A Hundred

A Hundred

Share

About Health

15/03/2020

ညအိပ်ရာဝင် ခြေဆေးခြင်းအကျိုး
═══════════════════════
ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်ဟု ရှေးလူကြီးများပြောကြသည်။

တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာသော
အပူအခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့ တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောင်ကတမ်းပြောခြင်းများသည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။

မိတ်ဆွေတစ်ဦး၏ သားငယ်သည် ညအိပ်လျှင် ကယောင်ကတမ်းစကားများ ပြောလေ့ရှိသဖြင့် ကလေးကို ညအိပ်ရာမဝင်မီ ဒူးအောက်ပိုင်းရေလောင်းခြေဆေးပြီး အိပ်ရာဝင်စေသောအခါ
ကယောင် ကတမ်းပြောခြင်းမှ သက်သာလာသည်ကိုတွေ့ရသည်။

ကလေးများသည် နေပူထဲတွင် တစ်နေကုန် ဆော့ခြင်း၊ရေခဲရေ၊ ရေခဲမုန့်များ
စားသောက်ခြင်းကြောင့် ကိုယ်တွင်းအပူ အလွန်များသည်။ ထို့ကြောင့်ပင် ကလေးများဖျားနာလျှင် လူကြီးများထက်
ကိုယ်အပူချိန်များသည်ကို တွေ့ရသည်။

ကိုယ်တွင်းအောင်းသော အပူများသည်.နေ့တွင် ခြေဖဝါးမှထွက်လေ့ရှိသည်။ ခြေသလုံးတွင် ချွေးစို့နေ ပြီး ခြေဖဝါးမှ ထိုက်သင့်သော ခြေဆီထွက်လျှင် ကျန်းမာသောသူဖြစ်သည်။ ခြေသလုံးမှ ချွေးမထွက်၊
ခြေဖဝါးတွင် ခြေဆီမထွက်၊ ဖနောင့်ဖဝါးများတွင် အက်ကွဲခြင်းများတွေ့ရလျှင် အောက်ပိုင်းအခိုးမညီသူဖြစ်သည်။
အထက်သို့အပူကန်ခြင်းများသောကြောင့် မျက်စိမှုန်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်း၊ ဆံပင် ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ အသက်ငယ်ငယ်နှင့်ပင် ဖြစ်နိုင်ချေရှိသည်။ ဝမ်းချုပ်ဓာတ်ချုပ်လျှင် ပို၍ပင် ဆိုးနိုင်ပေသည်။

ဆီးချို၊ သွေးချိုရောဂါရှိသူများသည် ညအိပ်ပျော်သွားပြီးတစ်ရေးနိုးတွင် အာခေါင်ခြောက်ပြီး ရေငတ်လေ့ရှိသည်။ အစာအိမ်မှ အပူငွေ့ပျံပြီး အာခေါင်မှသွားဖုံး၊ အထက်မျက်စိထိအောင် အပူငွေ့တက်သဖြင့် ဆီးချိုသမားများ မျက်စိကွယ်သည်အထိ ဖြစ်ရလေသည်။ ဆီးချိုသွေးချိုရောဂါကို ကုသသည်က တစ်ဖက်၊ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးပညာ ဥပဒေသ ကုထုံးများနှင့်အညီ ပြုသင့်သည်။

ထိုသို့ပြုရန်နည်းလမ်းမှာ ညအိပ်ရာမဝင်မီ ခြေဖဝါးတွင် ဆားပွတ်ခြင်း၊ ဒူးမှအောက်ပိုင်းသို့၊ ရေလောင်းရေဆေးခြင်း ပြုရမည်။ ရေလောင်းသည့်အခါတွင်လည်း အတော်မသင့်မဟုတ်ဘဲ ခုနှစ်ခွက်မှ ၁၀ ခွက် အထိ အခိုးအကင်းများ ကုန်စင်အောင် လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
ခြေထောက်ရေဆေးခြင်းကြောင့် ညတစ်ရေးနိုးချိန် အာခြောက်ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည်လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုရန်လိုပါသည်။

သိမ်ဖြူဆရာတော် အရှင်နာဂသေနာဘိဝံသ၏ အာယုဗေဒဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာစာအုပ်တွင် ဖော်ပြထားသော ကျန်းမာသောရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်းခြေကို စတင်လောင်း၍ ဒူး၊ ပေါင်စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီး တစ်ကိုယ်လုံးချိုးပါ။
ရေချိုးစဉ်ပထမတွင် ကိုယ်စိုရုံမျှ ရေလောင်း၍ အတွင်းခိုးများထွက်လာစေရန်၊ ထွက်ခွင့်ရသည့်အခိုးများ ထွက်ခွင့်ရစေရန် အတန်ငယ်ရပ်နားပြီးနောက် လိုသလိုချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ရောဂါရှိသူများ ခေါင်းကို လောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာ ရေကို ပါးစပ်အတွင်းငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ်တွင်းရှိ အပူအပုပ်ခိုးများရန်မှ ကာကွယ်ပြီး ဖြစ်ကုန်၏။ ယင်းသို့ပြုလုပ်ပေးရန် သွားနှင့်ဆိုင်သောရောဂါများ ကင်းရှင်းနိုင်၏။
မျက်စိဆရာဝန်ကြီးများဆေးခန်းတွင် မျက်စိတိမ်ခွဲ၍ ခွဲစိတ်ကုသရသူ၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာဖြစ်ရသူများ၏ ခြေထောက်များကို ကြည့်သောအခါ ချွေးခြောက်ပြီး ခြေသလုံးအသားပပ်ကာ ခြေဖဝါး၊ ခြေဖနောင့် ကွဲအက်သူများဖြစ်ကြောင်း သိရသည်။

ဝမ်းချုပ်ခြင်းကြောင့်လည်း အောက်ပိုင်းခြေနှစ်ဖက်ကိုက်ပြီး အထက်သို့ အခိုးပြန်ပြီး အကြောတက်သည်။ ဝမ်းကြော၏အဆုံးသည် အူမကြီးတွင်ဆုံးသည်။ အူမကြီးအစာဟောင်းအိမ်တွင် ဝမ်းပုပ်နှင့် စမျင်းများ ပိတ်မိသောအခါ ခြေတစ်လျှောက်သွားသော ပေါင်ခြံအတွင်းမှ သွေးကြောမကြီးတွင် လေပိတ်ပြီး အောက်ပိုင်းခြေသလုံးနှင့် ခြေဖျားသို့ သွေးလျှောက်အားနည်းသွားသည်။ ထိုအခါ ခြေနှစ်ဖက်လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်းများဖြစ်နိုင်သည်။ ထိုသူများသည် ညအိပ်ရာဝင်ချိန်မတိုင်မီ ခေါက်တုံ့
ခေါက်ပြန် ခြေလှမ်းတစ်ရာခန့်
လမ်းလျှောက်ပေးခြင်း၊ပြီးလျှင် ခါးအောက်ပိုင်းခြေထောက်ကို ရေဆေး
ခြင်းပြုလုပ်လျှင် သက်သာစေနိုင်သည်။ “ဒူလာပါဒရက် ခြေက,တက်” ဟု ရှေးကလူကြီးမျာပြောသည့် အညောင်းအကိုက်ရောဂါကို ခြေဆေးခြင်းဖြင့် မှန်မှန်ကန်ကန်ပြုလုပ်လျှင် သက်သာစေနိုင်ပါသည်။

ညအိပ်ရာဝင်ခြေဆေးခြင်းနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

၁။ တစ်နေကုန်အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။
၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာစေသည်။
၃။ ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။
၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။
၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။
၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။
၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။
၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။
၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။
၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။
၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။
၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။
ကြွက်တက်ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။ ခြေဆေးလျှင် လုံချည်၊ ထဘီကို ပေါင်လယ်ထိအောင် မ,တင်ပြီး ရေအေးဖြင့် ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန်ပြုလုပ်မှသာ အကျိုးရှိမည့်နည်းဖြစ်ပါသည်။
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

05/03/2020

🍏 ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက်
ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင် 🍏
💎💎💎💎

🔥ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။

🔥ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။

🔥ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။

🔥အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။

🔥ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။

🔥သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။

🔥ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။

🔥ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။

🔥ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။

🔥တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။
🚲🚲🚲🚲🚲🚲

🍷သွားနှင့်ခံတွင်း
👉 ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။

👉 သွားဖုံး သွေးယိုတာလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့ ပျောက်ကင်းအောင် ကူညီပေးပါတယ်။
🚲🚲🚲🚲🚲🚲

🍷ကိုယ်ခံအားစနစ် နှင့် ကင်ဆာ
👉 ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

👉 အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက်အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။
🚲🚲🚲🚲🚲🚲

🍷ဆံပင်နှင့် ဦးရေပြား ဗောက်ထခြင်း
👉 အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေးပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော်ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။
🚲🚲🚲🚲

🍷မျက်လုံးနှင့် ပါးစပ်နာ
ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲

🍷ဓမ္မတာသွေးလွန်ခြင်း
ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲

🍷ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီအဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများပါတယ်။ ကျောက်ကပ် ကျောက်တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက်ကင်းစေပါတယ်။
🚲🚲🚲🚲🚲🚲

🍷ဆီးချိုရောဂါ
ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူသီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက်သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။
🚲🚲🚲🚲🚲🚲

🍷ဝမ်းပျက်ဝမ်းလျှောရောဂါ
ပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီး အရည်ကို သကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲

🍷အစာအိမ်
ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲

🍷အထွေထွေ
♣ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်၊
♣မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
♣သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
♣သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
♣ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြာက်ဆိုးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
♠အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
♠နှာခေါင်းသွေးယိုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက်သာစေပါတယ်။
🚲🚲🚲🚲🚲🚲

👌 ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။

❤🇲🇲❤Thank You All ❤🇲🇲❤

04/03/2020

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုး(၄၀)(ရှယ်ထားနော်)

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုး(၄၀)(ရှယ်ထားနော်)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။

ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက် ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။

မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။

မြေသြဇာ အထူးမလိုအပ်လှ ပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။

နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့လိုအပ်လှပေသည်။

အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။

အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။

အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။

အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။

တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။

အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍

ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊

လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။

လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။

ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။

ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေ ပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဏ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

🇲🇲🇲🇲🇲🇲☺👍😽😐🌷🌴🌼🌱®🔍🚩🏠🇲🇲🇲🇲🇲🇲 ❤❤❤

အားလုံးအဆင်ပြေကြပြီး ဗဟုသုတ
ကြွယ်ဝပါစေ။

🇲🇲♡ ThankYou:-) ♡ 🇲🇲

👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍:-😁

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00