရေပြားကို ထိလို့ပါ။ ဗောက်ထတာကစလို့ ဒီဓာတုပစ္စည်းတွေကြောင့် ဦးရေပြား ကျိန်းစပ်တာ၊ ဦးရေပြား မှိုရောဂါတွေထိ ဖြစ်စေနိုင်ပါတယ်။အဲ့ဒါကြောင့် ပျော့ဆေးပေါင်းဆေးတွေ သုံးမယ်ဆိုရင် ဆံသားအဖျားလေးကိုပဲ ထည့်ပေးရင်ရပါပြီနော်။

🔺️ နောက်တစ်ချက်အနေနဲ့က ဦးရေပြားဟာလဲ ပုံမှန်ခန္ဓာကိုယ် အရေပြားလိုပဲ ဆဲလ်အသေတွေရှိနေတတ်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကို ချေးတွန်းပေးဖို့ လိုအပ်သလို ဦးရေပြားကိုလဲ Scrub or exfoliating လုပ်ပေးဖို့လိုအပ်ပါတာ်နော်။ ဒါတွေက ကျွန်မအပါဝင် အားလုံး သတိမထားမိတဲ့အချက်လို့ထင်ပါတယ်။

🔺️ ဦးရေပြား ဆဲလ်အသေတွေ ဖယ်ပေးမဲ့ ဦးရေပြားအတွက် ထုတ်ထားတဲ့ အစေ့လေးတွေပါတဲ့ exfoliator မျိုးကို ဈေးကွက်ထဲမှာ ဝယ်လို့ရသလို ဝယ်ရခက်ရင် လွယ်လွယ်ကူကူ အိမ်သုံးဆားနဲ့ သကြားညို၊ ပျားရည်တို့ကို ဆတူရောပြီး ဦးရေပြားအနှံ့ နှိပ်နယ်ပေးရင်း ဆဲလ်အသေကို ဖယ်ရှားလို့ရပါတယ်။

🔺️ နောက်ဆုံးအနေနဲ့ကတော့ အားလုံးပြီးသွားတဲ့အခါမှာလည်း ရေပြောင်စင်အောင် ဆေးချပေးဖို့ ရေများများလောင်းချပေးဖို့ မမေ့ပါနဲ့နော်။ ဆံပင်အားဖြည့်ဆီတွေ Haircoat တွေ လိမ်းမယ်ဆိုရင်လည်း ဆံသား မခြောက်တစ်ခြောက် အခြိမ်မှာလိမ်းတာဟာ ဆံသားအနေနဲ့ အာဟာရကို အကောင်းဆုံး အပြည့်ဝဆုံး အချိန်ဖြစ်လို့ ဒီလို မခြောက်တစ်ခြောက်အချိန်မှာ လိမ်းဖို့ တိုက်တွန်းပါတယ်။

❤အားလုံးပဲ ခေါင်းလျှော်နည်း အမှန်ကို သိပြီဆိုရင် ကျန်းမာသန်စွမ်းပြီး လှပတဲ့ ဆံသားနဲ့ ဦးရေပြားကို ပိုင်ဆိုင်ကြပါ​စေ​နော်❤

♦️ဆံသားနဲ့ ဦး​ရေပြားဆိုင်ရာ ပြဿနာ​တွေအ​တွက် ဘယ်လို​ဖြေရှင်းရမလဲ သိချင် Monywa Gallery ကို follow လုပ်ဖို့ မ​မေ့နဲ့​နော်🤗🤗

#အလှအပဆိုင်ရာဗဟုသုတများ #မူရင်းရေးသားသူကိုလေးစားလျှက်

12/01/2025

ရေနွေးကြမ်းကို တစ်နေ့ ၄ - ၅ ခွက်ကတော့ အရွယ်ရောက်တဲ့လူတိုင်း သောက်သင့်ပါတယ်။ အန္တရာယ်မရှိပါဘူး။ ဘာရောဂါမှမရှိရင်တော့ သူ့ထက်လဲ ပိုသောက်နိုင်ပြီး ရောဂါတစ်ခုခုရှိမယ်ဆိုရင်တော့ တတ်ကြွမ်းနားလည်တဲ့ဆရာဝန် သမားတော်များနဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ ဥပမာ အစာအိမ်ရောဂါ၊ အချို့ဆိုးဝါးတဲ့နှလုံးရောဂါ၊ သွေးတိုးရောဂါလိုမျိုးပေါ့။ ပါဝင်တဲ့ ပိုလီဖီနော (Polyphenol) တွေက ကောင်းပေမဲ့ ကဖင်း (Caffeine) က ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။

ရေနွေးကြမ်းနဲ့လက်ဖက်ရည် အချိုခြောက်က အာနိသင်မတူပါဘူး။ လက်ဖက်ရည်ဘဝရောက်ဖို့ နို့တို့ သကြားတို့နဲ့ရောလိုက်ရင် အာနိသင်များစွာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ရေနွေးကြမ်းကို နည်းနည်းပါးပါးသောက်ရင်တော့ရပါတယ်။ တစ်နေ့ ၂ ခွက် ၃ ခွက်လောက် သောက်ရင်တော့ အန္တရာယ်မရှိပါ။ ဒါပေမဲ့ ၅ ခွက်ထက်ပိုရင်တော့ မကောင်းပါ။ အထူးသဖြင့် နို့တိုက်မိခင်တွေသောက်ရင် နို့ကတဆင့် ကဖင်းတွေဟာ ကလေးဆီကိုရောက်တော့ ကလေးဟာ ညဖက်မအိပ်တာတို့ ဘာတို့ဖြစ်တတ်ပါတယ်။

သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်တွေတော့ ရေနွေးကြမ်းရော လက်ဖက်ရည်ကိုရော ရှောင်သင့်ပါတယ်။ လက်ဖက်မှာပါတဲ့အခါးဓါတ်တစ်မျိုးဖြစ်တဲ့ တန်နင် (Tannin) တွေဟာ အစာမှာပါတဲ့ သံဓါတ် (Iron) တွေနဲ့ ပေါင်းသွားတတ်ပါတယ်။ အဲဒီလိုပေါင်းပြီးရင် ခန္ဓာကိုယ် အူနံရံကနေ စုပ်ယူနိုင်ခြင်းမရှိလို့ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါခံစားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်တဲ့ကလေးတွေ ဒါမှမဟုတ် သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ ခံစားနေရတဲ့ကလေးတွေဆိုရင် ရေနွေးကြမ်း (သို့မဟုတ်) လက်ဖက်ကို မစားသင့်ပါဘူး။

အစာအိမ်ရောဂါရှိသူတွေဟာလည်း လက်ဖက်ကိုရှောင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဖင်းဓါတ်ဟာ အစာအိမ်အက်ဆစ် ပိုထွက်စေလို့ ဖြစ်ပါတယ်။ အချို့သော နှလုံးရောဂါသမားတွေ ရင်တုန်တတ်သူတွေဟာ လက်ဖက်ရည်၊ လက်ဖက်ကို များများစားလို့သောက်လို့မရပါဘူး။ မိမိကို ကုသနေတဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှ စားသင့် သောက်သင့်ပါတယ်။

အနောက်တိုင်းဆေးအနေနဲ့
(၁) နှလုံးရောဂါကုသရာမှာသုံးတဲ့ဆေးတွေ (eg. dipyridamol)
(၂) အစာအိမ်ရောဂါကုသရာမှာသုံးတဲ့ဆေးတွေ (eg. Antacids)
(၃) သွေးမခဲအောင်ပေးရတဲ့သွေးကျဲဆေးတွေ (eg. warfarin)
(၄) ပန်းနာရင်ကြပ်မှာသုံးတဲ့ဆေးတွေ (eg. aminophylline, theophylline)
(၅) အားဆေးအမျိုးမျိုး အထူးသဖြင့် သံဓါတ်ပါသောအားဆေးများ
(၆) စိတ်ရောဂါနဲ့ပတ်သက်လို့သုံးတဲ့ဆေးတွေ (eg. haloperidol, imipramine)
နဲ့ တွဲမသောက်သင့်ပါဘူး။

အကြမ်းဖျဥ်းအနေနဲ့ ပြောရရင်တော့ ဒါတွေကိုလဲ သိဖို့မလွယ်တော့ ဘယ်အနောက်တိုင်းဆေးမဆို လက်ဖက်ရည်၊ ရေနွေးကြမ်းတွေနဲ့ တွဲမသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ သဘာဝဆေးဝါးတွေဆိုရင်လဲ အလားတူပါပဲ။ ဥပမာ ရဲယိုကနေထုတ်တဲ့ဆေးဆိုရင် လက်ဖက်ရည်နဲ့တွဲသောက်တာနဲ့ ဆေးအာနိသင်တွေ ပျက်ပျယ်သွားလို့ ဘာမှ အာနိသင်ရမှာ မဟုတ်တော့ပါဘူး။

ဒေါက်တာခင်မောင်လွင် (FAME)
#အလှအပဆိုင်ရာဗဟုသုတများ

12/01/2025

မျက်စိအားကောင်းဖို့ စားသင့်သောအစားအစာများ

(၁) ပထမအုပ်စုကတော့ ဗီတာမင် အေ ရရှိဖို့ 𝐁e𝐭a-c𝐚r𝐨t𝐞n𝐞 ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဝါရောင်အသီးတွေ ဖြစ်ပါတယ်။ ဥပမာ သင်္ဘောသီး၊ သရက်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီစတာတွေ ဖြစ်ပါတယ်။ ဒါဆိုရင် မျက်စိအမြင်အာရုံကို ကောင်းစေမှာ ဖြစ်ပါတယ်။

(၂) ဒုတိယအုပ်စုကတော့ မျက်စိကိုမပျက်စီးအောင် ကာကွယ်ပေးတဲ့အစားအစာအုပ်စု ဖြစ်ပါတယ်။ L𝐮t𝐞i𝐧 နဲ့ 𝐙e𝐚x𝐚n𝐭h𝐢n ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဥပမာ ရွှေဖရုံသီး၊ မုန်ညှင်းရွက်၊ မာလကာသီး၊ ပြောင်းဖူးနဲ့ ကြက်ဥတို့ ဖြစ်ပါတယ်။ ဒါတွေစားထားခဲ့ရင် မျက်စိကို U𝐕 တွေရဲ့ဒဏ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုနကပြောတဲ့အစားအစာတွေကို မစားဖြစ်ခဲ့ရင် အဲ့ဒီအစားအစာတွေကနေ ထုတ်ထားတဲ့သဘာဝဆေးဝါးတွေကို မှီဝဲနိုင်ပါတယ်။ ကျွန်တော်တို့ 𝐅𝐀𝐌𝐄 အနေနဲ့ 𝐏𝐡𝐨𝐭𝐨𝐭𝐞𝐜 (မျက်စိဆေး) ဆိုတဲ့နာမည်နဲ့ ထုတ်လုပ်ထားပါတယ်။ 𝐏𝐡𝐨𝐭𝐨 ဆိုတာက အလင်းရောင်လို့အဓိပ္ပာယ်ရပြီး 𝐭𝐞𝐜 ဆိုတာကတော့ P𝐫o𝐭e𝐜t𝐢o𝐧 ကနေယူထားတာ ဖြစ်ပါတယ်။ ကာကွယ်ပေးခြင်းလို့ ဆိုလိုတာပါ။ မျက်စိကို အလင်းရောင်တွေကနေ ကာကွယ်ပေးဖို့ အထူးသဖြင့် U𝐕 ကနေ ကာကွယ်ပေးတဲ့ဆေးဖြစ်ပါတယ်။ သူကတော့ L𝐮t𝐞i𝐧 10 mg နဲ့ 𝐙e𝐚x𝐚n𝐭h𝐢n 5 mg ပါဝင်ပြီး ရောဂါကာကွယ်ရေးအတွက် တစ်ခါသောက်တစ်လုံး တစ်နေ့ ၂ ကြိမ်သောက်နိုင်ပါတယ်။ ဖြစ်နေတဲ့သူဆိုရင်တော့ တစ်ခါသောက် ၂ လုံး တစ်နေ့ ၂ ကြိမ် သောက်ရပါမယ်။ ဗီတာမင် အေ ပါတဲ့ဆေးတွေကတော့ ဈေးကွက်ထဲမှာ အများကြီးရှိပါတယ်။ M𝐮l𝐭i𝐯i𝐭a𝐦i𝐧 ဗီတာမင်အစုံပါတဲ့ အားဆေးအတော်များများမှာလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)
#အလှအပဆိုင်ရာဗဟုသုတများ

12/01/2025

သာမန်ဗောက်ထသူများအတွက်ကုသမှုနည်းလမ်းများ
(၁) ဆံပင်တိုတိုညှပ်၍ခေါင်းကိုသန့်ပြန့်စွာထားခြင်း
ဆံပင်ရှည်သူများဗောက်ထပါက ကုသရန်ခက်ခဲပါသည်။ ထို့ကြောင့် ဆံပင်ကိုအတတ်နိုင်ဆုံး တိုအောင်ညှပ်သင့်ပါသည်။ အမျိုးသားများဆိုပါက ကတုံးသာသာခပ်တိုတိုညှပ်ပြီး နေ့စဥ် ခေါင်းလျှော်ပေးခြင်းဖြင့် တစ်ခဏအတွင်း ဗောက်များသက်သာသွားပါလိမ့်မည်။ အမျိုးသမီးများဆိုပါကလည်း အတတ်နိုင်ဆုံးတိုအောင်ညှပ်ကာ နေ့စဥ်ခေါင်းလျှော်ရည်ဖြင့် သန့်စင်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ဆံပင်ညှပ်ခြင်းဖြင့် ယားယံခြင်း၊ ခေါင်းအနံ့ဆိုးခြင်းတို့ကိုပါ သက်သာစေပါသည်။
(၂) ဗောက်ပျောက်သည့်ခေါင်းလျှော်ရည်များအသုံးပြုခြင်း
စျေးကွက်ထဲတွင် ဗောက်ပျောက်ကင်းသည်ဟု ကြော်ငြာရောင်းချနေသော ခေါင်းလျှော်ရည်တံဆိပ်မျိုးစုံရှိရာ မိမိနှင့်တည့်မည့်အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ အဓိကပါဝင်နေသောပစ္စည်းများကို ကြည့်ရှုရွေးချယ်ရာတွင် အောက်ပါပစ္စည်းများမှာ အရေးပါလှပါသည်။
• ကီတိုကိုနာဇိုးလ် (Ketoconazole) - ယင်းဓာတ်ပစ္စည်းမှာ ဗောက်ရောဂါဖြစ်စေသည့် မှိုပိုးဖြစ်သည့် Malassezia furfur ကို ကောင်းစွာသေစေနိုင်ရုံမက တခြားသောမှိုပိုးများ (ဥပမာ-Candida) ကိုလည်း သေစေနိုင်သောအာနိသင်ရှိသည်။
• ဇင့်ပိုင်ရီသီရုန်း (Zinc pyrithione) - ယင်းဓာတ်ပစ္စည်းသည် မှိုများကို နှိမ်နင်းနိုင်သည့်အပြင် ဆံပင်ကိုလည်းသန်စေသော အာနိသင်ရှိသည်။
• ဆယ်လီနီယမ်ဆာလ်ဖိုဒ် (သို့မဟုတ်) ဒိုင်ဆာလ်ဖိုဒ် (Selenium sulfide or disulfide) - ဦးခေါင်းအရေပြားအောက်ရှိ အဆီဂလင်းများမှ အဆီထုတ်လုပ်မှုကို လျှော့ချပေးသည့်အာနိသင်ရှိသဖြင့် ဦးခေါင်းအဆီပြန်သောကြောင့် ဗောက်ထသူများအတွက် ပို၍အသုံးဝင်သည်။ အမျိုးသားများနှင့် ပိုမိုသင့်တော်သည်။
(၃) ဦးရေပြားလိမ်းဆေးများအသုံးပြုခြင်း
ခေါင်းလျှော်ရည်နှင့် ခေါင်းလျှော်ပြီးပါက တချို့သူများတွင် ဦးရေပြားလိမ်းဆေးများအသုံးပြုရန် လိုအပ်သည်။
• ကျောက်မီးသွေးကတ္တရာလိမ်းဆေး (Coal tar cream) - မှိုပိုးများကို သေစေနိုင်ရုံမက ဦးခေါင်းခွံရှိ အရေပြားပွားများနှုန်းကိုလည်း လျော့ကျစေသဖြင့် ဗောက်များထွက်ရှိမှု လျော့နည်းစေသည်။ ဆံပင်ကိုလည်း နက်မှောင်စေသဖြင့် ဆေးဆိုးထားသကဲ့သို့ဖြစ်နေပေမည်။ သို့သော် ကြာရှည်စွဲ၍သုံးပါက အချို့သူများတွင် ကင်ဆာဖြစ်စေနိုင်ကြောင်း တွေ့ရသည်။
• ဆယ်လီစလစ်အက်ဆစ် (Salicylic acid) - ဦးခေါင်းအရေပြားပေါ်ရှိ သေဆုံးသွားသောဆဲလ်များကို အမြန်ကွာကျစေခြင်းဖြင့် ဗောက်များထွက်ရှိမှုကို လျော့နည်းစေသည်။ သို့ရာတွင် အရေပြားမှဆဲလ်များ လျင်မြန်စွာပွားများနေမှုကို မဟန့်တားနိုင်ပါ။ တစ်ခါတစ်ရံပိုဆိုးလာတတ်သဖြင့် သတိဖြင့် အသုံးပြုသင့်ပါသည်။ ဦးခေါင်းကိုပေါင်းတင်ရာတွင် အသုံးပြုသည့်ဆေးရည် (Scalp scrubs) အတော်များများတွင် ပါဝင်နေလေ့ရှိသည်။
• တီးအဆီ (Tea tree oil) - အင်္ဂလိပ်လို Tea tree ဟုခေါ်သော်လည်း မိမိတို့စားနေသောလက်ဖက်ပင်နှင့်လုံးဝမတူသည့် သြစတေးလျ၌ ပေါက်ရောက်သော အပင်မှရရှိသည့်အဆီဖြစ်သည်။ ယင်းအဆီကို အသုံးပြုခြင်းဖြင့် ဦးခေါင်းရှိမှိုများ၊ ဘက်တီးရီးယားများကို သေစေနိုင်သည်။ သို့ရာတွင် အချို့သူများတွင် ဓာတ်မတည့်မှုများကြုံတွေ့ရလေ့ရှိသည်။
အထက်ဖော်ပြပါဓာတ်ပစ္စည်းများတစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပို၍ ထည့်သွင်းထားသော လိမ်းဆေးများကို အသုံးပြုနိုင်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME) ရေးသားသည့် "ဆံကေသာဆိုင်ရာ ပြဿနာများ" စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။

#အလှအပဆိုင်ရာဗဟုသုတများ

17/12/2024

လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့

ဘဝ ပုစ္ဆာတွေ ရှိပါတယ်

ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်

တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ

အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်

အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ

ဘဝ သီအိုရီ တွက်ချက်ရတဲ့အခါ

မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ

အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ

ဘယ်အလုပ်ကိုပဲ လုပ်ရသည်ဖြစ်စေ

တန်ဖိုးထားတက်အောင် ကြိုးစားပါ

ပညာ ရှာတဲ့ အရွယ် ပညာရှာ

ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ

ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့

ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခု

တည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး

အသိ ပညာ အတွက် မရှက်ပါနဲ့

ပညာရှာပမာ သူတောင်းစားတဲ့

သင့်ပတ်ဝန်းကျင်ရှိ လူအချို့က

သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့

မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန်

လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

လူတိုင်းကို မယုံမိပါစေနဲ့

သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ

မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

ကိုယ့်အပေါ် အမှားလုပ်မိတဲ့အခါ

ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ

ငွေကြေးနဲ့ပတ်သက်ရင်

လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့

အားနာရင် ခါးပါတတ်တယ်

မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ

မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့

မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်

ချစ်တော့ ချစ်ပါ

နှလုံးသားနဲ့ အရင်ခံစားပြီးမှ

ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ

ပေးကမ်းပါ စွန့်ကျဲပါ

တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့

လူတိုင်းကို မချစ်နိုင်ရင်တောင်

မမုန်းမိအောင် ကြိုးစားပါ

စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့

ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်

မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင်

ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်

အပြောမကောင်းရင်တောင် နားထောင်

ကောင်းသူ ဖြစ်အောင် ကြိုးစားပါ

နည်းနည်းပြောပြီး များများနားထောင်ပါ

မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက်

ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်

ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်

ချွေတာသင့်တာ ချွေတာပြီး

စုဆောင်းသင့်တာ စုဆောင်းပါ

ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို

ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်

Photos from M.M.H OnlineBusniess's post 17/12/2024

TK ဆိုတာဘာလဲ?
ခေါင်းလျှော်ရည်လေ📌

ဘာခေါင်းလျှော်ရည်လဲ?
ဆံပင်မကျွတ် ဗောက်ပျောက်စေတဲ့ခေါင်းလျှော်ရည်📌

ဆံပင်ပျက်စီးနေသူတွေရောသုံးလို့ရလား?
ဆံပင်ပျက်စီးတာ ဆံပင်နှစ်ခွဖြစ်တာ ဗောက်ထတဲ့သူတွေပါသုံးလို့ရတယ်📌

ဘာတွေပါလို့လဲ?
(2)မျိုးပဲပြောမယ် ကြက်သွန်နီနဲ့ ရှားစောင်းပါလို့
အဲ့လောက်ဆိုသဘောပေါက် 😗

ဘူးကြီးရောဘူးသေးပါရှိလို့ စမ်းသုံးချင်သူတွေဘူးသေးသာဝယ်ကြ👈🏻

#မှာယူလိုပါက09965371361orcbတွင်ဆက်သွယ်စုံစမ်းမှာယူနိုင်ပါပီ #ခုမှာခုပို့အိမ်ရောက်ငွေချေစနစ်နဲ့အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါသည် ိုက်ရိုက်စျေးဖြင့်လက်လီလက်ကားဖြန်ဖြူးသည်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


59A. 113A
Mandalay