Cartoom Myanmar

Cartoom Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cartoom Myanmar, Beauty, cosmetic & personal care, Mandalay.

07/01/2024

ဖြစ်ရလေခြင်းမမပန်ရယ်
စေတနာတွေရေစီးကမ်းပြိုသွားလိုပါ

05/12/2023

🌸ပျိုမေတို့ အလှအပအတွက် ဆန်ဆေးရည်

🌺အလှအပအတွက် အချိန်ကုန်သက်သာပြီး အကျိုးရှိစေမယ့် ဆန်ဆေးရည်အကြောင်း ပြောပြချင်ပါတယ်...

🔶တချို့ကဆန်ဆေးရည်ကိုဆံပင်အတွက် အသုံးပြုကြသလို၊ အသားအရည် ကြည်လင်အောင် နဲ့
မျက်နှာပေါ်က အစက်အပြောက် များအတွက်လည်း သုံးလေ့ ရှိပါ တယ်။

🔶ဆန်ဆေးရည်ထဲမှာပါတဲ့ Vitamin B, Vitamin C, Vitamin E, Vitamin B1, B3, B5, B6 နဲ့ Folic Acid တွေပါတာကြောင့် အလှအပအတွက များစွာ အထောက်အပံ့ပေးပါ တယ်။

🌺မျက်နှာအတွက်တော့ မျက်နှာအသား အရည် ချောမွေ့စေပြီး၊ အစက်အပြောက်များ ကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
အသားအရည် ဆိုရင်တော့ ကြည်လင်ပြီး ဖြူဖွေးစေ ပါ တယ်။ ဆံပင်အတွက် ဆိုရင်တော့ နက် မှောင်သန်စွမ်းစေပြီး အားဖြည့်ပေးပါတယ်။

👇ပြုလုပ်ပုံ

✅1. ဆန်ဖြင့် ဆေးကြောပြီးလို့ ရလာတဲ့ဆန်ဆေးရည်သန့်များကို အနည်ထိုင် အောင် ထားပါ။

✅2. ရေစစ်နဲ့ စစ်ပြီးသန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ဒါဆိုရင်တော့ စတင်သုံးစွဲနိုင်ပြီ ဖြစ် ပါတယ်။

💥နေ့စဉ် မျက်နှာသစ်တဲ့အခါ အသုံးပြုနိုင်သလို၊ ဆံပင်နှင့် အသားအရည်အတွက်ကိုတော့ တပတ် ၁ကြိမ်မှ ၂ကြိမ်အသုံးပြုနိုင်ပါတယ်။

(ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးနိုင်ပါတယ်။ ထမင်းရည်ကိုအသုံးပြု ပါက ရေနှင့်အရင်ရောပြီး အသုံးပြုနိုင်ပါတယ်။ )

🌺အသားအရည်ကြောင့်ပဲဖြစ်ဖြစ်၊ မျက်နှာပေါ်က အမဲစက်တွေကြောင့်ပဲ ဖြစ်ဖြစ်၊ ဆံသား ကြောင့် ပဲဖြစ်ဖြစ် စိုးရိမ်နေတဲ့ ပူပန်မှုတွေကို ဆန်ဆေးရည်ကဖယ်ရှားပေးမှာပါ။
လှသ ထက် လှအောင် ကူညီပေးမယ့် ဆန်ဆေး ရည်မို့ စမ်းသုံးကြည့်ဖို့ မမေ့နဲ့နော်...

Credit

28/11/2023

🔰အသားအရေ စိုပြေအောင် ရေသောက်နည်း🔰
ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်

☺️☺️ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓

💥💯သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓

ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။

❣️1st glass - မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်

❣️2nd glass - မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်

❣️3rd glass - မနက် ၁၁ နာရီမှာ သောက်ခြင်းဖြင့် အစားမစားခင် ဗိုက်ပြည့်စေတဲ့ ခံစားမှုမျိုးရစေမယ်

❣️4th glass - နေ့လည် ၁ နာရီမှာ ထမင်းစားပြီး ရေထပ်သောက်မယ်

❣️5th glass - ညနေ ၃ နာရီမှာ သောက်ခြင်းဖြင့် ညောင်းညာနေမှုတွေကို ပြေပျောက်စေပါတယ်

❣️6th glass - ညနေ ၅ နာရီမှာတော့ အစာမစားခင် ကြိုသောက်ပြီး ဗိုက်ပြည့်စေမယ်

❣️7th glass - ည ၈ နာရီမှာတော့ အိပ်ရာမဝင်ခင် ကြိုသောက်ထားကြမယ်

ကဲ ဒီလို ၇ ခွက်လောက်သောက်ထားတော့ ၁ နေ့ကို ၂ လီတာကျော်ဝင်သွားပြီဖြစ်တဲ့အတွက် နေ့စဉ် daily intake လည်း လုံလောက် ၊ သတိရချိန်မှ ထထသောက်တာမျိုးမဟုတ်ပဲ ပုံမှန်သောက်လို့ အသားအရေလည်း စိုပြေစေပါပြီ🤗

Photos from Cartoom Myanmar's post 27/11/2023

အလွယ်ကူဆုံးနည်းတွေနဲ့ ဝက်ခြံကုရအောင်
============================

(ဒေါက်တာအေးမင်းထူး)

• ဆော်ဒါမှုန့် လက်ဖက်ရည်၂ဇွန်း၊သစ်ဂျပိုးခေါက်မှုန့် ၁ဇွန်း၊ရှောက်ရည် ဇွန်းတဝက်ကို ပျားရည် ထမင်းစားဇွန်း၅ဇွန်းနဲ့ရောပြီး လိမ်းပါ။ ၅မိနစ်နေရင် မျက်နှာသစ်ပါ။ ဒိအတိုငိး တရက်ခြားလုပ်ပါ။

• အုတ်ဂျုံမှုန့် တခွက်စာထဲကို ပျားရည်တဇွန်း၊သံပုရာရည်ဇွန်းတဝက်ထည့်ပြီး ရောမွှေပါ။ ပြီးရင် မျက်နှာတပြင်လုံးကို လိမ်းပါ။နာရီဝက်ထားပြီး ရေခပ်နွေးနွေးနဲ့ မျကိနှာသစ်ပါ။ အထက်ပါနည်းအတိုင်း တပတ်နှစ်ကြိမ်လုပ်ပါ။ (၂)လအတွင်း ထူးခြားလာတာတွေ့ရပါတယ်။

• နောက်တနည်းက မြေဆေးဆပ်ပြာ၊စန္ဒကူးမှုန့်နဲ့ နှင်းဆီရည်ကို အချိုးတူရောစပ်ပြီး မျက်နှာမှာ လိမ်းကျံပါ။ခြောက်သွေ့အောင်ထားပြီး ပြန်ခွာပါ။ အထက်ပါနည်းအတိုင်း တပတ်တကြိမ်လုပ်ပါ။

• ကြက်ဥအကာယူပြီး ပျားရည်၂ဇွန်း၊ဆော်ဒါတဇွန်း၊သံပုရာရည် ဇွန်းတဝက်ရောပြီး မျက်နှာကို လိမ်းကျံပါ။ မလိမ်းခင်ရေနွေးငွေ့ပေးပါ။ လိမ်းပြီး နာရီဝက်ကြာရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။ မကြာခင်ချောမွေ့လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။

• ရှေးကျတဲ့အလွယ်နည်းက ညစဉ် သွားတိုက်ဆေးပုံတာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်၊သခွားသီးစိတ်လည်း သုံးကြတယ်။ ကြက်ဥအကာ၊ပျားရည်နဲ့ နနွင်းလည်းသုံးတယ်။ တည့်သူတွေက အိမ်သုံးနည်းနဲ့ အဆင်ပြေသွားကြတယ်။ စနစ်တကျကုသရင် ဝက်ခြံသဘောက ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
Crd/ဒေါက်တာ အေးမင်းထူး

Photos from Cartoom Myanmar's post 22/11/2023

🤗၀က်ခြံ စပေါက်ပြီဆို ၀က်ခြံ အမျိုးစားနဲ့
😊ကိုယ့်မျက်နှာ အသားရေ သိရင် ကုရတာ ပိုမြန်တယ်
👉၀က်ခြံ ပျောက်ဆေး ၀ယ်မယ်ဆို ရောင်းသူကို သေချာမေး ကိုယ့်ပြသာနာလေးတွေကို ပြောပြ
""အများသုံးတိုင်းလဲ မသုံးနဲ့
အသုံးများတိုင်းလဲ မသုံးနဲ့
ကိုယ်နဲ့သင့်တော်မှ သုံး"

21/11/2023

N2009ဆိုတာ skycream လိုပဲ
စတီးရိုက်ပါတယ်။
ဈေးပေါတာ မမက်နဲ့နော်။
မျက်နှာ ပျက်မယ်။
ဘာဘရမ်းမှမဟုတ်ဘူး။
ဟိုတရက်က ထိုင်းမှာနို့မှုန့်အတုတွေမိတာ
တွေ့တယ်မှတ်လား။
အာ့ဒါလည်း Lazada,shopeeမှာတွင်တွင်ကျယ်ကျယ် မြန်မာမှာAZ ကလုပ်နေသလိုပဲ (AZက အာ့ဒီနို့မှုန့်အတုစက်ရုံက‌ေနယူရောင်းတာ)လိမ်ရောင်းတာ။

Lazada,shopeeမှာတွေ့တိုင်း
စတီးရိုက်မပါဘူးမထင်နဲ့။
ဂျင်းတွေစတီးရိုက်တွေပါတယ်။
Lazmallထဲကမှစိတ်ချရတာ။


#ဝက်ခြံ
#တင်းတိတ်ဖြစ်တဲ့အမျိုး

17/10/2023

အဆီပြန်သမားတွေအတွက် လုံးဝပျောက်ကင်းသွားစေနိုင်တဲ့ သီးသန့်ဝက်ခြံကုသနည်း📌📌📌

အမျိုးသမီးတွေ အကြောက်ရဆုံးက ဝက်ခြံံပါ။ အဆီပြန်တတ်သူတွေက ဝက်ခြံပေါက်နိုင်ချေ ပိုများပါတယ်။ ဒါကြောင့် အဆီပြန်သမားတွေအတွက် သီးသန့် ဝက်ခြံကုသနည်း (၂)မျိုးကို မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။
သံပရိုရည်နဲ့ ပျားရည် အရော
သံပရိုသီးက အဆီပြန်သမားတွေအတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ သံပရိုရည်မှာပါတဲ့ Citric acid က အဆီကိုထိန်းပေးပါတယ်။ သူမှာ ဝက်ခြံတွေကိုလည်း ထိထိရောက်ရောက်ပျောက်စေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒီ acid က အမာရွတ်ကျန်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ပျားရည်က အသားအရေကို စိုပြေစေနိုင်တဲ့ ဓာတ်ပါတယ်။ ပျားရည်က Glow ဖြစ်စေနိုင်ပြီး ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

-သံပရိုရည် ကို ဇွန်း ၁ ဇွန်း အပြည့် နဲ့ ပျာရည် ဇွန်း (၁) ဇွန်း အပြည့် ထည့်ရောပေးပါ။ ပျစ်သွားအောင်ရော မွှေပေးပါ။
-မျက်နှာသစ်ပြီးရင် မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပေးပါ။
– ဂွမ်းသုံးပြီး လိမ်းပေးပါ။
– (၁၅-၂၀)မိနစ်လောက် အခြောက်ခံထားပေးပါ။
– ပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။

Credit

#အဆီပြန်
#အဆီဖု

12/10/2023

#ဝက်ခြံမထွက်အောင်ဘာတွေ​ရှောင်သင့်လဲ⁉️

▶️(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။

▶️(၂) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

▶️(၃) အဆီပြန်တဲ့ မျက်နှာမှာ လိမ်းဆေးအဆီ oil ဆွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။

▶️(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။

▶️(၅) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။

▶️(၆) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHA (salicylic acid)က ပိုကောင်းတယ်။

▶️(၇) ဝက်ခြံထွက်နေစဉ် whitening cream, နေလောင်ကာတွေ မသုံးပါနဲ့။ အရည်ကျဲတဲ့ Serum နဲ့ essence စတာတွေ ပြောင်းလဲသုံးစွဲသင့်တယ်။

▶️(၈) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် cream တွေကြောင့်ဖြစ်တာ တွေ့ရှိရတယ်။

ဒေါက်တာအေးမင်ထူး
Credit

#ဝက်ခြံ

Photos from Cartoom Myanmar's post 06/10/2023

ဒီအချက်၃ချက်ပဲလုပ်အဆီဖုဝက်ခြံတွေသိသိသာသာ ပါးလာစေရမယ်

အဆီဖုနဲ့ဝက်ခြံအတွက်ဘာလုပ်ရမလဲ မေးတိုင်း အရင်ဦးဆုံး ပြန်ဖြေပေးလိုက်တာကတော့ double cleansing လုပ်ပါ
မယ့်မျက်နှာကို အမျိုးအစား၂မျိုးနဲ့ သေချာသန့်စင်ရပါမယ်

👉မိတ်ကပ်တွေ serumတွေ sunscreen တွေ ပြောင်သွားအောင် oil based cleanser နဲ့ အရင် မျက်နှာကိုသန့်စင်ရမယ်

👉ပြီးမှ water based cleanser နဲ့ ထပ်သစ်ခိုင်းတာ
ဒါမှ အဆီတွေ၊ဖုန်မှုန့်တွေ ပိတ်ပြီး ဝက်ခြံထွက်တာလည်း သက်သာပြီး အရေပြား အပေါ်ယံရော အတွင်းပိုင်းထိပါ သန့်စင်သွားမှာ ဖြစ်ပါတယ်နော်

ပြီးရင်လည်း အပျင်းကြီးပြီး မျက်နှာကို ရေမသုတ်ဘဲ မနေနဲ့ ချည်သား မျက်နှာသုတ်ပဝါလေးနဲ့ သုတ်ပေးရမယ်နော်

ဒီ လွယ်လွယ်လေးကိုမှ သိရဲ့သားနဲ့ အပျင်းထူပြီ မလုပ်ဘူးဆိုရင် က ဘယ်လောက် ဈေးကြီးတဲ့Skin careပစ္စည်းတွေ သုံးသုံး သဲထဲရေသွန်းသလိုအလကားဖြစ်မှာအသေအချာပဲနော်

04/10/2023

မျက်နှာကအဆီပြန်လို့မိတ်ကပ်လိမ်းရမှာစိတ်ညစ်နေပြီလား‼️

မနက်ကပဲမိတ်ကပ်လေးမှုန်မှုန်ညက်ညက်လိမ်းလာတယ် ။နေ့ခင်းကျတော့မျက်နှာကြီးကအဆီပြန်ပြီးဟိုတစ်ကွက်ဒီတစ်ကွက်နဲ့မနက်ကလိမ်းထားတဲ့မိတ်ကပ်တွေဘယ်ရောက်သွားမှန်မသိရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ခံစားချက်မျိုးကိုအဆီပြန်တဲ့သူတိုင်းသိကြမှာပါ......

သူများတွေမိတ်ကပ်လေးနဲ့လှသလိုကိုယ်လည်းလှချင်တာပေါ့၊ခက်တာကအဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးကခံနေတော့မိတ်ကပ်ဘယ်လောက်လိမ်းလိမ်းခဏလောက်ပဲခံပြီးတော်ကြာအဆီပြန်ပြီးကွက်လာလို့စိတ်ညစ်နေတဲ့သူတိုင်းခုပြောပြမယ့်နည်းလေးတွေလိုက်လုပ်ကြည့်လို့ရပါတယ်။

အဆီပြန်တဲ့သူတိုင်းသိထားသင့်တဲ့မိတ်ကပ်မလိမ်းခင်အရင်ဆုံးလုပ်သင့်တဲ့အသားအရေထိန်းသိမ်းနည်းတွေကတော့........

📍အောက်ခံအသားအရေကောင်းမှအပေါ်ကတင်လိုက်တဲ့မိတ်ကပ်ကလှနေမှာဆိုတော့ကိုယ့်မျက်နှာပေါ်ကဆဲလ်သေတွေကိုတစ်ပတ်တစ်ခါScrubသုံးပြီးဖယ်ရှားပေးပါ။ဒါမှအဆီပိုတွေကြောင့်ဖြစ်တဲ့ချွေးပေါက်ပိတ်တာတွေဝက်ခြံဖြစ်တာတွေလုံးဝမရှိတော့မှာနော်.........

📍ကိုယ်သုံးနေတဲ့မျက်နှာသစ်ဆေးကလည်းမျက်နှာပေါ်ကပိုနေတဲ့အဆီတွေကိုအနက်ရှိုင်းဆုံးသန့်စင်ပေးနိုင်တာဖြစ်ဖို့လိုပါ‌သေးတယ်......

📍Tonerသုံးပါ။Tonerသုံးလိုက်တာကြောင့်ပွင့်နေတဲ့ချွေးပေါက်တွေပိတ်သွားပြီးအဆီပြန်တာသက်သာစေမှာပါ။

📍 မိတ်ကပ်မလိမ်းခင်အရင်ဆုံးMoisturizerသုံးပါ။အစိုဓါတ်ထိန်းခရင်မ် moisturizer မဟုတ်ပဲhyaluronic acid ပါတဲ့ moisturizer တွေရွေးချယ်အသုံးပြုပါ။
Moisturizer သုံးထားတော့မျက်နှာမှာရေဓါတ်ရှိနေရင်အဆီတွေတော်ရုံထွက်မလာတော့လို့အဆီဂလင်းတွေသိပ်အလုပ်မလုပ်ရတော့ပါဘူး။ဒါ့ကြောင့်မျက်နှာအဆီပြန်နေပေမယ့်moisturizer
သုံးပေးဖို့လိုပါတယ်နော်........

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay