Healthy Tips :::MW
No Pain No Gain💪💪💪
28/12/2023
💯💯💯
25/11/2023
🙏🙏🙏
အမဲစက်တင်းတိပ်တွေအတွက်
စိတ်ညစ်နေရပြီလားရှင့်🙏🙏🙏
16/07/2023
မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်🙏🙏🙏
19/06/2023
သွေးမတိုး ဖို့ ဘာလုပ်မလဲ
- ၀မ်းမှန်ဖို့ အသီးအနှံတွေကို ဦးစားပေး စားပါ ၊
- အစာကြေဖို့ ခက်ခဲတဲ့ အစာတွေကို ရှောင်ပါ ၊
- ကြေလွယ်တဲ့ အစာတွေကို စားပါ ၊
သွေးမတိုးချင်သူဟာ
- ၀မ်းမှန်စေတဲ့ အစာတွေကို အာရုံပြုစားပါ ၊
- ၀မ်းမှန်ပါစေ ၊ မမှန်က ၀မ်းချူပေးပါ ၊
စားရန်
- သွေးမတိုးလိုသူဟာ ချဉ်ချို အရသာ ကို ဦးစားပေးစားရပါ့မယ် ၊
( သင်္ဘောသီးမှည့် ၊ ဘာလီသီး ၊ သရက်သီးမှည့် ၊ စပျစ်သီး ၊ ပန်းသီး )
- ထမင်းဟင်းလျာ စားတဲ့အခါမှာ ကြေလွယ်၊ ကျက်လွယ်တဲ့ အစာ အာဟာရကို စားပေးပါ ၊
- အထူးသဖြင့် သွေးတိုးသမားဟာ ပဲကတ္တီပါ ( ပဲနီပြား )ပြုတ်ကို ကြက်သွန်နီ ၊ ဆီစိမ်းဆမ်းပြီး စားပါ ၊ သွေးတိုးရောဂါ ကို အဟန့်အတားဖြစ်ဖို့ သိပ်ကို အားကိုးရပါတယ် ။
အကျိုးထူး
ဒီလို နေထိုင် ပြုမူလုပ်ဆောင်မယ်ဆိုရင် အထက်ကိုဆန်တဲ့ လေတွေ အောက်ကို စုန်လာမယ် ။ လေစုန်ရင် သွေးတွေရဲ့ လှုပ်ရှားလှည့်ပတ်မှု အရှိန်အဟုန်ဟာ ကမောက်ကမ မဖြစ်တော့ဘဲ အချိုးအစား ပြန်ညီလာရင် သွေးတိုးတာ သိသိသာသာ သက်သာမယ် လို့ ပြောချင်ပါတယ် ။
ရှောင်ရန်
- လေကိုချုပ်စေမယ့် အစာ
- အဆီ၊ အစေး များတဲ့ အစာ ၊
- ပြုပြင်ဖန်တီးထားတဲ့ ယို ၊ စည်သွတ်ဘူး ၊ ဆေးသကြား၊ ဓါတုပစ္စည်းပါတဲ့ ဖျော်ရည် ၊ ကြော်၊ လှော် ၊ကင် ထားတဲ့ အစာ တွေ၊
- အသားချည်း စားသုံးတာ တွေကို ရှောင်ရပါ့မယ် ။
လေ့ကျင့်ခန်းလုပ်ပါ
- ချွေးမညီမျှရင် သွေးတိုးတတ်တာကြောင့် ချွေးထွက်မှန်ဖို့ လိုအပ်ပါတယ် ။ချွှေးထွက်မယ့် လေ့ကျင့်ခန်းကို နေ့စဉ် မှန်မှန် လုပ်ပေးပါ။
- ချွေးထွက်အောင် လမ်းလျှောက်ပါ ။
အကြံပေး တိုက်တွန်းချက်
- လေများများ အောက်ကိုစုန်ဖို့ ကြိုးစားပါ ၊
- ၀မ်း ( ဓာတ် )မှန်မှန်သွားအောင် ပြုမူနေထိုင်ပါ ၊
- ဆီး မှန်မှန် သွားပါ ၊
- ချွေးများများ နဲ့ ညီညီ ထွက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ် ။
လေတွေ အောက်ကိုစုန်အောင် ဘယ်လိုလုပ်ရမလဲ
မြန်မာ့တိုင်းရင်းဆေးပညာမှာ သွေးတိုးတာဟာ လေပူတိုးလို့ ဖြစ်တာပါ ။
လေရဲ့ သဘောတရားက ပူရင် ပေါ့ပြီး အထက်ကိုဆန်တက်တယ် ၊ဒါ့ကြောင့် ပူတဲ့ စပ်တဲ့ အစာတွေကိုရှောင်ရမယ် ။
အောက်ကိုစုန်ဖို့ မှာ လေချည်း စုန် လို့လည်း သိပ်မပြည့်စုံဘူး ။ ဆီး ၊ ၀မ်း ၊ သွေး ၊ လေ အားလုံး ညီညီမျှမျှ စုန်ဖို့ လိုပါတယ် ။
ဒီတော့ အချဉ် နဲ့ အခါး ကို မျှစားရင် လေက အောက်ကိုလည်စေပါတယ် ။
လေမချုပ်ဖို့ ( လေသက်ဖို့ )
- ပဲကတ္တီပါပြုတ် ကို စားပါ ၊
- ဆောင်းအကူးမှာ သလဲသီး စားပါ ၊
- အိမ်ရှင်မတွေ အနေနဲ့ ပဲဟင်းနဲ့တွဲလို့ သရက်ချဉ်သုပ် ( ကြက်သွန်နီစိမ်း ၊ဆီ တို့ဖြင့် သုပ် )
စားရင် လေမချုပ်ဘဲ လေ က အောက်ကို စုန်ပါလိမ့်မယ် ။
- လေသက်ဖို့ တစ်ချို့က လျက်စား စားလို့ ရလား မေးကြတယ် ၊ မငန်တဲ့ နွယ်ချို များ တဲ့ လျက်စားကို စားနှိုင်ပါတယ် ၊
-
၀မ်း ( ဓာတ် )မှန်ဖို့ ပြုပြင်နေထိုင်ပါ
- ဒိန်ချဉ် ၊ ထမင်းစားတဲ့အခါ မန်ကျည်းသီးမှည့်ပါတဲ့ ချဉ်ရေဟင်း ၊ မန်ကျည်းဖျော်ရည် ၊ ခရီးသွားလို့ မနားရရင် မန်ကျည်းတော်ဖီ သရေစာ စားပါ ၊
- တစ်ပတ် နှစ်ရက်လောက် သင်္ဘောသီးမှည့် ၊ ဖီးကြမ်း ငှက်ပျောသီး စားပေးပါ ၊
- လမ်းလျှောက်မယ် ၊ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ ။
- ရေ ကိုလည်း တစ်နေ့ ရေသန့်ဗူးကြီး သုံးဗူး လောက်နီးပါး သောက်ပါ ၊ ရေသောက်ပြီးတိုင်း ထန်းလျှက် နည်းနည်း စားပေးမယ်ဆိုရင် အစာလည်းကြေပါလိမ့်မယ် ။
Crd......တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်
လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။
15/06/2023
နှစ်ချီနာနေတဲ့ ဒူးနာရောဂါ. ဝေဒနာရှင်များအတွက်. သက်သာမူမြန်စေမယ့်ဆေးစွမ်းလေးကောင်းတစ်လက်. 💯
#ဒူးနာခြင်းဝေဒနာကို အသက်ကြီးပိုင်းတွေဆီကနေ မကြာခဏဆိုသလိုကြားနေရပါတယ်။
တကယ်တော့ ဒူးနာဝေဒနာ က လူငယ်ပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။
နေ့စဉ် လှုပ်ရှားသွားလာမှုများအတွက် ဒူးဟာ အလွန်အရေးပါပါတယ်။
ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။
💁♀️. ဒီထဲကမှအဖြစ်များတဲ့အကြောင်းရင်းတွေကတော့
1.အရိုးနဲ့အဆစ်အမြစ်ရောင်ခြင်း
2. လေးဖက်နာအဆစ်ရောင်ရောဂါ
3. ဂေါက်ရောဂါ
4. အရွတ်စုတ်ပြဲခြင်း
5. အရိုးနုစုတ်ပြဲခြင်း
6. ဂုံညင်းရိုးလွဲခြင်း
7. ကိုယ်အလေးချိန်များနေခြင်း
8. ကြွက်သားတောင့်တင်းနေခြင်း
❌. ဒူးနာဝေဒနာအတွက်ဘာတွေရှောင်ကျင်ဖို့လိုသလဲဆိုရင်ဖြစ်
ခြေထောက်ချိတ်ထိုင်တာ၊လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။
မလွှဲသာလို့ လှေကားတက်ရမယ် ဆိုလည်း. တည့်တည့်တက်တာထက် ဘေးလေးစောင်းပြီး. ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။
💁♀️. ဒူးနာဝေဒနာကိုသက်သာစေဖို့
လေ့ကျင့်ခန်းလုပ်ပါ
✅. ကိုယ်အလေးချိန်. လျှော့ပါ
✅. မလှုပ်မရှားဘဲ မနေပါနဲ့
✅. ဒူးစွပ်စွပ်ပါ
✅. ရေနွေးအိပ်ကပ်ပါ
✅. အဆင်ပြေမယ့် ဖိနပ်ကို ရွေးစီးပါ
✅. လိမ်းပါ၊ဆေးပလာစတာကပ်ပါ
ဒါ့အပြင် သဘာဝတိုင်းရင်းဆေးစစ်စစ်ဖြစ်တဲ့
#ထိုင်းတိုင်းရင်းဆေးကပ်ခွါနှင့်နိုပ်နယ်လိမ်းဆီဖြင့်သက်သာမှုရယူနိုင်ပါတယ်. 😘
သဘာဝထိုင်းတိုင်းရင်းဆေးစစ်စစ်
13/06/2023
#ဇက်ကြောတက်တယ်ဆိုတာ လူပြောများတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
#ဇက်ကြောတက်တယ်ဆိုတာ အရင်က #အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။
အများအားဖြင့်တော့ ကွန်ပျူတာသုံးတဲ့ အခါမျိုးမှာ၊ ထိုင်ပြီး အလုပ်လုပ်တဲ့ အခါမျိုးမှာ အနေအထား မမှန်တာမျိုးတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
အဆစ်အမြစ်ရောင်ရောဂါ (Osteoarthritis) ကြောင့်လည်း ဇတ်ကြောတတ်ခြင်းကို ခံစားရနိုင်ပါတယ်။
#ဇက်ကြောတက်ရတဲ့ အကြောင်းအရင်းတွေကတော့
-အသက်အရွယ်ကြောင့်ဖြစ်စေ ရောဂါကြောင့်ဖြစ်စေ လည်ပင်း အဆစ်များပျက်စီးခြင်း
-လည်ပင်းကြွက်သားများ တောင့်တင်းခြင်း
-ထိခိုက်ဒဏ်ရာရခြင်း
-အရိုးအတက်ထွက်ခြင်းမျိုးတွင် လည်ပင်းတစ်ဝိုက်ရှိ အာရုံကြောများကို ဖိမိခြင်း
-အရိုးအဆစ်ရောင်ခြင်း ဦးနှောက်အမြှေးရောင်ခြင်းတို့လို ရောဂါမျိုးခံစားရခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အရမ်း မဆိုးရွားတဲ့ #ဇတ်ကြောတတ်ခြင်းတွေကိုတော့ မိမိအိမ်မှာပဲ ကုသမှုပြုနိုင်ပြီး နှစ်ပတ်သုံးပတ် အတွင်းမှာ သက်သာသွားတတ်ပါတယ်။
ဇတ်ကြောတတ်တာမပျောက်ဘဲ အချိန်အကြာကြီး ခံစားနေရရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
အိမ်တွင်းကုသမှုတွေ အနေနဲ့တော့
ဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးသောက်တာ
ရေနွေးအိတ်၊ ရေခဲအိတ် ကပ်ပေးတာ
ဦးခေါင်းနဲ့ လည်ပင်းလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။
နောက်တနည်းလမ်းကတော့ #သဘာဝသစ်ဥသစ်ဖုနဲ့ပြုလုပ်ထားတဲ့ထိုင်းတိုင်းရင်းဆေးစစ်စစ် #ဟန်နုမာန်နှိပ်နယ်လိမ်းဆီနှင့်ဆေးကပ်ခွါဖြင့်သက်သာမှုယူနိုင်ပါတယ်ရှင့်👩⚕️
oil မှာ #သစ်ကြားပိုးခေါက်ပါဝင်ပြီး၎င်းက ကြွက်သားပြေလျော့စေပြီး ခန္ဓာကိုယ်ကိုပေါ့ပါးလန်းစန်းစေတယ်။ ✅
မှာလည်း #ဝါးမီးသွေးပါဝင်ပြီး ၎င်းက Positive iron များကိုစုတ်ယူပေးပြီး ကိုယ်ခန္ဓာအတွင်းမှအစိုဓာတ်ကိုစုပ်ယူပေးတယ်။✅
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Madaya
Mandalay
