SuccessmoreThae Thae
ကျန်းမာရေးဖြည့်စွက်စာများကုမ္ပဏီတိုက်ရိုက်ဈေးနှင့်မြန်မာပြည်တွင်း အိမ်ရောက်ငွေချေပို့ပေးပါသည်☎️09756190004&viber
25/09/2024
☘️ လူတွေမသိသေးတဲ့ နံနံပင်ရဲ့ အကျိုးကျေးဇူးများ ☘️
နံနံပင်က အနံ့ ၊ အရသာနဲ့
ပြည့်စုံရုံသာမက
အာဟာရဓာတ်များစွာပါဝင်တဲ့
သဘာဝ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
ကျန်းမာရေးအတွက် များစွာအကျိုးပြုပေးပါတယ်။ 🩻
၁။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း 💊
နံနံပင်မှာ ဗီတာမင် A, C, K နှင့်
ကယ်လ်စီယမ် (Calcium )၊
ပိုတက်ဆီယမ် (Potassium)၊
မက်ဂနီဆီယမ် (Magnesium) နှင့်
သံဓာတ် များစွာပါဝင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို
မြှင့်တင်ပေးပြီး
အရိုးများကို သန်မာစေပါတယ်။
၂။ သွေးတွင်း အဆီဓာတ်ကို လျော့ချပေးခြင်း 🩸
နံနံပင်က ကိုလက်စထရော (cholesterol) ကို
ထိန်းညှိပေးနိုင်ပြီး
ဆီးချိုရောဂါ နဲ့ သွေးတိုးရောဂါတို့ကို
ကာကွယ်ပေးနိုင်ပါတယ်။
၃။ ချွေးပုတ်များထွက်ခြင်း 💧
နံနံပင်ကို မကြာခဏစားသုံးပေးခြင်းက
ချွေးပုတ်များကို ထွက်စေပြီး
ခန္ဓာကိုယ်အတွင်းရှိ
အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။
၄။ အသည်း ကောင်းမွန်စေခြင်း 🫁
နံနံပင်မှာ ပါဝင်တဲ့ ဓာတ်များက
အသည်းကျန်းမာရေးကို
ကောင်းမွန်စေပါတယ်။
၅။ အနာကျက် မြန်စေခြင်း ✅
နံနံပင်က အနာကျက်မြန်စေပြီး
အခြားသော ရောဂါပိုးမွှားများကို
ကာကွယ်ပေးနိုင်ပါတယ်။
၆။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း 🍔
နံနံပင်က အစာခြေစနစ်ကို
ကောင်းမွန်စေပြီး အစာအိမ်အတွက်
များစွာ အထောက်အကူပြုပေးပါတယ်။
၇။ အသားအရေ ကောင်းမွန်စေခြင်း 🧏🏻♀️
နံနံပင်မှာ ပါဝင်တဲ့
ဗီတာမင်နှင့် သတ္တုဓာတ်များက
အသားအရေကို နူးညံ့စိုပြေစေပါတယ်။
၈။ နှလုံး ကျန်းမာရေး 🫀
နံနံပင်က အဆီဓာတ်များကို
လျော့ချပေးပြီး သွေးလည်ပတ်မှုကို
ကောင်းမွန်စေတဲ့အတွက်
နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ချပေးပါတယ်။
🩺🩻 Pangea channel လေးမှာ
ကျန်းမာရေးအကျိုးကျေးဇူးတွေကို
နေ့စဉ်မှန်မှန်တင်ပေးနေမှာမလို့
Like & Subscribe လေးလုပ်ထားပေးကြပါဦးနော်။ 💛
03/09/2024
🏆 အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။
S Vera Plus🏆
UK Global Green Beauty Awards 2024 မှ နံပါတ် ၁ အကောင်းဆုံး Aloe Vera Product အဖြစ် [GOLD WINNER] ဆုကိုရရှိခဲ့ပါသည်။
🥇 ဤဆုသည် ရှားစောင်းလက်ပတ်ထုတ်ကုန်များ၏ ထူးချွန်မှုဖြစ်သည်။
ခန္ဓာကိုယ်တွင်းရှိ စနစ်အမျိုးမျိုး၏ လုပ်ဆောင်မှုများကို ထိန်းညှိပေးရာတွင် ထိရောက်စွာကူညီပေးပြီး အစာခြေစနစ်ကောင်းမွန်စေခြင်းနှင့် ခုခံအားစနစ်ကိုလှုံ့ဆော်ပေးသည့်အပြင် ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကြည်လင်တောက်ပစေပါသည်။
✨ ရှားစောင်းလက်ပတ် ✨
Skin Care လုပ်ဆောင်ခြင်းထက်ပိုကောင်းပါသည်။
Myanmar
Vera Plus
03/09/2024
🛑🛑 သင့်မှာ ဒီလို ပြဿနာတွေ ရှိနေရင် ကြက်သွန်ဖြူကို
မစားပါနဲ့ ......🛑🛑
--------------------------------------------------------------------------------
ကြက်သွန်ဖြူ မှာကောင်းကျိူးတွေရှိသလို ဆိုးကျိူးတွေလည်းရှိပါတယ်။ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါ အမျိုးမျိုး ကုသဖို့ အတွက် ရိုးရာ ဆေး အဖြစ် အသုံးပြုခဲ့ကြတာပါ ။
သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေး စီးဆင်းမှု လျှော့နည်းတာတွေ အတွက် အသုံးပြုခဲ့ကြတာပါ။
ကြက်သွန်ဖြူဟာ အကျိုးကျေးဇူး အများဆုံး အစားအစာ တစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစာ ဖြစ်တယ် လို့တော့ မဆိုနိုင်ပါဘူး။
ကြက်သွန်ဖြူ ကို စားရင် ဘယ်သူ မဆို ဘယ်လို အခြေအနေမျိုးမှာ မဆို စားသုံးလို့ ရသလား ဆိုတော့ အခုဖော်ပြမဲ့ အခြေအနေမျိုး ဆိုရင်တော့ မစား သင့်ပါဘူး။
ကြက်သွန်ဖြူ ကို လုံး၀ စားလို့ မရဘူးလား ဆိုတာတော့ မဟုတ်ပါဘူး။ ဆေးဖြစ် ဝါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ဝါးစားတာ တို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့ နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။
သွေး ဖိအားနည်းခြင်း
=============
ကြက်သွန်ဖြူ ကို အစိမ်းလိုက် စားတာဟာ သွေးတိုး ကျစေလို့ သွေးဖိအား နည်းတတ်သူတွေ အတွက်ကြက်သွန်ဖြူ ကို အစိမ်းလိုက် မစားသင့်ပါဘူး။
သွေးကျဲဆေး အမျိုးမျိုး မှီဝဲနေရရင်
======================
သင်ဟာ ဝေဒနာ တစ်ခုခုကြောင့် သွေးကျဲဆေး တစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ဆရာ ဝန် နဲ့ တိုင်ပင်သင့်ပါတယ် ။ ကြက်သွန်ဖြူ ဟာ သွေးကိုကျဲစေတဲ့အတွက် ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
အသည်း နဲ့ ဆိုင်တဲ့ ပြဿနာ ရှိရင်
====================
ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေရဲ့ အဆို အရ အသည်းနဲ့ ဆိုင်ရာ ရောဂါ တစ်ခုခု ရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေ ရဲ့ အာနိသင်ကို လျှော့နည်းစေပါတယ်။
ကိုယ်ဝန်ဆောင်စဉ်
===========
ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်ကြပါတယ်။ကြက်သွန်ဖြူ ကို အများကြီး မဟုတ်ဘဲ အနေတော် စားသုံးတာဟာ နို့တိုက်ကျွေးချိန် နဲ့ ကိုယ်ဝန်ဆောင်စဉ် မှာ လုံခြုံ စိတ်ချရတယ်လို့ ပြောဆိုကြပေမဲ့ ကိုယ်ဝန်နုစဉ်မှာကြက်သွန်ဖြူ ကို စားသုံးဖို့ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံ မပေးကြပါဘူး။
# # # # #
_____________________________________
02/09/2024
တိမ်ပြာပြာနေ့တနေ့🌨️🌨️🩵
30/08/2024
မပေါ့ဆသင့်တဲ့ အဆုတ်ကင်ဆာလက္ခဏာများ‼️
အဆုတ်ကင်ဆာဟာ ကနဦးအစောပိုင်းမှာ လက္ခဏာတွေကို သေချာမပြသဘဲ နေတာကြောင့် ၄၀ရာခိုင်နှုန်းသော လူတွေဟာ ကင်ဆာအဆင့် ၃လောက်ရောက်မှ သတိထားမိလာကြပါတယ် ။ အဆုတ်ကင်ဆာရောဂါဟာလည်း အဖြစ်များကြတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် သေချာ ဂရုတစိုက်ရှိဖို့ လိုပါတယ် ။ ဆေးလိပ်သောက်သူတွေသာမက ဆေးလိပ်မသောက်တဲ့သူတွေလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ် ။ ဒါ့ကြောင့် မပေါ့လျော့သင့်တဲ့ အဆုတ်ကင်ဆာ လက္ခဏာတွေကို ဖြော်ပပေးလိုက်ပါတယ်။
၁။ ချောင်းဆိုးခြင်း
ချောင်းဆိုတာနဲ့ အဆုတ်ကင်ဆာလို့တော့ ပြောလို့မရပါဘူး ။ သို့သော် အအေးမိလို့ ချောင်းဆိုးတာ ၊ သာမန်ချောင်းဆိုးတာမျိုးက အလွန်ဆုံး ၁ပါတ်၊ ၂ပါတ်အထိပါပဲ ။ အမြဲလိုလို ချောင်းဆိုးတယ် ၊ ပျောက်ဖို့ခက်တယ်ဆိုရင်တော့ ဒါဟာ အဆုတ်ကင်ဆာ လက္ခဏာဖြစ်နိုင်သလို အခြား အဆုတ်ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
၂။နာတာရှည်ချောင်းဆိုးလာခြင်း
သာမန်ချောင်ဆိုးရာမှ အရှင်းမပျောက်ကင်းတော့ဘဲ နာတာရှည်ချောင်းဆိုးလာပြီဆိုရင်လည်း ပေါ့လျော့လို့ မရတော့ပါဘူး ။ ဆေးလိပ်စွဲမြဲစွာသောက်တတ်သူတွေလည်း ဒီလိုချောင်းဆိုးလာပြီဆိုလျှင် ဂရုစိုက်ဖို့လိုပါတယ် ။ ချောင်းဆိုးရင် သွေးပါလာတတ်တဲ့ အနေအထားမျိုးဖြစ်လာခဲ့လျှင် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းသွားပြီး သေချာကုသမှုတွေ လုပ်သင့်ပါပြီနော်။
၃။အသက်ရှူတဲ့ပုံစံပြောင်းလဲလာခြင်း
အသက်ရှူတဲ့အခါ ခက်ခဲလာခြင်း (သို့) ပုံမှန် အသက်ရှူလို့မဟုတ်ဘဲ လေအလွယ်တကူဝင်နေခြင်းဟာ အဆုတ်ကင်ဆာရဲ့ လက္ခဏာပါ ။ ဒါဟာ အဆုတ်ကင်ဆာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းခြင်း (သို့) ရင်ဘတ်အတွင်း အဆုတ်အကျိတ်ဖုမှ အရည်ထွက်နေခြင်းကြောင့် ဖြစ်ပါတယ် ။ ဒါ့ကြောင့် မိမိရဲ့ အသက်ရှူတဲ့ပုံစံဟာ တဖြေးဖြေး ပြောင်းလဲလာတယ်ဆိုရင် အဆုတ်ကင်ဆာ သတိရှိနေဖို့ လိုအပ်ပါတယ်။
၄။ရင်ဘတ်တဝိုက်နာကြင်ခြင်း
အဆုတ်ကင်ဆာဖြစ်တဲ့အခါမှာ ရင်ဘတ်၊ နောက်ကျော နှင့် ပုခုံးတဝိုက် နာကြင်မှုများ ခံစားရတတ်ပါတယ် ။ပုံမှန်အားဖြင့် ချောင်းဆိုးလိုက်တဲ့အခါမှာ ဒီလိုနာကြင်မှုတွေကို ခံစားရတတ်ပါတယ် ။ ချောင်းဆိုးတိုင်း နာကြင်မှုတွေ ခံစားနေရပြီဆိုရင် ဆရာဝန်ကို ပြောပြပြီး စစ်ဆေးကုသမှုများ ခံယူသင့်ပါတယ်။
၅။အသက်ရှူကြပ်ခြင်း
အဆုတ်ကင်ဆာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ အသက်ရှူကြပ်ခြင်းပဲ ဖြစ်ပါတယ် ။ ပန်းနာရင်ကြပ်ရောဂါနှင့် အခြား ဓါတ်မတည့်ခြင်းတွေကြောင့်လည်း မကြာခဏ အသက်ရှူကြပ်ခြင်းတွေ ဖြစ်နိုင်ပေမယ့်မိမိဘာသာ မဆုံးဖြတ်ပါနှင့် ။ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါတယ် ။
၆။အသံအနေအထားပြောင်းလဲလာခြင်း
မိမိရဲ့ အသံဟာ အရင်လိုမဟုတ်တော့ဘဲ ဝဲပြီး အက်ကွဲကွဲဖြစ်လာခြင်း ၊ အခြားသော မူမမှန်တဲ့ အသံမျိုးတွေဖြစ်လာပြီဟု အခြားသူများက ထောက်ပြပြောဆိုနေပြီလား ။ ဒါဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ဆွေးနွေးကုသသင့်ပါပြီ ။ အဆုတ်ကင်ဆာရဲ့ အကျိတ်ကြောင့် အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိပြီး အသံအိုးကို ထိခိုက်ကာ အသံနေအသံထားတွေ ပြောင်းလဲလာနိုင်ပါတယ်။
၇။ကိုယ်အလေးချိန်ကျသွားခြင်း
အကြောင်းပြချက် ရေရေရာရာမရှိဘဲ ၁၀ပေါင်နှင့်အထက် ဝိတ်ကျသွားတယ်ဆိုရင်လည်း ဂရုစိုက်သင့်ပါတယ် ။ ဒါဟာ အဆုတ်ကင်ဆာရဲ့ သက်ရောက်မှု ဖြစ်နိုင်သလို အခြား ရောဂါ အခြေအနေတွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ် ။
၈။အရိုးနာကြင်ခြင်း
ကင်ဆာဆဲလ်တွေဟာ အရိုးတွေထိ ပျံ့နှံ့လာတဲ့အခါမှာ ကျောရိုး နှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းနေရာတွေမှာ နာကြင်လာတတ်ပါတယ် ။အထူးသဖြင့် ညဘက်မှာ ကျောနာတာဟာ ပိုပြီး ဆိုးရွားလေ့ ရှိပါတယ် ။ ဒ့ါအပြင် ပုခုံး ၊လက်မောင်း ၊ လည်ပင်းနာကြင်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ် ။
၉။ခေါင်းမူးခြင်း
အဆုတ်ကင်ဆာဆဲလ်တွေဟာ ဦးနှောက်ထိ ပျံ့တဲ့အခါ ခေါင်းကိုက်မှုတွေ ဖြစ်လာပါတယ် ။ သို့သော်လည်း ခေါင်းမူး ၊ခေါင်းကိုက်တိုင်း အဆုတ်ကင်ဆာလို့တော့ ပြောလို့မရပါဘူး ။ဒါ့ကြောင့် ပြင်းပြင်းထန်ထန် ခေါင်းမူးခြင်းဖြစ်လာလျှင် အကောင်းဆုံးကတော့ ဆရာဝန်နှင့် စစ်ဆေးကုသတာကတော့ အကောင်းဆုံးပါပဲ။
အဆုတ်ကင်ဆာ သတိပြုပေးပါ။
နိုဝင်ဘာလသည် အဆုတ်ကင်ဆာ သတိပြုရေး အထိမ်းအမှတ်လ ဖြစ်ပါသည်။
အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အဓိကအချက်များ
၁ ။ ဆေးလိပ် ၊ စီးကရက်သောက်ခြင်း
၂ ။ ရာဒွန် (Radon) အဆိပ်ငွေ့ ရှူမိခြင်း
၃ ။ (Asbestos) ကျောက်ဂွမ်းမှုန်များ ရှူမိခြင်း
၄ ။ လေထုညစ်ညမ်းခြင်း
၅ ။ မျိုးရိုးဗီဇလိုက်ခြင်း
၆ ။ ဓာတ်ရောင်ခြည် သင့်ခြင်း
၇ ။ အိုမင်းလာခြင်း
၈ ။ ဆေးလိပ်ငွေ့ တဆင့်ခံရှူမိခြင်း
၉ ။ နာတာရှည် အဆုတ်ရောဂါ ဖြစ်ခြင်း
၁၀ ။ ကျောက်မိုင်း ၊ မီးသွေးမိုင်း ၊ မီးခိုး ၊ အမှုန်စသည်ထွက်သော လုပ်ငန်းခွင်များ၌ အလုပ်လုပ်ရခြင်း
အောက်ပါအချက်များသည် အဆုတ်ကင်ဆာရောဂါ လက္ခဏာများ ဖြစ်သည့်အတွက် ဖြစ်ပေါ်လာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ပြသပေးပါ။
၁ ။ ချောင်းဆိုးသွေးပါခြင်း
၂ ။ ချောင်းဆိုးခြင်းသည် ၃ ပတ်ထက်ပိုမိုကြာနေခြင်း
၃ ။ မကြာခဏ အဆုတ်ပိုးဝင်လွယ်ခြင်း
၄ ။ ရုတ်တရက် အမောမခံနိုင်ခြင်း ၊ မောလွယ်ခြင်း
၅ ။ ကိုယ်အလေးချိန် ရုတ်တရက် ပိန်ကျသွားခြင်း
၆ ။ ပုခုံးတလျှောက် နာကျင်နေခြင်း
ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသော အဓိကအချက် ဖြစ်ပါသည်။
ဆေးလိပ်ဖြတ်၍ အသက်ရှည် ပျော်ရွှင်ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ပါသည်။ ။
Successmore Products
#ကျန်းမာရေးဗဟုသုတ
30/08/2024
ဇီးဖြူသီးစားပြီးရေသောက်
ဆီးဖြူသီးရဲ့ဆေးဘက်ဝင်ပုံ ( ၆၁ ) နည်း
***********************************
(၁) ဒူလာသွေးဝမ်းပျက်ရောဂါအတွက်
ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားရသည်၊
(၂) အရေးပြားတွင် ဖြစ်တတ်သော
ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်
ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍
သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည်။
(၃) ဆီးချိုရောဂါအတွက်
ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည်။
(၄) နှာခေါင်းသွေးလျှံခြင်းအတွက်
ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည်။
(၅)ဆီးပုပ်ရောက်ဂါအတွက်
ဆီးဖြူသီးခြောက်မှုန့်ကို
ထန်းလျက်၊ပျားရည်၊တကာနှင့်နယ်စားရသည်။
(၆)သွေးဝမ်းသွားလျှင်
ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီး
သံပုရာရည်နှင့် သောက်ရသည်။
(၇) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်
ရေစီးကမ်းပြိုခြင်းများအတွက်
ဆီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်
ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည်။
(၈)ဆီးဖြူသီးသည်
ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည်။
(၉) မီးလှောင်နာ၊ရေနွေးပူလောင်နာများအတွက်
ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည်။
(၁၀) ကလေးများတွင် ဖြစ်တတ်သော
သောကျဗဟုံးနာအတွက်
ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍လိမ်းသောရသည်။
(၁၁) ဝမ်းသက်ခြင်း၊ အစာမကြေခြင်းများ အတွက်
ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည်။
(၁၂) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက်
အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍
မျက်စိကို ဆေးကြောပေးရသည်။
(၁၃) သွေးလွန်( ရာသီလွန်လျှင်)
ဆီးဖြူသီး အလုံးကြီးကို စားရသည်။
(၁၄) သွေးဒူလာ အတွက်
ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီ
သုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။
(၁၅) ဒူလာသရောနာ(ဆီးသွားသော အခါ
ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက်
ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်။
(၁၆) ဒူလာမုတ္တကိတ်ရောဂါအတွက်
ဆီးဖြူသီးကို စားပေးရသည်။
(၁၇) သွေးဝမ်းလွန်ရောဂါများ အတွက်
ဆီးဖြူရွက်ပြုတ်အရည်ကို
ထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။
(၁၈) ထုံကျင်နာအတွက်
ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊
ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊
ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍
သကြားနှင့်သုံးဆောင်ရသည်။
(၁၉) လျှာကွဲခြင်း အတွက်
ဆီးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍
ပလုတ်ကျင်းပေးရသည်။
(၂၀)မက္ခရုရောဂါ အတွက်
ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို
ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။
(၂၁)မီးယပ်ဖြူဆင်းခြင်း အတွက်
ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍
ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။
(၂၂)အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်
ငါးရှဉ့်ပနီမီးကင်ခြောက်ကို
ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။
ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်
မကြာမကြာ ကြော်ချက်စားရသည်။
(တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည်။)
(၂၃) ဓါတ်ချူပ်ရောဂါအတွက်
ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။
(၂၄)ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။
ယောကျ်ားတို့၏ ခွန်အားကိုဖြစ်စေသည်။
ကာမအားကို ဖြစ်စေပါသည်။
(၂၅) အသက်ရှည်၊ အဆင်းလှစေရန်
ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။
(၂၆)ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန်
ဆီးဖြူသီး အစိမ်းကို စားရသည်။
(၂၇) အသံသာစေရန်
ဆီးဖြူသီးကို ဆားရည်စိမ်၍
ဟင်းလျှာများနှင့် ချက်စားရသည်။
(၂၈) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊
ပိုးများသေစေရန်
ဆီးဖြူသီးကို ဆားရည်စိမ်၍
ဟင်းများတွင် ထည့်ချက်စားရသည်။
(၂၉) လေတင်တုန်းရောဂါများအတွက်
ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။
(၃၀) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊
အသံသာ အဆင်းလှရန်၊
ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန်
ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။
(၃၁) အတိသာရဝမ်းရောဂါ အတွက်
ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍
ချက်နားတွင် အုံပေးရသည်။
(၃၂) ကြို့ထိုးရောဂါအတွက်
ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊
ပျားရည်တို့ကို ရောကျွေးရသည်။
အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။
(၃၃)ပြည်တုလာသရော ရောဂါများတွက်
ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊
ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။
(၃၄) ဝမ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊
သည်းခြေရောဂါများတွက်
ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။
ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။
အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍
ယိုထုတ်ထားရသည်။
(၃၅) ဆီးအောင့်ရောဂါများ အတွက်
ဆီးဖြူသီးကြိတ်ညစ်ရည်ကို
ဖာလာမှုန့်ရော၍သောက်ရ၏။
(၃၆) ဆီးလွန်ရောဂါအတွက်
ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊
ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။
(၃၇) ပိတ်ဝမ်းကိုက်ခြင်း၊ဝမ်းသက်ခြင်း၊
သွေးလျှုံ၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်
ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး
သကြားခပ်၍ သောက်ရသည်။
(၃၈) မီးယပ်ဖြူဆင်း ရောဂါများအတွက်
ဆီးဖြူသီးခြောက်ကို ရေစိမ်၍တစ်နေ့(၂)ကြိမ်တိုက်ရသည်။
(၃၉) သွေးဒူလာအတွက်
ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊
ကြက်သွန်ဖြူ လှော်၊ကြောင်ပန်းရွက်ခြောက်၊
ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီး
မန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။
(၄၀) လူပျိုနာများ အတွက်
ဆီးဖြူမြစ်၊ ထန်းမြစ်၊ဆူးရစ်မြစ်၊
ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍
သုံးခွက်တစ်ခွက် တင်ကျိုရသည်။
အရည်စစ်ပြီး ရေတစ်ဝက်ရော၍
သုံးခွက်တစ်ခွက်တင်ကျိုပြီးသုံးကြိမ်ပြုလုပ်ရသည်။
တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။
(၄၁) ဆီးကြောင့် ဖြစ်သော
မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်
ဆီးဖြူသီး ကြိတ်ညစ်ရည် နှမ်းဆီစစ်စစ်၊
ကြိတ်မှန်ရွက်ကြိတ်ညစ်ရည်၊ နွားနို့ နွယ်ချို၊တို့ကို
သန့်စင်သော ကြေးအိုးတွင်ထည့်ချက်ရသည်။
ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။
(၄၂) ဆီးဝမ်းလေမှန်၍ ကျန်းမာ ဝဖြိုးစေရန်
ဆီးဖြူသီးခြောက် စမုန်နက် ၊ဆေးပိုးတီ ဆဝက်သာ၊
ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကို
ညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။
(၄၃) ဆီးဖြူရွက်ပြုတ်ရည်သည်
ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။
(၄၄) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ
ကွဲစိမ့်၍ ထွက်လာသော အရည်ကို
မျက်စဉ်းဆေးအဖြစ်သုံးသည်။
မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။
(၄၅) ထုံနစိုရောဂါ အတွက်
ဆီးဖြူသီး ကြိတ်ညစ်ရည်ကို
သကြားနှင့် ရော၍ဖျော်ရည် အဖြစ် သုံးဆောင်ကြသည်။
(၄၆) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို
သကြားနှင့် ရော၍ သုံးဆောင်လျှင်
ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်း
သည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊
အန်ခြင်းနာတာရှည်ဝမ်းချူပ်ရောဂါတို့ကို
ပျောက်ကင်းစေပါသည်။
(၄၇) မျက်စဉ်းဆေး အဖြစ်
ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။
နံနက်တွင် မျက်စိဆေးပေးနိုင်သည်။
မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။
(၄၈) အစာမကြေရောဂါ ဝမ်းသွားရောဂါတို့ အတွက်
ဆီးဖြူသီး ရွက်နုနုကိုနွားနို့ ၊ ဒိန်ချဉ်နှင့်ရောသောက်ပေးရသည်။
(၄၉) ဆီးဖြူသီးမှုန့်သည်
လိပ်ခေါင်းရောဂါ ၊ ဝမ်းကိုက်ရောဂါ ဝမ်းသွားရောဂါ
နှာစေးရောဂါတို့အတွက်အလွန်အသုံးဝင်သည်။
(၅၀) ဆီးဖြူသီးသည်
ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊
အသားဝါရောဂါဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။
(၅၁) ဆီးဖြူသီး အဆံကို ပြုတ်၍
မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။
(၅၂) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။
(၅၃) သွေးကို ချူပ်စေတတ်သဖြင့်
နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ
သွေးဖောက်ပြန်သောရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၄) သုတ်ကိုပွားစေတတ်၊
သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့်
သုတ်၊ဆီးရောဂါမီးယပ်ရောဂါ ၊
သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၅) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊
အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၆) ဆီးကိုများစေတတ်သည် ။
ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့်
သည်းခြေကြောင့်ဖြစ်သောဒူလာသရောနာ တို့ကို
ပျောက်ကင်းစေပါသည်။
(၅၇) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍
နူနာ၊အနာကြီး အရေပြားရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၈)လတ်ဆတ်သော ဆီးဖြူသီးသည်
အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။
(၅၉) လတ်ဆတ်သော ဆီးဖြူသီးသည်
သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။
(၆၀) အားဆေးအဖြစ်
ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။
(၆၁) လတ်ဆတ်သော ဆီးဖြူသီးသည်
ဆီးရွှင်စေခြင်း၊ ဝမ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။
Credit:အာရောဂျံမဂ္ဂဇင်း
အမှတ်(၅၁)အောက်တိုဘာ (၁၉၉၆)ခုနှစ်
photo crd
----------။
29/08/2024
🙏မင်္ဂလာရှိသောနံနက်ခင်းလေးပါ🙏
🌸ကမ္ဘာသူကမ္ဘာသားအားလုံး🌸
🌸ကျန်းမာကြပါစေချမ်းသာကြပါစေ🌸
🌸🌸🌸ဘေးရန်ကြောင့်ကြ🌸🌸🌸
🌸ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ🌸
🌸ရေလိုအေး၍ပန်းလိုမွေးပါစေ🌸
🌸နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🌸
28/08/2024
🛑(အစာအိမ်ရောင်ခြင်း)🛑
===================
အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အနာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်းနှင့် အရက်အလွန်အကျွံ သောက်ခြင်းများကြောင့် အစာအိမ်၏ အနားသတ်နံရံများ ရောင်ရမ်းခြင်းကို ဆိုလိုသည်။
လက္ခဏာများ
အစာအိမ်ရောင်ခြင်းသည် ရောဂါလက္ခဏာများကို အမြဲတစေ မပြတတ်သော်လည်း များသောအားဖြင့်
- ဗိုက်အပေါ်ပိုင်းတွင် မီးစနှင့် ထိုးသကဲ့သို့အောင့်ခြင်း၊
- ပျို့ခြင်း၊ အန်ခြင်းနှင့်
- အစာစားပြီးချိန်တွင် ဝမ်းဗိုက်အပေါ်ပိုင်းတွင် ရင်ပြည့်ရင်ကယ် ခံစားနေရခြင်းများ ဖြစ်တတ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
၁။ Helicobacter pylori ဟုခေါ်သော ဘက်တီးရီးယားကြောင့် အဖြစ်များသော်လည်း အခြားသော ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များ ကြောင့်လည်း ဖြစ်နိုင်သည်။
၂။ အရက်နှင့် မူးယစ်ဆေးများ အလွန်အကျွံ သုံးစွဲ၍ လည်းကောင်း။
၃။ အကိုက်အခဲပျောက်ဆေးများဖြစ်သော Aspirin နှင့် Ibuprofen များကို ရေရှည်စွဲသောက်လျှင်လည်းကောင်း။
၄။ ထိခိုက်ဒဏ်ရာရခြင်း၊ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းနှင့် ခွဲစိတ်မှု ပြူလုပ်ခါနီး ချိန်များတွင် စိတ်ဖိစီးမှုများခြင်းနှင့်
၅။ အစာစားချိန် မမှန်ခြင်းများကြောင့် အစာအိမ်ရောင်ခြင်းများ ဖြစ်စေနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
အကယ်၍ မကုသပါက နောက်ပိုင်းတွင် အစာအိမ် အနာများဖြစ်ခြင်း၊ အစာအိမ်တွင်း သွေးထွက်ခြင်းနှင့် ရှားပါးရောဂါ အနေဖြင့် နာတာရှည် အစာအိမ်ရောင်ပါက အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်သည်။
အစာအိမ်ရောဂါပိုး(H pylori)
****************************
အစာအိမ်ရောဂါပိုး H pylori ဆိုသည်မှာ လူ၏အစာအိမ်နံရံတွင် သာမန်မျက်စိဖြင့် မမြင်ရသော အလွန်သေးငယ်သည့် ဘတ်တီရိးယားတစ်မျိုးဖြစ်သည်| အစာအိမ်ရောဂါပိုးကို WHOမှ ၁၉၉၄ခုနှစ်ကတည်းက အစာအိမ်ကင်ဆာဖြစ်စေနိုင်သော ပိုးအဖြစ် သတ်မှတ်ထားပါသည်| မြန်မာနိုင်ငံတွင်လည်း အစာအိမ်ပိုးဖြစ်ပွားနှုန်းမှာ ၆၀%မှ ၇၀ %ခန့်ရှိပါသည် |မသန့်ရှင်းသော လမ်းဘေးအစားအစာများ |ယင်နားစာ| လက်နှင့်နယ်ထားသော အစားအစာများ| ချဥ်ဖတ်များတွင် အစာအိမ်ပိုးကို ပိုမိုတွေ့ရှိရပါသည်|
ရောဂါကူးစက်ပုံ
မသန့်ရှင်းသောရေ| မသန့်ရှင်းသော အစားအစာ| တံတွေး| လူ၏မစင် မှတဆင့်ကူးစက်နိုင်သည်| အသက်အရွယ်ကြီးသူများ| ဝင်ငွေနည်းပြီး လူဦးရေများသောမိသားစုများ |တစ်အိမ်ထဲ တစ်နေရာတည်း လူအများစုပေါင်းနေထိုင်သောမိသားစုများ တွင်ပိုမိုတွေ့ရှိရပါသည်|
အစာအိမ်ပိုးကြောင့်ဖြစ်တတ်သည့် ရောဂါများ
အူသိမ်အနာ| အစာအိမ်အမြှေးပါးရောင်ခြင်း|
အစာအိမ်အနာ| အစာမကြေရောဂါ |သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ| အစာအိမ်ကင်ဆာ |အစာအိမ်သားငံရည်ကြိတ်ကင်ဆာ| သွေးဥမွှးအားနည်းရောဂါတို့ဖြစ်ပါသည်
ရောဂါလက္ခဏာ များ
အစာအိမ်ပိုးဝင်ရောက်ပါက အစာအိမ် ရောင်ရမ်းနာကြောင့် ဗိုက်နာခြင်း| အစာစားလျင်ပြန်အန်ခြင်း| မအီမသာဖြစ်ခြင်း| လေချဥ်တက်ခြင်း| ရင်ပူခြင်းစသည့်တို့ခံစားရပါသည်| မကုသဘဲထားပါက နာတာရှည်အစာအိမ်ရောင်ရမ်းနာ အဖြစ်သို့ အသွင်ပြောင်းသွားပြီး မကြာခဏ အစာမကြေဖြစ်ခြင်း| ဗိုက်အောင့်ခြင်း |ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း |ဝမ်းပျက်ခြင်းတို့ ဖြစ်တတ်ပါသည်| ထိုမှတဆင့် အစာအိမ်ကင်ဆာ သို့ကူးပြောင်းသွားနိုင်ပါသည်|
အစာအိမ်ပိုးရှိ မရှိစစ်ဆေးသင့်သူများ
အစာမကြေရောဂါ ရှိသူများ| အစာအိမ်နှင့် အူသိမ်အနာရှိသူများ| အစာအိမ်ကင်ဆာ ဟုသံသယရှိသူများ| သံဓာတ်နှင့် ဗီတာမင်ဘီ၁၂ ချို့တဲ့သူများ| သွေးဥမွားနည်းရောဂါရှိသူများ ဖြစ်ပါသည်
စစ်ဆေးနိုင်သည့်နည်းလမ်းများ
အစာအိမ်မှန်ပြောင်းကြည့်ရှုပြီး ပိုးမွေးခြင်း|အသားစ စစ်
ဆေးခြင်း |လေမှုတ်စစ်ဆေးခြင်း |ဝမ်း |ဆီး |တံတွေး ထဲတွင် အစာအိမ်ပိုးစစ်ခြင်းတို့ဖြစ်ပါသည်
ကျန်းမာလှပစေမဲ့ Svera Plus သဘာဝရှားစောင်းလက်ပတ်ဖျော်ရည်🌵🌵
#အစာအိမ်ရောဂါသမားများ
#ကင်ဆာနှင့် သွေးသွင်းနေရသူများ
#အရေပြားရောဂါ ဖြစ်နေသူများ
#အရိုးအဆစ် ရောဂါသမားများ
#အူလမ်းကြောင်း ရောဂါရှိသောသူများ
#ဆီးချို သွေးချို ဝေဒနာရှင်များ ၊
#ဦးနှောက်နှင့် ပတ်သက်သော ရောဂါရှင်များအတွက်
Side-effect လုံးဝမရှိသော FDAအသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ သဘာဝအားဖြည့်ဓာတ်စာ
သဘာဝ ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့်
၁. အစာအိမ်အူလမ်းကြောင်းထဲ အနာဖြစ်ခြင်းကို ပျောက်ကင်းသက်သာစေပြီး အစာအိမ်ရောဂါ မဖြစ်စေရန်လည်း ကာကွယ်ပေးသည်။🙋
၂. ကင်ဆာနှင့်ဗိုင်းရပ်စ် ဖြစ်ပေါ်ခြင်းများကို ကာကွယ်ပေးပါသည်။🙋
၃. သွေးဖြူဥ၏လုပ်ငန်းဆောင်တာများကို တွန်းအားပေးသည်။🙋
၄. အရိုးအဆစ်များကို သန်မာစေပြီး အူမကြီးနံရံများကိုသန့်ရှင်းစေသည်၊
အစာချေဖျက်အား ကောင်းစေသည်။🙋
၅. ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်သွေးလည်ပတ်အားကောင်းစေသည်။🙋
၆. အပူကြောင့်ဖြစ်သော အနာကွက်များကိုပျောက်ကင်းစေပြီး အရေပြားရောဂါများ ကိုအထူးကာကွယ်ကောင်းမွန်စေပါသည်။🙋
၇. ကောင်းစွာအိပ်ပျော်စေပြီး ခန္ဓာကိုယ်အား သက်တောင့်သက်သာ ဖြစ်စေသည်
ခန္ဓာကိုယ်၏ စနစ်များကို ကောင်းစွာလည်ပတ်စေသည်။🙋
၈. သွေးထဲမှ သကြားဓါတ်ကိုထိန်းညှိပေးပြီး ဆီးချိုဝေဒနာရှင်များအတွက် သင့်တော်သော ဖျော်ရည်ဓာတ်စာဖြစ်ပါသည်။🙋
၉. ဦးနှောက်ကို ထက်မြက်စေပြီး ဦးနှောက်နှင့်ပက်သက်သောရောဂါများကို ကာကွယ်ပေးသည်။🙋
၁၀. အသားအရေကိုစိုပြေလန်းဆန်းစေပြီး Collagen နှင့် Elastic များ ဖြစ်ပေါ်စေသောကြောင့် အသားအရေကို တင်းရင်းစေပြီး ဝင်းပမှုကိုပေးပါသည်။🙋
၁၁. ါဝင်တာကြောင့်မျက်စိနှင့်ပက်သက်သော ရောဂါများကို ကာကွယ်ပေးပီး မျက်လုံးမှုန်ခြင်းကိုကာကွယ်ပေးသည်။🍒🍒🍇
၁၂. မှတ်ဥာဏ်အားကောင်းစေသည်။
၁၃. ကြွက်သားများကိုသန်မာစေပြီး
သွေးအားကောင်းမွန်စေသည်။
၁၄. အနာများကိုလျင်မြန်စွာ ပျောက်ကင်းစေသည်။
Allergic ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။
Price -85000ks
☎09-756190004(Viber)
28/08/2024
ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်
(၁) ဆေ:လိပ် မသောက်ပါနဲ့။
ထမင်းစားပြီးနောက် စိဂရပ် ၁-လိပ်သောက်တာက သာမန်အချိန် စိဂရပ် ၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်.ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေ:သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။
(၂) သစ်သီးများ အလျင်စလို မစားပါနဲ့။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းက မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ အမှန်အားဖြင့် ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေပါတယ်။
ဒါကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်ပါတယ်။
(ကျန်းမာရေးအမြင်ရှိတဲ့ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွေမှာ သစ်သီးအစား၊ ဥပမာ ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်းတွေကို အချိုပွဲ အဖြစ်တည်ခင်းဧည့်ခံလာကြပါတယ်)
(၃) လ္ဘက်ရည် မသောက်ပါနဲ့။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိပြီး၊အဲ့ဒီအက်စစ်ဓာတ်တွေက ထမင်း၊ဟင်းထဲမှာ ပါရှိတဲ့ ပရိုတင်းတွေကို အနှောင့်အယှက်ပေးပြီး အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါတယ်။
(၄) ခါးပတ်ကြိုး မလျော့ပါနဲ့။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်းက အူသိမ် အူမ တို့ကို လိမ်ခေါက်ပြ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေပါတယ်။
(၅) ရေမချိုးပါနဲ့။
ထမင်းစားပြီးနောက် ရေချိုးခြင်းက လက်/ခြေထောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေ: လည်ပတ်စီးဆင်းမှုကို တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေ:လည်ပတ် စီးဆင်းမှုကို လျော့ကျစေတာကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါဘူး။
(၆) အမြန် လမ်းမလျှောက်ပါနှင့်။
ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ်စေတတ်ပါတယ်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်လို့တော့ မဆိုလိုပါဘူး) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။
(၇) မအိပ်ပါနဲ့။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းက အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေတဲ့ပြင်၊ အူ တွေ ကို ကူးစက်ရောဂါပိုး ၀င်စေပါတယ်။
(၈) အားကစား မလုပ်ပါနဲ့။
အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ထမင်းစားပြီးပြီးချင်း အကြောဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသ*က်ေ.သ ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
Myanmar
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင့်..
27/08/2024
⭕ အစာအိမ်နာ
⭕ အစာအိမ်အောင့်
⭕ အစာအိမ်အချဉ်ပေါက်
⭕ ရင်ပြည့်ရင်ကယ်
⭕ အစားစားချင်စိတ်မရှိ
⭕ အစာအိမ်ရောင်
🌐 အစရှိတဲ့ အစာအိမ်ရောဂါအမျိုးမျိုးအတွက်
🌐 ထူးခြားကောင်းမွန်တဲ့ ထိုင်းနိုင်ငံထုတ်
🌐 S Vera Plus ရှာစောင်းရည် အစာအိမ်ရောဂါပျောက်ဆေး
🇲🇲 မြန်မာနိုင်ငံမှာ တရားဝင်ဖြန့်ချီခွင့်ရ ထုတ်ကုန်ဖြစ်တာကြောင့် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်
🇲🇲 ငွေကြိုလွှဲစရာမလို
🏤 အိမ်အရောက်ငွေချေ
တစ်ဘူးကို = 85000 ကျပ်
ှားစောင်းဖျော်ရည်အစာအိမ်ဆေး
#မန္တလေးကုမ္မဏီတိုက်ရိုက်
☎09-756 190004
26/08/2024
ကျန်းမာရေးအတွက် ကောင်းတဲ့ရွှေငှက်ပျောသီး
✅ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
✅အင်အားပြည့်ဝစေတယ်
✅သွေးပေါင်ချိန် ထိန်းညှိပေးတယ်
✅ဆီးချို ထိန်းညှိပေးတယ်
✅အမြင်အာရုံ ကောင်းစေတယ်
✅ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်
✅ကိုယ်ခံအား ကောင်းစေတယ်
✅အစာခြေစနစ် ကျန်းမာစေတယ်
✅သွေးသန့်စေပါတယ်
✅ရွှေငှက်ပျောသီး က ကျန်းမာရေးအတွက် ကောင်းသလို လူတိုင်းနဲ့လည်း တည့်ပါတယ်။
⚠️ဒါပေမယ့် ဆီးချိုတက်နေတဲ့အချိန်ဆိုရင်တော့ မစားသင့်ပါဘူး။
⚠️ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း သတိပေးပါရစေ။
ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး
ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်
; မူရင်းေရးသားသူအား လေးစားလျက်
Crd
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
