Myo Lay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Lay, Beauty, cosmetic & personal care, 49/50streets (111g), Mandalay.
07/03/2025
မဆုံပါရစေနဲ့
16/02/2025
တစ်ယောက်တည်း အမြဲနေပေမယ့်
အထီးမကျန်ပါဘူး
ကိုယ်က အေးချမ်းတိတ်ဆိတ်မှုကို
ပိုမက်မောတယ်လေ...
အတုအယောင်တွေ ပေါများလာတဲ့ခေတ်မှာ
ဒဏ်ရာ အနာတရတွေကင်းဖို့
လူတွေအများကြီးကိုလည်း လက်မခံဖြစ်တော့ဘူး
တစ်ပွင့်ထဲလည်း ပန်းတွေလှနေသလို
တစ်ယောက်ထဲလည်း တောက်ပနိုင်ပါတယ်...။ ။
🌻💛
#𝓡𝓔𝓛𝓐𝓧
31/12/2024
31/12/2024
မကြာခင် နှစ်သစ်ရောက်တော့မှာ ..
ဒီနေရာလေးကနေ ဆုတောင်းပေးနေပါတယ်
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…😊😘
နှစ်သစ်မှစ၍ ကံကောင်းကြပါစေ 😘
17/10/2024
ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့ လေးပါရှင့်♥️
အခုလို နေ့ထူးနေ့မြတ်လေးမှာ ၇ရက်သားသမီးများအားလုံး ကျန်းမာ၊ချမ်းသာ၊ဘေးရန်ကင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း မိသားစုမှ ဆုမွန်တောင်းပေးပါတယ်ရှင့်🥰
08/10/2024
🌙ညချမ်းချိန်ခါမင်္ဂလာပါ 🙏🏻
သင်္ခါရ လူဘဝခဏတာလေးမှာ
လူလူချင်း မုန်းတရားများကင်းဝေး၍
ဒေါသ မောဟ လောဘတွေ ကင်းငြိမ်းကြပါစေ
၇ရက်သားသမီးများအားလုံး
🌙🌷🥀🌻🙏🏻🙏🏻🙏🏻
07/09/2024
အသက်အရွယ်ကပြောလာတဲ့ စကားလုံးများ"
___________________________
စကားအပိုတွေ
မပြောချင်တော့ဘူး။
မလိုအပ်ဘူးထင်ရင်
နှုတ်ဆိတ်တတ်လာပြီ။
မြင်သမျှကိုလည်း
ကြည့်မနေချင်တော့ဘူး။
မသင့်တော်ဘူးထင်ရင်
မျက်နှာလွှဲထားတတ်လာပြီ။
ကြားသမျှကိုလည်း
နားမထောင်ချင်နေတော့ဘူး။
နားဝင် မသာဘူးထင်ရင်
အာရုံလွှဲထားတတ်လာပြီ။
ဖြစ်သမျှ ကိစ္စတိုင်းကိုလည်း
ခံစားမနေချင်တော့ဘူး။
အကျိုးမရှိဘူးထင်ရင်
လစ်လျူရှုတတ်လာပြီ။
ကြုံလာသမျှ ဒုက္ခတိုင်းကိုလည်း
ခါးစည်းခံမနေချင်တော့ဘူး။
လေးပင်လွန်းတယ်ထင်ရင်
လွှတ်ချတတ်လာပြီ။
တစ်ဖက်လူကပေးသမျှ
သောကတိုင်းကိုလည်း
လက်မခံထားချင်တော့ဘူး။
နာကျင်လွန်းတယ်ထင်ရင်
မေ့ပျောက်အောင်ကြိုးစားတတ်လာပြီ။
ဆုံလာသမျှလူတိုင်းကိုလည်း
တွယ်တာမနေချင်တော့ဘူး။
သံယောဇဉ်တွေနဲ့ မွန်းကျပ်လွန်းတယ်
ထင်ရင် ကျောခိုင်း ထွက်ခွာ တတ်လာပြီ။
ချစ်သော💙💙💙
💙
Crd #မူရင်းရေးသားသူ 💙
Crd 💙
21/08/2024
မင်္ဂလာနံနက်ခင်းပါ"
ကိုစိတ်နှစ်ဖြာဘေးရန်ကွာ
ချမ်းသာကိုစိတ်မြဲပါစေ။
01/08/2024
1/8/2024. မဂ်လာမနက်ခင်းပါ နံံနက်ခင်း မေတ္တာပို့ ဆုတောင်း
~~~~~~~~~~~~~~~~~~~
သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအပေါင်းတို့သည်.....
ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ..
ဒေါသခပ်သိမ်းငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ..
သူတော်စိတ်မြတ် အငြိမ်းဓာတ် လွှမ်းပတ်
ကမ္ဘာတည်ပါစေ
မေတ္တာစိတ်မြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ
သတ္တဝါမှန်သမျှ ဘေးမခ အေးမြချမ်းသာရှိပါစေ
သတ္တဝါမှန်သရွေ့တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ🙏 🌹 🙏 🌹 🙏 🌹
#တရားစာပေ
28/07/2024
အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါ
သာယာသောနေ့သစ်လေးပိုင်ဆိုင်နိင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
49/50streets (111g)
Mandalay
05041
