Dr. Thaung Htay

Dr. Thaung Htay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Thaung Htay, Health/Beauty, Mandalay.

Photos from Dr. Thaung Htay's post 02/01/2021

မဂ္ဂနီဆီယမ် overdose

မိတ်ဆွေတစ်ယောက်က ဖုန်းဆက်မေးပါတယ်။ သူ့ရဲ့ ၅ နှစ်သားလေးက သူသောက်နေတဲ့ မဂ္ဂနီဆီယမ် မဲလိတ် (Magnesium Malate) ၅ လုံးသောက်လိုက်လို့ စိုးရိမ်ပြီးမေးပါတယ်။ အန္တရာယ်ရှိလားဆရာတဲ့ ?

ဒါနဲ့ Dr စွမ်း လည်း Google ခေါက်ရပါတော့တယ်။
ငယ်ငယ်ကချာတိတ်အရွယ် ကျောင်းနေတုန်းက
မဂ္ဂနီဆီယမ်ကို အင်္ဂလိပ်လို Magnesium လို့ ရေးပါတယ်။ အတိုကောက် သင်္ကေတက Mg လို့ ရေးပါတယ်။ Mg ဆိုတော့ မောင်ပေါ့။

မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ များပြားစွာ တွေ့ရတဲ့ သတ္တုဓာတ် Mineral တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာပေါင်း ၃၀၀ ကျော် လောက်မှာ သူပါဝင် ထမ်းဆောင်ပါသတဲ့။ အစားအစာများမှာလည်း သဘာဝအတိုင်း ပါဝင်ပါတယ်။
မဂ္ဂနီဆီယမ်ကို ဖြည့်စွက်စာ အနေနဲ့လည်း ရနိုင်ပါတယ်။ အစာအိမ်ဆေးနှင့် ဝမ်းပျော့ဆေး (antacids and laxatives) ကဲ့သို့ အချို့သော‌‌ဆေးများ
တွင်လည်း မဂ္ဂနီဆီယမ် ပါဝင်ပါတယ်။

တစ်နေ့ မဂ္ဂနီဆီယမ် ဘယ်လောက် လိုလဲ?
လူကြီး တယောက် အတွက် ၃၆၀-၄၁၀ mg လိုအပ်ပါတယ်။
ဇယားတွင် ကြည့်ပါ။

ကျန်းမာသောသူများတွင် မဂ္ဂနီဆီယမ်ကြွယ်ဝသောအစားအစာအလွန်အမင်းစားသော်လည်း အန္တရာယ်မရှိနိုင်ပါ။ ပိုလျှံသော မဂ္ဂနီဆီယမ်ကို ကျောက်ကပ်မှ ဆီးထဲသို့ စွန့်ထုတ်ပေး၍ ဖြစ်သည်။

သို့သော် မဂ္ဂနီဆီယမ်ဖြည့်စွက်စာများ၊
မဂ္ဂနီဆီယမ်ပါသောဆေးများ များပြားစွာသောက်မိပါက

ဝမ်းလျောခြင်း၊
ပျို့အန်ခြင်း၊
ဗိုက်အောင့်ခြင်းများ ဖြစ်တတ်ပါသည်။

ဝမ်း‌လျောခြင်းဖြစ်စေသော မဂ္ဂနီဆီယမ်ပုံစံများမှာ
မဂ္ဂနီဆီယမ် ကာဗွန်နိတ်
(magnesium carbonate),
မဂ္ဂနီဆီယမ် ကလိုရိုက် (magnesium chloride), မဂ္ဂနီဆီယမ် ဂလူကိုနိတ် (magnesium
gluconate) နှင့် မဂ္ဂနီဆီယမ် အောက်ဆိုဒ် (magnesium
oxide) တို့ဖြစ်ပါသည်။

အထက်ပါ မဂ္ဂနီဆီယမ်များကို တနေ့
၅၀၀၀ mg အထက် သောက်မိပါက မဂ္ဂနီဆီယမ် အဆိပ်သင့်ခြင်း ဖြစ်နိုင်ပါသည်။

မဂ္ဂနီဆီယမ် အဆိပ်သင့်လက္ခဏာများမှာ

သွေးဖိအားကျခြင်း၊ ပျို့,အန်ခြင်း၊
မျက်နှာနီမြန်းလာခြင်း၊ ဆီးတင်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နုံးချိ ပျော့ခွေခြင်း၊ ကြွက်သားအားနည်းခြင်း၊ အသက်ရှူရခက်ခြင်း၊ သွေးဖိအား အလွန်အမင်း ကျခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ နှလုံးခုန်ရပ်ခြင်း တို့ ဖြစ်ပါသည်။

ကျောက်ကပ်မကောင်းသူများတွင်
မဂ္ဂနီဆီယမ် အဆိပ်သင့်ခြင်းပို၍ ဖြစ်တတ်ပါသည်။

Dr Thaung Htay
2121

Photo @ to Original Uploader

Reference@@@
https://www.google.com/url?sa=t&source=web&rct=j&url=https://ods.od.nih.gov/factsheets/Magnesium-HealthProfessional/&ved=2ahUKEwjB357D2vztAhWaf30KHXntBiMQFjAQegQIHhAB&usg=AOvVaw2T1T65IJhNy56RaFcJtasv

Photos from Dr. Thaung Htay's post 30/12/2020

Test & Care ဧရာဝတီစင်တာ (မန္တလေး)ကို ဖွင့်လှစ်၍ မန္တလေးခရိုင်အတွင်းရှိ အနံ့ပျောက်သူများကို လက်ခံစစ်ဆေးပေးမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုတို့ဖြင့် Test & Care ဧရာ၀တီစင်တာ(မန္တလေး) ကို ဒီဇင်ဘာလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမပူရမြို့နယ်များမှ အနံ့ပျောက်သူများကို ကိုဗစ်ရောဂါပိုးရှိမရှိ လက်ခံစစ်ဆေးသွားမည် ဖြစ်ပါသည်။

Test & Care ဧရာဝတီစင်တာ(မန္တလေး) သို့လာရောက်ပြသမည့် အနံ့ပျောက်သူများ ကြိုတင်သိရှိထားရန် အချက်များ

လာရောက်စစ်ဆေးခွင့်ရှိသူများ
▪️ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ (အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမပူရ) မှ အနံ့ပျောက်ဝေဒနာခံစားနေရသူများ။

ဖွင့်လှစ်မည့် အချိန်
▪️ နေ့စဉ် နံနက် (၉)နာရီ မှ မွန်းတည့်(၁၂)နာရီ၊ မွန်းလွဲ (၂)နာရီမှ ညနေ(၄)နာရီအထိ လက်ခံစစ်ဆေးပေးမည်ဖြစ်သည်။

စစ်ဆေးရန် စာရင်းပေးသွင်းရမည့်ပုံစံနှင့် သိရှိထားရမည့်အချက်များ
▪️ Test & Care ဧရာဝတီစင်တာ(မန္တလေး)တွင် စစ်ဆေးရန် https://bit.ly/37qg2My တွင် ဝင်ရောက်စာရင်းပေးသွင်းရမည်ဖြစ်ပြီး စစ်ဆေးခွင့်ရရှိသူများထံသို့ စစ်ဆေးရမည့်နေ့ရက်၊ အချိန်နှင့်အတူ QR Code တို့ကို ဖုန်း SMS ဖြင့်ပေးပို့အကြောင်းကြားသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော နေ့ရက်၊ အချိန်အတိုင်း လာရောက်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

▪️ စစ်ဆေးမှုခံယူရန် လာရောက်သူများသည် မန္တလေးခရိုင်အတွင်းရှိ ပရဟိတအသင်းများသို့ အကူအညီတောင်းခံကာ လူနာတင်ယာဉ်ဖြင့်သာ လာရောက်၍ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကိုယ်ပိုင်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် လာရောက်ခြင်းအား လုံးဝခွင့်ပြုပေးသွားမည် မဟုတ်ပါ။

▪️ ခရီးသွားလာခွင့်အတွက် မည်သည့်ထောက်ခံချက်မျိုးကိုမှ Test & Care ဧရာ၀တီစင်တာ(မန္တလေး)မှ ပေးအပ်သွားမည်မဟုတ်ပါ။

▪️ ပထမအကြိမ်စစ်ဆေးရာတွင် Negative ဖြစ်သူများသည် မိမိတို့နေအိမ်သို့ မပြန်ရသေးဘဲ သတ်မှတ်နေရာတွင်နေထိုင်စေပြီး (၄၈)နာရီအတွင်း ဒုတိယအကြိမ် ထပ်မံစစ်ဆေးခံရမည်ဖြစ်ကာ ဒုတိယအကြိမ် Negative ဖြစ်မှသာ နေအိမ်သို့ ပြန်လည်ထွက်ခွာခွင့်ရမည်ဖြစ်သည်။

▪️ Postive ဖြစ်ခဲ့ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်နေရာများသို့ သွားရောက်ကာ လမ်းညွှန်ချက်များနှင့်အညီနေထိုင်၍ ကုသမှုခံယူရမည်ဖြစ်သည်။

အထူးသတိပေးချက်
▪️ Test & Care ဧရာ၀တီစင်တာ(မန္တလေး) သည် အနံ့ပျောက်လူနာများကိုသာ နေ့စဉ်စစ်ဆေးပေးသည့်နေရာဖြစ်သည့်အတွက် အနံ့မပျောက်ဘဲ လိမ်ညာလာရောက်စစ်ဆေးသူများအနေဖြင့် Positive လူနာများနှင့် ထိတွေ့မှုရှိကာ ရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ အန္တရာယ်များ မဖြစ်ပွားစေရန်အတွက် မိမိကိုယ်တိုင် အသိစိတ်ဓာတ်ဖြင့် တာဝန်ယူပေးပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

Credit
https://m.facebook.com/story.php?story_fbid=113897757233136&id=101588111797434

Photos from Dr. Thaung Htay's post 17/12/2020

ကိုဗစ်က
စကား‌ပြောတာ, ချောင်းဆိုးတာ, နှာချေတာက အဓိက ကူးတယ်။
အဝတ်တွေပေါ်ပါလာတဲ့ ပိုးကို လက်က ကိုင်မိ၊ အဲဒီ့လက်က နှာခေါင်းကို ကိုင်မိမှ ကူးစက်တာဖြစ်လို့
လက်ဆေးတာကသာ အဓိကပါ။

ဆိုင်ထဲ ဝင်ခါနီးမှာ ပိုးသတ်ဆေးကို လူပေါ်ဖြန်းခြင်းဟာ ကျန်းမာရေးအတွက် မကောင်းလို့ အဖြန်းမခံကြပါနဲ့။

https://www.who.int/news-room/q-a-detail/coronavirus-disease-covid-19-cleaning-and-disinfecting-surfaces-in-non-health-care-settings

,




Credit***Dr Maung Maung Oo
https://m.facebook.com/story.php?story_fbid=10157299285571707&id=504121706

12/12/2020

◾ တစ်နိုင်ငံလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

စီးပွားရေးပြန်လည်နလန်ထူစနေရာများကိုကာကွယ်ဆေး ဦးစားပေးထိုးသင့် ပါက ထိုးပေးသွားမည်ဟုဆို
COVID-19ရောဂါကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးအတွက် ထိုးပေး သွားမည်ဖြစ်ပြီး စီးပွားရေးနလန်ပြန်ထူစနေရာများကို ဦးစားပေးထိုးသင့်ပါက ထိုးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

ယနေ့(ဒီဇင်ဘာ ၁၁ရက်)ညပိုင်းက COVID-19 ရောဂါအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကာကွယ်ဆေးကိုတစ်တိုင်းပြည်လုံးကိုထိုးပေးရမှာပါ။ နိုင်ငံမှာဘယ်သူမှ မကျန်ဖို့က ကျွန်မတို့ရဲ့မူပါပဲ။ ဘယ်သူမှမချန်ခဲ့ဘူး။ အားလုံးကိုကျန်းမာရေးအရကာကွယ်မှုပေးနိုင်ဖို့စီစဉ်ပါတယ်။စီးပွားရေးတွေနလန်ပြန်ထူနေတဲ့ နေရာတွေကိုဦးစားပေးပြီးထိုးသင့်ရင်ထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့ဆို စီးပွားရေးယန္တရားကြီးပြန်ပြီးလည်ပတ်ဖို့ဆိုတာ အင်မတန်မှအရေးကြီးပါ တယ်။

ဒါကြောင့်ဒီအချိန်မှာစီးပွားရေးယန္တရား ပြန်ပြီးလည်ပတ်နိုင်တဲ့ ဒေသတွေအဓိကက ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ပိုပြီးစောစောစီးစီးကာကွယ်ဆေးထိုးပေးနိုင်တဲ့ အခြေအနေ မျိုးလည်းဖြစ်ပေါ်နိုင်ပါတယ်။ အားလုံးအတွက်မျှတအောင် လုပ်မှာပါ” ဟု ၎င်းကဆိုသည်။

ကာကွယ်ဆေးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့(GAVI)တို့နှင့်ပူးပေါင်းဆောင်ရွက်ထားကြောင်း၎င်းကဆိုသည်။

အဆိုပါအဖွဲ့အစည်းများထံမှ ကာကွယ်ဆေးလုံလောက်စွာမရနိုင်သည့်အတွက် အခြားအသင်းအဖွဲ့ထံမှ ဝယ်ယူကာ တစ်နိုင်ငံလုံးအတွက် ကာကွယ်ဆေး လုံလောက်အောင်စီစဉ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“COVAX ဆိုတဲ့အစီအစဉ်မှာကျွန်မတို့လည်းပါဝင်ပါတယ်။ အမှာစာလည်း ပို့ပြီးပါပြီ။ ရနိုင်မယ်လို့လည်းသိရပါတယ်။ မလုံလောက်တဲ့ဟာတွေကိုလည်း တခြားအဖွဲ့ကနေပြီးတော့ဝယ်ပါမယ်။

နိုင်ငံတော်ကနေ အားလုံးအတွက် လုံလောက်အောင်စီစဉ်ထားပါတယ်။ စီစဉ်တဲ့နေရာမှာဆိုရင် အမျိုးသား အဆင့်ကာကွယ်ဆေးထိုးတဲ့အကြံပေးအဖွဲ့ဆိုတာ ကျွန်မတို့ ဝါရင့်ကျန်းမာရေး ပညာရှင်ကြီးများနဲ့ဖွဲ့စည်းထားပြီးပါပြီ။ ဘယ်လိုအစီအစဉ်နဲ့လုပ်မလဲ။ ဆေးတွေကိုဘယ်လိုသိုလှောင်၊ဖြန့်ဖြူး၊ ထိုးနှံပေးမလဲဆိုတဲ့ အစီအစဉ် တွေလည်းလုပ်ပြီးသားဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၊ပြည်ပလေကြောင်း လိုင်းများကို ပြန်လည် ပျံသန်းရန်ကျန်းမာရေးစည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားပြီး ပြည်တွင်းပြည်ပကူးလူးဆက်ဆံမှုကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး နှင့် တိုးတက်ရေးအတွက်စီစဉ်ထားကြောင်း၎င်းကဆိုသည်။

ထို့အပြင် Stay at Home မဟုတ်သည့်နေရာများတွင်လည်း စားသောက် ဆိုင်များကို ကျန်းမာရေးစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုရန် စီစဉ် ထားပြီးဖြစ်ကြောင်း ၎င်းကအသိပေးပြောကြားခဲ့သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ-MOI

11/12/2020

မန္တလေးမှာstay home ပြုလုပ်ခြင်းကပိုးတွေ့နှုန်းအပေါ်ဘယ်လိုသက်ရောက်နိုင်လဲ?

အနံ့ပြန်ရတိုင်းသက်သာပြီလား?

Covid 19ရဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

07/12/2020

Stay Home
အမိန့်ထဲမှာ ပါတာလေးတွေသိဖို့....

လောလောဆယ် ဒီဇင်ဘာ ၅ရက်နေ့က စတင်ပြီးချမှတ်ခဲ့တဲ့ stay home မှာ နားလည်မှုလွဲနေတာလေးတွေ့လို့ပါ

စျေးဝယ်ကဒ်နဲ့ ဘာတွေလုပ်လို့ရမလဲ?........

၁. စျေးဝယ်ကဒ်က ဘယ်အချိန်ထိအကျုံးဝင်သလဲ?
ဟုတ်ကဲ့ပါ။ စျေးဝယ်ကဒ်က နေ့လည် ၁၂ထိသာ အသုံးပြုလို့ရပါတယ်။ ၁၂​ကေျာ်ရင် အသုံးပြုလို့မရပါဘူးခင်ဗျာ။

၂. ကျွန်တော်ကနေတာ ပြည်ကြီးတံခွန်ဆို ကမ်းနားလမ်းက ညစျေးကို စျေးဝယ်လို့ရသလား?
ဟုတ်ကဲ့။မရပါဘူးခင်ဗျာ။ စျေးဝယ်ကဒ်ဟာ မိမိရဲ့ မြို့နယ် အတွင်းရှိစျေး၌သာ ဝယ်ယူလို့ရပါတယ်။ နယ်ကျော်ပြီးဝယ်လိူ့မရပါ။ မိမိမြို့နယ်အတွင်းဝယ်မယ်ဆိုလည်း နေ့လည်၁၂ထိသာ အသုံးပြုလို့ရတာပါ။ ၁၂နောက်ပိုင်းအသုံးပြုလို့မရပါ။

၃. ဒါဆို နယ်ကျော် ဝယ်ဖို့ဆို ဘာလိုသလဲ?
ဟုတ်ကဲ့ပါ။ နယ်ကျော် ဝယ်ချင်ရင် နယ်ကျော်ကဒ်ရှိရပါ့မယ်ခင်ဗျာ။ နယ်ကျော်ကဒ်ဆိုတာ ရပ်ကွက်ရုံးက ပေးတဲ့ ရက်ကွက်လူကြီး ဆယ်အိမ်ခေါင်းက ပေးတဲ့ကဒ်မဟုတ်ပါဘူးခင်ဗျာ။ ရပ်ကွက်ရုံးကပေးတဲ့ကဒ်က စျေးဝယ်ကဒ်တစ်ခုတည်းသာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆေးခန်း ဆေးရုံသွားလိုမှသာ ဆေးခန်းသွားဖို့ ကဒ်ပေးမှာပါ။ အကယ်၍ ဆေးခန်းသွားပြီးရင် ရပ်ကွက်ရုံး သို့ အုပ်ကြီးကို ပြန်ပေးရမှာပါ။
နယ်ကျော်ကဒ်ဆိုတာက မြို့နယ်အုပ်ချုပ်ရေးရုံး သို့ ထွေအုပ်ရုံးမှာ သွားယူရမှာပါ။

၄. နယ်ကျော်ကဒ် ဘယ်လိုလုပ်ရသလဲ?
ဟုတ်ကဲ့ပါ။ နယ်ကျော်ကဒ်လုပ်ဖို့ဆို လုပ်ငန်းလိုင်စင်
ပါမှသာ လျှောက်လို့ရမှာဖြစ်ပါတယ်။ လုပ်ငန်းတိုင်းကိုလည်း မပေးပါ။ စားသောက်ကုန်၊ ဆေးနဲ့ပတ်သက်သောလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေကိုသာပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျန်လုပ်ငန်းများ မပေးပါ။

၅. နယ်ကျော်ကဒ်လုပ်ဖို့ဘာတွေလိုလဲ?.
ရပ်ကွက်ရုံးမှာ ဖောင်ဝယ်ဖြည့်။ မိမိလုပ်ငန်းလိုင်စင်(
အကျုံးဝင်သော လုပ်ငန်းများသာ)မိတ္တူ၊ ရပ်ကွက်ထောက်ခံစာယူပြီး မိမိမြို့နယ်အုပ်ချုပ်ရေးရုံးကို သွားလျှောက်ရမှာပါ။

၆. ဝန်ထမ်းကဒ်နဲ့ နယ်ကျော် လို့ရလား။
ဝန်ထမ်းကဒ်နဲ့ နယ်ကျော်လို့ရပါတယ်။ သို့သော် အစိုးရဝန်ထမ်းဖြစ်ရမယ်။ တာဝန်ထမ်း​ဆောင်ချိန်ဖြစ်ရပါ့မယ်။ ဆိုလိုချင်တာ မိတ်ဆွေက တက္ကသိုလ် ဆရာဖြစ်တယ်ဆိုပါတော့။ မိတ်ဆွေအနေနဲ့ အစိုးရ တက္ကသိုလ်ကို တာဝန်လာရောက်ထမ်းဆောင်ဖို့ လာရောက်သောအခါ
နယ်ကျော်ရမယ်ဆိုရင် ဝန်ထမ်းကဒ်ပြပြီး အကျိုးအကြောင်းပြောပြီး နယ်ကျော်လို့ရပါတယ်။
သို့သော် တာဝန်ချိန်မဟုတ်တော့ပဲ ကျူံးဘေးကိုလမ်းလျှောက်ဖို့ သို့မဟုတ် တစ်ခုခုသွားဝယ်ဖို့ နယ်ကျော်မယ်ဆိုပါက ဒဏ်ရိုက်ခံရနိူင်ပါတယ်ခင်ဗျာ။

၇. အစိုးရဝန်ထမ်းမဟုတ်ဘဲ အကျုံးဝင်သောလုပ်ငန်းတစ်ခုခုထဲက ဝန်ထမ်းဖြစ်ရင်ရော နယ်ကျော်ဖို့ နယ်ကျော်ကဒ်လို့သလား?
ဟုတ်ကဲ့။ လိုပါတယ်ခင်ဗျာ။ အစိုးရဝန်ထမ်းမဟုတ်ဘဲ ရိုးရိုးသာမန် ဝန်ထမ်းအနေနဲ့ ဝန်ထမ်းကဒ်ပြပြီး နယ်ကျော်လို့မရပါခင်ဗျာ။ အကျုံးဝင်လုပ်ငန်း ဖြစ်နေရင်တောင်မှ မိမိလုပ်ငန်းမှ နယ်ကျော်ကဒ်မိမိကိုပေးရမှာဖြစ်ပါတယ်။ နယ်ကျော်ကဒ်ရှိမှသာ နယ်ကျော်လို့ရပါ့မယ်ခင်ဗျား။

ကဲဒီလောက်ဆို နားလည်မယ်လို့မျှော်လင့်မိပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆရာဦးအောင်သူရ
Credit***

Photos from Dr. Thaung Htay's post 30/11/2020

မန္တလေးရဲ့ အခြေအနေလို့ ဖတ်မိပါတယ်။
⛥⛥⛥မနေ့က တစ်ရက်ထဲနဲ့ သေဆုံးသူ ၁၂ ဦးရှိခဲ့တဲ့ မန္တလေးဟာ ဒီနေ့မှာ ဆေးရုံကြီးကို သယ်လာခဲ့တဲ့ အလောင်း ၄ ခုမှာ ကိုဗစ်-၁၉ တွေ့ခဲ့ပါတယ်။ အဲဒီထဲက ၁ ယောက်ဟာ Community Fever Clinic ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေရင်းက လဲကျသေဆုံးခဲ့တာဖြစ်ပါသတဲ့။

⛥⛥⛥ အသိ သမားတော် တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီလိုပြောတယ်။ လူနာ တစ်ချို့ဟာ နေမကောင်းတာကို ဆရာဝန်မပြဘဲ အောက်ဆီဂျင်တိုင်းတဲ့ Pulse oximeter တွေ အောက်ဆီဂျင်အိုးတွေ Oxygen Concentrator တွေ ဝယ်ပြီး ဆေးကုနေကြတာတွေ ရှိပါသတဲ့။ သူ့ကို တယ်လီဖုန်းနဲ့ ဆက်ပြီး အောက်ဆီဂျင် ၈၅% ထိ ကျသွားလို့ ဘာလုပ်ရမလဲ အကြံတောင်းတာတွေ ရှိလာပါသတဲ့။

⛥⛥⛥တကယ်တော့ အောက်ဆီဂျင်အိုးတွေ Oxygen Concentrator တွေဟာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ မှာ အောက်ဆီဂျင်တက်လာအောင် မစွမ်းနိုင်ပါဘူး။ ဒီထက် စွမ်းတဲ့ စက်တွေနည်းတွေနဲ့ ကယ်တင်နိုင်မှာက ဆေးရုံတွေပါ။ သူကလည်း ဆေးရုံသွားဖို့ တိုက်တွန်းပေမယ့် သွားမယ် မထင်ပါဘူးတဲ့။

⛥⛥⛥ထူးခြားတာက အောက်ဆီဂျင် ဘယ်လောက်ကျကျ လူနာက စကားတပြောပြောနဲ့ ခံနိုင်ရည်ရှိနေသလို ထင်နေရပြီးမှ ရုတ်တရက် အောက်ဆီဂျင် ထိုးကျသွားပြီး အံ့သြစရာ သေသွားတတ်ပါတယ်။ Happy hypoxemia လို့ ခေါ်သတဲ့။ ဒီအခါမျိုးမှာ မိသားစုဝင်တွေက ဆေးပညာရှင်တွေကို အထင်လွဲပါတော့တယ်။ လာတုန်းက စကားတွေ ပြောနေတာ၊ ခုလေးတင် စကားတွေ ပြောနေတာ စသည်ဖြင့် မယုံနိုင်ကြဘူးလေ။ ဆေးရုံလာတာ နောက်ကျရင်တော့ မကယ်နိုင်တာက များပါတယ်။

⛥⛥⛥ဖျားလို့ ချောင်းဆိုးလို့ ဆိုပြီး ဒီနေ့ မနက် ဆေးရုံက Fever corner ကို လာပြတဲ့ လူနာ ၁၈ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁၇ ယောက်ရှိပါတယ်။ နည်းတဲ့ ပိုးတွေ့နှုန်းမဟုတ်ပါဘူး။ ဒါကိုကြည့်ပြီး ဒီရက်ပိုင်းမှာ မန္တလေးမှာ ဖျားရင် ကိုဗစ်၁၉ ဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေးကို များပါတယ်။

⛥⛥⛥အဓိကကတော့ မလိုအပ်ပဲ အပြင်မထွက်ဘဲ Stay home ပါ။
လူစုလူဝေး ရှောင်ရှားပါ.
Mask ကို အမြဲတပ်ထားပါ.

လက်ဆေးပါ။
လူခြင်း ဝေးဝေးနေကြပါ။

Credit #

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Mandalay
111111