4k Plus Skincare Mandalay

4k Plus Skincare Mandalay

Share

Skincare

24/01/2025

Page လေးကို ပုံမှန်လေး ပြန်Run ပေးပါတော့မယ်နော် ချစ်တို့ရေ ❤️

ဒီpage လေးမှာ 4K Plus ပစ္စည်းလေးတွေ ပြန်လည်ရောင်းချပေးပြီး အရင်လို ကံစမ်းမဲ အစီအစဉ်လေးတွေ ပြန်လာပါတော့မယ်နော် 🤭

နွေရာသီ ရောက်ခါနီးပီဆိုတော့ ပုံမှန်လေး skincare ကြပါ နောက်ပီး မင်မင်တို့စီက 4k Plus ကို အားပေးကြပါ 🙄

18/09/2023

Night creamလေးတွေ ပြန်ရောက်ထဲက အားပေးနေကြတာ postကို မတင်လိုက်ရဘူး 🤭

Night Cream 3ဘူး ကျန်သေးတယ် နော်

ဒီတခေါက်ရောက်တာ 3ဘူးဘဲကျန်တော့လို့ လိုချင်သေးတဲ့ ကာကာလေးတို့ မြန် မြန်လာမှာလိုက်တော့နော် ❤️

04/09/2023

4k Day Cream 3ဘူးရပါအုန်းမယ်
ကျန်တဲ့ပစည်းလေးတွေကတော့ စောင့်ပေးပါအုန်းနော်
မင်မင်တို့လဲ ပစည်းမှာထားပါတယ်
09 974932370
helloလုပ်လိုက်ပါနော်
နယ်မြို့အစုံ.ကားဂိတ်ထိ ပို့ပေးပါတယ်

Hello 4k Plus Skincare Mandalay Page မှ မင်မင်ရဲ့ချစ်စရာ ကာကာလေးတို့ရေ 👑

🌸ဈေးနည်း ဈေးများတဲ့ ပြသနာကနေ အတုအစစ်တွေ ရှိလား မင်မင်ဆိုပြီး လာမေးကြတဲ့ကာကာလေးတွေအတွက်ပါနော်😁

🌸မင်မင်တို့ Night Cream တစ်ဘူး နဲ့ဘဲယှဥ်ပြီး ရှင်းပြပေးမယ်နော်

🌸မင်မင်တို့ Night Cream တစ်ဘူးကို 18,000 နဲ့ဘဲရောင်းတာပါ

🌸ဒါမဲ့ တချို့ acc လေးတွေ Page လေးတွေက 12,000 / 13,000 နဲ့ရောင်းတာတွေအများကြီးတွေ့ဖူးပါတယ်

ဆိုတော့ ခုအတုအစစ်ဆိုတာထက် မြင်လွယ် ပုံဖော်လွယ်မဲ့နည်းနဲ့ဘဲ ပြောပြလိုက်တော့မယ် 😁

- မင်မင်တို့က ထိုင်းနိုင်ငံအတွင်းထဲထိ ကိုယ်တိုင်သွားရောက်ဝယ်ယူပါတယ် ကိုယ်တိုင်လဲ စွဲသုံးပါတယ် ဘူးတွေက ၁၀ဘူးအထက်တောင်ရှိလောက်ပါပြီ 😍

- ဈေးနည်းနေတဲ့ acc လေးတွေ ကိုမေးကြည့်ရင်များသောအားဖြင့် အထည်ဝယ်သလို Thai application ရှိပါတယ်အဲ့ကနေ မှာယူဝယ်ရောင်းကြတာပါ ( မေးကြည့် လို့သိတာပါ)

- အထည်တွေမှာတောင် ပုံစံတူ Design တူ ဈေးနှုန်းကွာတာ Quality ကွာတာတွေအများကြီး ရှိသလို ခု cosmetic တွေလဲ ဒီလိုပါဘဲ

ဆိုတော့ မင်မင် ဘာကိုဆိုလိုသလဲ သိကြမယ်ထင်ပါတယ် သူရောင်းတာ ကောင်းတယ် မကောင်းဘူး မပြောပါဘူး သေချာစမ်းစစ် စုံစမ်းပြီးမှ ဝယ်သုံးကြပါလို့ဘဲ အသိပေးလိုပါတယ်❤

မင်မင် အမြဲသတိပေး အမြဲရေးသားနေ တဲ့အတိုင်းဘဲ အသားတံဆိပ် logo / ရောင်ပြန်စတစ်ကာ သေချာကြည့်ပြီးဝယ်ယူပါ ရှင်

ပုံစံတူသလိုလို နဲ့ကွဲတာတွေအများကြီး တွေ့ဖူးပါတယ် ☺

နောက် live တွေလွှင့်ရင် ထပ်ပြီးပြောပြပါအုံးမယ်ရှင့်🌸

Photos from 4k Plus Skincare Mandalay's post 15/03/2022

အရမ်းမေးကြတဲ့ Soap Soap

4k Plus 5X Soap 😁😁😁😁

လောလောဆယ်တော့ ပစ္စည်းပျက်နေသေးတယ်နော်

ထပ်မှာဖို့က ဈေးတွေအရမ်းတက်နေလို့ အရမ်းကြီးများနေလို့ ကျတဲ့အချိန်ထိုင်စောင့်နေတာပါ🤧🤧

ရရင်တော့ မြန်မြန်ဝုန်းထားကြပါ

မင်မင်ပြန်ရရင်ပြန်တင်ပေးပါ့မယ်နော်😙

Photos from 4k Plus Skincare Mandalay's post 14/03/2022

4K Plus Scream-Foundation ကိုသုံးပြီးတဲ့နောက် တခြား Foundation ကိုမသုံးချင်တော့စရာကောင်းတဲ့ အချက် ၁ ချက် ကို ပြပါဆိုရင်........

မင်မင်ပြမဲ့ အချက်က ပုံထဲ ကြည့် 🙄

တနေကုန်အလုပ်လုပ် ချွေးတွေရွှဲနေအောင်ထွက်ပစ္စည်း ဖာတွေ ချ ဘာညာလုပ်တာတောင်

ခုအလုပ်က ပြန်လာတဲ့ Look ကိုကြည့် 👀

အဆီပြန်တယ်ဆိုတာ ဘာလဲမေးရလောက်အောင်ထိ ရှယ်အဆီထိန်းတယ် 😝

ကြာလေ ကြာလေ ပြောင်ဝင်းနေလေဘဲ 🤗

အမှုန့်ပုတ်မထားဘူးနော်😁

သူတမျိုးဘဲလိမ်း နှုတ်ခမ်းနီဆိုးထားတာ😍

ရုပ်ကလေးတော့ သည်းခံကြည့်ပေးကြနော်🤗မှန်ကြည့်လိုက်တိုင်း ကျေနပ်နေရောဘဲ😜

Reviews တွေတအားပေးနေလို့ မယုံဘူး ဝယ်သုံးချင်တယ်ဆို page cb လာမှာနော်😝

#အဆီပြန်သူဝက်ခြံထွက်တဲ့သူပိုပြီးအသုံးတည့်ပါတယ်😁

12/03/2022

ခေါင်းအရမ်းကိုက်နေတဲ့အချိန်
ဒါမှမဟုတ် အရမ်းဖျားနာနေတဲ့အချိန်
အဖြစ်ချင်ဆုံးက ဘာလဲ ...
သေချာသလောက်ကတော့
- မာလာရှမ်းကောစားချင်တာလဲမဟုတ်
- ရုပ်ရှင်ကြည့်ချင်တာလဲမဟုတ်
- သီချင်းနားထောင်ချင်တာလဲမဟုတ်

ဖြစ်နေတဲ့ရောဂါပျောက်ချင်တာပဲ
ဟုတ်တယ်မှတ်လား ...
ဒါပေမဲ့ဒီလိုတွေးကြည့်
တကယ်လို့ အဲ့အချိန်မှာ
ဒီဝေဒနာ တွေအကုန်ပျောက်အောင်
သိန်း ၁၀၀ ပေး ချက်ခြင်းပျောက်မယ်ဆိုရင်
လက်ထဲ သိန်း ၁၀၀ ရှိရင်တောင်
ပေးဖြစ်မှာမဟုတ်ဘူး ဘာလို့ဆို
ခေါင်းကိုက်တာဖြစ်လှ ၆ နာရီ
ဖျား တာမှ အလွန်ဆုံး ၃ ရက် ၅ ရက် ပေါ့
ဟုတ်လား ...
ဆိုတော့ အခုလဲအဲ့လိုပဲ
ပြဿနာတွေ တိုင်ပတ်နေတာတွေ
ခက်ခဲနေတာတွေကို ကျော်ချင်တယ်ဆိုပြီး
ထိုင်ညည်းနေတာထက်
အနာဂတ်မှာ သိန်း ၁၀၀ လောက်ရှာနိုင်ဖို့
သိန်း ၁၀၀၀ လောက်ရှာနိုင်ဖို့
ပြင်ဆင်နေတာပိုကောင်းမယ်။
ဘာလို့ဆို အခုအခက်အခဲက ၃ နှစ်
အလွန်ဆုံး ​၅နှစ်ပေါ့။ ကိုယ့်လုပ်စရာရှိတာတွေ
ကိုယ်လုပ်နေမယ်ဆိုရင်။
ဆိုတာ လက်ရှိအနေအထားဟာ
ဖျားနေသလို ခေါင်း ကိုက်နေသလို
ယာယီဆိုတာ သိရမယ် ...
(အခုဒီစာရေးတဲ့အချိန်မီးပျက်နေတယ််)
ယာယီပြဿနာကြောင့် ရေရှည်မှာဖြစ်လာမဲ့
ရလဒ်တွေကို မစွန့်လွှတ်လိုက်စေချင်ဘူး
ဖတ်ဖူးတာရှိတယ်
ကံဆိုတာ ပြင်ဆင် ကြိုးစားမှုနဲ့ အခွင့်အရေးနဲ့
တိုက်ဆိုင်သွားတာတဲ့
အခွင့်အရေးကြီးငုတ်တုတ် ရှိနေရင်တောင်
ပြင်ဆင်ကြိုးစားမှုမရှိရင် ကံလဲမကယ်နိုင်ဘူး ..

Crd

Photos from 4k Plus Skincare Mandalay's post 09/03/2022

မင်မင်က Night Cream တွေအကြောင်းဘဲ ဖိတင်နေလို့

Serum အကြောင်းသိချင်သူလေးတွေ

Suncream Foundation အကြောင်းသိချင်သူလေးတွေအတွက်

မင်မင် နောပ်ရက်တွေ ဆက်တိုက် အသေးစိတ်လေးတွေ တင်ပေးပါ့မယ်နော် 😗

09/03/2022

ကိုယ်ဆို နေ့ခင်း ခဏတဖြုတ်တောင် လှဲဖို့အချိန်မရတော့ဘူး

မီးလာတာနဲ့ ရေတင် ရေချိုး အဝတ်လျော်နဲ့ 😆

06/03/2022

ပုံမှန်ကော Skincare ကြရဲ့လား အသဲတော်တို့ 😏

နေ့တိုင်း မပျင်းဘဲ Skincare မှ မင်မင်လို ဘယ်ချိန်ပုံရိုက်ရိုက် အသားလေးက ညက်ညက်လေး ဖစ်နေမှာနော် 🙈

လှချင်ရင် မပျင်းရဘူးနော် အသဲတုံးတို့❤

06/03/2022

စကင် ကဲမလား

အဲ့လို ဗိုက်ချွဲ ကြီးယူမလား ပြောပြော😏

03/03/2022

တင်းတိပ်လို့ဆိုလိုက်တာနဲ့ အသက်အရွယ်မရွေး ဒုက္ခပေးတတ်တဲ့ မျက်နှာပေါ်က အညိုရောင်အကွက်တွေကို ပြေးမြင်မိကြပါလိမ့်မယ်။ တင်းတိပ်တွေက အန္တရာယ်တော့ မရှိပေမယ့် မျက်နှာပေါ် က ညိုညစ်ညစ်အကွက်ကြီးတွေကိုတော့ ဘယ်သူက လိုချင်ပါ့မလဲနော်

တင်းတိပ်ဟာ အသက် (40) ကျော်တွေမှာ တွေ့ရတာ များတယ်ဆိုပေမယ့် ငယ်ရွယ်သူတွေ နဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း တွေ့ရလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တင်းတိပ်တွေဟာ မျက်နှာ၊ ပုခုံး၊ လက်မောင်း နဲ့ ကျောကုန်းတွေမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်

ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပေါ်တတ်တဲ့ တင်းတိပ်တွေကိုတော့ ကိုယ်ဝန်ဆောင်မျက်နှာဖုံး လို့ ခေါ်တတ်ကြပြီး ကလေးမွေးပြီးတာနဲ့ ပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ တင်းတိပ်ဟာ ပျောက်ကင်းဖို့ အချိန်ကြာတတ်တာမို့ မဖြစ်ခင် တတ်နိုင်သလောက် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပေါ့နော်

တင်းတိပ်တွေ ဖြစ်ပေါ်ရခြင်းအကြောင်းရင်းတွေထဲမှာ နေရောင်ခြည် နဲ့ အလွန်အမင်း ထိတွေ့တာက အဓိက အကြောင်းအရာဖြစ်တဲ့အတွက်

- အမြင့်ဆုံးအပူချိန်တွေဖြစ်တဲ့ မနက် (11) နာရီလောက်ကနေ နေ့လည် (2) နာရီလောက်အတွင်းမှာ တတ်နိုင်သလောက် အပြင်မထွက်ပဲနေတာ

- အပြင်ထွက်တဲ့အခါမှာလည်း နေရောင်ကို ကာကွယ်ပေးနိုင်တဲ့ အနည်းဆုံး SPF 30 ပါဝင်တဲ့ Sun Cream လေး လိမ်းပြီးမှသာအပြင်ထွက်တာ...

- မျက်နှာကို နေရောင်တိုက်ရိုက်မထိစေရအောင် ဦးထုပ်၊ ထီး စတာတွေကို အသုံးပြုတာ....

- ရေများများသောက်တာ...

- မျက်နှာကို ရေဓါတ်ပြည့်ဝစွာရရှိအောင် Aloe Vera / Cucumber စတဲ့ သဘာဝပစ္စည်း အများစု ပါဝင်တဲ့ Mask လေးကပ်ပေးတာ...

- အသီးအနှံ များများ စားသုံးပေးတာ

စတဲ့အချက်လေးတွေကို သေချာလိုက်နာပေးပြီး ဆောင်သင့်တာလေးတွေဆောင်/ ရှောင်သင့်တာလေးတွေ ရှောင်ကျဉ်ရင်း တင်းတိပ်တွေ ဖြစ်မလာခင် ကြိုတင်ကာကွယ်လိုက်ကြရအောင်နော်

03/03/2022

အချိန်တိုင်းပြတ်နေတဲ့မီးရယ်

ခဏတိုင်း ဘမ်းနေတဲ့ ဇူဇူရယ်

ဒါတောင် Live လွှင့်ပြီး ပစ္စည်းတွေအကြောင်းပြောပြချင်သေးတာ😷🤧

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay