Shin Thant Perfume

Shin Thant Perfume

Share

💖အချစ်ဇာတ်လမ်းတပုဒ်ကို
အချိန်ကုန်မခံဘဲ🥱
Shin Thant Perfumeနဲ့ ဖန်တီးလိုက်ပါ 😉😉

Photos from Shin Thant Perfume's post 20/04/2024

➡️2022တုန်းက ကမ္ဘာနာမည် အကြီးဆုံး ရေမွှေး ၄မျိုး

ရေမွှေးတွေဟာ ရနံကောင်းရှိရုံသာမက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ပေးနိုင်တယ်လို့ပါပြောရင် မမှားပါဘူး။အနံခံ အာရုံဆိုတာ အာရုံ ၅ပါးထဲက အားအကောင်းဆုံး အာရုံတစ်ခုဖြစ်တဲ့အတွက် သင်နဲ့ လိုက်ဖက်မယ် မွေးရနံကိုသာ ရွေးချယ်တတ်မယ်ဆိုရင် ကိုယ်ပိုင်အမှတ်အသားတစ်ခုအနေနဲ့ လူတွေသင်ကို မှတ်မိနေမှာ ဖြစ်ပါတယ်။ အခုပြောပြပေးမှာက ၂၀၂၂ခုနစ်ရဲ့ စျေးအကြီးဆုံးလို သတ်မှတ်ထားတဲ့ ရေမွှေး ၄မျိုးအကြောင်း ဖြစ်ပါတယ်။ ကမ္ဘာစျေးအကြီးဆုံးရေမွှေး ၄မျိုးကို ရေမွှေးချစ်သူလေးတွေ ရှုစားလိုက်ကြပါဦးနော်။

(၄) Jar Bolt Of lightning

Jarဟာ ပါရီအခြေစိုက် အမေရိကန်ကျောက်မျက်ရတနာသမား Joseph arthur Rosenthal ရဲ့တီထွင်မှုတစ်ခုဖြစ်ပြီးတော့ ဒီအမှတ်တံဆိပ်ထဲက ထူးထူးခြားခြား အမွှေးနံသာအဖြစ် သတ်မှတ်ထားတာကတော့ Bolt of lightning ဖြစ်ပါတယ်။ ဒီရေမွှေးထဲမှာ အရှေတိုင်းပန်းရနံတွေနဲ့ tuberoseလို့ခေါ်တဲ့ပန်းရနံတစ်မျိုးပါ၀င်တာကြောင့် ကွဲပြားခြားနားတဲ့ ဆွဲမက်ဖွယ်မွှေးရနံကို ပေးစွမ်းနိုင်တဲ့အပြင် လက်မှုအနုပညာနဲ ပုံဖော်ထားတဲ့ ထူးခြားတဲပုလင်းပုံစံကြောင့်လည်း နာမည်ကြီးတာဖြစ်ပါတယ်။Bolt Of Lightningရဲ ရေမွှေးစျေးနူန်းကတော့ တစ်အောင်စကို 765ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
1အောင်စဟာ Mlနဲဆိုရင် 29ml ၀န်းကျင်ရှိပါမယ်။

(၃)Joy By Jean Patou

နာမည်ကျော် ပြင်သစ်ဖက်ရှင်ဒီဇိုင်နာနဲဖက်ရှင်ဖန်တီးသူ Jean Patou ဖန်တီးထားတဲ့ Patouရေမွှေးဟာ လက်ရှိမှာ Procterနဲ့ Gambleရဲ့ လက်အောက်မှာ ရှိနေပေ့မယ့် ထူးထူးခြားခြားအရည်အသွေးရှိတဲ့ရနံတွေကို ​ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ အခုချိန်ထိ နာမည်ကြီးနေဆဲ ဖြစ်ပါတယ်။ နင်းဆီမျိုးကွဲတွေနဲ့ စံပယ်ပန်း ၁၀၀၀၀ပါ၀င်တဲ့ ပါ၀င်ပစ္စည်းတွေနဲ့အတူ Joyဟာ patouရဲ့ အစောပိုင်းလက်ရာတွေထဲက တစ်ခုဖြစ်ပြီး 1929ခုနစ်မှာ စတင်ထုတ်လုပ်ခဲပါတယ်။ဒါပြင် ဆယ်စုနစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာလည်း
ကမ္ဘာအကောင်းဆုံးရေမွှေးများထဲက တစ်ခုအဖြစ်ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။Jean Patouရေမွှေးရဲ စျေးနူန်းကတော့ တစ်အောင်စကို
ဒေါ်လာ ၈၅၀ကျသင့်မှာပါ။

(၂)Caron Poivre

Perfum Caronတံဆိပ်က ရှေးအကျဆုံး ပြင်သစ်ရေမွှေးထုတ်လုပ်တဲ့ Perfume houseတွေထဲက တစ်ခုဖြစ်ပါတယ်။1904ခုနစ်မှာ စတင်တည်ထောင်ခဲပြီး နစ်ပေါင်း၅၀အကြာမှာ အမှတ်အသားရနံဖြစ်တဲ Caron Poivreကို ထုတ်လုပ်နိုင်ခဲတာဖြစ်ပါတယ်။Caron ရေမွှေးကို စတင်တည်ထောင်သူ Ernest Daltroffရဲ့ စီပွားရေး လုပ်ဖော်ကိုင်ဖက်က
ဒီဇိုင်းထုတ်ခဲတာဖြစ်ပေမယ့် Poivreဟာ Baccarat
မှဖန်တီးထားသော ရင်သပ်ရှုမောဖွယ်ပုလင်းပုံစံနဲ ပေါင်းစပ်ဖန်တီးထားပါတယ်။သူရဲရနံဟာ ထင်ရှားပြီး ကွဲပြားတဲရနံပုံစံရှိပြီး ကမ္ဘာတ၀ှမ်းက ရွှေးချယ်သတ်မှတ်ထားတဲStoreဆိုင်တွေမှာသာ ၀ယ်ယူလိုရနိုင်မှာ ဖြစ်ပါတယ်။Caron Poivreရေမွှေးရဲ့စျေးနူန်းကတော့ တစ်အောင်စကို ဒေါ်လာ ၁၀၀၀ကျသင့်မှာဖြစ်ပါတယ်။

(၁) Hermes 24 Faubourg

Hermes တံဆိပ်က Styleကျတဲ့ သားရေအိတ်တွေ
၊တန်ဖိုးကြီးနာရီတွေနဲ လက်၀တ်ရတနာတွေကို ထုတ်လုပ်ထားတဲ့အပြင် နာမည်ကြီးအမွှေးနံသာတွေလည်း ရှိပါတယ်။ အမှတ်တံဆိပ်ရဲအထင်ကရဖြစ်တဲ့ ပါရီStoreဆိုင်ရဲ့လိပ်စာကို အစွဲပြုပြီး နာမည်ပေးထားတဲ Hermes 24 faubourgလို ရေမွှေးတံဆိပ်က အလွန်ကိုရှားပါးပြီးတော့ ရေမွှေးပုလင်းရေ ၁၀၀၀သာ ထွက်ရှိထားတာ ဖြစ်ပါတယ်။တစ်ခုချင်းစီကို လှပတဲ့ စိန်လူး၀စ်ပုံဆောင်ခဲနဲ ပြုလုပ်ထားပြီး လိမ္မော်ပွင့်နဲ ဗနီလာကဲ့သိုသောမွှေးပျံတဲ့ရနံတွေကြောင့် အလွန်လူသိများပါတယ်။Hermes 24 Faubourgရေမွှေးကတော့ တစ်အောင်စကို ဒေါ်လာ
၁၅၀၀ကျသင့်မှာဖြစ်ပါတယ်။

19/04/2024

Pageကို Like&Follower လုပ်ထားတဲ့ ညိုကီများအတွက် သတင်းကောင်းးးး

Myanmar နစ်ဦးမှာ မင်မင်ဖက်က တတ်နိုင်တာလေး

ရေးမွှေးကောင်းကောင်းသုံးချင်ပေ့မဲ့ လတ်တလော၀ယ်ဖို့ မတတ်နိုင်သေးတဲ့သူများ ခင်ဗျာ

မင်မင်တင်ထားတဲ့ရေမွှေးတွေထဲက ကြိုက်နစ်သက်ရာ ရေမွှေးကို ပုံယူပြီး Page cb မှာ လာပိုထားပေးပါ။

၀ယ်ဖို တတ်နိုင်တဲ့အချိန်အထိ စိတ်ရှည်လက်ရှည် မင်မင်စောင့်ပေးပါမယ်။

13/04/2024

My Fri :သကြန်မှာ ဘာ plan ရှိလဲ
Me :

Photos from Shin Thant Perfume's post 23/03/2024

Mont Blanc Legend Spirit 💧

Montblanc က 2016 ခုနှစ်အတွက်ဆိုပြီး Legend spirit ကို 2011 ခုနှစ်ထဲကထုတ်လုပ်ခဲ့ပါတယ်။

"မင်းရဲ့ဝိညာဉ် နောက်လိုက်ပါ" ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ Legend ထဲကမှ တစ်ခုအနေနဲ့ထုတ်ခဲ့ပါတယ်။
Fresh ဖြစ်တဲ့ သစ်သီးအချဉ်အနံ့ ၊ အရမ်းသန့်ပြီး စိတ်ကြည်လင်စေတဲ့ ရေအနံ့နဲ့ ပေါင်းထားတဲ့ Fresh & Clean ဖြစ်တဲ့ ရေမွှေးတစ်ခုလိုခံစားရစေပြီးတော့ lavender ပန်းအနံ့ပျော့ပျော့လေး ပေါင်းစပ်ပါဝင်ထားတဲ့အပြင် Classic ဆန်တဲ့အနံ့မျိုးကိုပေးထားပြီး အစဉ်အမြဲတည်ရှိတဲ့အနံ့မျိုးပါ။ လုံးဝအမိုက်စားကိုမှ ဆွဲဆောင်မှုအပြည့်နဲ့ Woody Aromatics ရေမွှေးပါနော်။
ခုမှရေမွှေးစသုံးမယ့်သူတွေအတွက်လည်း အနံ့မပြင်းပဲအဆင်ပြေတယ်,လွတ်လပ်ပေါ့ပါးပြီးလူငယ်ဆန်တဲ့အပြင် ရနံ့Quality ကောင်းပြီးဈေးအရမ်းသင့်တယ်,Daily Use အတွက်လည်းအဆင်ပြေတယ်

လူငယ်လူရွယ် တွေနဲ့အရမ်းလိုက်ပြီး အထူးသဖြင့် ကျောင်းတက်နေတဲ့သူတွေ အတွက်ပိုလိုက်ဖက်လိမ့်မယ်
- လူတိုင်းကြိုက်စေနိုင်တဲ့ အနံ့ဖြစ်တယ်
- ပေါ့ပေါ့ပါးပါးဆွတ်လို့ရတယ်
- စျေးတန်တယ်
- လူကိုလန်းဆန်းစေတယ်

Performance နဲ့ Longevity ကတော့ အနည်းငယ်လျော့ပါလိမ့်မယ်
ပျမ်းမျှ ၄ ၅ နာရီ၀န်းကျင်ပဲ

21/03/2024

Versace pour Homme EDT

✴️Opening -
သူ့ရဲ့ opening က lemon တို့ bergamotတို့ လိုမျိုး fresh အရမ်း ဖြစ်တဲ့ ခပ်စူးစူး ရှရှ citrus notes လေးတေနဲ့ စတယ်။

✴️Middle notes -
middle ကျတော့ သူ့ရဲ့ အနံ့က နည်းနည်းလေးငြိမ်လာပြီးတော့ floral လေး ပါးပါးလေး ပါတယ်ဆိုရုံလေး ပါလာပြီးတော့ ဒါပေမယ့် သူ့ရဲ့ fresh ဖြစ်တဲ့ taste လေးကတော့ ရနေတုန်းပဲ ။

✴️Base notes-
သူ့ရဲ့ base notes တေမှာကျတော့ Tonka bean တို့ amberတို့ နဲ့ အဆုံးသတ်ထားပြီးတော့ ခပ် spicyဖြစ်ဖြစ် လေးနဲ့ fresh spicy taste လေးကို ပေးထားတာ။

အဓိက သူပေးချင်တဲ့ performance က အဲ့ရေမွှေးကို စွတ်ထားလိုက်တာနဲ့ အဲ့ အနံ့လေး ရှိနေ တဲ့ တစ်လျောက်လုံးမှာ လုံးဝ လန်းဆန်း တတ်ကြွ ပြီးတော့ လုံးဝ clean ဖြစ်နေတဲ့ teste မျိုးကို ပေးချင်တာ။

ပြီးတော့ VERSACE POUR HOMME ရဲ့ အနံ့ tpye က လူတိုင်းငြင်းဖို့ ခက်တဲ့ type မျိုး ။ ရေမွှေး မကြိုက်ပါဘူး ဆိုတဲ့ လူတောင် သူ့ရဲ့ အနံ့ကိုဆိုရင်တော့ လက်ခံနိုင်တဲ့ အနံ့မျိုးပေါ့။ aromatic ဖြစ်ပြီးတော့ အနံ့လေးသင်းသင်းကြည်ကြည်လေး ဖြစ်နေတာက ကိုယ်ကိုယ်တိုင်ကော ကိုယ့်အနံ့ရတဲ့လူကိုကော စိတ်ကျေနပ်မှု ပေးနိုင်တဲ့ ပုံစံမျိုးပေါ့။

Versace pour Homme က အရမ်း fresh ဖြစ်တဲ့ အနံ့မျိုးဖြစ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံရာသီဥတုနဲ့ဆို တစ်နှစ်ပါတ်လုံး စွတ်လို့ရတဲ့ အနံ့အမျိုးအစားထဲမှာပါတယ်။ daily use အနေနဲ့ အသုံးပြုလို့ ကောင်းသလို office wear တို့ interviewတို့ uni တို့မှာလည်း သုံးလို့ အရမ်း ကောင်းတဲ့ အနံ့မျိုးလေးပေါ့။

100% authentic ပစ္စည်းတေကိုပဲရောင်းချပေးတာဖြစ်လို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။

20/03/2024

နောက် 12 hour ပြည့်တာနဲ့
Fb တွေဖျက်သိမ်းပီလို့ Mark Zukarbarg က
တရားဝင်ကြေညာလိုက်ပီ ဆိုတဲ့သတင်းက

ပေါ်ပင်တစ်ခုသာဖြစ်ပါတယ်
Zukar အနေနဲ့ သူဝင်ငွေရရှိနေတဲ့
Meta Company ပိုင် FB ကိုဖြုတ်မချပါဘူး

နောက်ပြီး ရှယ်ယာဝင်ထားသူတွေ
Vote အဖွဲ့တွေဆိုတာလည်းရှိပါသေးတယ်
ဒေါ်လာ millions ချီတန်တဲ့ App တစ်ခုကို
သူတို့အနေနဲ့ဖြုတ်ချမလားဆိုတာ
မိတ်ဆွေ စဥ်းစားပါ

Messenger Active Error ကိုပြန်ပြီး
Resolve လုပ်နေတာပါ
သူ့အလိုလိုပဲ ပြန်ရသွားပါလိမ့်မယ်

$ ဦးနှောက်မရှိလေးတွေက
Attention ရချင်ယုံသပ်သပ်နဲ့ပြောနေတာပါ

လက်ရှိ Error တတ်နေတဲ့ Facebook ‼️

Profile cover ပုံတွေကြည့်မရ ✅
Messenger မီးစိမ်းမပေါ် ✅
Myday မပေါ် ✅ (ပြန်ပေါ်လာ)
Followers မပေါ် ✅
Friend list ပျောက် ✅
Facebook Search History ပျောက်✅

ဟုတ်ကြရဲ့လား အမျိုးတို့ရေ...

20/03/2024

“ကော်ဖီစေ့ဟာ ဘာကြောင့်မို့ ရေမွှေးဆိုင်တွေမှာရှိနေပါသလဲ”

အခြေခံအကျဆုံးကိုပြောရမယ်ဆိုရင်တော့ လူတွေရဲ့ အနံ့ခံအာရုံ olfactory palate မှာ ရေမွှေးတွေလျောက်စမ်းသပ်ပြီး တွယ်ကပ်နေတဲ့ ရနံ့တွေကို သန့်ရှင်းရေးလုပ်ပေးနိုင်လို့ပါပဲ။

ကိုယ်က ရေမွှေးဆိုင်တခုကိုရောက်လို့ ဘာအနံ့မှစမစမ်းခင် coffee beans ပုလင်းကိုယူပြီးတော့ တချက်လောက် ဖြည်းဖြည်းလေး ရှုကြည့်လိုက်ပါ။ သင့်ရဲ့ နှာခေါင်းအာရုံခံစနစ်မှာ အနံ့တွေ ရှင်းရှင်းလေး ဖြစ်သွားတာကို ခံစားရပါလိမ့်မယ်။ အဲ့ဒီ့နောက်မှာတော့ သင်ရေမွှေးတွေ စိတ်ကြိုက်စမ်းသပ်တာပိုကောင်းတာ သိသာပါလိမ့်မယ်။

နောက်တခုက ကော်ဖီစေ့ရဲ့ အနံ့တွေဟာ အချိုအနံ့နဲ့ ပန်းအနံ့ လွန်ကဲတဲ့ ရေမွှေးတွေကို စမ်းပြီးတဲ့အချိန်မှာ သုံးရင်ဖြစ်ဖြစ် မစမ်းခင်မှာ သုံးရင်ဖြစ်ဖြစ် ပိုပြီးပေါ်လွင်စေတယ်။ ဒါ့အပြင် ကော်ဖီမှာ လူတွေရဲ့ အာရုံတွေကို နိုးကြားစေနိုင်တဲ့ သတ္တိရှိတယ်။

မိမိက ရေမွှေးတခုကို တခြားတခုနဲ့ ယှဉ်ပြီး ဝယ်ဖို့ ချိတုန်ချတုန် ဖြစ်နေခဲ့မယ်ဆိုရင် ကော်ဖီစေ့ ပုလင်းသာ ရှုပြီး ပြန်စမ်းကြည့်လိုက်ရင် ဘယ်ဟာ ဝယ်ရမလဲဆိုတာ ပိုပြီး သိသာ ပေါ်လွင်သွားစေတယ်။

ကော်ဖီစေ့ဟာ တခြား သဘာဝပစ္စည်းတွေထက်စာရင် အကောင်းဆုံး အနံ့ကို သန့်စင်ဖယ်ရှားနိုင်တဲ့ အရည်အသွေး ရှိနေလို့ပါပဲ။ သူ့ကို scent enhancer လို့တောင်ခေါ်သလို neutralizer လို့လည်းရေမွှေးလောကမှာ ထင်ရှားပါတယ်။

နိုင်ငံတကာ ရေမွှေးဆိုင်တွေ က ကုန်တိုက်လို နေရာတွေ မှာရှိကြတာများတော့ အနံ့တွေ စမ်းသပ်ပြီး scent complex ဖြစ်သွားသူတယောက်အဖို့ လေကောင်းလေသန့် ထွက်ရှူပြီးမှ ဆိုင်ကိုပြန်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့လို့အခါမျိုးအတွက် ကော်ဖီစေ့ဟာ အကောင်းဆုံး ပဲ ဖြစ်ပါတော့တယ်။

အမှတ်မှားစေတဲ့ message တွေတချို့ပေးနေတာတွေအတွက်လဲ ဝမ်းနည်းမိပါတယ်။
ကော်ဖီစေ့လို မှာမှ roasted အစေ့ နည်းနည်းရောရပါတယ်။ သူလိုပဲတခြားအသုံးတည့်တဲ့ပစ္စည်းက lemon အစိတ်လေးတွေပါ။ ဒါပေမယ့် တရက်ပဲ ခံပြီးပုပ်လွယ်လို့ ကြာရှည်ခံတဲ့ ကော်ဖီစေ့ပုလင်းကသာ ရေမွှေးဆိုင်ကြီးတော်တော်များများမှာ ကြီးစိုးလို့နေပါတော့တယ်။

***(ဘာအနံ့မှ မဖြန်းရသေးတဲ့ blotter ကို ၃ မိနစ်လောက်ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ မကြာခနရှူလိုက် လေရှူလိုက်လုပ်ရင်လည်းရတယ်၊ ခုန ကော်ဖီ လိုတော့ ချက်ချင်း မရပေမယ့် ကော်ဖီ မသုံးချင်သူတွေ အတွက် နည်းလမ်းတခုဖြစ်ပါတယ်)

Sharing is Caring
Credit : Zeya Myint

18/03/2024

Versace EROS EDT

🔰Notes break down-

✴️Opening-
Versace eros EDT ရဲ့ စစချင်း top notes တေမှာ သူ့မှာ ပါတာက mint ပါတယ် green apple ပါတယ် lemon ပါတယ်။

✴️Middle notes -
သူ့ရဲ့ Middle notes တေမှာကျတော့ Tonka bean ပါတယ် ambroxan ပါတယ် geranium ပါတယ်။

✴️Base notes-
သူ့ရဲ့ base notes တေမှာကျတော့ vanilla တို့ cedar တို့ Vetiver တို့ Oakmoss တို့ ပါတယ်။

🔰Review
Versace Eros EDT က အားလုံး သိတဲ့ အတိုင်း သူရဲ့ ပရိတ်သတ် အခိုင်အမာနဲ့သူ အရမ်း နာမည်ကြီးတဲ့ ရေမွှေးတစ်ခု ဖြစ်တယ်ဗျ။ သူ့ရဲ့ အနံ့က sweet ဖြစ်တယ် aromatic အရမ်းဖြစ်တယ်။ ဒီကောင်က စစစွတ်ချင်းမှာ mint အနံ့လေးအေးအေးလေးရယ် green apple နဲ့ lemonပေါင်းထားတဲ့ အနံ့မျိုးလေးရတယ်။ ဒါပေမယ့် အဲ့တာက အရမ်းကြီးအကြာကြီး ရတာတော့မဟုတ်ဘူး အဲ့ fresh ဖြစ်တဲ့ scent လေးက ဆယ်မိနစ်လောက်ဆို‌ ပျော့သွားပြီးတော့ သူ့ရဲ့ အနောက်မှာ တက်လာတာက Tonka bean အနံ့နဲ့ အရမ်းမွှေးတဲ့ vanilla အနံ့နဲ့တက်လာတာ ။
သူ့ရဲ့ အနံ့က ချိုတယ် အရမ်းမွှေးတယ်။ ချိုတာ သိပ်မကြိုက်တတ်တဲ့ သူဆိုရင်တော့ နည်းနည်းလေးအီတယ်ဗျ။ ဒါပေမယ့် ဟိုလို မိန်းမကလေးသုံးရေမွှေး တစ်ချို့တေလိုမျိုး ချိုနစ်ပြစ်တွဲ နေလောက်အောင် ချိုတာမျိုးတော့ မဟုတ်ဘူး ။ပြောချင်တာက ချိုတော့ ချိုတယ် အရမ်းကြီး ချိုနေတာမဟုတ်ဘဲနဲ့ စစချင်းမှာ ပါတဲ့ fresh ဖြစ်တဲ့ citrus notes လေးတေက မသိမသာနဲ့ ထိန်းထားပေးသလိုဖြစ်နေတာ။ ကျွန်တော့ အတွက်ကျတော့ Versace eros က စွတ်ထားပြီးရင် compliment အရဆုံး ရေမွှေးတေထဲမှာပါတယ်။ ရေမွှေးစွတ်ထားလိုက်ပြီး‌တော့ ကိုယ့်ဘေးကလူတေက အဲ မွှေးလိုက်တာ ဘာရေမွှေးစွတ်ထားတာလဲလို့ အမေးခံရဆုံး ရေမွှေးတစ်ခုဆိုလည်း ဟုတ်တယ်ဗျ။ Versace eros EDTက သူပေးချင်တဲ့ scent ကိုက အချိုဘက်သွားတာဆိုတော့ ရာသီဥတုအရမ်းပူရင်တော့ မလိုက်ဘူးဗျ ။ ဒါပေမယ့် ရာသီဥတုအေး‌တဲ့ အချိန် ဆောင်းတွင်းလို မျိုးမှာ ဆိုရင် တော့ ဒီကောင့် ရဲ့ အနံ့က တော်တော်လေးကို စိတ်ကျေနပ်စရာကောင်းပြီး အရမ်းစွတ်ပျော်တဲ့ အနံ့မျိုးရှိတယ်ဗျ။

ရေမွှေးဆိုရင် ချိုချိုလေး မွှေးမွှေးလေး ၊ လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းတဲ့ အနံ့မျိုးလေး ကိုမှ Fun type ဖြစ်တာလေးကိုမှ ကြိုက်တယ် ဆိုတဲ့ brother တို့ အနေနဲ့ Versace eros EDT ကိုကတော့ မဖြစ်မနေ try ကြည့်သင့်တယ်ဗျ။

100% authentic ပစ္စည်းတေကိုပဲရောင်းချပေးတာဖြစ်လို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။

17/03/2024

စော်မကြည် / ဘဲမကြည်တာက သောက်ပြစ်တော့
မဟုတ်ဘူး ဒါပေမယ့်
စော်ကြည် / ဘဲကြည်ချင်တဲ့ဟာတွေ သုံးဖို့ ဘယ်သူတွေ အားယားပြီး ရေမွှေးက်ို ထထွင်လဲ မသိဘူး😜

ကြားထဲက မင်မင်က အချိန်ကုန်ခံပြီး ရောင်း​ေပးနေရတယ်😪

အမှန်ဆို ဒီချိန်က ရည်းစားလေးနဲ
တီတီတူးနေရမယ့်အချိန်

မင်မင်မှ မကူရင်လည်း ဒီတသက် ရဖိုမမြင်တဲ့သူလေးတွေအတွက် ငွေလည်း အများကြီးမကုန်အောင်
တစ်ခါသုံးလိုရတဲ့ 9pm 10ml Decantလေးတွေရောင်းပေးမယ်။ 10ml ကို 20000
စော်ကြည် / ဘဲကြည်ချင်တယ်ဆို ၀ယ်သုံး
လိုအပ်တာတွေ ပြောပြီးပြီး အပိုတွေလာမမေးနဲ
ရည်းစားလေးနဲ နှပ်မလို့😌

****အထူးလိုက်နာရန်***
dateing perfume ရယ် တစ်ခါသုံးလေးဖြစ်တာကြောင့်မလို့ Dateingတခါပဲသုံးပေးပါ
သေချာပေါက် စော်ကြည် / ဘဲကြည်မှာပါဗျ 😍

16/03/2024

Customer :ရေမွှေးအနံ့လေးပြောပြပေးပါလား

မင်မင်:

15/03/2024

ကမ္ဘာပျက်ရင်တောင် ဘာမှမပြောတဲ့အိမ်ကလူတွေဆီက Complimentရတဲ့ ရေမွှေးလေး အကြောင်း

အိမ်ကလူတွေနဲ ကိုယ်နဲက နေတာ တခန်းစီ
အဲတာကို အားနေခေါ်လိုက် မမြင်ရင်ခေါ်လိုက်
လုပ်စရာမရှိလည်းခေါ် ခနတိုင်း ခေါ်နေတာဆိုတော့
မလုပ်ပေးပြန်ရင်လည်း မလိမ္မာတဲ့သားမိုက်က ဖြစ်ဦးမယ်။

လုပ်ပေးပြန်ရင်လည်း ကိုမနားရတာ ကိုယ်ပဲသိတယ်
အာနဲပဲ အိမ်ကလူတွေ မျက်မုန်းကျိုးမယ့်ရေမွှေးလေး 4ချက်လောက်ဆွတ်ပြီး အရှေ နဲ အနောက်
3ခေါက်လောက် ခေါက်တုံခေါက်ပြန် လျောက်ပေးလိုက်တော့ မကြာပါဘူး
အိမ်ကလူတွေ ထွက်လာပြီး တစ်ခွန်းတည်းပြောတယ်။

လမ်းတွေလည်း မလျောက်ပါနဲတော့🥺
ကိုယ်အခန်းကိုယ်ပြန်ပါတော့တဲ့ မင်းရေမွှေးအနံရတာနဲ လူက မူးတာလိုလို အန်ချင်တာလိိုလိုဖြစ်တော့မယ်ဆိုပြီးလာပြောလို့ မ၀င်ချင် ၀င်ချင်ဟန်နဲ့ ပြုံးပြီးထွက်လာရတယ်။ မလွယ်ပါဘူး အိမ်မှာလည်း ပညာလေးတွေ သူပြ ကိုပြ လုပ်ရသေးတယ် ။

အရမ်းခိုင်းတဲ အိမ်ကလူတွေရှိရင် CB လာပေးနော်
Freee idea ပေးမယ်🤪

14/03/2024

လွန်ခဲ့သော ဘီစီ ၂ ထောင်ခန့်က မက်ဆိုပိုတေးမီးယား ဒေသတွင် ရေမွှေးပညာရှင်တဦး ပေါ်ပေါက်ခဲ့ဖူးသည်။ မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုသည် လူ့ယဉ်ကျေးမှု သမိုင်း၏ အစဖြစ်၏။ ထိုပညာရှင်သည် အမျိုးသားမဟုတ်ဘဲ၊ တပ်ပူတီ (Taputi) အမည်ရှိ အမျိုးသမီးဖြစ်ကြောင်း ကျူနီဖောင်း (Cuneiform) အုတ်ချပ်စာတို့အရ သိရ၏။

◾️ဒီထက် ပိုမိုအံ့သြဖွယ်မှာ ဆိုက်ပရပ်ကျွန်းမှ ပီယာဂိုးဒေသတွင် စိတ်ဝင်စားဖွယ် အဆောက်အအုံတခုကို သုတေသီတို့ တူးဖော် တွေ့ရှိကြပြန်သည်။ ပေါင်းခံအိုးများ၊ အမွေးရည် ရောစပ်သည့်အိုးများ၊ ကတော့များ၊ များလှစွာသော ရေမွှေးပုလင်းများကို တွေ့ကြ၏။

◾️သမိုင်း၏ တိမ်မြှုပ်နေသော လျှို့ဝှက်ချက်တရပ် ပေါ်ပေါက်လာလေသည်။ ထိုအဆောက်အအုံသည် စီးပွားဖြစ် ရေမွှေး ထုတ်လုပ်ခဲ့ရာ အလုပ်ရုံကလေး ဖြစ်၏။ ရေမွှေးလုပ်ငန်း တွင်ကျယ်ခဲ့သည်မှာ နှစ်ပေါင်း ၄ ထောင်ပင် မကပြီ။

◾️မက်ဆိုပိုတေးမီးယားနှင့် အီဂျစ်မှ အခြေခံကာ၊ ရောမနှင့် ပါရှားဒေသတွင် ပိုမို ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင်။ ရှေးလူတို့ ရေမွှေး စီရင်ရာ၌ ရနံ့မွှေးသည့် အပွင့်၊ အရွက်၊ အပင်၊ အခေါက်တို့ကို အလိုရှိသော ပမာဏရအောင် ရောနှော၍ ၎င်းတို့ကို ဆီများ၊ အရည်များနှင့် ပေါင်းစပ်ကာ၊ အကြိမ်ကြိမ်ပေါင်းခံ၊ အကြိမ်ကြိမ် အနည်ချခြင်းဖြင့် နောက်ဆုံး၌ ကာလဒေသ အလျောက် စံပြုထားသောရနံ့၊ အလိုရှိသောရနံ့ ပါသည့်အဆီကို ရရှိလာသည်။ ၎င်းကို ရေမွှေးအဖြစ် အသုံးပြုကြလေသည်။

◾️၉ ရာစုခန့်က အာရပ်လူမျိုး၊ ရေမွှေးပညာရှင် အယ်လ်ခင်ဒီ (Al-Kindi) သည် ထုတ်လုပ်နည်း၊ ပေါင်းခံ သန့်စင်နည်းများ အကြောင်း ရေးသားခဲ့ဖူး၏။ ထိုစာစု၌ ထုတ်လုပ်ပုံနည်း ၁၀၀ ကျော် ပါဝင်ရုံမျှမက၊ အသုံးပြုသော ပေါင်းခံအိုး၊ ပေါင်းအိုးများ အကြောင်းကိုပင် ရှင်းလင်းရေးသားထား၏။
အမွေးဆီများ အကြောင်း၊ ရနံ့သင်းသည့် အရည်များအကြောင်းနှင့်တကွ တန်ဖိုးကြီး ဘယဆေး သစ်ဥသစ်ဖုတို့အစား သုံးစွဲနိုင်သည့် တန်ဖိုးနည်း ဝတ္ထုပစ္စည်းများ အကြောင်းပါမကျန် အတိအကျ ဖော်ပြထားသည်။

◾️ယနေ့သုံးစွဲနေသော နည်းပညာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ ပါရှန်ပညာရှင် အာဗီဆင်းနား (Avicenna) ၏ ပညာကို အခြေခံထားခြင်း ဖြစ်၏။ ပန်းကို ပေါင်းခံ၍ အဆီထုတ်ခြင်း စနစ်ဖြစ်သည်။ သူ့နည်းပညာ မပေါ်ပေါက်မီက ရေမွှေး ဆိုသည်မှာ ကြိတ်ချေထားသော အပင်၊ အပွင့်၊ အခေါက်၊ အမြတ်တို့နှင့် ဆီအရောအနှောကို ခေါ်ခြင်းဖြစ်၏။
၎င်းသည် ရနံ့လည်း စူးရှပြင်းထန်၏။ အာဗီ၏ နှင်းဆီရည်သည် ရှေးယခင်ရေမွှေး (အဆီ) တို့မှ ခြားနားသိမ်မွေ့သော ရနံ့ရှိ သဖြင့် ချက်ချင်း နာမည်ကျော်ကြားလာသည်။

◾️သက္ကရာဇ် ၁၂၂၁ ကစတင်၍ အနောက်ဥရောပတွင် ရေမွှေးလုပ်ငန်း တွင်ကျယ်လာသည့် အကြောင်း အီတလီပြည်၊ ဖလောရင့်မှ ဆန်တာမာရီယာ ဝတ်ကျောင်းရှိ ခင်ကြီးတပါး၏ မှတ်စု၌ သက်သေခံလျက် ရှိ၏။
သက္ကရာဇ် ၁၃ရဝ တွင် ဟန်ဂေရီ ဘုရင်မကြီး အဲလိဇဘက်၏ အမိန့်အရ အရှေ့ဥရောပ ပညာရှင်တို့သည် အယ်လ်ကိုဟော ပျော်ရည်တွင် ရနံ့သင်းထားသည့် အမွှေးဆီ ရောစပ်ခြင်းဖြင့် ရေမွှေး ရရှိလာကြသည်။
ဉာဏ်သစ်လောင်း ခေတ်တွင် တခြား ပညာရပ်များနည်းတူ ရေမွှေးပညာသည်လည်း အဆင့်အတန်း မြင့်မားလာသည်။ ခရီးသွားများ၊ ကုန်သည်များ၊ မင်းမှုထမ်းများ၏ သယ်ဆောင်မှုဖြင့် အိမ်နီးချင်း ပြင်သစ်ပြည်သို့ ရောက်ရှိသွားခြင်းသည် ရေမွှေးသမိုင်း၏ ရွှေခေတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။

📌၁၆ ရာစု ပြင်သစ်ဧကရာဇ် ဒုတိယမြောက် ဟင်နရီ၏မိဖုရား အီတလီသူ “ကက်သရင်း ဒီ မက်ဒီချီ” ၌ ကိုယ်ပိုင်ရေမွှေး ပညာရှင်တဦးရှိ၏။ ပညာရှင် ရေနေး (Rene) နှင့် မိဖုရား၏ အိမ်တော်ကို လျှို့ဝှက်လမ်းဖြင့် ဆက်သွယ်ထားသဖြင့်၊ သူ၏ နည်းပညာတို့ အပြင်သို့ မပေါက်ကြားနိုင်ရုံမျှမက၊ နည်းပညာကို နှောင့်ယှက်မည့်သူ၊ ခိုးယူမည့်သူ၏ ရန်မှလည်း လုံခြုံခဲ့ရသည်။

📌ဥရောပတွင် ထိုအချိန်က နည်းပညာ အထောက်တော်များ၊ ခိုးယူသူများ၊ ဖျက်ဆီးသူများ အလွန် ရှိခဲ့ဖူးသည်။
ပညာရှင်ရေနေး၏ ရေမွှေးသည် ပြင်သစ်ပြည်မှာ သာမက ဥရောပ တတိုက်လုံး စတင် သင်းပျံ့လာသည်မို့ ပြင်သစ်ပြည်သည် ရေမွှေးနှင့်တကွ အမျိုးသမီး အလှအပ ပစ္စည်းများ တီထွင်သူ၊ ထုတ်လုပ် ရောင်းချသူတို့၏ အချက်အချာဒေသ ဖြစ်လာသည်မှာ ယနေ့တိုင်ပင်။

📌ရေမွှေးအတွက် လိုအပ်သည့် ပန်းများကို ၁၄ ရာစုကပင် ပြင်သစ်တောင်ပိုင်း၌ အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးခဲ့သဖြင့် ကုန်ကြမ်းအတွက် စိတ်ပူစရာမလိုတော့။
၁၆ ရာစုနှင့် ၁၇ ရာစုတွင် ရေမွှေးသုံးစွဲခြင်း၏ အဓိက အကြောင်းရင်းမှာ အခြေအနေ၊ ရာသီဥတုကြောင့် နေ့စဉ်ကိုယ်လက် မသန့်စင်နိုင်သဖြင့် မလိုလားအပ်သော ကိုယ်န့ံကို ကာကွယ်ရန် အထက်တန်းလွှာတို့ သုံးစွဲခြင်းဖြစ်၏။

📌ဂျာမနီပြည်မှ အီတလီ ဆတ္တာသည်တဦးက “မြတ်နိုးဖွယ် ရေစင်”ဟု အမည်ပေးထားသော ရေမွှေးသည် ယနေ့ အော်ဒီကလုန်း (Eau de Cologne) ၏ မူလအစ ဖြစ်သည်။ ၁၇၃၂ ခုနှစ်တွင် တူတော်စပ်သူက လုပ်ငန်းကို လွှဲပြောင်းယူခဲ့သည်။
ရေမွှေးအမျိုးအစား သတ်မှတ်ရာတွင် မွှေးရနံ့ ဒြပ်ပေါင်းပါဝင်မှုသည် အဓိကဖြစ်၏။ ရနံ့ အပျော့ အပြင်းနှင့် တာရှည်ခံမှုသည် ထိုဒြပ်ပေါင်း၏ စံချိန်၌ မူတည်ပေသည်။

📌Eau de PerFum တွင် အမွှေးဆီ ဒြပ်ပေါင်း ၈ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း၊ Eau de Toilette အမွှေးဆီ ဒြပ်ပေါင်း ၄ ရာခိုင် နှုန်းမှ ၁ဝ ရာခိုင်နှုန်း၊ Eau de Cologne အမွှေးဆီဒြပ်ပေါင်း ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပါဝင်သည်။
အမွှေးဆီ ဒြပ်ပေါင်း အများဆုံးနှင့် အစူးရှဆုံးမှာ Eau de PerFum ဖြစ်၍ ညနေပိုင်းနှင့် ညပိုင်းတွင်သာ သုံးသင့်သည်။ အမျိုးသားသုံး မဟုတ်။

📌Eau de Toilette မှာ အနည်းငယ်ပျော့၏။ နေ့လယ်ပိုင်းတွင် သုံးရန် သင့်တော်၏။ အမျိုးသားသုံး ရေမွှေးအုပ်စုမှာ ၎င်းအ မျိုးအစားဖြစ်၏။
Eau de Cologne မှာ အမွှေးဆီ ပါဝင်မှုအနည်းဆုံးနှင့် အပျော့ဆုံးဖြစ်သဖြင့် ကိုယ်လက်သန့်စင်ရန် သာကောင်း၏။

➡️သမိုင်းတွင် ပြင်သစ်ဘုရင် ‘လူဝီ ဆယ့်လေး’ သည် ရေမွှေး အလွန်သုံးသဖြင့် သူ့ကို ရေမွှေးဘုရင်ဟု ညွှန်းဆိုကြောင်း သိရသည်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay
05023