Focus Beauty in Mandalay
Online Business
22/02/2024
သန့်ရှင်းတဲ့ သွားတိုက်တံလေးတွေနဲ့ ကျန်းမာတဲ့ သွားများ ဖန်တီးလိုက်ပါ
သွားလေးတွေ ကျန်းမာဖို့ဆို သွားတိုက်ဆေး မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အရေးကြီးသလို သွားတိုက်တံလေးတွေ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျထားတတ်ဖို့လဲ အရေးကြီးပါတယ်။
သွားတိုက်တံကို သေချာ သန့်ရှင်းမလုပ်ရင် ပိုးမွှားတွေက ကျန်ရှိနေတတ်ပါတယ်။ စနစ်တကျ မထားတဲ့အခါမှာဆိုရင်လဲ ပိုးမွှားတွေကပ်ငြိတွယ်နိုင်ပါတယ်။ ပိုးမွှားတွေ ကပ်တွယ်နေတဲ့ သွားတိုက်တံကို ပြန်သုံးမိမယ်ဆိုရင် သွားနဲ့ ခံတွင်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် သွားတိုက်တံကို စနစ်တကျထားပြီး သွားတိုက်ဆေးကို မှန်ကန်စွာ ရွေးချယ်လိုက်ပါ။
သွားနှင့်သွားဖုံး ကျန်းမာဖို့အတွက်ဆိုရင် သွားများကို ဖြူစင်ဝင်းပပြီး သွားချိုး၊ သွားကျောက် ကင်းစင်တဲ့သွားတွေ ရရှိစေဖို့အတွက် အဆင့် (၄) ဆင့်နဲ့ ထိန်းသိမ်းပေးတဲ့ 24/7 Tooth Balance ရှိပါတယ်။ ခံတွင်းရနံ့ကို သင်းပျံ့စေတဲ့ Xylitol လဲ ပါဝင်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် အသုံးပြုပေးမယ်ဆိုရင် သွားနှင့်သွားဖုံး ရောဂါများဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးပြီး သွားများကိုဖြူစင်စေပြီး ကျန်းမာအောင် ထိန်းသိမ်းပေးပါတယ်။
24/7 Tooth Balance (180g) တစ်ဘူး – 10,000 Kyats
26/12/2023
ကိုကိုရေ ဒါလေးလိုချင်ပဲ ရှိသေးတယ်
ဒီလိုရောက်လာပေးမှာ…..🧑🎄
Stylist - Payinn Young
Photo - Love space
Products - Focus Beauty
19/12/2023
Christmas အချိန်ခါသမယလေးမှာ ချစ်ခင်တန်ဖိုးထားရသူတွေဆီသို့ အလှဆုံးနဲ့ အကောင်းဆုံးတွေဖန်တီးဖို့ FOCUS Beauty Product လေးတွေကို ခရစ္စမတ်လက်ဆောင်ပေးရအောင်နော်...
Merry Christmas To You All ...
11/12/2023
အများဆုံးကြုံတွေ့ရတဲ့ ဗောက်ထခြင်း ပြဿနာ
အမျိုးသားရော အမျိုးသမီးရော ဦးရေပြား ပြဿနာတွေထဲမှာ ဗောက်ထခြင်းကို အများဆုံးကြုံတွေ့ကြရပါတယ်။ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းက ဗောက်ထခြင်း ဖြစ်ပေါ်လာတာပါ။ ဗောက်ထခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်း၊ ဦးရေပြားအဆီပြန်ခြင်း၊ ခေါင်းပုံမှန်မလျှော်ခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်လဲ ဗောက်ထနိုင်ပါတယ်။
ကိုယ့်ရဲ့ ဦးရေပြားနဲ့ ခေါင်းလျှော်ရည် မကိုက်ညီတာမျိုး၊ ခေါင်းလျှော်နဲ့ ပေါင်းဆေး အသုံးပြုပြီး ရေပြောင်စင်အောင် ဆေးမချတာမျိုးဆိုရင်လဲ ဗောက်ထတတ်ပါတယ်။ အခုလိုဆောင်းရာသီမှာဆိုရင် ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထခြင်းပြသာနာတွေ ပိုအဖြစ်များပါတယ်။
အထက်ပါအကြောင်းအရာတွေအပြင် ဗောက်ဖြစ်တတ်တဲ့ အကြောင်းအရင်းများစွာရှိနိုင်ပါသေးတယ်။
ဦးရေပြားပေါ်မှာ ဗောက်ထခြင်းပြဿနာ ပိုမိုဆိုးရွားလာပြီဆိုရင် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသတာ အကောင်းဆုံးဖြစ်ပါတယ်။
06/12/2023
ဆောင်းရာသီနှင့် အကိုက်ညီဆုံး New Skiin Whitening Tone Up Body Lotion
အခုလို ဆောင်းရာသီရောက်ပြီဆိုရင် အအေးဒဏ်က အရေပြားထဲက အစိုဓာတ်ကို ခမ်းခြောက်သွားစေတာကြောင့် ခန္ဓာကိုယ်အသားအရေကို ပိုပြီး ဂရုစိုက်သင့်ပြီနော် …..
ခန္ဓာကိုယ်အသားအရေကို အစိုဓာတ်ဖြည့်ပေးဖို့အပြင် အာဟာရဓာတ်ပါ ဖြည့်တင်းပေးတဲ့ Lotion မျိုးကို ရွေးချယ်သင့်ပါတယ်။
New Skiin Whitening Tone Up Body Lotion မှာ Snail Mucus ပါဝင်တာကြောင့် အရေပြားကို အပြည့်ဝဆုံး အာဟာရဓါတ်နှင့် အစိုဓါတ်ကိုဖြည့်တင်းပေးပါတယ်။ အသားအရေကို နူးညံ့ပျော့ပြောင်းစေတဲ့ Skin Conditioner လဲပါပါတယ်။ Skin Conditioner ကြောင့် အသားအရေ နူးညံ့ချောမွတ်မှုကို ချက်ချင်းခံစားရစေပါတယ်။
ဒါ့ကြောင့် ဆောင်းတွင်းမှာ ခန္ဓာကိုယ်အသားအရေကို ထိန်းသိမ်းဖို့ဆို အာဟာရရော အစိုဓာတ်ပါ ဖြည့်ပေးတဲ့ New Skiin Whitening Tone Up Body Lotion ကို ရွေးချယ်အသင့်ဆုံးပါ။
New Skiin Whitening Tone up Body Lotion (300 ml) တစ်ဘူး - ၂၇,၀၀၀ ကျပ်
05/12/2023
ဆောင်းအေးအေးမှာ ရေဓာတ်ပြည့်ဝအောင် Sleeping Cream လေး အမြဲလိမ်းနော်
ဆောင်းရာသီရောက်လို့ အေးလာပြီဆို ရေသောက်နည်းလာတဲ့ သူလေးတွေ ရှိလား?
ရေသောက်နည်းလာပြီဆို ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်နည်းလာပြီး ရေဓာတ်ခမ်းခြောက်လာကာ အသားခြောက်တာ၊ အသားပက်တာ တွေဖြစ်လာပြီနော်
ဒီလို အသားခြောက်တာ အသားပက်တာတွေကို သက်သာပျောက်ကင်းစေတဲ့ New Skiin Aqua Luminous Sleeping Cream လေးကို အမြဲလိမ်းပေးပါ။
Sleeping Cream မှာ ပါဝင်တဲ့ Hyaluronic Acid က မျက်နှာအသားအရေကို ရေဓာတ်ပြည့်ဝစွာ ဖြည့်တင်းပေးတာကြောင့် အသားအရေခြောက်သွေ့သူများ အနေနဲ့ မနက်ရော ညရော အသုံးပြုနိုင်ပါတယ်။ အသားအရေအမျိုးအစားတိုင်းအတွက် သင့်တော်ပြီး နူးညံ့ချောမွတ်တဲ့ အသားအရေလေးကို ဖန်တီးပေးပါတယ်။
သယ်ဆောင်ရလွယ်ကူတဲ့ 20 g အထုပ်ငယ်ပုံစံနဲ့ 100 g ဘူး ပုံစံ (၂) မျိုးထုတ်လုပ်ထားပါတယ်။
💤 Good Night Sleep Tight 💤
New Skiin Aqua Luminous Sleeping Cream 100 g (၁) ဘူး - 27,000 Kyats
New Skiin Aqua Luminous Sleeping Cream 20 g (၁) ထုတ် - 6,000 Kyats
04/12/2023
ဟိတ် ဆံပင်တွေ ကောက်လိုက် ဖြောင့်လိုက်နဲ့ စိတ်တိုင်းကျ လှချင်တိုင်း လှနေပြီးတော့ ဆံပင်လေးကိုတော့ ကျန်းမာအောင် Treatment လုပ်ဖို့ မမေ့နဲ့နော်
Treatment လုပ်ပြီး ဦးရေပြားနဲ့ ဆံသားကို ထိန်းသိမ်းပေးတဲ့ New Haiir Shampoo နဲ့ Conditioner ကို ရွေးချယ်သုံးပေးဖို့လဲ မမေ့နဲ့နော်
27/11/2023
ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့မှာ ကုသိုလ်တရားများပွားများနိုင်ကြပါစေကြောင်း FOCUS Beauty မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🙏🙏
24/11/2023
ဆောင်းရာသီမှာလဲ မျက်နှာလေးစိုပြေ လှပနေစေမယ်
ဆောင်းရာသီမှာ အသားအရေခြောက်တော့ မိတ်ကပ်လိမ်းရတာ အဆင်မပြေဖြစ်နေလား?
မျက်နှာအသားအရေကို ထိန်းသိမ်းပေးတဲ့အပြင် မိတ်ကပ်ကြောင့် အသားအရေ ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ Snail Wish Whitening Cream က အာဟာရဓာတ်နှင့် အစိုဓါတ်ကို ဖြည့်တင်းပေးတာကြောင့် Primer အနေနဲ့လည်း မိတ်ကပ်မလိမ်းမီ အသုံးပြုပေးနိုင်ပါတယ်။
အရေပြားကို အစိုဓါတ်ပြည့်ဝစွာဖြည့်တင်းပေးပြီး Vita Collagen ပြည့်ဝစွာပါဝင်တာကြောင့် မိတ်ကပ်ကြောင့် မျက်နှာအသားအရေ အရေးအကြောင်းဖြစ်ပေါ်မှာကိုလဲ စိုးရိမ်စရာမလိုဘူးတော့ဘူးနော်
အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ပါဝင်ပစ္စည်းများ လုံးဝ(လုံးဝ) မပါဝင်ပဲ သဘာဝထွက်ပစ္စည်းများနှင့်သာ ထုတ်လုပ်ထားတာကြောင့် Sensitive Skin များပါ အသုံးပြုနိုင်ပါတယ်။
Snail Whitening Cream (50 g) တစ်ဘူး - ၃၈,၀၀၀ ကျပ်
21/11/2023
ပစ္စည်းထုတ်တဲ့ စက်ရုံတွေကို ဝင်ကြည့်လေ့လာခွင့်ရဖို့ဆိုတာ တော်ရုံ ကုမ္ပဏီ တော်ရုံတန်ရုံ ခိုင်မာမူနဲ့ ခုလို ဝင်ခွင့်မရပါဘူးနော်။
Re Bom လို CGMP Stand နဲ့ ထုတ်ရတဲ့ စက်ရုံမှာ အချိန်အပူချိန်စနစ်တကျတွက်ချက်ရတာမိူ့ လူတိုင်းအတွက်အခွင့်အရေးမရနိုင်တာတွေကို စက်ရုံလည်ပတ်မူရပ်ပေးပြီး Focus Beauty Company က Leader ကြီးတွေပထမဆုံးဝင်ရောက်ခွင့်ရခဲ့ပါပြီ😊
Focus Beauty Myanmar ရဲ့ ရောင်းအားနဲ့ ကုမ္ပဏီ Standard ကိုက်ညီမူရှိလို့သာ ဝင်ခွင့်ရတာပါ။
ဒီလိုပစ္စည်းမရောင်းရင် ဘယ်လိုပစ္စည်းရောင်းမလဲနော်။ ယုံကြည်စိတ်ချစွာ အားရ ပါးရသာ ရောင်းပါ 💪
EIei Phyu
@@
20/11/2023
ဆောင်းရာသီမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံး မျက်နှာသစ်ခရင်မ်
ခြောက်သွေ့တဲ့ ဆောင်းရာသီမှာ တစ်နေ့ကို ဘယ်နှစ်ကြိမ် မျက်နှာကို သန့်စင်သင့်သလဲဆိုတာကတော့ ပတ်ဝန်းကျင် အနေအထား ကိုယ့်ရဲ့ မျက်နှာအသားအရေပေါ်မူတည်ပြီးတော့ ဆုံးဖြတ်သင့်ပါတယ်။
ကိုယ့်ရဲ့ မျက်နှာအသားအရေအလိုက် မျက်နှာသစ်အမျိုးအစားကိုလဲ ရွေးချယ်ရခက်နေပြီဆို ဆောင်းရာသီမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံး မျက်နှာသစ်ခရင်မ် New Skiin Foam Cleanser (၃) မျိုးထဲက ရွေးချယ်လိုက်ပါ။
💛 ပုံမှန်အသားအရေရှိသူများအတွက် Vitamin C တင်းတိပ်မှဲ့ခြောက်ပျောက်ချင်သူများ၊ အသားအရေ ညီညာလိုသူများ၊ အသားဖြူစင်ဝင်းပချင်သူများအတွက်
💙 အသားအရေခြောက်သွေ့သူများအတွက် အသားအရေတင်းရင်းပြီး အစိုဓါတ်ထိန်းသိမ်းချင်သူများအတွက်
💜 အဆီပြန်သူများအတွက် ဝက်ခြံထွက်ပြီး ဆားဝက်ခြံနှင့် အဆီဖု ပျောက်ကင်းချင်သူများအတွက်
(၃) မျိုးထဲမှ ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး ပမာဏအနည်းငယ်ကိုညှစ်ယူပြီး လက်ဖဝါးပေါ်သို့ တင်ပါ။ အမြှုပ်ထွက်သည်အထိ ပွတ်တိုက်ပြီးနောက် မျက်နှာပြင်အားညှင်သာစွာ နှိပ်နယ်ပြီး ရေဖြင့်စင်ကြယ်စွာ ဆေးပေးပါ။
☎️၀၉ ၄၂၀၆၀၉၆၆၀
15/11/2023
Better Skin နဲ့ဆို ဆောင်းရာသီမှာလဲ အသားအရေစိုပြေနေစေမှာပါ
ဆောင်းလေကြောင့် ခြောက်သွေ့တဲ့ အသားအရေကို ပြန်လည်စိုပြေလာစေပြီး ၅၀၀၀ ကျပ်ထဲနဲ့ ခန္ဓာကိုယ်အသားအရေကို ထိန်းသိမ်းပေးတဲ့ Better Skin Coffee Soap Scrub အကြောင်း သိပြီးပြီလား?
Better Skin မှာ Arabica Coffee Powder ၊ အစွမ်းအထက်ဆုံး အာဖရိကမျိုးရင်း မန်ကျည်း အဆီအနှစ်နဲ့ အရည်အသွေးအကောင်းဆုံး နနွင်းမြစ်တို့ အဓိကပါဝင်ပါတယ်။
အဓိကပါဝင်ပစ္စည်းတွေက အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အသားအရေပြဿနာများကို ရာခိုင်နှုန်းလျှော့ချကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုဒဏ်ကြောင့် ခြောက်သွေ့တဲ့ အသားအရေများကို ပြန်လည် စိုပြေလာစေပါတယ်။
ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်ထိန်းသိမ်းလိုတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း ၅၀၀၀ ကျပ်ထဲနဲ့ ခန္ဓာကိုယ်အသားအရေကို ထိန်းသိမ်းနိုင်ပါပြီ။
Better Skin Coffee Soap Scrub (120 g) တစ်တုံး 5,000 ကျပ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay, 35×38 TOYOTA Car Showroomအနီး
Mandalay
