ScrubRx

ScrubRx

Share

We all want that natural healthy glow..!

22/10/2023

ရဲ့natural body scrub လေးတွေကို ၊ She made Myanmar စျေးရောင်းပွဲမှာ ၂ ရက်တာ လာ​ရောက်ဝယ်ယူအားပေးခဲ့ကြတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင် 😍

ဒီနေ့ပွဲမှာ မလာဖြစ်ကြောင်း အားနာစွာ အသိပေးပါတယ်ရှင် ❤️

Photos from ScrubRx's post 20/10/2023

✨️ မြိုင်မြိုင်ဆိုင်ဆိုင် စတင်ကျင်းပနေပြီဖြစ်တဲ့ She Made Myanmar Local Product Fair Organized by MWEA (MDY) ✨️

ရဲ့ natural body scrub လေးတွေကို She made Myanmar ရဲ့ Local Product Fair မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင် 😍

Mingalar Mandalay ရဲ့ flower street , booth no: 29 မှာ စနေ၊ တနင်္ဂနွေ နှစ်ရက် 30% promotion နဲ့ဆက်လက် ရောင်းချပေးမှာ မလို့ ဖိတ်ခေါ်ပါတယ်ရှင် 🤗

Photos from She made Myanmar's post 20/10/2023

Hello…Our beloved customers…😍
We participated today. 🥳
စနေ၊ တနင်္ဂနွေ နှစ်ရက် ကျန်သေးလို့ လာရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🤗

Photos from She made Myanmar's post 16/10/2023

Hello..our beloved customers…🎉

01/08/2023

Lady လေးတို့ရေ….အသားအရည် လှတယ်ဆိုတဲ့စကားရပ်မှာ မျက်နှာ အသားအရည် တစ်ခုတည်း လှနေယုံနဲ့ မလုံလောက်ပါဘူးနော်🙅🏻‍♀️ ခန္တာကိုယ် အသားအရည်လေးကလည်း အသားအရောင် ညီညာဖြူဝင်း နေမှ အသားအရေလေး လှလိုက်တာလို့ ပြောလို့ရပါမယ်နော် 💁🏻‍♀️ ကျန်းမာ ဖြူဝင်းတဲ့ အသားအရည်လေး ပိုင်ဆိုင်နိုင်ဖို့ Body Scrub ပုံမှန်သုံးပေးပါနော် 💕

Body skincare: sunscreen, sun spray, body lotion, body serum, body mask အစုံသုံးနေတာပဲ အသားဖြူမလာဘူး အသားအရောင် မညီမညာ ဖြစ်နေတုန်းဆိုရင် skincare ရဲ့ အခြေခံအကျဆုံး basic step - exfoliate ကိုမေ့နေလို့ ဖြစ်ပါမယ်နော် 🤗 Scrubbing လုပ်ပေးပီး အရေပြားကို exfoliate လုပ်ပေးမှ သုံးမယ့် skin care တွေရဲ့ အာနိသင်ကို အရေပြားက အပြည့်အဝ လက်ခံရယူနိုင်မှာပါ ✨

ScrubRx ရဲ့ Foaming Exfoliating Coffee Scrub လေးက Scrub တိုက်ပီးရေချိုးဆပ်ပြာ ထပ်မသုံးလည်းရတဲ့ 2 in 1 shower+scrub ဖြစ်တဲ့ အတွက် အသုံးပြုရ အဆင်ပြေ လွယ်ကူ စေပါတယ်၊ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်ရှင် 🛀

သဘာဝ ကော်ဖီ + သဘာဝ သကြားညို တို့ပါဝင်ပြီး chemical အနည်းဆုံးဖြစ်အောင် သေချာ formulate လုပ်ထားတဲ့ ScrubRx လေးနဲ့ အရေပြားကို ပွတ်တိုက်/scrubbing လုပ်ပေးခြင်းအားဖြင့်
➡️ အရေပြားအပေါ်ယံအလွှာမှာ ရှိနေတဲ့ cell အသေတွေကို ဖယ်ရှားပေးပီး အသားအရည်ကို ဖြူဖွေး ဝင်းပ လာစေပါတယ်/ အသုံးပြုမယ့် body skin care တွေရဲ့ အာနိသင်ကိုလည်း အရေပြားက အပြည့်အဝ စုပ်ယူနိုင်မှာဖြစ်ပါတယ်ရှင်✨

➡️ အရေပြားအောက်က ဆံခြည်မျှင်သွေးကြောလေးတွေရဲ့ သွေးလည်ပတ်မှု ကောင်းစေပီး အရေပြားပေါ်မှာရှိနေတဲ့ အဆီဖု၊ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်၊ အကြောပြတ်ရာ တွေကို မှေးမှိန် ပျောက်ကင်းစေပါတယ်၊ ကျန်းမာဝင်းပတဲ့ အသားအရည်ကို ရရှိစေပါတယ်, Removing acnes/acne scars ✨

➡️ Remove dark stains, သဘာဝ ကော်ဖီမှုန့် စစ်စစ်နဲ့ လုပ်ထားတဲ့ Coffee scrub နဲ့ scrubbing လုပ်ပေးတဲ့ အာနိသင်က နေလောင်ထားလို့ မညီမညာဖြစ်နေတဲ့ အသားအရောင်ကို ပြန်လည် ညီညာ ဖြူဝင်း စေပါတယ်✨

➡️ Anti-cellulite, အရေပြားအောက်က အဆီခဲသေးသေးလေးတွေကြောင့် အရေပြားမှာ လိမ္မော်ခွံလိုမျိုး ထစ်နေတဲ့ cellulite တွေကို သက်သာပျောက်ကင်းစေပြီး အသားအရည်ကို ကျန်းမာချောမွေ့စေပါတယ်ရှင်✨

Price- 8,700 mmks

အရည်အသွေး အမြင့်ဆုံး ကုန်ကြမ်းတွေကိုရွေးချယ်အသုံးပြုထားပြီး, formula ကိုလည်း အသုံးပြုရ အဆင်အပြေဆုံး အကောင်းဆုံး ဖြစ်အောင် သေချာ adjust လုပ်ထားလို့ သိသာကောင်းမွန်တဲ့ result ရဖို့ အာမခံနိုင်ပါတယ်ရှင်💯👩🏻‍🔬

01/08/2023

#ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🌕

မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူသည်ကို အကြောင်းပြု၍ ဝါဆိုလဟု မည်တွင်သည်။

သက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန် တောဝယ် ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို
ဟောကြားခဲ့သဖြင့် ဝါဆို လပြည့်နေ့ကို ဓမ္မစင်္ကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

🌕 ဝါဆိုဝါလ ဝိသေသ 🌕

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။

ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစင်္ကြာတရားတော်ကို ဟောတော်မူသည်။

ထို့ကြောင့် ” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လဝါဆို ” ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

🌟 ဓမ္မစင်္ကြာ အခါတော်နေ့ 🌟

လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော် ဝါဆိုလပြည့် နေ့တွင် ဗုဒ္ခ မြတ်စွာသည် မိဂဒါဝုဏ် တောတွင် (ပဉ္စဝဂ္ဂီ) ရဟန်း ၅ ပါး ကို ဓမ္မစင်္ကြာ တရားဦး ဟောခြင်းဖြင့်
ဗုဒ္မ သာသနာတော်ကို စတင် ခဲ့ပါသည်။

ဓမ္မစင်္ကြာ တရားတော်၌ သဘာ၀ လောကတွင် မဖောက်မပြန် မပြောင်းမလွဲ အမြဲ တည်ရှိနေသော သစ္စာ ၄ ပါးကို ဖော်ပြ ဟောကြား ခဲ့ပါသည်။

သဘာ၀ လောက ၏ သစ္စာ ၄ ပါးမှာ

🌟 ဒုက္ခ သစ္စာ = သတ္တဝါတိုင်း ရုပ်နာမ် ဟူသမျှ မတည်မြဲ၊ အချိန်နှင့် အမျှ ဖောက်ပြန် ပျက်စီး၍ အိုခြင်း၊ နာခြင်း၊ သေခြင်း တရား များကို မလွန်ဆန် နိုင်ပဲ အို၊နာ၊သေ ဆင်းရဲ ဒုက္ခ ကို ရှောင်လွဲ မရ ဖြစ်ရခြင်း သည် လောက အမှန်တရား တခု။

🌟 သမုဒယ သစ္စာ = သတ္တဝါ တိုင်း မိမိကိုယ် (ရုပ်၊ နာမ်၊ ခန္ဓာ) ကို မအိုချင်၊နာမကျန်း မဖြစ်ချင်၊ မသေချင် ကြပဲ တပ်မက် စွဲလန်း တတ်ပြီး ထိုစွဲလန်း
တပ်မက် မှုကြောင့် ဘ၀ တဖန် ဖြစ်ရခြင်း သည် အမှန်တရား တခု။

🌟 နိယောဓ သစ္စာ = ထို ရုပ်၊နာမ် ခန္ခာ ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းတရား ဒုက္ခများမှ လွတ်မြောက်ရာသည်လည်း အမှန်ရှိသော အမှန်တရား တခု။

🌟 မဂ္ဂ သစ္စာ = ထို ရုပ်၊နာမ် ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား ဒုက္ခများမှ လွတ်မြောက်ရန် တခုတည်းသော အကျင့်မှန် မဂ္ဂင် ၈ ပါး တရားသည် သာ အမှန် ဖြစ်သော အမှန် တရားတခု။

ထို သစ္စာ တရား ၄ ပါး ကို ဟောကြား ပြီး ဓမ္မစင်္ကြာ
ဘီးကို ဗုဒ္မ မြတ်စွာသည် စတင် လည်ပတ် ခဲ့ပါသည်။ မြတ်စွာဘုရား အလောင်းတော်သည် ရွှေထီးရွှေနန်းကို စွန့်၍ ဝါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။
#ပထမဝါဆိုလပြည့် #ဝါထပ် #ဝါဆို

Credit : Buddha Myanmar

Pic credit : google image

30/07/2023

Facebook messenger error ကြောင့် reply msg တွေပို့လို့မရဖြစ်နေရင် 09 788886155 phone, viber တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင် 😍

23/07/2023

Dear all our beloved customers,
ScrubRx မှ formula အသစ် Foaming Exfoliating body scrub လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင် 🥳

Foaming Exfoliating Formula အသစ်မှာ Coffee နဲ့ သဘာဝ သကြားညို ကို အဓိကပါဝင်ပစ္စည်းများအဖြစ်အသုံးပြုထားပါတယ်ရှင် 🌿 Scrub တိုက်ပီးရေချိုးဆပ်ပြာ ထပ်မသုံးလည်းရတဲ့ 2 in 1 shower+scrub ဖြစ်တဲ့အတွက် အသုံးပြုရ ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်ရှင် 🛀

ScrubRx မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ ဒီ foaming scrub လေးမှာ အရည်အသွေး အမြင့်ဆုံး ကုန်ကြမ်းတွေကိုပဲ ရွေးချယ်အသုံးပြုထားပါတယ်💯 formula ကိုလည်း အသုံးပြုရ လွယ်ကူ အဆင်အပြေဆုံးဖြစ်အောင် သေချာ adjust လုပ်ထားလို့ အသားအရေကို ကျန်းမာဖြူဝင်း ချောမွေ့လာစေမှာပါ၊ ကောင်းမွန်တဲ့ result ရဖို့ အာမခံနိုင်ပါတယ်ရှင်👩🏻‍🔬

ကော်ဖီ + သဘာဝ သကြားညို တို့ပါဝင်ပြီး chemical အနည်းဆုံးဖြစ်အောင် သေချာ formulate လုပ်ထားတဲ့ ScrubRx လေးနဲ့ အရေပြားကို ပွတ်တိုက်/scrubbing လုပ်ပေးခြင်းအားဖြင့် ➡️ အရေပြားအပေါ်ယံလွှာမှာ ရှိနေတဲ့ cell အသေတွေကို Exfoliate လုပ်ခြင်းဖြင့် ဖယ်ရှားပေးပီး အသားအရည်ကို ဖြူဖွေးဝင်းပလာစေပါတယ်/ အသုံးပြုမယ့် body skin care တွေရဲ့ အာနိသင်ကိုလည်း အရေပြားက အပြည့်အဝ စုပ်ယူနိုင်မှာဖြစ်ပါတယ်ရှင်✨
➡️ အရေပြားအောက်က ဆံခြည်မျှင်သွေးကြောလေးတွေရဲ့ သွေးလည်ပတ်မှု ကောင်းစေပီး အရေပြားပေါ်မှာရှိနေတဲ့ အဆီဖု၊ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်၊ အကြောပြတ်ရာ တွေကို မှေးမှိန် ပျောက်ကင်းစေကာ ကျန်းမာဝင်းပတဲ့ အသားအရည်ကို ရရှိစေပါတယ်ရှင်✨
➡️ သဘာဝ ကော်ဖီမှုန့် စစ်စစ်ရဲ့ scrubbing အာနိသင်က နေလောင်ထားလို့ မညီမညာဖြစ်နေတဲ့ အသားအရောင်ကို ပြန်လည် ညီညာ ဖြူဝင်း စေပါတယ်ရှင်✨
➡️ အရေပြားအောက်က အဆီခဲသေးသေးလေးတွေကြောင့် အရေပြားမှာ လိမ္မော်ခွံလိုမျိုး ထစ်နေတဲ့ cellulite တွေကို သက်သာပျောက်ကင်းစေပီး အသားအရည်ကို ကျန်းမာချောမွေ့စေပါတယ်ရှင်✨

ကျန်းမာ ဖြူဝင်းတဲ့ အသားအရည်လေး ပိုင်ဆိုင်နိုင်ဖို့ Scrub တိုက်ပါနော် 💕

Price- 8,700 kyats 🎉
20% OFF till 31st July ➡️ 6,700 Kyats 🍾

💕 New Product promotion ➡️ July 31 ရက်နေ့အထိ Page မှဝယ်ယူသူတိုင်း 20% Off စျေးနှုန်း - ၆,၇၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်ပါတယ်ရှင် 💕

ရေချိုးရင်း ၅ မိနစ်၊ ၁၀မိနစ်လောက်အချိန်ပေးလိုက်ရုံနဲ့ ဖြူဝင်း ချောမွတ် တဲ့အသားအရေလေးပိုင်ဆိုင်စေမှာ လက်တွေ့နော် 🤩 formula ကို အကောင်းဆုံး adjust လုပ်ထားတာမို့ Scrub တိုက်ပြီး အသားအရေခြောက်တတ် သူများအတွက်လဲ စိတ်ပူစရာမလိုဘူးနော် 🌿

Photos from Dr. Khin Maung Lwin's post 15/02/2023
21/09/2021

{Face & Body Scrub အကြောင်း}
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက Physical exfolite(Scrub)က ခေတ်စားခဲ့ပေမဲ့အခု Chemical exfoliate (peeling) တွေပေါ်လာတဲ့အခါမှာScrubကိုမျက်နှာပေါ်သိပ်မတင်ကြတော့ပါဘူး

အသားဖြူချင်တယ် အသားကြည်ချင်တယ် Glow Skinလေးလိုချင်တယ် အသားစိုချင်တယ် ဆိုပြီး Lotion တွေချည်အသားကုန်ဖိလိမ်း Serumတွေလိမ်းနေရိုးရိုးနဲ့ ဘာမှမထူးလာပါဘူး ပိုက်ဆံကုန်ပြီး လိမ်းလို့ကုန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်

📌Scrub ဆိုတာဘာလဲ?
- Scrub ဆိုတာ အရေပြားအပေါ်ယံကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေကိုထွက်ပေါ်လာအောင်ကူညီပေးတဲ့အရာပါ အကုန်လုံးအလွယ်တကူနဲ့နားလည်ထားကြတာကတော့ သကြားခဲလေးတွေပေါ့

📌Scrub ကိုဘာကြောင့်သုံးသင့်သလဲ?
-ကျွန်တော်တို့က လေထုထဲက ဖုန်မှုန့်တွေနဲ့ အရေပြားပေါ်ကထွက်တဲ့ ချွေးနဲ့ပေါင်းပြီး ချွေးပေါက်တွေထဲမှာအညစ်အကြေးတွေဖြစ်လာပါတယ် ဒါတွေဟာ ကြာလာရင်ဆဲလ်သေတွေဖြစ်လာပါတယ် ဒါကိုရိုးရိုးShower Gel နဲ့ရေချိုးလိုက်ရုံနဲ့မလုံလောက်ပါဘူး
-အသားဖြူချင်တယ် အသားကြည်ချင်တယ် Ok!
Scrub ကိုသုံးကိုသုံးပေးသင့်ပါတယ် အခုခေတ် လူငယ်တော်တော်များများကတော့ Scrub ကိုသိနေကြပါပြီ
-နောက်ပြီး Scrub ကိုသေချာစွဲသုံးပေးရင် အမာရွတ်အမဲစက်လေးတွေပါ ပါးလာပါတယ်
-အကုန်လုံးမှာဖြစ်လေ့ရှိတာလေးတွေကတော့ ဂျိုင်းမဲဒူးမဲ တံတောင်မဲ ဆိုတဲ့ပြသာနာလေးတွေပါ ဒါကိုScrub ကဖြေရှင်းပေးနိုင်ပါတယ် (စွဲသုံးပေးဖို့တော့လိုမယ်နော်)
-ချွေးနံ့(ဥပမာ - ဂျိုင်းချွေးနံ့) ထွက်တတ်တဲ့ သူတွေကလည်း Scrub ကို ပုံမှန်လေးသုံးပေးလို့ရပါတယ်
-နောက်ပြီး Beach က ပြန်လာလို့ နေလောင်ထားတဲ့သူ၊ ကျောင်းသွားကျောင်းပြန် နေထိလို့ အသားမညီတဲ့သူတွေကလည်း Scrub ကို သုံးပေးပြီး Lotion လေးပုံမှန်လိမ်းပေးရင် Original Skin လေးကိုပြန်ရနိုင်ပါတယ်

📌ဘယ်ချိန်မှာဘယ်လိုသုံးရမလဲ?
ညနေဘက်ပဲ သုံးဖို့ အကြံပေးချင်ပါတယ် Scrub Texture ကိုကြည့်ပြီးတော့ တစ်ပတ်ကို နှစ်ကြိမ် (or) သုံးကြိမ်သုံးလို့ရပါတယ် အရမ်းကြီးမပွတ်ပါနဲ့ Scrub သုံးပြီးတိုင်း အစိုဓာတ်ဖြည့်ပေးတဲ့ Lotion လိမ်းပေးပါ ဒါမှလည်း Skin က Result သိသာမှာပါ

🔹ပြည်တွင်းမှာစျေးနှုန်း သက်”သာ”နဲ့ Quality ကောင်းတဲ့ Local made scrub brand တွေဟာ အများကြီးမှအများကြီးပါ (ဥပမာ - Self Love , Gorgeous, The Mix By Su, Scrub House………စသဖြင့်ပေါ့) ကိုယ်နှစ်သက်ရာကိုရွေးပြီးသုံးလို့ရပါတယ်

Scrub အများစုက Chemical မပါတဲ့အတွက်ကြောင့်မလို့ သုံးပြီးတာနဲ့ ဟက်ချလောင်း ဆိုပြီးတော့ မပျောက်ပါဘူးနော်:)) သေချာလေးစွဲသုံးပေးပါ

နောက်နေ့မှာ Local Made Scrub Brandတွေကိုစုစည်းထားတဲ့post နဲ့အတူပြန်လာခဲ့ပါမယ်💛ဒီနေ့တော့ဒီလောက်ပါပဲ အားလုံး Be safe & Strongပါ See you next post😘


ြောင်း

-Han’s Details

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


35 Street
Mandalay