MSM Beauty & Cosmetics
Japan made Oppen & Thailand made Patta Cosmetics လေးများရောင်းချပေးမဲ့နေရာလေး ဖြစ်ပါတယ်
31/08/2022
skin care မသုံးခင် ဘာသိရမလဲ
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိ
21/08/2022
ိမ်းနည်း ⁉️⁉️⬇️
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner
(၃) Serum
(၄) moisturizer
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover
(၂) Cleanser
(၃) Toner/Mist
(၄) Ampoule
(၅) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၆) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၇) moisturizer(Lotion or Emulsion)
(၈) Night pack or sleeping mask
skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ။
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပေဒသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
21/08/2022
ယုံကြည်စွာ ငွေလွှဲဝယ်ယူသူ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးပါရှင့်
Oppen & Patta ချစ်သူလေးတွေ စိတ်ချယုံကြည်စွာ အားပေးနိုင်ပါတယ်နော်
အိမ်ရောက်ငွေချေလဲ ပို့ဆောင်ပေးပါတယ်
19/08/2022
ဆန်ကို အခြေခံပီး သဘာဝသစ်သီးများ, ဒြပ်ပေါင်း ပြုလုပ်ထားတဲ့ clear lotion ( Feelmeiju Idea)
လေးဟာဆိုရင်ဖြင့် မျက်နှာအရေပြားအတွင်းပိုင်းက အညစ်အကြေးတွေကို သန့်စင်ပေးသည့်အတွက် အသားအရေတင်းရင်း ကြည်လင်စေပါတယ်
ယခင်စျေး 68000 ❌ ❌ ❌
ယခုစျေး 47000 ✔✔✔
☎️☎️☎️ 09 798674511, 09 971147694 သို့ page cb မှတဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
19/08/2022
ဝက်ခြံ ပေါက်ရတဲ့ အကြောင်းလေးတွေ ဖတ်ကြည့်နော်
# crd
15/08/2022
Oppen & Patta
အားပေးတဲ့ တယောက်ချင်းစီတိုင်း ကျေးဇူးပါရှင့်
နုပျို ပီး အလှတရားတွေ ပိုပိုတိုးပါစေ
15/08/2022
Oppen lucent powder
အသားအရည် မညီညာတာ မှေးမှိန်နေတာကို ဖုံးအပ်ပေးပီး သဘာဝဆန်ဆန်တောက်ပလှပစေပါတယ်
အသားဖြူဖြူ ညိုညို တထပ်တည်းကျပီး တနေကုန်ခံလှပစေတာ
Lucent powder လေးရဲ့ အားသာချက်ပါနော်
Japan made မို့ အရည်အသွေးက နံပါတ် 1 ပါ
မိတိကပ်မလူးချင်တဲ့ နေ့တွေဆို toner , serum လေးအပေါ်ကပုတ်လူးပေးတာနဲ့
ပီးပြည့်စုံတဲ့ အလှတရားကို ရရှိမှာပါနော်
Lucent powder 70200
☎️☎️☎️ 09 798674511, 09 971147694 ( သို့) page cb ကိုဆက်သွယ်မှာယူနိုင်ပါတယ်
15/08/2022
Oppen Two Way Cake
မိတ်ကပ်သားက ပြောစရာမလိုအောင် ကောင်းပီးသားပါနော် 👸👸
two way လေးပုတ်ပီး မျက်နှာလေး ပန်းသွေးရောင်ဖြစ်ဖို့ဆို oppen two way လေးရှိတယ်နော် 👱♀️👸
ဂျပန်မိတ်လဲဖြစ် အရည်အသွေးလဲ စိတ်ချရပီး တဗူးဆို တစ်နှစ်ကျော်လောက် အသုံးခံတော့ ကြိုက်ပီပေါ့ 👱♀️👱♀️
Foundation effect ပါဝင်လို့ သိပ်သိပ်လေးနဲ့ တနေကုန်လှ glow နေစေပါတယ် 👸
SPF လဲပါဝင်လို့ နေလောင်ဒဏ်လဲ ကာကွယ်ပီးသားမို့ မျက်စိမှိတ်ရွေးချယ်လို့ ရပီနော်👱♀️👱♀️
ယခင်စျေး 95000 ❌❌❌
ယခုစျေး 70000 ✔✔✔
မို့ အရမ်းတန်နေပါပီနော် 👱♀️👸
☎️☎️☎️ 09 798674511, 09 971147694 ( သို့) page cb ကဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်
# Oppen
# two way
# Skincare
15/08/2022
ဝက်ခြံမထွက်အောင် ဘာလုပ်သင့်လဲ
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။
(၂) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၃) အဆီပြန်တဲ့ မျက်နှာမှာ လိမ်းဆေးအဆီ oil ဆွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။
(၆) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHA (salicylic acid)က ပိုကောင်းတယ်။
(၇) ဝက်ခြံထွက်နေစဉ် whitening cream, နေလောင်ကာတွေ မသုံးပါနဲ့။ အရည်ကျဲတဲ့ serum နဲ့ essence စတာတွေ ပြောင်းလဲသုံးစွဲသင့်တယ်။
(၈) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် cream တွေကြောင့်ဖြစ်တာ တွေ့ရှိရတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
15/08/2022
မျက်ခမ်းအောက် အဆီဖုလေးများ
မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ နောက်ထပ် milk spot(သို့) oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊ အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia တွေ ဖြစ်ပါတယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ ဒါ့ကြောင့် ကုရခက်တယ်။
မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။
ဖြစ်စေနိုင်သည့်အကြောင်းရင်းများ
-မျိုးရိုးလိုက်ခြင်း
-အဆီများခြင်း
-နေလောင်ခြင်း
-ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။
miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရတယ်။ ခွဲစိတ်နည်း၊ အပေါ်ယံအရေပြားခွါနည်း၊ လိမ်းဆေး (သို့မဟုတ်) လေဆာ တမျိုးမျိုးနဲ့ ကုသနိုင်တယ်။ ဘယ်နည်းနဲ့ သင့်တော်မလဲ ကုသတဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ပေးရတယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။
ကုသနည်း
လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical peeling လုပ်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်။ အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တာများတယ်။ တချို့ပိုဆိုးလာတယ်။ Salicylic acid ပါတဲ့ Sebogel လိမ်းဆေးကို မျက်ခမ်းအောက်အဆီဖုအတွက် တနေ့ နှစ်ကြိမ် လိမ်းပေးနိုင်တယ်။ ပျောက်ဖို့ အချိန်ယူရတယ်။ နောက်ဆုံးနည်းကတော့ plasma laser သို့မဟုတ် CO2 laser ပစ်တာပဲ။ အရွယ်အစားနဲ့ လုပ်ချက်ပေါ်မူတည်ပြီး အမာရွတ်ပါးပါး ကျန်နိုင်တယ်။
အကြံပြုချက်
- ဝက်သား၊ ဘဲသား၊ အမဲသားအဆီအဆိမ့်များတာ လျှော့စားပါ။
- တတ်နိုင်သမျှ မိတ်ကပ်ထူထူးမလိမ်းပါနဲ့။ နေလောင်ကာ၊ မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
- အစိုဓာတ်ထိန်းဆေးနဲ့ မျက်ကွင်းလိမ်းဆေး (Eye cream) တွေ လျှော့သုံးရမည်။
- မျက်ကွင်းလိမ်း
14/08/2022
Skin တော့ Care ချင်ပါရဲ့
စုံပလုံစိအောင် လည်း မဝယ်နိုင်ဘူးဆိုရင်....
ဒါလေးသုံးကြည့်ကြည့်...☺️
👉 တစ်ဘူး 👈 ထဲနဲ့ ပြီးပြည့်စုံ သွားစေရမယ်
ငယ်ရွယ် နုပျို သွားမယ်ဆိူတာလေးပါ
အာမခံ ပရစေနော်😘
ဘာလေးလဲ မင်မင် ...
ဂျပန် made စစ်စစ်
👉Oppen Essence လေးပါရှင့်
✴️အရေးအကြောင်းသက်သာစေတယ်
✴️အိုမင်းရင့်ရော်မှု့ကိုသက်သာစေတယ်
✴️တင်းတိတ်အမဲစက်တွေ ပျောက်စေရမယ်
✴️ဝက်ခြံလည်း ပျောက်စေရမယ်
ကဲဘာလိုသေးလဲ❓
👉သုံးကြည့်ပါ မကောင်းရင်
👉 ငွေအပြည့်ပြန်အမ်းပေးပလိုက်မယ်❤️
သုံးလိူ့ ကောင်းလွန်းလို့ကို ၁၀၀% အာမခံ ပေးနိုင်တာပါ
အဲလောက်ထိကိုနော်
ဘူးကြီး တစ်ဘူး မှ ၅၅၀၀၀ ကျပ်ထဲ
တစ်ဘူးထဲ ဝယ်ထားရုံနဲ့ ၆ လ လောက် အသာလေး
အသုံးခံပါတယ်
ငယ်ရွယ် နုပျိူ အလှတိုးချင်ပီဆိုရင်တော့
အခုပဲ 👉09798674511👈 ကို ဆက်သွယ် မှာယူနိုင်ပါပီ🥰
မြန်မာပြည်အနှံ့ အိမ်အရောက် ငွေချေ ပို့ပေးပါတယ်
10/08/2022
တင်းတိပ်လို့ ဆိုလိုက်တာနဲ့ အများစုရဲ့ မျက်လုံးထဲမှာ မျက်နှာပေါ်က မည်းမည်းကွက်တွေကို ပြေးမြင်မိကြမယ်လို့ထင်ပါတယ်။
အများစုက မျက်နှာ ပါးမို့မို့လေး ပေါ်မှာရှိတဲ့ အမည်းကွက်တွေကိုသာ တင်းတိပ် အနေနဲ့လက်ခံထားကြပေမဲ့ နဖူး၊ နှာခေါင်း၊ နားထင်၊ ၊မေးစေ့ ၊ပါးရဲ့ဘေးဘက်စတဲ့ မျက်နှာအစိတ်အပိုင်းတွေမှာလည်း တင်းတိပ် ဖြစ်တတ်တာကို သတိပြုစေချင်ပါတယ်။
တစ်ခါတစ်ရံ နေရောင်ပြင်းထန်စွာ ထိတွေ့တဲ့ လက်တွေ လည်ပင်းတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
အမဲရောင် ၊ အညိုရောင် ဒါမှမဟုတ် အညိုဖျော့ရောင် ရှိတတ်ပြီး ကူးစက်တတ်ခြင်းမရှိသလို နာကျင်မှုလည်းမရှိပါဘူး။
တင်းတိပ်က အမျိူးသမီးတွေမှာသာအဖြစ်များပြီး အမျိုးသားအနည်းစုမှာသာ ဖြစ်တတ်ပါတယ်။
တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
နေရောင်ခြည်ထိတွေ့မှုများတာက လည်း တင်းတိပ်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
အချို့အိမ်ရှင်မတွေမှာလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရသော်လည်း နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင်တိုက်ရိုက်ထိတွေ့နေရသော မီးမှ အပူဟပ်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။
အသားအရည် ခြောက်ခြင်းကြောင့်လည်းဖြစ်တတ်ကြပါတယ်။
ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။(အချိူ့သန္ဓေတားဆေးတွေက ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေတတ်လို့တင်းတိပ်ဖြစ်စေပါတယ်)။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတင်းတိပ်ဖြစ်လာတတ်ပြီးကလေးမီးဖွားပြီးနောက်ပိုင်းပြန်လည်ပျောက်ကင်းသွားတတ်တွေရှိပါတယ်။
မျိူးရိုးမှာ တင်းတိပ်ရှိတဲ့သူတွေလည်း တင်းတိပ်ဖြစ်နိုင်ချေများပါတယ်။
အသားဖြူတဲ့သူတွေထက်စာရင် အသားညိုတဲ့သူတွေက တင်းတိပ်ပိုဖြစ်များပါတယ်တဲ့။ဘာလို့လဲဆိုတော့ အသားညိုတဲ့သူတွေမှာ ရောင်ခြယ်ဆဲလ်ပိုမိုထွက်လို့ဖြစ်ပါတယ်)
စိတ်ဖိစီးမှုတွေများလွန်းတဲ့သူတွေမှာလည်း တင်းတိပ်ထွက်နိုင်ပါတယ်တဲ့။
တင်းတိပ်ကို ယေဘုယျအားဖြင့်သုံးမျိုးခွဲလို့ရပါတယ်။
(၁)ပထမအမျိူးအစားက အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့အနားသတ်တွေက ညီညာတယ်။
(၂)ဒုတိယအမျိူးစားက အရေပြားရဲ့အောက်လွှာမှာဖြစ်ပြီးတော့ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။
(၃)တတိယတစ်ခုကတော့
အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။
ဆောင်ရန် ရှောင်ရန် အနေနဲ့ကတော့
နေရောင်ထဲသွားမယ် ဆိုရင် UV ကာကွယ်နိုင်တဲ့ Sun cream လေးတွေ လိမ်းတာမျိုး၊ ထီး (သို့) ဦးထုပ် ဆောင်းတာမျိုးလေးတွေ လုပ်သင့်ပါတယ်။
# crd
တင်းတိပ်ကို ကြိုတင်ကာကွယ်ဖို့အတွက် နေ့တိုင်း sunscreen လူးပေးပါနော်
အိမ်ထဲ ချက်ပြုတ်ရတဲ့အိမ်ရှင်မတွေလဲ နေ့တိုင်းလူးပေးပါနော်
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
05041
