Solid Burma
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Solid Burma, Health/Beauty, 91th Street/Bet 26th St & 25th St, Mandalay.
26/04/2023
ပူလောင် အိုက်စပ်တိုင်း အမိုး - A Moe နဲ့ ရေချိုးလိုက်ပါ 🚿 စိတ်ရော လူပါ ကြည်လင်လန်းဆန်းစေမှာ
25/04/2023
နွေပူပူမှာ အပူဒဏ်လျော့ကျစေဖို့ ⛱🕶☀️
23/04/2023
မတူညီတဲ့ Vibe အမျိုးမျိုးနဲ့ ရေချိုးကြမယ် 🛁🛁🛁
အမိုး ရဲ့ Shower Gel ဘူးသေးလေးတွေရော၊ 500ml ဘူးကြီးကြီးတွေရော Instock ရရှိနိုင်ပါပြီ ⛲️
🌬️🫧အမျိုးမျိုးသော အမိုး Shower Gel လေးတွေက ဘယ်လိုဘယ်ပုံ၊ ဘယ်အနံ့၊ ဘယ်အဆင်း၊ ဘယ်လိုမျိုးသော ခံစားမှုလေးတွေ ပေးနိုင်လဲဆိုတာကို သေသေချာချာ စစ်စစ်ပေါက်ပေါက် သိချင်နေမယ်ဆိုရင် ဒီမှာ Review လေးကို စုံစုံလင်လင်နဲ့ ဝေဝေဆာဆာလေးဖြစ်အောင် ရေးပေးရမှာပေါ့ကွယ်။
အမိုးမှာဆိုရင် Gingham, Grapefruit, Candy Love, Jeju, Apple, Peach, Green Tea, Cola ဆိုပြီးတော့ ၈ မျိုးတောင် ဖန်တီးပေးထားပါတယ်။
1.💘 Gingham 💘
ဂင်းဟမ် လို့ခေါ်တဲ့ ဒီတစ်မျိုးကတော့ အေးအေးလူလူဖြစ်နေမယ့် ခံစားမှုကိုပေးနိုင်တဲ့ အနံ့လေးနဲ့ ကြည်လင်တဲ့ အပြာနုရောင်လေးရှိပါတယ်။ မြင်လိုက်တာနဲ့ ပင်လယ်ဖက်ဆီ ခရီးသွားနေရသလိုမျိုးလေး ဖြစ်ပြီး အေးချမ်းတဲ့ စိတ်ခံစားမှုမျိုးကို ပေးနိုင်မှာက Ginham လေးပေါ့။ ပြီးတော့ ဂျင်ဆင်းအနှစ် ပေါင်းထည့်ဖော်စပ်ထားလို့ အရေပြားရဲ့ နုပျိုမှုကိုထိမ်းပေးပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသလို ရှိရင်းထက် ပိုမို လင်းလက်လာမယ့် အသားအရေကိုပါ ရရှိနိုင်ပါဦးမယ်။
2.🍊 Grapefruit 🍊
ဂရိတ်ဖရု ကတော့ လတ်ဆတ်တဲ့ သစ်သီးရနံကို အခြေခံထားတာဖြစ်လို့ ရေချိုးပြီးတိုင်းမှာ လန်းဆန်းပြီးသွက်လက်နေမယ့် ကိုယ့်ရဲ့ အားအင်နဲ့ စိတ်ခံစားမှုတစ်ခုကို ပေးနိုင်မယ့် Grapefruit တစ်လုံးပါ။ Grapefruit မှာတော့ ခရမ်းချဉ်သီးအဆီအနှစ် ပါဝင်လို့ အသားအရေ တင်းရင်းစေပြီး ချွေးပေါက်ကျယ်တာမျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။
3.🍭 Candy Love 🍭
တစ်စုံတစ်ယောက်အပေါ် ချစ်ခြင်းမေတ္တာတွေရှိနေပါပြီလို့ ခံစားနေရတယ်ဆိုရင်တော့ Candy Love လေးနဲ့ ဇိမ်ခံပြီး ရေချိုးလိုက်။ ချစ်စရာ ချိုမြမြ အနံ့လေးတွေက ကိုယ့်ရဲ့စိတ်ကိုလန်းဆန်းစေတဲ့အပြင် အချစ်တွေကို ပိုပြီး တက်ကြွစေတာပေါ့ကွယ်။ နှင်းဆီရွက်တွေရဲ့ အာနိသင်တွေကိုပေါင်းစည်းထည့်သွင်းထားတော့ ရေဓာတ်ထိမ်းပေးခြင်း၊ အမဲစက်တွေနဲ့ အမာရွတ်တွေကို မှေးမှိန်စေခြင်းမျိုးတွေမှာ ကူညီပေးနိုင်ပါတယ်။
4.🌊 Jeju 🌊
ခရမ်းရောင်ဖျော့ဖျော့လေးကို မြင်လိုက်တာနဲ့ ခပ်ငြိမ့်ငြိမ့်လေးဖြစ်နေမယ်လို့ ကြိုတွေးထားတယ်မလား။ ဒီ Jeju လေးဟာဆိုရင်တော့ လန်းဆန်းတဲ့ခံစားမှုမျိုးကို ငြိမ့်ငြိမ့်လေး ပေးနိုင်မှာဖြစ်လို့ တစ်နေ့တာ ပင်ပန်းထားသမျှ ဇိမ်ခံရေချိုးဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်လိမ့်မယ်။ ပင်လယ်နားက သဘာဝ သစ်ဥ၊ သစ်ဖုလေးတွေရဲ့ အနှစ်ကို ရယူဖန်တီးထားလို့ အသားအရေ အားဖြည့်ပေးပြီး ပိုမိုလင်းလက် တောက်ပစေမှာပါပဲ။
5.🍏 Apple 🍏
ပန်းသီးစိမ်းတစ်ခုကတော့ ခပ်မြူးမြူးနဲ့ တက်ကြွက်တဲ့စိတ်အနေကို ပန့်ပိုးပေးမယ့် အနံ့ချိုချိုလေးပါပဲ။ လတ်ဆတ်တဲ့အတွေးချိုချိုနဲ့ ဖန်တီးနိုင်မှုတွေအတွက် လန်းဆန်းတဲ့ စိတ်အနေအထားတစ်ခုကို အမိုးရဲ့ Apple က ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အဆီအနှစ်ပါဝင်တဲ့အတွက် ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး အသားအရေကို ကြည်လင်လာစေတဲ့အစွမ်း ရှိပါတယ်။
6. 🍑 Peach 🍑
မက်မွန်သီး ကတော့ ချိုသလိိုလို ချဉ်သလိုလိုရှိတဲ့ အသီးဖြစ်ပေမယ့် အနံ့မှာတော့ မအီတဲ့ ရွှင်ပြပြအနံရှိလို့ ပျော်စရာ ရေချိုးချိန်လေးကို သီချင်းဆိုရင် ဖြတ်သန်းမယ်ဆိုရင် Peach ကိုသာ ကောက်ကိုင်လိုင်။ Collagen ပါဝင်လို့ အသားအရောင်မညီတာတွေကို ပြေပြစ်စေနိုင်သလို နေလောင်တာတွေကိုလည်း မှေးမိန်စေပါသေးတယ်။
7. 🌱 Green Tea 🌱
ဂျပန်ဆန်တဲ့ Zen တစ်ခုလို့ပြောရလောက်အောင် အမိုး Green Tea က လတ်ဆတ်တဲ့ လက်ဖက်ရွက်စိမ်းစိမ်းလေးတွေအတိုင်း မွှေ့ပြန့်နေမှာပါ။ ရေချိုးရင်း အတွေးသစ်တွေ၊ အမြင်သစ်တွေကို ရှာဖွေဖန်တီးရတာ သဘောကျတဲ့ ရေချိုးခန်း အနုပညာရှင်တွေအတွက် ဒီ လက်ဖက်စိမ်းစိမ်းလေးက အာရုံစိုက်မှုကို ပိုပြီးတော့ ကူညီပေးနိုင်ပါသေးတယ်။ Green Tea Extact ဖြစ်လို့ အိုမင်းရင်းရော်မှုတွေ၊ အရေးအကြောင်းဖြစ်စေမှုတွေကို လျှော့ချပေးနိုင်ပြန်ပါတယ်။
8.🥤Cola 🥤
အမိုး Cola က နွေရာသီ Vibe ကို နောက်တစ်ဆင့်မြှင့်ပြီး ပေးနိုင်တဲ့ ရေချိုးဆပ်ပြာပါပဲ။ ပုံမှန်ရေချိုးခန်းရဲ့ အေးမြမှုတစ်ခုကို ကိုလာအနံ့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူငယ်ချင်းတွေနဲ့ ရေကူးကန်မှာ ကိုလာသောက်နေရသလိုမျိုးသော နွေရာသီခံစားချက်ကို စိတ်ထဲမှာ မြင်လာအောင်အထိ မွှေးနေတာပေါ့။ Neem အနှစ်နဲ့ ဖန်တီးပေးထားလို့ အသားအရေရဲ့ မူလပျော့ပြောင်းမှုကို ထိမ်းပေးထားနိုင်ခြင်းအစွမ်းကိုပါ ရနိုင်ပါတယ်။
ဒါဆိုရင်တော့ အမိုးရဲ့ ၈ မျိုးသော Shower Gel တွေနဲ့အတူ ရေချိုးဖို့ စဉ်းစားနေရပြီဆိုတာ သေချာတယ်။
ကိုယ့်ရဲ့ တစ်နေ့တာမှာ မတူတဲ့ မုဒ်အမျိုးမျိုးကို အမိုးရဲ့ ၈ မျိုးနဲ့ စိတ်တိုင်းကျ ဖန်တီးကြည့်လိုက်ကြပါစို့။
စျေးနှုန်းများ- ဘူးသေး 100ml (1800 ကျပ်) နှင့် ဘူးကြီး 500 ml (5500 ကျပ်)
#အမိုး
#အမိုးနဲ့ရေချိုးပါ
#မွှေးရနံ့သင်းပျံ့စေမယ့်အမိုး
23/04/2023
Bye Bish ရဲ့ အမိုက်စား အဆီအနစ်တွေ အပြည့်ပါတဲ့ Baking Soda Scrub လေးကို စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီ ☑️🤍🤍🤍
ပေးရတဲ့စျေးနဲ့ တန်ပြီး Local Brand စစ်စစ်ဖြစ်တာကြောင့် လုံးဝ သုံးကြည့်သင့်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်
🐚 350 g - 9500 Ks
19/04/2023
အဝါရောင် နေကြာပန်းလေးတွေရဲ့ ပျော်ရွှင်ခြင်းတွေနဲ့ အတူ 🌻🌻🌻 အမိုးရဲ့ Golden Sunflower လေး ရှိပါတယ် ☀️☀️☀️🌻🌻🌻
🌞🌻 နေကြာပန်းဆိုတာ ပျော်ရွှင်ခြင်းလေးပါ 🌞🌻
အဝါရောင်နေကြာပန်းလေးတွေကိုမြင်တဲ့အခါ နှုတ်ခမ်းလေးကွေးညွတ်အောင် ပြုံးမိဖူးရဲ့လား။
🌻နေကြာပန်းလေးတွေဆိုတာ ကိုယ့်ဘေးမှာရှိသူလေးတွေကို 🐝 ပျော်ရွှင်ခြင်းဆိုတဲ့ပျားလေးနဲ့အတူ 🍃ကြည်နူးမှုဝတ်မှုန်လေးတွေကူးစက်တတ်ပါသေးတယ်တဲ့။
💫 ဒီနေ့တစ်နေ့တာလုံး နေကြာပန်းလေးလို လန်းဆန်းကြည်လင်ပြီး တက်ကြွနေဖို့အတွက်တော့ A Moe ရဲ့ Golden Sunflower Perfume Mist လေးက ကူညီပေးပါရစေနော်။
🌻Golden Sunflower Perfume Mist လေးရဲ့အနံ့လေးက နုနုနယ်နယ်ချစ်စဖွယ်ကောင်မလေးတစ်ယောက်ရဲ့အပြုံးကိုမြင်ရသလို ကြည်လင်လှပါတယ်နော်။
ဒီလိုကြည်နူးဖွယ်အနံ့လေးကို ဘေးကရနေသူတိုင်းကလည်း ပြုံးမိနေဦးမယ်ဆိုတာ အသေအချာပါပဲ။
💛ကဲ.... အခုပဲA Moe ရဲ့ Golden Sunflower Perfume Mist လေးကို ထုတ်ဖြန်းဖို့မမေ့လိုက်ပါနဲ့ဦး💛
20ml - 2,300 ကျပ်
#အမိုး
#အမိုးနဲ့ရေချိုးပါ
#မွှေးရနံ့သင်းပျံ့စေမယ့်အမိုး
10/04/2023
Joes 14 DAY Detox ရဲ့ Buy two Get One အစီအစဉ်လေး လာပါပြီ 📣📣📣
နွေပူပူမှာ Beach Body လေး ဖြစ်ဖို့ Detox လေး သောက်ကြမယ်☀️🌊🏝 တအားတန်လွန်းတဲ့ Promotion လေး ရှိတုန်းမလို့ မြန်မြန်လေး ဝယ်ထားကြပါနော် 🍀
10/04/2023
အမိုးရဲ့ Shower Gel လေးတွေလည်း ဝယ်ယူရရှိနိုင်ပါပြီ ရှင် 🌧🌧🌧📣📣📣
10/04/2023
⛰️ တောင်ပေါ်ကနေ 🏖️ကမ်းခြေအထိသွားပဲသွားနေမယ်ဆိုရင် Monster တို့ မဖြစ်မနေ ဂရုစိုက်ရဖို့က Skin Care Routine မပျက်ဖို့ပါပဲ။
✨💫Skin Care တယ်ဆိုတာက အိမ်မှာပဲ လုပ်ရမယ့်အရာမဟုတ်ဘူးကွာ။ ခရီးသွားရင်းလည်း ဆက်ပြီး ကဲနေ၊ ဆက်ပြီး ဂရုစိုက်နေခါမှ ကိုယ့် Skin က ရှိရင်းအတိုင်းထက်ပိုပြီး ဝင်းမွှတ်နေမှာလေ။
🌨☀️ထိပ်ဆုံးက ဂရုစိုက်ရမှာက ခရီးသွားရင် ကိုယ်ရောက်မယ့် အရပ်ဒေသရဲ့ လေထုနဲ့ နေအပူပဲ။
Monster တို့ ရောက်မယ့် Travel Destination တွေက
💨ဖုန်ထူတဲ့ လေထုလည်းဖြစ်နိုင်သလို ☀️နေအရမ်းပြင်းတဲ့ ကမ်းခြေမှာလည်းဖြစ်နိုင်တယ်မဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ် လိုအပ်မှာတွေကို အောက်က ပုံမှာ တစ်ခါတည်း စုပေးထားတယ်၊ ပုံကို Save လုပ်ထားပြီး ခရီးသွားရင် ဒါတွေ ပါအောင် ယူသွားလိုက်နော်🩵
📌အဓိကကတော့ လုံးဝနေပူမခံဖို့နဲ့ ဖုန်ထူထူလေထဲမှာ ကြာကြာမနေဖို့ပါပဲ။ နေအပူက ကိုယ့် Skin ကို ထိခိုက်စေနိုင်မယ့်အထဲမှာ အမြန်ဆုံးနဲ့ သတိမထားမိနိုင်ဆုံးထဲမှာ ပါနေတယ်မဟုတ်လား။
💨လေထဲမှာပါလာမယ့် ဖုန်တွေ၊ အမှုန်တွေကလည်း ကိုယ့်ရဲ့ Skin မှာ လာကပ်နေမယ်၊ ချွေးပေါက်တွေ ပိတ်နေမယ်ဆိုရင်လည်း အသားအရေကို ကောင်းကောင်း ဒုက္ခပေးနိုင်သေးတယ်။
🌈ပုံမှာပြထားဒါတွေအားလုံးကို စာရင်းထဲက ပစ္စည်းတွေအကူအညီနဲ့ ကောင်းကောင်း ကာကွယ်ပြီး ခရီးမှာလည်း ဆက်ပြီး Skin Care နေဦးမယ်ဆိုရင်တော့ ခရီးက ပြန်လာရင် ထူးပြီးတော့ ကရုစိုက်နေဖို့မလိုပဲ အိမ်မှာ လုပ်နေကျ Routine အတိုင်း ဆက်ပြီး Care သွားဖို့ဆိုတော့ Monster တို့အတွက် ပိုလွယ်တာပေါ့ကွာ။
07/04/2023
🌸👘ဂျပန်မလေးတစ်ယောက်လို လှပနုထွေးမယ့်အလှတရားကိုရနိုင်ဖို့ အစွမ်းကုန်ပံ့ပိုးပေးမှာ Bye Bish ရဲ့ Lemon Gluta Brightening Scrub နဲ့ Whitening Serum လေးပါ။ 🌸👘
🍥မြင်သူငေးရလောက်အောင် ကြည်လင်ဖြူဝင်းပြီး ကိုက်စားချင်စရာ Mochi လေးလိုလှနေဖို့ Bye Bish ရဲ့Lemon Gluta Brightening Scrub ကိုစွဲစွဲမြဲမြဲသုံးပါ။
Lemon Gluta Scrub မှာဆို အသားအရေကို ဖြူဝင်းစေဖို့အတွက် Antioxidants တွေပေါပေါများများ ပါဝင်တဲ့ Lemon Peel Extract 🍋......
Mochi လေးလို ဖြူဖြူဥဥလေးနဲ့ မထိရက်နိုင်လောက်အောင် ကြည်လင်မှုတွေပေးမယ့် Gluta 🍥.....
Scrub တိုက်ပေမယ့်လည်း အသားရေအလွန်အမင်းခြောက်သွေ့သွားတယ်ဆိုတာ မခံစားရအောင် ပါဝင်ထည့်သွင်းထားတဲ့ Sweet Almond Oil 🫒......
သူတို့အားလုံးပေါင်းစပ်ပါဝင်တဲ့ Lemon Gluta Scrub လေးရဲ့နူးညံ့တဲ့အထိအတွေ့နဲ့ Texture လေးကို ....
နုထွေးတဲ့ အသားအရေလေးပေါ် ပွတ်တိုက်ပြီးချိန် ...
ရွှန်းစို ဝင်းလက်နေစေဖို့ Bye Bish ရဲ့Lemon Serum လေးကို လိမ်းလိုက်မယ်ဆိုရင်တော့ အဆုံးအစမရှိတဲ့ တောက်ပကြည်လင်မှုတွေကို လက်တွေ့ခံစားသိရှိနိုင်ပြီပေါ့။
ဂျပန်မလေးလို လှပနူးညံ့ပြီး တစိမ့်စိမ့်ကြည့်တောင် ရိုးမသွားနိုင်တဲ့ ဆာကူရာပန်းလေးလို အလှမျိုးကို ပိုင်ဆိုင်ဖို့အတွက်ဆို အခုပဲ Lemon Gluta Set ကို မြန်မြန်လေးအော်ဒါတင်လိုက်တော့နော်။
Model - Phyusin May Thu
Photographer- Shinn Thant
Lemon gluta scrub - 12000ks
Lemon gluta serum - 14000ks
Set လိုက်ဝယ်ယူမယ်ဆို 25000 ကျပ်ပဲ ကျသင့်မှာ ဖြစ်ပြီး ဆယ်သိန်း တန်ဖိုးရှိ Luckydraw cupon ကို ကံစမ်းခွင့်ရအုန်ရမှာပါ ။
ကံထူးရှင်ကလည်း ၂ ယောက်ရွေးမှာဖြစ်လို့ ကံထူးမယ့် အခွင့်ရေး (၂)ခါ ရှိတယ်နော် monster လေးတို့ရေ....📣
Click here to claim your Sponsored Listing.
Category
Website
Address
91th Street/Bet 26th St & 25th St
Mandalay
05011
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |
