A Win's

A Win's

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Win's, Beauty, cosmetic & personal care, Mandalay.

10/05/2024

မိသားစု ထမင်းဝိုင်းလေး အတူတူမစားရတာကြာပီ😔😔😔

Photos from A Win's post 09/05/2024

ဒိီအချိန်ဆို ရွာမှာထန်းသီးတွေပေါနေပီကွယ်
အငယ်တုန်းက ထန်းသီးလုကောက်ရတာအမော

26/07/2023

🙏"ဝါဆိုသင်္ကန်းလှူဒါန်းသူများရသောအကျိုး"🙏
═══════════════════════
◼ဝါဆိုသင်္ကန်းလှူဒါန်းသော ကုသိုလ်ရှင်များ ရပိုင်ခွင့်ရှိသော အကျိုး(၇)ပါး ◼

၁။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများ
မဖြစ်ရခြင်း....🙏

၂။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
မိမိ၏ခန္ဓာကိုယ်မှ အသားအရည်တို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း....။

၃။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
မိမိ၏ခန္ဓာကိုယ်မှ နှစ်လိုဖွယ်အရောင်ထွက်ပေါ်ခြင်း...။

၄။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
မိမိ၏ခန္ဓာကိုယ်မှ အသားအရည်တို့သည် နူးညံ့ချောမွေ့နေခြင်း....။

၅။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
မိမိ၏ခန္ဓာကိုယ်မှာ မှဲ့ခြောက်၊ တင်းတိပ် ဝတ်ခြံစသော အညစ်အကြေးတို့ မရှိခြင်း....။

၆။ ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ
ခေတ်ကာလအလျောက် ဖြစ်ပေါ်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ကနေ
တောင်းတလိုက်ရုံဖြင့် အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း... 🙏

၇။ နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံကောင်းထောက်မစွာ
ကြုံတွေ့သည့်အခါ ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့သည့် ကုသိုလ်ရှင်
အား "ဧဟိဘိက္ခု လာလော့ရဟန်း"ဟုခေါ်လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်က
ဆင်မြန်းထားသော အဝတ်အစားစသည့် လူ့အသုံးအဆောင်များပျောက်ကွယ်၍
(၁၅၀၀)ကိလေသာကုန်ခမ်းကာ ရဟန္ဓာစစ်စစ် ဧကန်ဖြစ်ရခြင်း....🙏

ခေတ်အခါအလိုက် ဖြစ်လိုသောအရာများ အဆင်ပြေစေဖို့ရာ ကာလဒါနခေါ် ဤကဲ့သို့သော အလှူဒါနမျိုးကို အားထုတ်ပေးကြရမည်။
သူတော်ကောင်းဒါန(၅)မျိုးတို့တွင် ဝါဆိုသင်္ကန်းအလှူသည် ကာလဒါနမျိုး ဖြစ်ကြောင့်ပါတည်း။

ဝါတွင်းကာလ၌ မမေ့လျော့ခြင်းဖြင့် ကုသိုလ်များများရရှိအောင် နေနိုင်ကြပါစေ--🙏🙏🙏

Credit-

24/07/2023

🙏 "သရဏဂုံအကျိုး(၁၀)ပါး"

➳ သရဏဂုံ တကယ်မြဲရင် အပါယ်ငရဲ
ကြောက်ဖို့မလို...၊
➳ နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား
ဆယ်မျိုးဂုဏ်စု သူ့ထက်ပို....၊
➳ ငါးဖြာအာရုံ လာမတုနှင့် အာယုဝဏ္ဏ သုခဆို...၊
➳ အာဏာပိုင်စိုး ခြွေရံတိုး ဆယ်မျိုးဂုဏ်ကဲပို...၊
➳ အဲ့ဒါကြောင့် သရဏဂုံပန်း အစဉ်လန်း
ဆင်မြန်ပါစေလို....။

စာဖတ်သူအားလုံးလဲ သရဏဂုံပန်းကို အစဉ်အမြဲ ထာဝရ ဆင်မြန်နိုင်ကြပါစေ......။

အသျှင်နှလုံးသား

မေတ္တာရှင်(ရွှေပြည်သာ)
သရဏဂုံအစွမ်း အံမခန်း စာအုပ် မှ

ပြန်လည်ဓမ္မဒါနပြုပါသည်🙏🙏🙏

23/07/2023

🙏"ဘုရားရှိခိုးရသော အကျိုး(၁၇)ပါး"🙏
====================
၁။ သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း...။

၂။ စိတ်၏ ရဲရင့်တည်ကြည်ခြင်း...။

၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကို ရခြင်း..။

၄။ နောင်ဘုရားနှင့် တွေ့သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း...။

၅။ အမျိုးမြတ်ခြင်း..။

၆။ သူတစ်ပါးတို့၏ အရိုအသေအပြုကို ခံရခြင်း...။

၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း..။

၈။ အဆင်းလှခြင်း..။

၉။ ကိုယ်အနံ့မွှေးခြင်း..။

၁၀။ ခံတွင်းအနံ့မွှေးခြင်း...။

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း...။

၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း...။

၁၃။ ထက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း...။

၁၄။ လျင်မြန်သော ဉာဏ်နှင့် ပြည့်စုံရခြင်း...။

၁၅။ ရွှင်သော ဉာဏ်နှင့် ပြည့်စုံရခြင်း...။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံရခြင်း...။

၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း...။
တို့ဖြစ်ကြပါတယ်ရှင်....🙏🙏

Credit

21/07/2023
21/07/2023

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း 😊
______________________________

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။🙏

အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအဝင်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။

ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။

နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
================================

(၁) “ဒါနကုသိုလ်”

မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မတ်ေတာကုသိုလျ”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay