Magical beauty

Magical beauty

Share

BKK,Korea,UK, Japan cosmetics&skincares

Photos from Magical beauty's post 26/05/2026

𝙂𝙖𝙧𝙣𝙞𝙚𝙧 𝙈𝙞𝙘𝙚𝙡𝙡𝙖𝙧 𝙒𝙖𝙩𝙚𝙧 𝙋𝙞𝙣𝙠 (𝙁𝙤𝙧 𝙨𝙚𝙣𝙨𝙞𝙩𝙞𝙫𝙚 𝙨𝙠𝙞𝙣)

𝙋𝙧𝙞𝙘𝙚 - 28500 𝙈𝙈𝙆 ✅✅ (400𝙈𝙡)
Instock

စျေးကွက်ထဲ ပစ္စည်းပြတ်တာကြာနေပြီး Micellar water တွေထဲကအကောင်းဆုံးထဲကတခုဖြစ်တဲ့ Garnier လေးရောက်ထားပါတယ်ရှင့်🥰🥰

Sensitive skinကစပြီး သုံးလို့ရတာဆိုတော့ For all skin typeအတွက်လည်း safe ဖြစ်မှာအသေချာပါပဲရှင်😘😘

Garnier Micellar လေးသုံးပီးရင်တော့ကျန်တာသုံးချင်မှာမဟုတ်တော့ဘူးနော်.သုံးဖူးသူတိုင်းကသူမှသူပါပဲ🫰🫰

တနေ့တာလူးထားတဲ့ မိတ်ကပ်/သနပ်ခါးတွေကိုသေချာပြန်ပီး Cleansing လုပ်ပေးဖို့လိုအပ်ပါတယ်နော်

🌸ဒါမှသာချွေးပေါက်ထဲအညစ်ကြေးကင်းစင်ပီး သုံးသမျှskincareတိုင်းရဲ့အကျိုးအာနိသင်ကိုလျင်မြန်စွာခံစားရစေမှာပါ

🌸Garnier Pink Micellar waterလေးက Sensitive skin အတွက်ပါနော်...ကျန်တဲ့ For all skin လည်းစိတ်ချစွာအသုံးပြုနိုင်ပါတယ်

✅ အဆီလုံးဝမပါ

✅ အနံ့လုံးဝမပါ

✅ အရမ်းပွတ်တိုက်စရာမလိုဘဲ အကုန်သန့်စင်ပေးပါတယ်သန့်စင်ပြီးရင်လည်း မျက်နှာခြောက်ခြောက်တင်းတင်း ကြီးမကျန်ခဲ့ပါဖူးနော်

26/05/2026

2ခုလုံူရ

🫶🏻 မင်တေဇရဲ့ ညဘက် မျက်နှာသစ်တွေထဲမှာ အမြဲထည့်သုံးလေ့ ရှိတဲ့ cleanser ၂ခုပါ။

▫️Yoon Salicylic Acid Cleanser

ကိုယ့်အသားရေ combination skin ကိုမှ Sunscreen တွေ အမောင့် အပြဘ့်လိမ်းတာရယ် , ဝက်ခြံ prone လွယ်တဲ့ prone skin ဆိုတော့ ချွေးပေါက်အတွင်းထဲက အဆီပို အညစ်ကြေးတွေ ဖျော်ချပြီးရှင်းပေးတဲ့ Salicylic acid ပါတဲ့ cleanser လေး ညဘက် ရက်ခြား သုံးဖြစ်ရင်။ ဝက်ခြံ ဖြစ်နေရင် နေ့စဉ် သုံးတယ်။ နေ့ဘက်ကိုတော့ mild ဖြစ်တဲ့ cleanser ပဲ သီးသန့်သုံးတယ်။ သစ်ပြီးတာနဲ့ အသားကိုပြောင်ရှင်းပေါ့ပြီး ခပ်စိုစိုမွမွလေး ကျန်ခဲ့တယ်။ Cosrx လို ခြောက်ကပ် ပြီး တင်းတင်း မကျန်ခဲ့ဖူး။ Formulation အရလည်း Yoon က ပိုကောင်းတာ တွေ့ရတယ်။

ဆိုတော့ ဒီကောင်က Combination , Oily , Teenage acne skin တွေ ဆားဝက်ခြံ ထွက်လွယ်/ ထွက်နေတဲ့သူတွေ Deep Cleansing ဖြစ်အောင် သုံးသင့်တယ်။

▫️L’Oréal Glycolic Cleanser

ဒီကောင်လည်း Deep cleansing ဖြစ်လို့ရယ်
Acid Cleanser လို့ ပြောလို့ရအောင် Salicylic Acid , Glycolic acid , Ascorbyl Glucoside ( Vitamin C Derivate ) ပါတော့ အရေပြားအလွှာနဲ့ ချွေးပေါက်ကို Cleansing ကောင်းကောင်း , mild exfoliation ပုံစံပေးတယ်။ ဆိုတော့ သစ်ပြီးတာနဲ့ ပြောင်ရှင်းပေါ့ပြီး glow ပြောင် ဖြူနေတာ , အဲ့ဒီ instant result ကို သဘောကျလို့ကို သုံးတာ ။ အသားညစ်သူတွေ , အသားကြည်လင်မှု မရှိသူတွေဆို ပုံမှန်သုံးသင့်တယ်။ ဘူးကသာ သေးတာ တကယ် သုံးရင် 2 လကျော် 3 လလောက် ခံတယ်။ ကိုယ့် အိမ်က ရေက စေးလို့ အမြှုပ်မထွက်လို့ cleanser များများသုံးပြီး တစ်လပဲ ခံရင်တော့ မပြောတတ်ပါ။

မဲ့ခြောက်တွက် ထိရောက်လားဆို မျက်နှာပေါ် တင်ကျန်လိမ်းတဲ့ Serum/ cream တွေ လောက် သိသာမှာ မဟုတ်။ ဒါပေမယ့် အဘက်ဘက်ကနေ support ရအောင် သုံးသင့်တယ်။

‼️ cleanser ၂ ခုလုံးက acid ပါတဲ့ cleanser ကိုမှ deep cleansing , classic foam formula ဆိုတော့
▫️အသားခြောက်တဲ့သူတွေ ,
▫️သွေးကြောလေးတွေ မြင်ရအောင် အသားပါးတဲ့ သူတွေ ,
▫️life style မမှန် , sunscreen မလိမ်း တဲ့သူတွေ , ▫️မျက်နှာသစ်ပြီး ဘာမှ မလိမ်းသူတွေ မသုံးသင့်ဖူး။

‼️ နောက်တစ်ခုက တစ်ချို့ skin တွေမှာ နေ့တိုင်း မနက်ည သုံးရင် dry ဖြစ်သွားတတ်လို့ ✅ ညဘက် သုံးတာတို့ / ✅ တစ်ရက်ခြား ညစဉ် သုံးတာတို့ ချင့်ချိန် လုပ်စေချင်တယ်။
နေ့စဉ် မနက်/ည ဆက်တိုက် သုံးနေသူတွေ ဘာမှ မဖြစ်ဖူး ခံစားရရင်လည်း ဆက်သုံး။ ဖြစ်မှ ပြန်ညှိလည်း ရတယ်။

▫️လိုရင်းကကွာ Deep cleansing ဖြစ်တဲ့ cleanser ကောင်းရှာနေရင် ( သို့ ) ဆားဝက်ခြံ , ဝက်ခြံ , အသားညစ် , အဆီပြန် သမားတွေ သုံးသင့်တဲ့ Clesnser 2 ခုပါ။

🫶🏻တစ်ခုခု သိချင်တာရှိရင် Cmt မှာ စာချန်ခဲ့နော် ။ ကောင်းသောညပါဗျာ။

[ This content review is featured with Yoon Skin Blackhead & Pore Deep Cleansing Foam and L’Oréal Glycolic Bright Glowing Foam Cleanser ]

26/05/2026

သတိမထားပဲ လုပ်မိနေတတ်တဲ့ skincare mistakes (3) ခု

(1) Cotton pad ထဲကို Toner ထည့်ဖို့ ကပ်စီးနဲတာ
toner ကို cotton pad နဲ့သုံးမယ်ဆို ဘယ်တော့မှ မနှမြောပါနဲ့ လုံလုံလောက်လောက် စိုနေအောင်ထည့်သုံးပါ။ အရမ်းနှမြောတတ်ရင် လက်နဲ့ပဲသုံးပါ။ မဟုတ်ရင် toner အရည် သေချာစိုမနေတဲ့ cotton pad မျက်နှာပြင်က ကြမ်းနေနိုင်ပြီး မျက်နှာပေါ်တင်သုံးတဲ့အခါ မလိုအပ်တဲ့ irritation တွေ ရလာတတ်ပါတယ်။

(2) Serum dropper ကို မျက်နှာအသားပေါ် တိုက်ရိုက်တင်သုံးတာ
serum တွေသုံးတဲ့အခါ dropper ကြီးကို မျက်နှာပေါ်တင်ပြီး ညှစ်ညှစ်ချတာတွေ မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် dropper ကို အသားနဲ့ မထိပါနဲ့နော်။ လက်ဖဝါးပေါ် အစက်ချပြီးမှ မျက်နှာပေါ်ယူလိမ်းပေးတာက ပိုသန့်ရှင်းပါတယ်။ serum bottle ထဲ အပြင်က bacteria တွေ ဝင်ဖို့ ပိုအခွင့်အရေးနဲစေပါတယ်။ serum တစ်ဘူး သုံးယောက်လောက် share သုံးနေတာမျိုးဆို ဒီလိုလုပ်တာက ပိုအန္တရာယ်များတယ်နော်။

(3) ရေနွေးငွေ့ခံတာ ၊ ရေခဲကပ်တာ
ဒါက ချွေးပေါက်ကျဥ်းတယ် အဆီဖုသက်သာတယ်ဆိုပြီး အတော်များများ လုပ်ဖူးကြတဲ့ နည်းလမ်းပါ။ ဒါပေမယ့် တကယ်တမ်းမှာ ဒီနည်းလမ်းတွေက ချွေးပေါက်ကျဥ်းဖို့ အထောက်အကူမပြုသလို အလွန်အကျွံဖြစ်ခဲ့ရင် အသားအရေကိုတောင် ထိခိုက်စေပါသေးတယ်။ အရမ်းပူလွန်း အရမ်းအေးလွန်းတဲ့ အရာတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ အရေပြားပေါ်က သွေးကြောမျှင်လေးတွေ ရောင်ရမ်းတတ်ပါတယ်။ အသားလောင်တာ ၊ အညိုအမဲကွက်တွေထလာတာ မျိုးတွေ ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။

တစ်ပတ်တစ်ခါ အမြဲ ဒီလို skincare mistakes လေးတွေအကြောင်း တင်သွားပေးဖို့ စဥ်းစားထားပါတယ်။ နောက်အပတ်တွေမှာလဲ စောင့်ဖတ်ပေးပါဦးနော်။ အထောက်အကူရစေဖို့ မျှော်လင့်ပါတယ်ရှင်။

Photos from Magical beauty's post 26/05/2026

ဆဲလ်မွန်ငါးရဲ့ အဆီအနှစ် PDRN တွေနဲ့ အမိုက်စား ဖော်စပ်ထားတဲ့
🩷𝐌𝐞𝐝𝐢𝐜𝐮𝐛𝐞 𝐏𝐃𝐑𝐍 𝐩𝐢𝐧𝐤 𝐜𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐜𝐚𝐩𝐬𝐮𝐥𝐞 𝐜𝐫𝐞𝐚𝐦🩷 လေး instock ပြန်ရောက်ထားပီနော်

Price~79000ks
Instock

✅Salmon DNA (PDRN) က aesthetic clinic တွေမှာ treatment ယူရင် သုံးတဲ့ key ingredient တစ်ခုဖြစ်ပီး skin rejuvenation ကို အားပေးတယ်၊ collagen ထွက်နှုန်းကောင်းအောင် လှုံ့ဆော်ပေးတယ်၊ အသားအရောင်မညီတာတွေကို သက်သာစေပါတယ်

✅Hyaluronic acid က ရေဓာတ်ဖြည့်ပေးပြီး niacinamide 5%လည်းပါလို့ အသားအရေကို ကြည်လင် တင်းရင်းပီး ချွေးပေါက်ကျဉ်းစေပါတယ်

26/05/2026

အကုန်ရ

Medicube ထဲမှာ ဘာကိုအကြိုက်ဆုံးလဲလို့ မေးရင် PDRN series ကို အကြိုက်ဆုံးပါလို့ပဲဖြေမှာ။ skincare ပုံမှန်လုပ်နေပေမယ့် အသားအရေက ကောင်းလာတယ်လို့ မခံစားရရင် PDRN series ကို သုံးကြည့်ပါ။ ချွေးပေါက်တွေကျဉ်း အသားအရေစိုပြေညီညာပြီး ၊ ဂရုတစိုက်နဲ့ ပုံမှန်လေးသာ သုံးပေးရင် ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ အသားအရေအတိုင်းကို ပြန်ရမှာပါ။ အခုနောက်ပိုင်း လူငယ်တွေက lifestyle ပုံစံမမှန်တော့ တချို့လူငယ်တွေမှာ အသက် 20 လောက်ဆိုရင်ကို အရေးအကြောင်းတွေ smile line တွေက ထင်ထင်ရှားရှားနဲ့ကို ရှိနေပြီ။ lifestyle ပုံစံမမှန်တဲ့အပြင်ကိုမှ skincare ကိုလည်း သေချာမလုပ်ကြတော့ အသားအရေက တင်းရင်းမှုမရှိပဲ ကိုယ့်ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီးကြီးသယောင် ဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်အသားအရေက အဲ့လိုဖြစ်နေရင် လူကြီးတွေ သုံးတဲ့ collagen သီးသန့် skincare တွေကို မသုံးသေးပဲ PDRN ပါတဲ့ skincare တွေကိုသုံးပါ။ Medicube မှာဆိုရင် PDRN က လူကြီးရောလူငယ်ပါ သုံးလို့ရတယ် ဆိုပေမယ့် ကျွန်တော်ကတော့ သူ့ကို အသက် 20 ကနေ 35 ကြားရှိသူတွေကိုပဲ သုံးဖို့ recommend လုပ်ချင်ပါတယ်။ ကိုယ်က အသက် 40 ဝန်းကျင်ဆိုရင်တော့ Medicube ထဲက Age-R series ကို သုံးပါ။ PDRN နဲ့ Age-R ကို ယှဉ်လိုက်ရင် Age-R က ပိုပြင်းပါတယ်။ PDRN series ကို Dry skin သမားဆိုရင်တော့ မနက်ည daily သုံးလို့အဆင်ပြေပါတယ် (exosome shot မပါ)။ Oily skin သမားဆိုရင်တော့ ညဘက်ကို သုံးဖို့ recommend ပေးပါတယ်။ Sensitive skin သမားဆိုရင်တော့ ကိုယ်သုံးမယ့် product မှာပါတဲ့ ingredients တွေထဲမှာ ကိုယ်နဲ့မတည့်တာတွေ ပါမပါစစ်ပါ patch test လုပ်ပြီးမှသုံးပါ။ PDRN series ကို ဝက်ခြံထွက်နေရင်တော့ မသုံးပါနဲ့။ သူ့ series ထဲမှာ PDRN Pink Cica Soothing Toner နဲ့ Exosome Shot 2000 ကတော့ ဝက်ခြံထွက်နေချိန်မှာလည်း သုံးလို့အဆင်ပြေပါတယ်။

Photos from Bomb Beauty by Kol's post 26/05/2026

အဆီကျ ဝိတ်ထိန်းချင်သူများအတွက် truslen coffee

15ထုပ်ပါ1ပါကင် 26000ks

Photos from Review by Maewam's post 26/05/2026

15ထုပ်ပါ1ထုပ် 26000ks
Instock
စျေးလပြန်ကျ

26/05/2026

၂ခုလုံးရ

L’Oréal Shampoo တွေထဲမှာ ထင်းထွက်နေတဲ့ နှစ်ကောင်ဆိုရင် ဒီ 2 ခုကိုပြောရမှာပဲဗျ ✨

အထူးသဖြင့် မြန်မာနိုင်ငံလို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ လူအများဖြစ်လေ့ဖြစ်ထရှိတဲ့ ဦးရေပြားအဆီပြန်တာ ၊ ယားယံတာ ၊ စေးထန်းတာ ၊ ဒီနေ့ခေါင်းလျှော် နောက်နေ့ ကပ်တာ စတဲ့ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်သလို လျှော်ပြီးသွားရင်လည်း တစ်မျိုးစီ ပုံကျပြီး လှသွားလို့ သုံးရတာလည်း တအားတန်တယ်

🩷 Glycolic Gloss ပန်းရောင်ကို ငုံးစမ်းထားတာ မကြာသေးတော့ review တော့မဟုတ်ဘဲ သူ့ အလုပ်လုပ်ပုံက စိတ်ဝင်စားဖို့ကောင်းလို့ ပြောလိုက်ဦးမယ် လျှော်ပြီးရင် ဆံသားက ပြောင်လက်သွားတာပဲလို့ နာမည်ကြီးတာကတော့
Cosmetic Chemistry အရ ဒီ shampoo ကို acidic PH ဘက် အနည်းငယ်သွားအောင် formulate လုပ်ထားတာဖြစ်ပြီး Glycolic Acid 3% နဲ့ Salicylic Acid တွေက dull flim တွေဖြစ်တဲ့ ရေထဲမှာပါတဲ့ minerals တွေ ၊ calcium တွေကို လုံးဝ ရှင်းထုတ်သန့်စင်လိုက်ပြီး ပွင့်နေတဲ့ cuticle လေးတွေကို silicone 2 မျိုးနဲ့ clear coat လုပ်လိုက်သလို ဖန်တီးပေးတာမို့ လျှော်လိုက်ရင် ပြောင်ပြောင်လက်လက်နဲ့ Extra Gloss Shampoo ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်နေရောပဲဗျ

🩷 L’Oréal တို့ ထုံးစံအတိုင်း ရနံ့ပိုင်းမှာလည်း ကောင်းမွန်တယ် မွှေးတယ် ဆိုပေမယ့် personally ငုံး ဒီအနံ့ကို သိပ်တော့သဘောမကျဘူး

💜 သုံးတာကြာပြီဖြစ်သလို ကုန်ခါနီးပြီဖြစ်တဲ့ ခရမ်းလေးကတော့ အဆီတအားပြန်တဲ့သူတွေ ၊ ကပ်တဲ့သူတွေအတွက် အတော်လေးကိုကောင်းတယ် လျှော်ပြီးရင် Volume ရတယ် deep cleansing ပိုဖြစ်တယ်ဗျ ရနံ့ပိုင်းကိုလည်း ငုံး ဒီကောင်လေးကို ပိုကြိုက်တယ်

💜 သူကတော့ ငုံး details review တင်ပြီးသားမို့ အများကြီးမပြောတော့ဘူး Salicylic Acid နဲ့ အဆီတွေ ၊ ဂျေးတွေကို အကုန်ရှင်းထုတ်ပြီး ဆံသားသိပ်မခြောက်သွားအောင် HA နဲ့ပြန်ထိန်းထားတာ
Silicone တစ်ခုမှတော့ မပါလို့ လျှော်ပြီး ပြောင်ပြောင်လေးဖြစ်တာမျိုးတော့ ရှိမှာမဟုတ်ဘူး

2 မျိုးလုံးက လျှော်ပြီးရင် ဆံသားခြောက်သွားနိုင်လ်ု့ treatment step တစ်ခုခု နောက်ကနေ သေချာပေါက် လိုက်မှရမယ်ဗျ Hair Mask ပြန်သုံးပေးရင်တော့ အကောင်းဆုံးပဲ ပြီးရင်တော့ Hair Serum လေးတစ်ခုခု သေချာလေးလိမ်းပေးရင် Good Hair Day ပါပဲဗျာ 😻

Photos from Magical beauty's post 24/05/2026

မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေနဲ့ မျက်ကွင်းညို‌တာတွေကို အထိရောက်ဆုံးသက်သာစေတဲ့

AHC Premier Ampoule in Eye Cream လေး

Collagen 6 မျိုးတောင်ပါဝင်လို့ အသားအရေကို တင်းရင်းစေသလိုမျက်အိတ်ဖောင်း‌တာတွေ နဖူး မှာရှိတဲ့ အရေးအကြောင်းတွေ smile lineတွေကိုပါ သက်သာစေပါတယ်ရှင်

Price~17500ks
Instock

Photos from Magical beauty's post 24/05/2026

Sale ချထားတဲ့ Black Rouge DL 19 အရောင်လေးသိပ်လှတယ်ကွယ်နော်

ကောင်မလေးတိုင်းကြိုက်တဲ့ခေတ်ဆန်ဆန် Color လေး

မျက်နှာလေးကိုလင်းထွက်သွားပြီး Warm Tone ရော Cool Tone ရောအသားရောင်မရွေးလိုက်ဖက်တယ်ကွယ် 🥺

Texture လေးလဲအိစက်ပြီးပေါ့ပါးနေရော

Normal Price 4 သောင်းကျော်ကို Sale Price 19900Ks ထဲနဲ့ရမှာနော်
5ချောင်းပဲကျန်ပါတော့တယ်
exp 2026 11လပိုင်း

Photos from Magical beauty's post 24/05/2026

Soap & Glory က Righteous Butter Body Lotion (500ml)

Special Price... 49500 ks

Instock

သူ့ရဲ့ texture ကထောပတ်လေးလို နူးညံ့ပြီး အစိုဓာတ်ကို ရှယ်ဖြည့်ပေးတယ်
အနံ့ကလဲ အရမ်းမိုက်ပြီးဆွဲဆောင်မှုရှိလို့ လုံးဝ best seller ပဲ
အနံ့လေးကလေ ရေမွှေးတောင်မလိုဘူး တစ်နေကုန်စွဲပြီး မွှေးနေရော
ပုံမှန် 90000ks ကျော်ကို sale price နဲ့မို့ရမ်းတန်နေပါပြီ နော် 😘

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay