Tar Tar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tar Tar, Beauty, cosmetic & personal care, Mandalay.
21/10/2024
Crystal ကျောက်လေးတွေရဲ့ အစွမ်းပြည့်နေတဲ့ အဆောင်ရေမွှေးလေးတွေ ChiC မှာ ရပြီနော် 🥰
ChiC ကထုတ်ပေးထားတဲ့ အဆောင်ရေမွှေးလေးတွေဟာဆိုရင် ကမ္ဘာမြေကြီးထဲမှာ နှစ်သန်းပေါင်းရာကျော်နေခဲ့တဲ့ Crystal ကျောက်လေးတွေကို လပြည့်ညမှာ Moon Energy Charged လုပ်ပြီးတော့ …
💼ပီယအားကောင်းအောင် (Love - ပီယ)
💼စီးပွားတက်၊ ကံမြင့်အောင် (Luck - လာဘ)
💼စိတ်တည်ငြိမ်ပြီး အာရုံမထွေပြားအောင် - (Smart Man)
💼ဆွဲငင်မှုအားကောင်းအောင် - (Very Sexy)
💼မတူညီမှုတွေကို ပေါင်းစပ်နိုင်အားကောင်းအောင် (LGBT)
ဖော်စပ်ထားတာဖြစ်လို့ ကိုယ်ရဲ့စိတ်နဲ့ Crystal ရဲ့စွမ်းအားလေးတွေကို ချိတ်ဆက်ပြီး ကိုယ်တွင်း Energy အားကောင်းလာအောင်၊ အဆောင်ရေမွှေးလေးတွေရဲ့ ဂုဏ်သတ္တိလေးတွေပေါ်လာအောင် လုပ်လို့ရပါတယ် ❤️
🌸အဆောင်ရေမွှေးလေးတွေကိုတော့ မြတ်စွာဘုရားကို ပန်းနဲ့အတူကပ်မလား၊ အိမ်မှာပဲဆောင်ထားမလား၊ အိတ်ကပ်ထဲမှာပါပဲ ဆောင်ထားမလား၊ ခန္ဓာကိုယ်မှာစွတ်ထားပြီးတော့ ရနံ့အဖြစ်ပဲဆောင်ထားမလားဆိုတာတော့ ကိုယ်အဆင်ပြေသလို ကြိုက်နှစ်သက်သလို ယုံယုံကြည်ကြည်နဲ့ဆောင်ထားလို့ရပါတယ်နော် …
“အမြဲအတူရှိနေမှာ ချစ်တို့ရဲ့ ChiC ပါ”
15/10/2024
#ချစ်လေးတို့ရေ 💕💕
ပိန်းကြာရွက်ပေါ်ရေမတင်သလို အဖျားပျောက်စေတဲ့ ဖလူဇာရှိသလို အချစ်မြှားနတ်မောင်လေးကို ဝေးဝေးမသွားစေပဲ ဆွဲခေါ်ပေးထားမဲ့ ChiC ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်က အောက်တိုဘာလကို ချစ်သူလေးနဲ့အတူတူ ချစ်ကြည်နူးပြီးတော့ အခြားသူတွေအားကျအောင် ဖြတ်သန်းချင်ပါတယ်ဆိုရင်တော့ ChiC Crystal Perfume ရဲ့ “ ပီယ - Love “ လေးကို အမှီလေး ဝယ်ထားလိုက်တော့နော် 😘
📌 Rose Quartz Crystal (သူယောင်ကျောက်) လေးတွေကို လပြည့်ညမှာ Moon Energy Charged လုပ်ပြီး ပီယအားကောင်းအောင် ဖော်စပ်ထားတာမို့ ချစ်ခင်မှုတွေတိုးစေပြီး အချစ်ရေးမှာအဆင်ပြေစေမှာပဲဖြစ်ပါတယ်။
“အမြဲအတူရှိနေမှာ ချစ်တို့ရဲ့ ChiC ပါ”
ChiC Crystal Perfume လေးနဲ့ ပတ်သက်ပြီး အသေးစိတ်ဆက်သွယ်ဝယ်ယူချင်တယ်ဆိုရင်တော့…
ဖုန်းနံပါတ် - 09 796188090
တို့မှ မှာယူနိုင်ပါတယ်ရှင့်
13/10/2024
လူသန်းပေါင်းများစွာကြား ဖြတ်သန်းသွားလာနေရသူ ယောက်ျားတိုင်းအတွက် ရနံ့တစ်ခုဆိုတာ မရှိမဖြစ် လိုအပ်ပါတယ် 🤩
💼 လုပ်ငန်းခွင်ထဲစကားပြောကြတဲ့အခါ၊ ချစ်သူလေးနဲ့ဒိတ်တဲ့အခါ၊ အပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါတိုင်း ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ဦးဆောင်နိုင်ဖို့အတွက် ရနံ့ကောင်းမွန်ပြီး အာနိသင်ထူးခြားတဲ့ ရေမွှေးတွေက သင့်ကိုကူညီပေးပါလိမ့်မယ်။
💼 ChiC Crystal ကထုတ်ထားတဲ့ Smart Man ရေမွှေးဟာဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့ယောက်ျားသွင်ပြင်တစ်ခုကို ဖန်တီးပေးမှာဖြစ်ပြီး၊ သူ့မှာပါဝင်တဲ့ Clear Quartz လို့ခေါ်တဲ့ Crystal ကျောက်လေးတွေဟာ လပြည့်ညမှာ Moon Energy Charged လုပ်ပြီး အဆိုးမြင်စိတ်တွေဖယ်ရှားနိုင်အောင် ဖော်စပ်ထားတာဖြစ်လို့ အာရုံစူးစိုက်မှုကောင်းမွန်စေမှာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ChiC Crystal Perfume က အဆောင်ရေမွှေးလေးတွေဟာဆိုရင် တည်ငြိမ်တဲ့ရနံ့ကိုပေးနိုင်တာအပြင်ကိုမှ Crystal လေးတွေရဲ့အစွမ်းကြောင့် အာရုံစူးစိုက်မှုကောင်းမွန်စေပြီး လုပ်ငန်းကိုင်ငန်းနဲ့ တခြားသော အောင်မြင်မှုအရာများကိုပါ ရရှိစေမှာပါနော် ❤️
“အမြဲအတူရှိနေမှာ ချစ်တို့ရဲ့ ChiC ပါ”
12/10/2024
စီးပွားရေးတွေအဆင်မပြေဘူး၊ ကံညံ့တာတွေဆက်တိုက်ဖြစ်နေတယ်ဆိုရင် ဒါလေးကိုမဖြစ်မနေ ဆက်ဖတ်ကြည့်ပါနော် 🤗
ဒီလိုမျိုးအကြောင်းအရာတွေဟာ မိမိတို့ရဲ့ Spritual(စိတ်ပိုင်းဆိုင်ရာ) လေးတွေ အားနည်းနေကာ ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့်ဖြစ်ပြီး သူတို့လေးတွေကို အားကောင်းစေဖို့ဆိုရင်တော့ လရောင်ခံထားတဲ့ Crystal ကျောက်လေးတွေကို ဆောင်ထားသင့်ပါတယ်။
ဘာကြောင့်လဲဆိုရင် Crystal ကျောက်လေးတွေဟာ ကမ္ဘာမြေကြီးထဲမှာ နှစ်သန်းပေါင်းရာကျော်နေခဲ့ပြီး အတွေ့အကြုံပေါင်းများစွာဖြတ်သန်းခဲ့ကြပါတယ်။ ဒါ့အပြင် ကျောက်လေးတွေရဲ့ ဂုဏ်သတ္တိအရ မိမိတို့ဆီမှာ ဖြစ်ပေါ်နေတဲ့ Negative Vibes(မကောင်းတဲ့အရာ) တွေကို စုပ်ယူခြေဖျက်ပြီး Positive Vibes(ကောင်းတဲ့အရာ) ကို ထုတ်လွှတ်ပေးတာကြောင့် Crystal ကျောက်ကလေးနဲ့ ကိုယ့်စိတ်ကို ချိတ်ဆက်ထားမယ်ဆိုရင်တော့ Spritual လေးတွေ အားကောင်းလာမယ်၊ စိတ်တည်ငြိမ်လာမယ်၊ မိမိတို့လုပ်ကိုင်သော လုပ်ငန်းကိုင်ငန်းတွေမှာ အာရုံစိုက်မှုပိုကောင်းလာစေမှာပဲဖြစ်ပါတယ် … ❤️
ChiC Crystal Perfume က ထုတ်ထားတဲ့ “ လာဘ - Luck “ လေးဟာလဲ Citrine Crystal (သလင်းဝါကျောက်)လေးတွေကို လပြည့်ညမှာ Moon Energy Charged လုပ်ပြီး ကံကောင်းခြင်း အားကောင်းအောင်ဖော်စပ်ထားတာဖြစ်လို့ ကံညံ့တာတွေပျောက်ကင်းစေပြီး၊ လုပ်ငန်းကိုင်ငန်းအဆင်ပြေကာ စီးပွားတတ်စေဖို့ ရည်ရွယ်ဖော်စပ်ထားပါတယ် 🥰
ကဲ … ဒီလိုဆိုရင် စီးပွားရေးတွေအဆင်မပြေဘူး၊ ကံညံ့တာတွေဆက်တိုက်ဖြစ်နေတယ်ဆိုရင်တော့ ChiC Crystal Perfume က “ လာဘ - Luck “ လေးကို ဝယ်ယူသုံးစွဲကြည့်ကြနော် ❤️
“အမြဲအတူရှိနေမှာ ချစ်တို့ရဲ့ ChiC ပါ”
16/11/2021
မင်မင်က page လေးကနေပြီး
#တန်ဆောင်တိုင်မှာအားလုံးပဲပျော်ရွှင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်🙏🙏🙏
12/10/2021
အကြိုက်ဆုံးစကားစုတစ်ချို့
🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
အမြင့်မပျံနိူင်ဘူး
🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
🚣♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။
🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက် မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
🚪 တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••
⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။ 👌
to the original creater
#လေစားစွာဖြင့်
17/09/2021
💦လောကမှာ လူနှစ်ဦးရှိတယ်...
ချီးမွမ်း တဲ့သူနဲ့ကဲ့ရဲ့တဲ့သူ...
💦အမှားကိုထောက်ပြီး အပြစ်ဖွဲ့ဖို့စောင့်နေတဲ့သူနဲ့...
အမှားကိုထောက်ပြီး အမှန်မြင်အောင်ပြင်ပေးတတ်သူ...
💦အရာရာမှာ ဆင်ချင်နိုင်စွမ်းရှိသူနဲ့...
ဆင်ချင်တုံ့တရားမဲ့သူ...
💦ပါတ်ဝန်းကျင်ဆိုတာ...
ကောင်းတာရှိတယ်၊မကောင်းတာလဲရှိလိမ့်မယ်။
💦ဝေဖန်တတ်သူ တွေရဲ့စကားကို...
လိုက်ခံစားနေရင် ကိုယ်ပဲစိတ်ထိခိုက်ရလိမ့်မယ်။
💦သူများဆီက ယုံကြည်မှုထက်
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ပဲလိုအပ်တယ်...
💦ဝေဖန်မှုတိုင်းမှာလည်းကောင်းတာကို အတုယူ...
မကောင်းတာကို မေ့ထားလိုက်ပါ...
💦ကိုယ် မှန်တယ်ထင်ရင်...
ဘယ်သူမှဂရုစိုက်မနေပါနဲ့...
💦ကိုယ့်ရွေးတဲ့လမ်း
ကိုယ်ဆက်လျောက်ပါ...
ကိုယ့်အနာဂတ် ကိုကိုယ်တိုင်ပုံဖော်ကြည့့်ပါ...
💦လောကကို အနိုင်ယူလိုလျှင်...
စာများများဖတ်ပါ...
💦ဘဝကိုအနိုင်ယူလိုလျှင်
💦ကိုယ်လုပ်တဲ့အလုပ်ကိုတန်းဖိုးထားပါ...
ကျေးဇူးတင်ပါသည်။
လေးစားလျက် 💖💖💖
13/09/2021
``အောင်မြင်မှုကို လူတိုင်းလိုချင်ကြတယ်
အောင်မြင်မှုကလူတိုင်းနဲ့ မထိုက်တန်ဘူး
ကြိုးစားအားထုတ်သူ တစ်ချို့အတွက်သာ
လက်တစ်ကမ်းမှာ အောင်မြင်မှုရှိတယ်´´
-
-
-
-
ဒေါက်တာကေသရီကျော်
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
