Angle’s Collagen

Angle’s Collagen

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angle’s Collagen, Health/Beauty, 16st 88st×89st, Mandalay.

17/01/2023

☘️☘️မင်မင်ရဲ့ တန်ဖိုးရှိလှတဲ့မနက်ခင်း

☘️☘️တနေ့တာရဲ့အစက မနက်ခင်းပဲဖြစ်လို့
တနေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ မနက်ခင်းလေးမှာ လန်းဆန်းတက်ကြွစွာ အားအပြည့်နဲ့ နိုးထကြမယ်ရှင့်

☘️☘️လှပတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ😘



#မြို့ပေါင်း၁၉၀အိမ်ရောက်ငွေချေစနစ်

08/01/2023

Good morning Angle
မနက်ဖြန်အတွက် အကောင်းဆုံး ပြင်ဆင်ခြင်းဆိုတာ
ဒီနေ့အလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဖို့ပဲ💪💪

Photos from Angle’s Collagen's post 05/01/2023

ကိုယ့်မျက်နှာမှာ ပေါက်နေတဲ့ဝက်ခြံက ဘာကြောင့်ပေါက်နေလဲဆိုတာ သိထားသင့်တဲ့ ဝက်ခြံအကြောင်း

ဝက်ခြံ ဖြစ်ပေါ်လာရတဲ့ ဇစ်မြစ်များ

1.နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့ခြင်း
2.ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့်ဖြစ်ခြင်း
3.ဆေးလိပ်သောက်ခြင်း
4.အရေပြားမူမမှန်ခြင်း
5.စိတ်ဖိစီးမှုများခြင်း
6.အဆီပြန်ပြီး ချွေးပေါက်ကျယ်ခြင်း
7.make-up ပစ္စည်းများသန့်စင်မှုမရှိဘဲ ထပ်တလဲလဲ အသုံးပြုခြင်းကြောင့်ဝက်ခြံဖြစ်ပေါ်တတ်ပါသည်

ဝက်ခြံ ပေါက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ

1.သနပ်ခါးမလိမ်းရ/ဝက်ခြံပေါ် ထုံးမလိမ်းရ🙅🙅
2.သံပုရာသီးမလိမ်းရ/ဆရာခိုမလိမ်းရ🙅
3.vasline gel /whitening cream မလိမ်းရ
4.သွားတိုက်ဆေး/ကိုယ်တိုက်ဆပ်ပြာ မသုံးရ
5.alcohol /baking soda မသုံးရ
6.ဝက်ခြံပေါက်နေတဲ့အချိန်အတွင်း scrubမတိုက်ရ

ဝက်ခြံ မဖြစ်အောင် ကာကွယ်နည်း
1.အိပ်ရေးဝဝအိပ်ပါ
2.ရေများများသောက်ပါ
3.အပူအစပ် လျှော့စားပါ
4.suncreen အမြဲလိမ်းပါ
5.ရေခဲတုံးနဲ့ မကြာမကြာ ပွတ်တိုက်ပေးပါ
6.မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာ သစ်ပေးပါ
7.အလှပြင် ပစ္စည်းတွေကို တစ်ပတ်တစ်ခါ ဆေးကြောပေးပါ

ဝက်ခြံဖြစ်တာဟာ ခန္ဓာကိုယ် အားနည်းတာနဲ့ အများကြီးဆိုင်ပါတယ်နော်
အဓိက ကတော့ ရေးများများသောက်ပေးပါ အိပ်ရေးဝဝအိပ်ပါ

#ဝက်ခြံသမားများအတွက်

19/12/2022

အရွယ်တင်နုပျိုစေဖို့ ဒီ(၅) ချက်ကို ရှောင်ပါ‼️‼️

(၁) ဆေးလိပ်သောက်ခြင်း‼️‼️

ဆေးလိပ်သောက် တာက အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် ကို မြန်ဆန်စေပါတယ်။ ငယ်တုန်းမှာ သိပ်မသိသာဘူးဆိုပေမယ့် အရွယ်ရောက် လာတဲ့အခါ ရွယ်တူတွေနဲ့ယှဉ်ရင် သိသာ လာမှာပါ။ ဆေးလိပ်သောက်တဲ့ပမာဏ များလေ၊ အချိန်အတိုင်းအတာကြာကြာ သောက်လေ အရေပြားမှာ အရေးကြောင်း တွေပိုများလေလေဖြစ်မှာပါ။ ဆေးလိပ် သောက်တာက မျက်နှာပြင်အရေးကြောင်း ဖြစ်စေမှုပေါ် အသိသာဆုံးအချက်ဖြစ်ပါ တယ်။

(၂) အရက်သောက်ခြင်း‼️‼️

လူလတ်ပိုင်းအရွယ်တွေမှာ အရက် သေစာနဲ့မကင်းတဲ့သူများပါတယ်။ ဒါပေ မဲ့ အရက်ဆိုတာ ကျန်းမာရေးအရ အ သည်း၊ ကင်ဆာ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ ရောဂါတွေဖြစ်စေမှုနဲ့ ဆက်စပ်နေပါ တယ်။ မှတ်ဉဏ်ကျဆင်းလာတာ၊ စိတ် ဓာတ်ကျတာ၊ ကိုယ်ခံအားကျဆင်းပြီး အ လွယ်တကူဖျားနာတာတွေဖြစ်စေပါတယ်။

(၃) အိပ်ချိန်ပြည့်အောင်မအိပ်ခြင်း‼️‼️

အိပ်ချိန်က နုပျိုချင်သူတိုင်းအတွက် အရေးကြီးပါတယ်။ အိပ်နေစဉ်မှာမှ အ ရေပြားက ကိုလာဂျင်ထုတ်လုပ်မှု၊ ဆဲလ် ပြုပြင်မှု စတာတွေကို ကူညီလုပ်ဆောင် ပေးတဲ့ ဟော်မုန်းတွေ ထွက်လာတာကြောင့် ပါ။ လူလတ်ပိုင်းတွေအတွက် အိပ်ချိန် အနည်းဆုံး ၈-၉ နာရီရှိရပါမယ်။
အိပ်ချိန်မပြည့်ဝရင် အသားအရေ ခြောက်လာတာ၊ အရေးကြောင်းဖြစ်တာ၊ စိတ်ဖိစီးလာနိုင်ပြီး ဝက်ခြံထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။ ကွာလတီပြည့်တဲ့ အိပ်ချိန်ရဖို့ စိတ်ရော၊ လူရော အနားပေး ပါ။ အိပ်ခါနီး ဘာမှမစဉ်းစားပါနဲ့၊ ဖုန်းစခ ရင်တွေ မကြည့်ပါနဲ့။

(၄) အားကစားမလုပ်ခြင်း‼️‼️

အသက်အရွယ်မရွေး အားကစား လိုက်စားသင့်ပါတယ်။ ငယ်ငယ်ကတည်း က အားကစားလိုက်စားခဲ့သူဆိုရင် သူဟာ တစ်ချိန်မှာ သူနဲ့ရွယ်တူတွေနဲ့ ယှဉ်ရင် သိသိသာသာကြီး နုပျိုဖျတ်လတ် နေမှာဖြစ်ပါတယ်။

(၅) ကျန်းမာရေးနဲ့မညီညွတ်တာတွေ အစားများတာ‼️‼️

နေ့တိုင်းဟင်းသီးဟင်းရွက်၊ သစ် သီး ဝလံနဲ့ အသား၊ ငါး စုံလင်အောင် စားဖို့ဆိုတာ ပြောတာသာလွယ်ပေမယ့် လိုက်စားဖို့က ခက်ပါတယ်။ အချိုမုန့်တွေ၊ အသင့်အစားအစာတွေ၊ ဆီကြော်တွေ၊ အငန်စာတွေကိုလည်း စားမိနိုင်ပါတယ်။ အဓိကကတော့ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ စားစရာတွေကို တော်သင့်ရုံ လောက်သာစားပြီး ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများစားပါ။

11/03/2022

မဂ်လာနံနက်ခင်းလေးပါရှင့်
စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင့်

09/03/2022

မင်္ဂလာပါ ချစ်တို့ရေ

နွေရာသီလည်း ရောက်ခါစဖြစ်နေပြီဆိုတော့ ရှေ့လျှောက်ဆိုရင် မင်မင်တို့ကြုံတွေ့ရမယ့် အဆီပြန်ခြင်းပြသနာအကြောင်းကို မင်မင်က ဒီနေ့ သိသလောက် တတ်သလောက် ပိစိလေးပြောပြသွားမှာ ဖြစ်ပါတယ်💁

ကဲ စလိုက်ရအောင်!!!!

အဆီပြန်တာက ဘယ်ကစတာလဲ???🙍

**ရှင်းရှင်းလေးပါပဲ။ခန္ဓာကိုယ်မှာရှိတဲ့ sebaceous glandsကနေ အဆီတွေ အများအပြားထုတ်လွှတ်လိုက်တဲ့ အတွက်ကြောင့် မင်မင်တို့ရဲ့ မျက်နှာ ခန္ဓာကိုယ်မှာ အဆီပြန်ခြင်း ပြဿနာတွေ စဖြစ်လာတယ်။

ဒါဆို ဘာလို့ sebaceous glandsတွေကနေ အဆီတွေ အများအပြား ထုတ်လွှတ်တာလဲ???🙍

**ဟာ!! ဒါလည်း ရှင်းရှင်းလေးပဲ။အဆီတွေရှိနေလို့ပေါ့😂

ဒါပေမယ့် ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိတယ်။
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အဆီတွေရှိပါတယ်။
sebaceous glandsကလည်း sebumလို့ခေါ်တဲ့ အဆီခဲလေးတွေကို ပုံမှန်အတိုင်း productiomလုပ်ပါတယ်။
ဒါပေမယ့် overproductionဖြစ်လာတဲ့အခါမှာ စေးကပ်ခြင်းတွေ အဆီဖုတွေ ဝက်ခြံ အစရှိသဖြင့် ဖြစ်လာပါတယ်။
***(မျက်နှာတစ်ခုတည်းမဟုတ်ပါဘူး ခန္ဓာကိုယ်အနှံအပြား ပါဝင်ပါတယ်)

ဆိုတော့ ဒါကြီးကို မဖြစ်မနေ ဖယ်ရှားပစ်ရမယ်လို့ မင်မင်မဆိုလိုပါဘူးး။
အဆီဆိုတာလည်း ခန္ဓာကိုယ်အတွက် အရေးပါ,ပါတယ်။

ဒီတော့ မျက်နှာအဆီပြန်လာပြီဆိုတိုင်း မျက်နှာသစ်ပစ်စရာမလိုပါဘူး။ခနတိုင်းသာ မျက်နှာသစ်နေရင် အရေးပြားတွေ ပါးကုန်ပြီး ဆဲလ်လေးတွေ နည်းပါးသွားပါလိမ့်မယ်။ တစ်နေ့ကို သုံးခါလောက် ပုံမှန် မျက်နှာသစ်မယ်ဆိုရင် လုံလောက်ပါတယ်။

***ပြီးတော့ နောက်တစ်နည်းဖြစ်တဲ့ oil control productsတွေ သုံးခြင်း။

အခုချိန်မှာ အစစ,အရာရာ ဈေးတွေကြီးနေသလို budgetလည်း နည်းနေတဲ့ အချိန်မှာ ဈေးကြီးတဲ့ productsတွေလည်း မဝယ်ချင်ပြန်ဘူးး🤦

***ဒီတော့ မင်မင်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို နည်းနည်းလောက် ဆင်ခြင်မယ်ဆိုရင်ရော🤔

That's a good idea 💁

အိုခေ!ဒါဆို ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ??

✅ရေဓာတ်များများပါဝင်တဲ့ အသီးအနှံတွေ (ငှက်ပျောသီး၊သခွားသီး၊ထောပတ်သီး၊လိမ္မော်သီး.....)
✅အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
✅junk drinksနေရာမှာ အုန်းစိမ်းရည်း သံပုရာရည် အစရှိသဖြင့် မင်မင်တို့ ပတ်ဝန်းကျင်မှာ တွေ့နေကျ စားစရာ သောက်စရားလေးတွေကို စားရုံပါပဲ။
***အသားအရည်လည်း ထိန်းသိမ်းရာရောက်သလို weightပါ ကျမှာနော်😂

🙅ရှောင်ရမှာတွေကတော့🙅

❌ နို့ထွက်ပစ္စည်းတွေ (ဘာလို့လဲဆိုတော့ နို့ထွက်ပစ္စည်းတွေမှာ အရေးပြားထဲက sebaceous glandsတွေကို လှုံ့ဆော်ပေးတဲ့ hormoneတွေ အများအပြားပါဝင်လို့ပါ။ဆိုတော့ အဆီပြန်ခြင်းနဲ့ စေးကပ်ခြင်းကို ဖြစ်စေလွယ်ပါတယ်)

❌ကော်ဖီတွေ လက်ဖက်ရည်တွေ
(သူတို့တွေက ခန္ဓာကိုယ်ကိူ ရေဓာတ်ခမ်းခြောက်စေပါတယ်။ပြီးတော့ oil productionကိူ အများအပြားဖြစ်စေပါတယ်။ဒါ့အပြင် ဝက်ခြံပေါက်ခြင်းကိုလည်း အားပေးပါတယ်)

❌ အပေါ်မှာ ပြောခဲ့သလိုပဲ junk food and drinksတွေ ❌ သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေ
❌ ငန်လွန်းး စပ်လွန်းတဲ့ အစားအစာတွေ
❌အဆီများတဲ့ အသားတွေ
❌ alcoholတွေ

ဒါတွေကို အနည်းနဲ့အများရှောင်ရင် အဆီပြန်ခြင်းပြဿနာအတွက် စိတ်မညစ်ရတော့ပါဘူး။

***မျက်နှာသစ်တဲ့အခါ ဆပ်ပြာခဲအစား oil control face washesသုံးတာ ‌အကောင်းဆုံးပါပဲ။

***မျက်နှာသစ်တဲ့အခါ အကြမ်းပတမ်း ပွတ်တိုက်ခြင်းတွေ မလုပ်ပါနဲ့။

***Workoutတို့ yogaတို့ကို ပုံမှန်လုပ်ပေးပါ။
(ခန္ဓာကိုယ်ထဲက hormoneတွေကို balanceဖြစ်စေပါတယ်)

ကဲ!! ဒါကတော့ မင်မင်သိသလောက် အဆီပြန်တဲ့ပြဿနာအကြောင်းလေးပါ။💁
သိပြီးသားသူတွေလည်း ရှိသလို မသိတဲ့ သူတွေလည်း အခု မင်မင့်ကြောင့် သိသွားပြီဆိုရင် မင်မင် ဝမ်းသာပါတယ်။🥰
အဆုံးထိဖတ်ပေးတဲ့အတွင်လည်း ကျေးဇူးအများကြီးတင်ပါတယ်🥰
သဘောကျတယ်ဆိုရင် like&shareလေး လုပ်ပေးပါနော်🥺

နောက်လည်း ဒီ့ထက်စုံလင်တဲ့ အချက်အလက်တွေစုဆောင်းပြီး ပြန်လာခဲ့ပါမယ်နော်🥰

💁💁💁မင်မင်တို့ဆီကနေ 29ခေါင်းလျှော်ရည်လေးမှာလို့ရပါပြီ


#မန္တလေးကိုယ်စားလှယ်ကြီး
#ဖုန်း09757884476

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


16st 88st×89st
Mandalay