LaPyae Makeup Vlog
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LaPyae Makeup Vlog, Mandalay.
22/09/2023
မတန် လို့ပါ✅
သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်
ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်
တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို
ပူစာတယ်။
မောင်တော် ဘုရင့် ပွဲတော်အုပ် စားချင်တယ်
လို့နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်
အုပ်မှ မစား ရရင် နှမတော် သေရ ပါလိမ့်မယ်
မောင်တော် ရအောင်ယူပေးပါ။ "
ဪ•••နှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို
တော်သေး.."ဒို့က သူတောင်းစား "ဘုရင့် ပွဲ
တော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.."
" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရ
မယ်မဟုတ်လို့ကတော့ နှမတော်ဒေါသကိုသိ
တယ်နော် "
အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး•• မိရင် ငါ
သေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး
ဆွမ်းခံ ကြွရင် အဆင်ပြေ မယ်..ခေါင်း တုံး
သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့
ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်
ကောင်းတယ်။
နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေ
တာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိ
တာပေါ့.••
ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်
လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်
တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့
ရဲ့ရှုတ်ချကြမယ်."
ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်
ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါ
နဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး ``ဘာ
အလိုရှိလဲ လျောက်လိုက်စမ်း´´..ဆိုပြီးခိုင်း
တယ်။
အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲ
တော်အုပ် အလှူခံချင်တယ်တဲ့´´ဘုရားပေါ့
လျောက်တယ်။
ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်း
စမ်း၊ ဘာလဲသိရအောင်"ပေါ့။
ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်
ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်း
ကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်း
မြင်ကော" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။
အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစား
ကို သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်
လောက်နဲ့ ငါ့ ဘုရင် အကုသိုလ် ဖြစ် ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီး နန်းတော်ကိုပြန်
တယ်။
နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ် လို့ မေး
တော့
အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်း
တော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာကြည့်
ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါ
တယ်ဘုရား ´´လို့ လျောက်တင်တော့•••
အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်
တယ်.။
" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့
တော့ မထင်ပါနဲ့တဲ့
တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့်
အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့
တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြု
လိုက်ကြပါနော်…။
Credit💚✅
Via:လူကြီး
photo:credit
ဒီရက်တွေမှာလေ စိတ်နဲ့ကိုယ်နဲ့ကပ်မနေသလို ဘာမှမဟုတ်တာလေးနဲ့အစ ပေါက်ကွဲလွယ်တဲ့အထိ စိတ်တွေဟာ ထိလွယ်ရှလွယ်အခြေအနေမျိုးပေါ့ ။ အရင်တုန်းကဆို ဘာပဲဖြစ်ဖြစ် အင်းဆိုတာမျိုးလောက်နဲ့ ပေါ့ပေါ့လေး ထားလိုက်လို့လည်းရတယ် ဒါမှမဟုတ် ရပါတယ်ဆိုတဲ့ စကားမျိုးနဲ့ လျော်လိုက်လို့ရတဲ့ အရာတွေကိုတောင် ဒီရက်ထဲ သည်းခံဖို့ ခက်နေတာ ။ ဒီရက်တွေမှာ အတွေးတစ်ခုပဲရှိတယ် လိုလိုချင်ချင်မှမဟုတ်ရင် ဘယ်အရာကိုပဲ မပေးချင်တော့ဘူး ကြည်ကြည်ဖြူဖြူမှ မဟုတ်ရင် ဘယ်အရပ်မှာမှ မနေချင်တော့ဘူး ။
ဘာကြောင့်လည်းမေးရင် ... ကိုယ်က အဆင်ပြေပါတယ်လေဆိုပြီး လွယ်လွယ်လေး ပေးလိုက်တဲ့အရာတွေကို လူတချို့က တန်ဖိုးမထားတတ်ကြဘူး ။ တန်ဖိုးထားရကောင်းမှန်းလည်း မသိဘူး ။ နောက်ဆုံးဗျာ ကျေးဇူးတင်ရကောင်းမှန်းတောင် သိတာ မဟုတ်ဘူး ။ လူဆိုတာ သူ့နေရာနဲ့ သူ သူ့တန်ဖိုးနဲ့သူဆိုတဲ့ စကားကို ပြန်ပြောင်းပြောရမယ့် အချိန်တွေ ရောက်လာပြီထင်ပါတယ် ။ မင်းကို သိပ်ချစ်လို့ မာနတွေချနေတိုင်း မာနတွေ ရှိမနေတာ မဟုတ်ဘူးဆိုတာ သိစေချင်တယ် ။
အမြဲတမ်းရနေ အမြဲတမ်းပေးနေမိတဲ့ အရာတွေက ကြာလာတော့ ဘာဆိုဘာမှ အဖိုးမတန်တော့သလိုပဲလို့ ခံစားလာမိတဲ့အခါ ... အဲ့ဒီအရပ်မှာ နေရတာ ဘယ်လိုမှ မပျော်တော့ဘူး ငါ မရှိတော့ရင် တန်ဖိုးတွေသိလာမှာပါဆိုပြီးတော့မှလည်း မတွေးချင်ဘူး ရှိနေတုန်းတောင် တန်ဖိုးထားရကောင်းမှန်းမသိတာ မရှိတော့ဘူးဆိုမှတော့ လွမ်းဖို့ဆိုတာ ဝေးပေါ့ ။ ကိုယ့်ကိုမှ မကြည်ဖြူရင် ဘယ်အရပ်မှာမှ ရပ်မနေချင်တော့ဘူး ။
မာနတွေ ပြန်ထားလိုက်တာမဟုတ်ဘူး ... မချစ်တော့တာလည်းမဟုတ်ဘူး ... တစ်ခါတစ်လေကျတော့ ကိုယ့်ကိုယ်ကိုယ် စျေးအရမ်းပေါနေမိသလိုဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးပြန်ထားချင်ရုံပါ ။ သေချာပါတယ် ဒီရက်တွေ စိတ်တွေဟာ ပုံမှန်မဟုတ်ဘူး ။ ထိလွယ် ရှလွယ်တယ် မောင်းတင်ထားမိတဲ့ လက်နက်တစ်ခုလိုပဲ ဘယ်အချိန်မဆို ပေါက်ကွဲထွက်သွားနိုင်မယ့် အခြေအနေမှာ ရှိနေတယ် ။
အခုလက်ရှိကော ပြီးတော့ နောက်ဆိုရင်ကော လိုလိုချင်ချင်မှ မဟုတ်ရင် ဘယ်အရာကိုမှ ပေါပေါပဲပဲ ပေးမနေတော့ဘူး ။ ကြည်ကြည်ဖြူဖြူမှ မဟုတ်ရင် ဘယ်အရပ်မှာမှ ရပ်မနေတော့ဘူး ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
16/09/2023
ဦးနှောက်ထဲမှာ ဘာရှိလဲဆိုတော့
မိဘနှစ်ပါးကို လိုလေသေးမရှိထားချင်တယ်
ပန်းတွေအများကြီးစိုက်ချင်တယ်
စာအုပ်တွေအများကြီး စုဆောင်းချင်တယ်
လူတွေကို တတ်နိုင်သလောက် ကူညီပေးချင်တယ်
တစ်ယောက်ယောက်ကိုပျော်အောင်ဖန်တီးချင်တယ်
ပင်လယ်ပြင်မှာတစ်ယောက်တည်းအနားယူချင်တယ်
တောင်တန်းတွေဆီကိုသွားပြီး တိတ်တဆိတ်ရှင်သန်ရင် အေးအေးဆေးဆေး စာတွေရေးချင်တယ်။
လူငယ်တစ်ယောက်ပါ
အချစ်နဲ့မကင်းတာသိပေမယ့်
အချစ်ရဲ့အဝေးမှာဘဲ ရှင်သန်ချင်တယ်။
ဘာသာစကားတွေသင်ယူပြီး တည်ငြိမ်သောခြေလှမ်းတွေနဲ့
ဖြည်းဖြည်းချင်း အိမ်မက်တွေကို အကောင်အထည်ဖော်မယ်။
ဘာကိုမှ မမက်မောပေမယ့်
အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုတော့
မက်မောပါတယ်။
#ဖားစည်ရည်ကျော်
14/09/2023
ဘဝမှာ ဘယ်သူ့ကိုမှ မမုန်းဘူး
ဒါပေမယ့်
ငါ့စိတ်ကို ပူလောင်စေတဲ့လူတွေကိုတော့
တတ်နိုင်သမျှ ရှောင်ပါတယ် ။
ကမ္ဘာကြီးကို အကောင်းမြင်စိတ်နဲ့ပဲ နေထိုင်တယ်
ဘယ်သူမုန်းမုန်း ပြိုင်မမုန်းဘူး
တိတ်ဆိတ်မှုကိုပဲ ရွေးချယ်လိုက်တယ် ။
ကျရှုံးသည်ဖြစ်စေ၊
ဝမ်းနည်းသည်ဖြစ်စေ၊
အဆင်မပြေသည်ဖြစ်စေ၊
ကံကြမ္မာကို အပြစ်မတင်ဘူး
ကိုယ်တစ်ယောက်တည်း ကံဆိုးတယ်ဆိုပြီး
ငြီးတွားမနေတတ်ဘူး ။
အတိတ်ကိုလည်းပြန်လှည့်မကြည့်ဘူး
အနာဂတ်ကိုလည်း ကြိုးတွေးပြီး ပူလောင်မနေဘူး
လက်ရှိ ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးနေထိုင်တယ် ။
🌻🤍
#ဖားစည်ရည်ကျော်
13/09/2023
ရှေ့လျှောက်ကပ်တွယ်
နေတာမျိုးတွေ ထပ်မလုပ်
တော့ဘူး ထပ်တူမကျရင်
ဘယ်အရာမှ မလိုချင်ဘူး..။
🌻📬
-linhtet-
ကံမပါလို့ ဝေးခဲ့ကြရင်တောင်
ချစ်တာလေးတော့ မင်းကိုသိစေချင်တယ်
အချစ်ရဲ့. . . ။
To the bone //
11/01/2023
လပြည့်ကြိုးစားလာသမျှအရာထင်ခဲ့ပီ
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
