Beauty Nwe online business

Beauty Nwe online business

Share

Be ready to Beauty! လှဖို့အတွက် အဆင်သင့်ပြင်ထားပါ❗️

19/04/2024

" ကော်ဖီနဲ့ ခွက် "
▪️လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားက ကော်ဖီဆိုရင်.. သူ့ရဲ့ အလုပ်အကိုင်၊ ငွေကြေး၊ အဆင့်အတန်း၊ စည်းစိမ်ဥစ္စာ အစရှိတဲ့အရာတွေက ကော်ဖီကို ထည့်ထားတဲ့ ခွက်နဲ့ တူပါတယ်။

► ခွက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ အရွယ်စုံရှိတယ်။ တချို့ခွက်တွေက စျေးကြီးကောင်း ကြီးနိုင်တယ်။ တချို့ခွက်တွေက စျေးသက်သာပြီး ရိုးစင်းတယ်။ ကော်ဖီခွက်တွေ အားလုံးဟာ ဘယ်လိုပုံစံ၊ ဘယ်လိုအရွယ်အစားပဲ ဖြစ်နေပါစေ.. တူညီတဲ့ လုပ်ဆောင်မှုက တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကော်ဖီကို ထည့်ထားဖို့ပါပဲ။

► တန်ဖိုးကြီးခွက်တစ်ခွက်က ကော်ဖီအရသာကို ပိုကောင်းအောင်မလုပ်နိုင်သလို..၊ သာမန်ရိုးရိုးခွက်တစ်ခွက်က ကော်ဖီအရသာကို ပိုဆိုးအောင် မလုပ်နိုင်ပါဘူး။ ကော်ဖီခွက်က ကော်ဖီအရသာကို မပြောင်းလဲစေပါဘူး။

► ကော်ဖီခွက်ကို ကြည့်ပြီး ကော်ဖီရဲ့အရသာကို အကဲဖြတ်နိုင်စွမ်းမရှိသလိုပဲ လူတစ်ယောက်ရဲ့ဘဝအပြင်ပန်းအခြေအနေကို ကြည့်ပြီးတော့လည်း အတွင်းက သူ့ရဲ့စိတ်နေစိတ်ထားကို အကဲဖြတ်သုံးသပ်လို့ မရပါဘူး။

▪️လူအများစုက ခွက်အပေါ်မှာသာ အာရုံစူးစိုက်ကြတယ်။ ပြင်ပအလှနဲ့ အသွင်အပြင်ကို အလေးပေးတတ်ကြပါတယ်။ တကယ့်ကော်ဖီကို အရသာခံသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အတွင်းမှာ ရှိတဲ့ စစ်မှန်တဲ့အရည်အသွေးနဲ့ တန်ဖိုးကို သိပ်မမြင်တတ်ကြပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် သိဖို့ နည်းမျိုးစုံနဲ့ ရှာဖွေစုံစမ်းကြတယ်။

- ဘယ်လိုအခြေအနေက လာလဲ ။
- ဘာအလုပ်လုပ်လဲ ။
- ဝင်ငွေဘယ်လောက်ရတာလဲ ။
- ဘယ်မှာနေတာလဲ ။
- ဘယ်လောက် ချမ်းသာကြွယ်ဝမှုရှိလဲ။
- မိဘကရော..ဘယ်သူတွေလဲ ။
- နောက်ခံအသိုင်းအဝိုင်းဘယ်လိုရှိလဲ ။

အဲဒီလို အပေါ်ယံမေးခွန်းတွေနဲ့ တစ်ယောက်နဲ့တယောက် အကဲဖြတ်တိုင်းထားတတ်ကြပါတယ်။

► ဒါတွေဟာ ကော်ဖီခွက်တွေလိုပဲ ပြင်ပဆန်တဲ့အရာတွေပါ။
လူတစ်ယောက်ရဲ့စစ်မှန်တဲ့သဘာဝ၊ အတွင်းက"ကော်ဖီစစ်စစ်"ကို တန်ဖိုးထားဖို့ရာ အာရုံပျက်စေနိုင်ပါတယ်။ ကော်ဖီခွက်လေးက လှနေတိုင်း..၊ ခမ်းနားနေတိုင်းလည်း အထဲက ကော်ဖီက အရသာကောင်းနေလိမ့်မယ်လို့ ကျိန်းသေတွက်ဆလို့ မရပါဘူး။ အသွင်အပြင်မလှတဲ့ ခွက်လေး ဖြစ်ပေမယ့်လည်း အထဲက ကော်ဖီက အရသာကောင်းနေနိုင်ပါတယ်။

► အဲဒီလိုပဲ လူတွေမှာလည်း အပေါ်ယံအမြင်မှာ ရုပ်ရည်ချော‌မောလို့၊ ပြည့်စုံချမ်းသာလို့၊ အသိုင်းအဝိုင်းကောင်းလို့ ဆိုပြီး၊ အဆင့်အတန်းရှိမယ်၊ စိတ်ကောင်းရှိမယ်၊ ကူညီရိုင်းပင်းတတ်လိမ့်မယ်လို့ ထင်ကြပေမယ့် ..တကယ်တမ်း အနီးကပ်ပေါင်းကြည့်လိုက်တဲ့အခါကျမှ စိတ်ဓာတ်ညံ့ဖျင်းနေတဲ့သူတွေကို ကြုံဖူးကြမှာပါ။ ကော်ဖီခွက်လေးက လှပေမယ့် .. ကော်ဖီအရည်အသွေးက ညံ့နေတာမျိုးပေါ့။

▪️ကော်ဖီသောက်ပါ ။

တချို့တွေမှာကျ.. ရုပ်ရည် မချောမော.. ၊ စည်းစိမ် မချမ်းသာဘူး။ ဒါပေမယ့် စိတ်နေစိတ်ထားက မွန်မြတ်လှပပြီး
သဘောမနော အလွန်ကောင်းကြတယ်။ သူတို့မှာ မရှိ.. ရှိတာလေး‌နဲ့ ကူညီချင်ကြတယ်။ ရိုင်းပင်းတတ်ကြတယ်။ ကော်ဖီခွက်လေးက မလှပပေမယ့် အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီကို ပိုင်ဆိုင်ထားတာမျိုးပေါ့.. ။

► အရေးကြီးဆုံးအရာဟာ ကော်ဖီခွက်တွေ မဟုတ်ဘဲ အတွင်းထဲကကော်ဖီပါပဲ။ သာမန်ခွက်ကလေးနဲ့ သောက်တာပဲဖြစ်ဖြစ်၊ တခမ်းတနား တန်ဖိုးကြီးခွက်နဲ့ သောက်တာဖြစ်ဖြစ် အတွင်းဘက်က ကော်ဖီဟာ အရင်အတိုင်းပါပဲ။

► နောက်ခံအသိုင်းအဝိုင်းဘယ်လိုရှိလဲ ပြင်ပအပေါ်ယံအလှနဲ့ အသွင်အပြင်ကို အာရုံစိုက်ထားကြပေမယ့် ၊ တကယ်တမ်း စစ်မှန်တဲ့ အရည်အသွေးနဲ့ တန်ဖိုးဟာ အတွင်းမှာသာ တည်ရှိပါတယ်။ ကော်ဖီလို တကယ်အရေးပါတာ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားရဲ့နွေးထွေးမှုပါ။ ကော်ဖီခွက်ကို မကြည့်ဘဲ ကော်ဖီကိုသာ အရသာခံသောက်လိုက်ပါ။

▪️ဒီတော့ တကယ်အရေးကြီးတာကဘာလဲ ..?

ကော်ဖီကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖျော်ထားခြင်းပါ။ ကိုယ့်ရဲ့စိတ်ထားကို ကောင်းကောင်းထား..။ လူတွေကို ရိုင်းပင်းကူညီ.. ။ အစစ်မှန်ဆုံး နေထိုင်ရှင်သန်.. ။ ဘာကိုပဲလုပ်လုပ် နောင်တကျန်စရာ မရှိအောင်လုပ်..။ ဒီလိုနည်းတွေနဲ့ကိုယ့်ရဲ့ကော်ဖီကို ကောင်းကောင်းဖျော်လို့ရပါတယ်။

► နောက်ဆုံးတော့ ခွက်တွေကျိုးသွားနိုင်တယ်၊ ပျောက်သွားနိုင်တယ်၊ ဒါပေမယ့် ကော်ဖီကို ခွက်သစ်တစ်ခွက်ထဲ လောင်းထည့်လို့ရတယ်။ အဲဒီလိုပဲ ဘဝမှာရှိတဲ့ အခြေအနေတွေဟာ ပြောင်းလဲသွားနိုင်တယ်။ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါပေမယ့် ကိုယ်နဲ့ အမြဲအတူတကွရှိနေမှာက ကိုယ့်ရဲ့စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်သာ ကောင်းတယ်ဆိုရင် အရာအားလုံး ပြန်စလို့ရပါတယ်။

► ဆိုလိုတာက ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားခဲ့ရင်တောင်.. ဆက်လက်ပြီး ရပ်တည်လို့ ရပါတယ်။ အကြောင်းကတော့ ကိုယ်ရဲ့စိတ်ဓာတ်က ကိုယ်နဲ့တစ်သားတည်းဖြစ်နေလို့ပါ။ ကိုယ့်ရဲ့စိတ်ထားဆိုတာ ကိုယ့်ရဲ့ကံတရား ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို မြှင့်တင်နိုင်မယ်ဆိုရင်..ဘယ်ခွက်ထဲမှာပဲဖြစ်ဖြစ် ကော်ဖီက အရသာရှိနေမှာပါပဲ။

▪️" အစစ်အမှန်ဘယ်သူဆိုတာ .."

"လူတစ်ယောက်ရဲ့ပင်ကိုယ်ပုံစံ၊ ကိုယ်ပိုင်စရိုက်၊ အတွေ့အကြုံတွေက သူဘယ်သူ...ဆိုတာရဲ့အနှစ်သာရပါ။ သူပိုင်ဆိုင်ထားတဲ့ ပြင်ပခွက်တွေ မဟုတ်ဘူး။ ဇိမ်ခံအိမ်ကြီးတလုံးပဲပိုင်ပိုင်၊ ကားအစီးများစွာပဲ ပိုင်ပိုင်.. သင့်မှာ ရှိနေတာတွေက ကိုယ်တွင်းက အစစ်အမှန် သင်ဘယ်သူလဲဆိုတာကို မပြောင်းလဲစေပါဘူး။

► ဒါကြောင့် အောင်မြင်မှုချမ်းသာမှုတွေဟာ ကော်ဖီခွက်တွေဆိုတာ သတိရပါ။ တကယ်အရေးပါတာက လူတစ်ယောက်ရဲ့စိတ်ဓာတ်ပါ။ ခွက်ထဲမှာရှိတဲ့ ကော်ဖီက ခွက်ထက် ပိုအရေးကြီးပါတယ်။ ကော်ဖီကို အရသာခံဖို့အရေး.. ကော်ဖီခွက်က ဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတာ သိပ်စိတ်ပူဖို့ မလိုအပ်ပါဘူး။ ကော်ဖီကို မြတ်နိုးပြီး.. ခွက်တွေအပေါ် သိပ်မစွဲလမ်းခြင်းနဲ့ ပိုပြီးစစ်မှန်ပြည့်ဝတဲ့ ဘဝတစ်ခုမှာ ရှင်သန်နိုင်ပါတယ်။

📌 ဒီတော့ ကော်ဖီခွက်တွေကို အကဲဖြတ်တာမျိုးမဟုတ်ဘဲ အတွင်းထဲက ကော်ဖီကိုသာ အကဲဖြတ်ကြရအောင်ပါ။ လူမှုဝန်းကျင်မှာ ကိုယ်တွေ့ကြုံရတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး လုပ်တဲ့အခါမှာ.. ဒီလူဟာ ဘာအဆင့်အတန်းရှိလဲ ဘယ်အသိုင်းအဝန်းကလဲ ဘာစီးပွား‌ရေးတွေ လုပ်လဲ ဘယ်လိုစည်းစိမ်ချမ်းသာတွေ ရှိလဲ ဆိုတဲ့ ပြင်ပအမြင် ကော်ဖီခွက်တွေနဲ့ အကဲမဖြတ်ပါနဲ့..။ သူ့ရဲ့စိတ်နေစိတ်ထားဆိုတဲ့ ကော်ဖီလေးကိုသာ.. မြည်းစမ်းကြည့်လိုက်ပါ .. ☕

18/04/2024

အခုလို ပူပြင်းတဲ့နွေရာသီ အတွက် … လိမ်းလိုက်တာနဲ့ အေးမြမှုကို အပြည့်အဝ ပေးစွမ်းနိူင်တဲ့ … 💦

Cooling ပါဝင်တဲ့ …

💧✨7in1 Extremely Glow Whitening Tone Up Body Lotion✨💧

✅ Price - 27800 Ks
✅ 3Pcs - 75000 Ks


🏆 #အသားဖြူ

Photos from Beauty Nwe online business's post 18/04/2024

အိုး🙈🥰👏👏👏
ဘယ်မှာမှ မထုတ်သေးတဲ့ အမျိူးသားချောလေးတွေ အတွက်

🪄 HARU ... For Men Collagen Lip Tint 🪄

ယောကျာ်းလေးတွေလည်း နူတ်ခမ်းသား ပျက်စီး ညိုမဲတာတွေ ပျောက်ပြီး သဘာဝ နီရဲနုဖတ်နေတဲ့ နူတ်ခမ်းသားလေးဖြစ် စေပါတယ် ✨

အပြင်သွားရင်လည်း ... HARU Collagen Lip လေးဆိုးထားရင် ... ဆိုးထားမှန်း မသိသာစေပဲ နူတ်ခမ်းရဲရဲလေးနဲ့ ဆွဲဆောင်မူ ရှိစေပါတယ် 🤩

ကဲ ... အမျိူးသားလေးတို့ ... HARU Collagen Lip Tint လေး သုံးပြီး ပိုမိုဆွဲဆောင်မူရှိတဲ့ ချောမောမူတွေ ပိုင်ဆိုင် နိူင်ပါစေ ရှင့် 🤩❤️

Ps : : For Men ဆိုပေမယ့် ကောင်မလေးတွေလည်း ချစ်သူနဲ့အတူကပ်ဆိုးချင်ဆိုး လို့ရတယ်နော် 😁🙈❤️

17500 ks

#ဗျူးတီးနွယ်

18/04/2024

❗️အသားဖြူဆေး၊အသားဖြူ lotion လိမ်းနေသူများတွက်မဟုတ်ပါ 🚫

ဒီဘက်ခေတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အသားဖြူစေတဲ့၊ နုပျိုလှပစေဖို့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ထွက်ရှိလာကြပါတယ်။

အသားဖြူဖို့၊ လှဖို့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါနေတဲ့ အသားဖြူဆေးတွေ၊ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ့်အစား နေ့စဉ် နေထိုင်စားသောက်ပုံနဲ့ ကိုယ့်ရဲ့ အပြုအမူလေးတွေကို ပြင်လိုက်ရင် အဆင်ပြေပါတယ်။ ဒါဆိုရင် အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။
၁။ ရေများများသောက်ပါ။ လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။
၂။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ကြမ်းတမ်းစေပြီး နဂိုမူလအသားအရောင်ကို မှိန်စေပြီး မွဲခြောက်စေတဲ့ တရားခံတွေထဲက တစ်ခုပဲ။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ ထိတွေ့နေမယ့် မျက်နှာ၊ လည်ပင်း၊ လက်တွေမှာ နေလောင်ကာခရင်မ်ကို လိမ်းပေးဖို့ မမေ့ပါနဲ့။

၃။ ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို သတိရပါ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့အတွက် အစိုဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေချိုးပြီး ခြောက်အောင် သုတ်ပြီးတဲ့အခါ မျက်နှာကို အဓိကထားပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ကိုယ်ခန္ဓာကိုလည်း lotion လိမ်းပေးပါ။
၄။ နေပူထဲ သွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းသွားပါ။ အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အသားအရေကို အေးမြစေပြီး လေဝင်လေထွက်ကောင်းစေဖို့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ လိုအပ်ရင် နေကာမျက်မှန် တပ်ထားပါ။

၅။ ဟင်းသီးဟင်းရွက် များများစားပါ။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို သဘာဝအတိုင်း ဖြူစင်ဝင်းပစေတယ်။ အရေးအကြောင်းတွေ ကင်းစေပြီး တင်းရင်းစေတယ်။ ဒါကြောင့် ကျန်းမာပြီး လှပလိုသူတွေအတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း ပါဝင်ရပါမယ်။
၆။ အသီးအနှံတွေကိုလည်း အမြဲ စားသုံးပေးပါ။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် ဖြူစင်ဝင်းပလာစေတဲ့ ဗီတာမင် စီ ဓာတ်တွေ အများအပြားပါဝင်တဲ့ သစ်သီးဝလံတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
၇။ ကိုယ်နဲ့ လိုက်ဖက်မယ့် အလှကုန်ပစ္စည်းတွေ သေချာရွေးဝယ်ပါ။ ကိုယ်က အဆီပြန်တတ်တဲ့သူလား၊ အသားအရေခြောက်တတ်လား၊ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လားဆိုတာ သေချာသိထားမှ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သေချာဝယ်ယူလို့ ရမှာပါ။ ဈေးကွက်ထဲမှာ ပေါ်နေတဲ့ ပစ္စည်းမှန်သမျှ လိုက်သုံးကြည့်တာထက် အရေပြားဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ အလှကုန်ပစ္စည်းတွေကို မှန်ကန်တဲ့ နည်းစနစ်နဲ့ အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။

Crd by original
#ဗျုးတီးနွယ် #အသားဖြူ

Photos from Beauty Nwe online business's post 26/11/2023

လူးတုန်း လှိမ့်တုန်း … ရှာတုန်း ဖွေတုန်း … ဘာအရောင်လေးလဲ ‼️

ကြိုက်တဲ့အရောင်သာပြောလိုက် … ဘာအရောင်ပဲရွေးရွေးမမှားစေရဘူး 🤩❤️

မြန်မာနိူင်ငံရဲ့ တခုတည်းသော Collagen ပါတဲ့ နူတ်ခမ်းနီ 💋 HARU Collagen Lipsticks 💋

✅ Price - 17500 Ks ( ဗူးအကိတ်ကြီးမို့ တန်မှတန် )

တလသိန်းချီဝင်ငွေရဖို့ 5ချောင်းကစပြီး ကိုယ်စားလှယ်ယူလို့ရပြီနော် 💋

စိတ်ဝင်စားရင် Cb လာခဲ့ကွာ တျဲတွေ 😘



#ဗျုးတီးနွယ်

26/11/2023

ဆောင်းတွင်းမှာ နှုတ်ခမ်းသား အဖတ်လန်တာ 😢

ဆောင်းတွင်းမှာ နှုတ်ခမ်းသား အက်ကွဲတာ😢

နှုတ်ခမ်းအဆီလေး ထပ်ဆင့်လိမ်းပီးဆိုးနေရတာ

မကြိုက်ဘူး ဆိုတဲ့သူလေး​တွေ

ရော့collagen လည်းပြည့်ဝ ပါဝင်ပီးသား နှုတ်ခမ်းသား

အားဖြည့်ပေးတဲ့ Haru lipstick တွေရနေပီနော်

မှာယူချင်တယ်ဆို - 09972891359 ☎️ or cb

26/11/2023

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က
အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ပျော်ရွှင်ရသောနေ့လေးပိုင်ဆိုင်ပါစေလို့ Beauty Nwe မှဆု
တောင်းပေးလိုက်ပါတယ်

08/11/2023

😟ကိုယ့်ဘက်က အမှားမလုပ်ဘဲ
တစ်ဖက်လူက မခေါ်နိုင်မပြောနိုင်ဖြစ်ပြီး
တဖြည်းဖြည်းနဲ့ အနေဝေးသွားတဲ့မိတ်ဆွေတွေနဲ့ကြုံဖူးလား

တချို့ခင်မင်မှုတွေဟာ
ကိုယ်ထင်သလောက်မဖြူစင်ဘူး။



#ဗျုးတီးနွယ်


ခမ်း

Photos from Beauty Nwe online business's post 08/11/2023

မိန်းကလေး တစ်​ယောက် ဘယ်လောက်လှပအောင်နေတတ်လဲ ဆိုတာကိုကြည့်ပြီး … သူရဲ့ ဘဝကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိလို့ရတယ်တဲ့ 💯%❤️

အလှတရားဆိုတာမိန်းကလေးတိုင်းရဲ့ တန်ဖိုးမို့ … ဖြစ်သလို မိတ်ကပ်လိမ်းသွားတာတွေ တွေ့ကရနူတ်ခမ်းနီ ဆိုးတာမျိူးတွေ မလုပ်ကြနဲ့နော် တျဲတွေ 🤍

မိတ်ကပ် ကွက်နေတာတွေ / မညီမညာတွေ / ပြာတူးနေတာတွေ မဖြစ်စေပဲ … ညီညာလှပဝင်းအိနေပြီး တနေကုန် ချွေးထွက်တောင်မပျက်တဲ့ Haru Cushion လေးနဲ့ … ✨

အရောင်လှပပြီး ဘာစားစား မပျက်ပဲ … နူတ်ခမ်းသားလေး အားဖြည်​ပေးတဲ့ collagen ပါတဲ့ Haru Collagen Lip လေးကိုသာ သုံးကြည့်လိုက် 🤩

မြင်တဲ့သူတိုင်း ချစ်ခင်စေမယ့် … အလှပိုင်ရှင်လေး ဖြစ်လာပါလိမ့်မယ်လို့ 😘

✅ Price - Haru Cushion ... 34000 Ks
Haru Collagen Lip ... 17500 Ks
( Customer လေးတွေတိုင်းအတွက် Korea ခရီးစဉ် ကံစမ်းခွင့် Golden Ticket များပါရှိပါသည် )

📍3ဗူး ( သို့ ) 5 ချောင်းကစပြီး အမြို့မြို့ အနယ်နယ်မှာ Billion Empress အရောင်း Reseller ယူလို့ရပါပြီ 🤩🥳




#

Photos from Beauty Nwe online business's post 08/11/2023

✔️ မျက်နှာလေးတင် ဖြူပြီးလှနေလို့မဖြစ်ဘူးနော် 🌚ခန္ဓာကိုယ်လေးပါ ဖြူဖွေး ဝင်းပနေဖို့လိုပါတယ် 🤍

🌝ခန္ဓာ ကိုယ် အသားရည် ... နေလောင်ပြီး ညိုမဲတွေ ပျောက်ကင်း ပြီး အမြန်ဆုံး ဖြူဖွေး စေတဲ့
✨Billion Empress 7in1 Whitening Tone Up Body Lotion🧴✨ လေးကို သုံးပါလို့ 😘

✅ Price ... 28000 Ks

( Thailand Made 🇹🇭)

3ဗူး ကစပြီး Reseller ယူလို့ရပါပြီရှင့် 💜
Reseller ယူချင်သူများနဲ့ ဝယ်သုံး ချင်တဲ့ သူလေးတွေ Cb နော် 😘

မြန်မာ တနိူင်ငံ လုံအနှံ့ အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်ချင့် 💜

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


72*73 , 110 Street
Mandalay