Skin Care by Spring Mee

Skin Care by Spring Mee

Share

ok

Photos from L O N E L Y's post 25/12/2024
Photos from Chan's post 25/12/2024
20/08/2024

အားလုံးပဲမဂ်လာပါ🙏🙏🙏🍀
ဒီနေ့မှာတော့ အရင်ရက်က ဖော်ပြထားတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကုသရေး ဆောင်းပါးလေးကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဗိုင်းရပ်စ်ပိုးတစ်ကောင်က ပေါက်ဖွားလာတဲ့၊ ထောင်ပေါင်းများစွာသော ပိုးတွေဟာ၊ လူ့ခန္ဓာကိုယ်တွင်းက တခြားဆဲလ်တွေကို ကပ်ပါးအနေနဲ့ အတတ်နိုင်ဆုံး ဒုက္ခပေးသလို၊ ဗိုင်းရပ်စ်ပရိုတင်းအနေနဲ့လည်း ရောဂါပြီးအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာကို မြှင့်တင်ပြီး၊ ဗိုင်းရပ်စ်ပိုးပါရောဂါရပြီး၊ ဆဲလ်တွေကိုလည်း ဖျက်ဆီးပစ်ပါတော့တယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပိုးဟာရောဂါပြီးအဖွဲ့ရဲ့ အပြစ်ဒဏ်ခတ်ခြင်းက လွတ်မြောက်ရှင်သန်စေနိုင်ဖို့၊ လူ့ခန္ဓာဆဲလ်အတွင်း ခိုအောင်းပုန်းခိုဖို့ လိုအပ်လာပါတယ်။ ဒီအချိန်မှာပဲရောဂါပြီးအဖွဲ့ရဲ့ အလစ်မှာ ဝင်ရောက်တိုက်ခိုက်ပြီး ဦးနှောက်ထဲ ကျူးကျော်လာပါတော့တယ်။
ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဝေဒနာခံစားခဲ့ရတဲ့ တိရစ္ဆာန်တွေမှာ ဗိုင်းရပ်စ်ရောဂါပိုး အကြွင်းအကျန်တွေ ခိုအောင်းတဲ့ဒဏ်ကို ကာလအတန်ကြာ ခံစားနေရသေးတယ်လို့ဆိုပါတယ်။ တုပ်ကွေးဝေဒနာ ခံစားရတဲ့ ကြွက်ဖြူတွေဟာ ရက်သတ္တနှစ်ပတ်အတွင်း ကျန်းမာသလိုလိုရှိနေခဲ့ကြပေမယ့်၊ လက်တွေ့မှာတော့ ရောဂါပိုးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ၆ လလောက်အထိပုန်းခိုနေတာကို တွေ့ရှိခဲ့ပါတယ်။ ဆဲလ်တချို့မှာ ဗိုင်းရပ်စ်ပိုးလျှင်မြန်စွာ ပွားများပြီး၊ တချိုးဆဲလ်တွေမှာတော့ အလွန်နှေးကွေးတဲ့ နှုန်းနဲ့ပဲပွားများတယ်လို့ဆိုပါတယ်။ ဒီလိုအလျင်အမြန်ပြန့်ပွားတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ ဆဲလ်အမြှေးဟာ ကွာကျသွားပြီး၊ ဒီပိုးဝင်ရောက်ပုန်းအောင်းနေတဲ့ သက်ရှိဆဲလ်ကို သွေးဆဲလ်ဖြူတစ်မျိုး(Lymphocyte)က ရန်သူသဘောထားပြီး ဝါးမျိုဖျက်ဆီးပစ်လိုက်ပါတယ်။ ရောဂါကူးစက်မှု နှေးကွေးတာဟာလည်း ကူးစက်မြန်တာနဲ့မခြား အန္တရာယ်ပေးတတ် လှည့်စားတတ်ပါတယ်။
လူ့ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်တာနဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ ရောဂါလက္ခဏာပြလာတတ်ပါတယ်။ ချက်ချင်းလက်ငင်းပဲ ကိုယ်လက်မအီမသာဖြစ်လာပါမယ်။ နောက်ကျောတက်ပြီး၊ ခြေတွေလက်တွေလည်း ညောင်းညာကိုက်ခဲလာပါလိမ့်မယ်။ ချောင်းခြောက်ဆိုးပြီး ခံတွင်းလဲပျက်လာမယ်၊ ပျို့ပြီးတော့လည်း တစ်ခါတစ်ရံ အော့အန်လာလိမ့်ဦးမယ်၊ နှစ်ရက်သုံးရက်လောက် အဖျားတက်လိုက် ကျလိုက်ဖြစ်ပြီး ချမ်းနေတုန်နေတတ်ပါတယ်။ မျက်နှာတွေ၊ မျက်လုံးတွေ နီရဲနေသလို၊ လည်ချောင်းတွေလည်း ရောင်ရမ်းလာပါလိမ့်မယ်။ သွေးခုန်နှုန်းမြန်နေတတ်ပြီး နောက်ဆုံး လေးရက်ကြာတာနဲ့ ဝေဒနာတွေ တဖြည်းဖြည်း လျှော့ကျလာပါလိမ့်မယ်။ ဒါပေမယ့် လူကတော့ နုံးခွေယိုင်နဲ့ပြီး စိတ်ဓာတ်တွေ အကျကြီးကျနေပါလိမ့်မယ်။
လေးရက်ကျော်တဲ့အထိ အဖျားမကျဘဲ၊ ချောင်းတွေဆက်တိုက်ဆိုးနေဦးမယ် ဆိုရင်တော့ ဗက်တီးရီးယားပိုးတစ်မျိုးမျိုး ဝင်ရောက်နှောင့်ယှက်လာတာ ခံနေရပြီဆိုတာ သတိပြုသင့်ပါတယ်။ အများအားဖြင့် လေပြွန်ရောင်တာ၊ အဆုတ်ပွတာ၊ လေအိတ်ကလေးတွေရောင်ရမ်းတာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အသံအိုး၊ လေပြွန်နဲ့ အဆုတ်တို့ ပုပ်ပွရောင်ရမ်းတာမျိုးကတော့ ဖြစ်ခဲလှပါတယ်။ နဂိုက နှလုံးရောဂါအခံရှိသူဆိုရင် တုပ်ကွေးဗိုင်းရပ်စ်ကြောင့် အဆိပ်တက်တာ၊ နှလုံးကြွက်သားရောင်ရမ်းတာတွေ ဖြစ်တတ်ပြီး၊ ရုတ်တရက်ဆုံးပါးတတ်တဲ့အတွက် အထူးဂရုပြုဖို့လိုပါတယ်။ တကယ်လို့ဗိုင်းရပ်စ်ပိုးသာ ဦးနှောက်ထဲကို ရောက်ရှိသွားခဲ့ပြီဆိုရင် ဦးနှောက်အတွင်းသား ရောင်ရမ်းတာတွေဖြစ်တတ်သလို တုပ်ကွေးပျောက်ပြီးတဲ့နောက်ပိုင်းမှာလည်း ဗဟိုအာရုံကြောမြှေးတွေ ကွာကျတဲ့ရောဂါမျိုးကိုလည်း ရှားပါးစွာ တွေ့ရှိရတတ်ပါသေးတယ်။
ကာကွယ်ရေးအနေနဲ့ ဆောင်ရွက်သင့်တာတွေကတော့ နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူတွေကို ဆောင်းရာသီရောက်တိုင်း နှစ်စဉ် ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားကို စောစီးစွာ သိရှိခွင့်ရရှိခဲ့ရင်တော့ အဲဒီ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ထိုးပေးတာနဲ့ ၆၀ရာခိုင်နှုန်းကနေ ၇၀ရာခိုင်နှုန်းအထိ ရောဂါကာကွယ်မှု ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
ကုသမှုအပိုင်းမှာတော့ အိမ်တစ်အိမ်မှာ တုပ်ကွေးရောဂါဝေဒနာ ခံစားသူရှိနေပြီဆိုရင် သူ့ကိုသီးသန့်ခွဲထားပြီး ရောဂါမကူးစက်အောင် ကာကွယ်ပေးရပါလိမ့်မယ်။ အဖျားကျတဲ့အထိ အိပ်ရာထဲမှာပဲ သက်တောင့်သက်သာ နေစေရပါမယ်။ အဖျားကျဆေးတွေဖြစ်တဲ့ Buspro, Paracetamol နဲ့ စွပ်ပြုတ်ပူပူ-ဟင်းရည်ပူပူတွေကို သောက်ပေးဖို့လိုပါတယ်။ ချောင်းခြောက်ဆိုးတယ်ဆိုရင် ဖိုကိုဒိုင်းလို ဆေးမျိုးပေးဖို့ လိုအပ်သလို၊ အိပ်မပျော်ခဲ့ရင်လည်း ဒိုင်ယာဇီပင်၊ ဖီနိုဘာတီဇုန်း တစ်ခုခုကို တိုက်ကျွေးရပါမယ်။ လူ့သွေးဆဲလ်ဖြူပရိုတင်းတစိမျိုးဖြစ်တဲ့ Interferonဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရာမှာ တကယ်ထိရောက်တာ မှန်ပေမယ့်၊ သိပ်ပြီးများများစားစား မထုတ်လုပ်နိုင်သေးပါဘူး။ နားအလယ်ပိုင်းရောင်ရမ်းတာနဲ့ လေပြွန်ဆုတ်ရောင်ရမ်းတာမျိုး မရှိဘူးဆိုရင်တော့ ပဋိဇီဝဆေးမလိုပေမယ့် Staphylococcal Pneumshia ဝင်လာရင်တော့၊ သင့်လျော်တဲ့ ပဋိဇီဝဆေး လိုအပ်လာမှာ အမှန်ပါပဲ။

အားလုံးပဲ အထက်မှဖော်ပြခဲ့တဲ့ ဆရာအောင်ကောင်းရဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကုသရေးဆောင်းပါးလေးကို ဖတ်မှတ်ပြီး ကျန်းမာရေးအသိပညာ ဗဟုသုတ ရရှိမယ်လို့ Skin Care by Spring Mee မှမျှော်လင့်ပါတယ်။

11/08/2024

အားလုံးပဲမဂ်လာပါခင်ဗျာ။🙏🙏🙏
အခုကမိုးရာသီဆိုတော့ မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကွေးရောဂါအကြောင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။

မိုးကလေး အဆက်မပြတ်ရွာလာလိုက်တာနဲ့ ဆေးရုံဆေးခန်းတွေမှာ လူနာတွေ တန်းစီနေတော့တာပါပဲ။ ကျွန်တော်တို့ မြို့သစ်ကဆရာဝန် ဒေါက်တာ တင်မောင်ညွန့်ဆိုရင် လူနာတွေများလွန်းလို့ ညည်းယူရတဲ့အထိပါပဲ။ သူ့ခမျာ ညကိုးနာရီခွဲ၊ ဆယ်နာရီထိတောင် အနားမယူနိုင်ရှာသေးဘူးလေ။ အများဆုံးဖြစ်ကြတဲ့ ရောဂါကတော့ အမည်နဲ့လိုက်အောင် တကွေးထဲကွေးနေရတဲ့ တုပ်ကွေးရောဂါပါပဲ။
အမှန်တော့ တုပ်ကွေးရောဂါ (Influenza or Flu) ဆိုတာ မစ်ဇိုဗိုင်းရပ်စ် (Myxovirus) အုပ်စုဝင်၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့၊ အလွန်တရာ ကူးစက်ဖို့လွယ်ကူမြန်ဆန်တဲ့ အသက်ရှုလမ်းကြောင်းရောဂါလဲဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲ အေ၊ဘီ၊စီ ရယ်လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးသုံးစားထဲက ကနေ့အချိန်ထိ ဒုက္ခအပေးဆုံးကတော့ 'အေ' အမျိုးအစားဖြစ်ပြီး ၁၉၅၇-၅၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့၊ ကမ္ဘာ့တုပ်ကွေးကပ်ရောဂါက တရားခံဖြစ်နေပါတယ်။ တုပ်ကွေးရောဂါမဖြစ်ပွားဖူးတဲ့ နိုင်ငံဆိုလို့ လုံးဝမရှိသလောက်ပါပဲ။ နှစ်နှစ်တစ်ကြိမ်ဖြစ်ဖြစ် သုံးနှစ်တစ်ကြိမ်ဖြစ်ဖြစ် 'အေ' အမျိုးအစား၊ ဒါမှမဟုတ် 'ဘီ'အမျိုးအစားတုပ်ကွေးရောဂါက ဒုက္ခပေးတတ်စမြဲဖြစ်ပါတယ်။ တုပ်ကွေးရောဂါဟာ ကူးစက်ပြန့်ပွားလွယ်ပြီး အထူးသဖြင့် ကိုယ်ခံအားကျဆင်းတဲ့ ဆောင်းဥတုလိုရာသီမျိုးမှာ ပိုမိုအဖြစ်များတတ်ပါတယ်။
တုပ်ကွေးရောဂါဟာ နိုင်ငံတစ်နိုင်ငံလုံးမှာလိုလို ဖြစ်ပွားစေတတ်ပြီး အာရှ၊ ဥရောပအစရှိတဲ့ တိုက်ကြီးတွေမှာဆိုရင်လည်း တစ်တိုက်လုံးလိုလိုပါပဲ 'အေ'အမျိုးအစားကြောင့် နှစ်ပေါင်း ၃၀ အတွင်းမှာ တစ်ကြိမ်ကျ တုပ်ကွေးကပ်ရောဂါ ကျရောက်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ၁၉၅၇-၅၈မှာ တစ်ကြိမ်၊ ၁၉၁၇-၁၈မှာ တစ်ကြိမ်၊ ၁၈၈၉-၉၂မှာ တစ်ကြိမ် တုပ်ကွေးကပ်ဆိုက်ရောက်ခဲ့ဖူးပါတယ်။ 'ဘီ'အမျိုးအစားကြောင့် ရောဂါဖြစ်ပွားမှုဟာ အနည်းငယ်သာရှိပြီး၊ 'စီ' အမျိုးအစားကြောင့် ဖြစ်ပွားမှုနှုန်းဟာလည်း အင်မတန်ရှားပါးလွန်းတာ တွေ့ရပါတယ်။ အရင်က ဖြစ်ပွားလေ့ရှိတဲ့ တုပ်ကွေးအမျိုးအစား‌တွေနဲ့ သိသာခြားနားလှတဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးကွဲသစ်တွေလည်း ပေါ်ထွက်နေပါသေးတယ်။
ဒီလိုမျိုးကွဲသစ်တွေကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်း ကိုယ်ခံစွမ်းအားလည်း မရှိတာကြောင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာမှာထင်သလို ပျံ့နှံ့နေပါတော့တယ်။ ဒီရောဂါဟာ ရုတ်တရက်ဖြစ်ပေါ်လာတတ်ပြီး၊ ကူးစက်နှုန်းကလဲ အင်မတန်မြန်ဆန်လှပါတယ်။ တစ်ပတ်အတောအတွင်းမှာ မိသားစုတစ်ရပ်လုံး၊ ရပ်ကွက်တစ်ခုလုံး၊ ကျောင်းဆောင်တစ်ဆောင်လုံး ဖျားနာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေထဲမှာ တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးလောက် ကူးစက်မှုမြန်တာ မတွေ့သလောက်ရှားပါးလှပါတယ်။ ရောဂါတွေကလည်း ရောဂါပိုးမျိုးကွဲရင် ကွဲသလို ဝေဒနာခံစားရတဲ့ ကာလကလည်း တိုတောင်းတဲ့အတွက်၊ ထိရောက်တဲ့ ကာကွယ်ဆေးလဲ မထုတ်လုပ်နိုင်ခဲ့သေးပါဘူး။
"သဘာဝတရားသည် ဗဟိုအာရုံကြောအဖွဲ့ကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်သည်" ဆိုတဲ့ ဆေးပညာဆိုင်ရာ အဆိုအမိန့်ရှိခဲ့ဖူးပါတယ်။ ခန္ဓာကိုယ်အတွင်း တခြားအဂ်ါအစိတ်အပိုင်းတွေကို ဗိုင်းရပ်စ်ပိုးတွေက တိုက်ခိုက်နိုင်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ အဆင့်အမြင့်မားဆုံးဖြစ်တဲ့ ဦးနှောက်ကိုတော့ ဗိုင်းရပ်စ်ပိုးမရောက်နိုင်ဖူးလို့ ယူဆခဲ့ကြပါတယ်။ Blood-Brain barrier လို့ခေါ်တဲ့ သွေးဦးနှောက်ကြားခံဖြစ်တဲ့၊ ရောဂါပြီး ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်ပိုးတွေ၊ ဦးနှောက်ဆီကို မရောက်မီ လမ်းခုလပ်မှာပဲ တိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ဗဟိုအာရုံကြောအဖွဲ့ကို ထိခိုက်စေနိုင်ကြောင်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကြားဖူးခဲ့ကြပေမယ့် ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိခဲ့ပါဘူး။တိရစ္ဆာန်များ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေချိန်မှာ ဗိုင်းရပ်စ်ပိုးတွေအနေနဲ့ ဗဟိုအာရုံကြောအဖွဲ့ဆီကို ဝင်ရောက်နိုင်တယ်ဆိုတာ လက်တွေ့စမ်းသပ်မှုအရ တွေ့ရှိခဲ့ရပါတယ်။တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ လုပ်ဆောင်မှုနှစ်ရပ်ကို ထမ်းဆောင်နိုင်တယ်လို့လဲ ယူဆခဲ့ကြပါတယ်။ ဒီယူဆချက်အရ ဗိုင်းရပ်စ်ပိုးရဲ့ လူ့ခန္ဓာကိုယ်ဟာ ခွဲခြားလို့ ကုတဲ့အဖွဲ့အစည်းတစ်ခုလို့ ဆိုပါတယ်။ လူ့ခန္ဓာကိုယ်သာမရှိရင် ဗိုင်းရပ်စ်ပိုးဟာ ရွေ့လျားကြီးထွားမှုမရှိနိုင်သလို အသက်ရှင်သန်မှုလည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် လူ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တစ်ခုအတွင်းကို ဗိုင်းရပ်စ်ပိုးဝင်လာတာနဲ့ အသက်ရှင်လှုပ်ရှားလာပြီး သူ့ရဲ့ဆဲလ်အမြှေးပါးတွေ ကွာကျကုန်ပါတယ်။ သက်ရှိဆဲလ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုသာမကတော့ပဲ ဗီဇပုံစံကိုပါ ပြောင်းလဲပေးပါတော့တယ်။
ဒီအခါ လူ့ခန္ဓာကိုယ်သက်ရှိဆဲလ်တွေအတွက် အသက်လောက်အရေးကြီးတဲ့ မော်လီကျူးများမဖြစ်တော့ဘဲ မျိုးခြားနဲ့ ဗိုင်းရပ်စ်ပရိုတင်းတွေ ပေါ်ထွက်လာပြီး ဗိုင်းရပ်စ်ပိုးကိုပါ ဒုက္ခပေးလာပါတယ်။ ဗက်တီးရီးယားပိုးတွေဟာလည်း အရင်က အန္တရာယ်မပေးပေမယ့် ဒီလိုအချိန်မျိုးကြမှ ထကြွသောင်းကျန်းလာတတ်ပါတယ်။

***ဒီဆောင်းပါးလေးကတော့ ဆရာအောင်ကောင်းရဲ့ နုပျိုမှု အလှဗေဒနှင့် သက်ရှည်ကျန်းမာစွာနေနိုင်ရေးဆိုတဲ့စာအုပ်မှ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကုသရေးစာစုလေးဖြစ်ပါတယ်။ အပိုင်းတစ်အနေနဲ့ ဖော်ပြခဲ့ပြီး နောက်ရက်တွေမှာ အပိုင်းနှစ်အနေဖြင့် Skin Care by Spring Mee မှဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။

Photos from Nine Nine Sanay 's post 19/07/2024
19/07/2024

🙏🙏🙏

17/06/2024

Happy Eid 🥰

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mingalar Street , Bet. 74Rd. & 78Rd. , Pyi Gyi Tagon Tsp.
Mandalay