We Care

We Care

Share

Because We Care For You

19/07/2023

19 July မမေ့နိုင်
76 နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်

12/07/2023

#ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သောလက္ခဏာများ

ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန် သွားရန်လိုသည်။
ပြင်ဆင်
သွေးဆင်းလျှင်
ရေဆင်းလျှင်
မခံမရပ်နိုင်အောင် ဗိုက်ဆက်တိုက်နာလျှင်
ဝမ်းဗိုက်၊ လက် နှင့် မျက်နှာများ ဖောရောင်နေလျှင်
ခေါင်းအလွန်ကိုက်လျှင်
မျက်စိပြာ၊ အလွန်အော့အန်နေလျှင်
ဖျားလျှင်
ကလေးအလှုပ်နည်းလျှင်

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

12/07/2023

#ကိုယ်ဝန်စောင့်ရှောက်မှု ကို ဘယ်သူ့ဆီကယူသင့်သလဲ

လုံခြုံစိတ်ချရသော မိခင်ဘဝရရှိစေရေးအတွက် စနစ်တကျ စောင့်ရှောက်မှု ပေးနိုင်သော ဆရာဝန်၊ သူနာပြု နှင့် သားဖွားဆရာမများနှင့် ကိုယ်ဝန်ကိုအပ်ပြီး စောင့်ရှောက်မှု ခံယူသင့်သည်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှာ ဘာများလုပ်ပေးနေပါသလဲ

မိခင်၏ရောဂါရာဇဝင်၊ မွေးဖွားမှုနှင့်ဆိုင်သောရာဇဝင်ယူပြီး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။ ဒီမှတ်တမ်းက ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက်လုံး နဲ့ မီးဖွားသောအချိန်မှာလိုအပ်သော စောင့်ရှောက်မှုများအတွက် အထောက်အကူပြုနိုင်သည်။

အထွေထွေစမ်းသပ်စစ်ဆေးခြင်း နှင့် ဗိုက်စမ်းသပ်ခြင်းများပြုလုပ်ပေးခြင်း
ဆီးချိုကိုယ်ဝန်ဆိတ်တက်နိုင်သောအခြေအနေများ ရှိ၊ မရှိ သိရှိနိုင် ရန် ဆီးစစ်ရပါမည်။ သို့မှ လိုအပ်သလို ဆက်လက်စစ်ဆေးခြင်း ကုသခြင်းများပြုလုပ် နိုင်မည်ဖြစ်သည်။
ကာလသားရောဂါစစ်ဆေးခြင်း
ကာလသားရောဂါ ရှိ မရှိ စစ်ဆေးရန် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော်၊ ရောဂါရှိခဲ့ပါက မိခင်မှတဆင့် ဗိုက်ထဲမှကလေးအား ကူးစက်နိုင်ပါသောကြောင့် မိမိခင်ပွန်းနှင့်အတူတူ ဆေးကုသမှူ စောစောခံယူထားပါက ကလေးကိုရောဂါမကူးအောင် ကြိုတင်ကာကွယ်ရာရောက်သည်။

HIV ပိုးစစ်ဆေးခြင်း
ဆွေးနွေးတိုင်ပင်ပြီး HIV ပိုး ရှိ၊ မရှိ စစ်ဆေးခံယူနိုင်သည်။ ပိုးရှိခဲ့ပါက မိခင်မှတဆင့်ကလေးကို မကူးအောင် ကြို တင်ကာကွယ်နိုင်သောနည်းလမ်းများရှိသည်။

သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးကုသဖို့လည်းလိုအပ်သည်။
သံဓာတ်ပါသောအားဆေးများ တိုက်ကျွေးသင့်သည်။
မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးရပါမည်။ သို့မှသာ မိခင်ရောကလေးပါ မေးခိုင်ရောဂါ မှကာကွယ်ပြီးသားဖြစ်မည်။
မွေးဖွားသောအခါမှာ မိခင်ရောကလေးပါ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်နဲ့ပတ်သက်သော ကျန်းမာရေး ဗဟုသုတများ ကြိုတင်ပြင်ဆင်စရာများကို ပညာရှင်များနှင့် ဆွေးနွေးသင့်သည်။
ဆောင်စရာ၊ ရှောင်စရာများ
ပြင်ဆင်
တစ်ကိုယ် ရေသန့်ရှင်းရေး ကိုဂရုစိုက်ရမည်။
အာဟာရ ဖြစ်စေမည့် အစားအစာများစားသုံးပေးရမည်။
လုံလောက်အောင် အိပ်စက်အနားယူရမည်။
မျှတသော ကိုယ်လက်လှုပ်ရှားမှု လုပ်ရမည်။
မွေးဖွားရန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်။
ပင်ပန်းသော အလုပ်များရှောင်ရမည်။
ဆေးလိပ်၊ အရက် ရှောင်ရမည်။
ဆရာဝန်၊ ဆရာမ ညွှန်ကြားချက်မရှိဘဲ ဆေးမသောက်သင့်ပါ။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

10/07/2023

#ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ရှိလာပါလျှင် မိခင်ဘေး အန္ကရာယ် ကင်းရန် မွေးလာသော ကလေး လည်း ကျန်းမာဖို့ ကိုယ်ဝန်ဆောင်နေတုန်းမှာ၊ မွေးဖွားနေတုန်းမှာ၊ မီးတွင်းမှာ အရေးတကြီးလုပ်စရာများရှိသည်။ ကိုယ်ဝန်အပ်ခြင်း ( ဗိုက်အပ်ခြင်း ) သည် ထိုအရေးတကြီးလုပ်စရာများထဲက တစ်ခုဖြစ်သည်။

ကိုယ်ဝန်ရှိပါ က ဆရာဝန် ဖြင့် စောစောပြရန်
ပြင်ဆင်
ကိုယ်ဝန်ရှိနေတယ်လို့သိသိခြင်း အစောဆုံးစောင့်ရှောက်မှုကိုခံယူသင့်သည်။

ဆရာဝန်၏ရက်ချိန်းများမှန်⁠မှန်သွားရန်
ပြင်ဆင်
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် ကိုယ်ဝန် စောင့်ရှောက်မှု ကို အနည်းဆုံး (၄) ကြိမ်ရသင့်သည်။

ပထမအကြိမ် - ကိုယ်ဝန် (၄) လမတိုင်မှီ
ဒုတိယအကြိမ် - (၆-၇) လကိုယ်ဝန်
တတိယအကြိမ် - (၈) လကိုယ်ဝန်
စတုတ္ထအကြိမ် - (၉) လကိုယ်ဝန်
အကယ်၍ လိုအပ်သည်များရှိလာလျှင်မူ ကိုယ်ဝန် စောင့်ရှောက်ပေးသူရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

10/07/2023

#နောက်ဆက်တွဲပြဿနာများ

နှစ်စဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ ကိုယ်ဝန်ဆောင်ခြင်းကြောင့် နာမကျန်းမှုဖြစ်ခြင်းကို ခံစားရသည်မှာ (တစ်ခါ တစ်ရံတွင် အမြဲဖြစ်သွားတတ်သည်) ကမ္ဘာအနှံ့တွင် အမျိုးသမီးပေါင်း ၂၀ မီလီယံကျော်သည်ဟု ဆိုသည်။ ထို့အပြင် "၁၉၉၅ ခုနှစ် တွင် ရှစ်မီလီယံသော အမျိုးသမီးတို့၏ အသက်မှာ အန္တရာယ်ရှိနေပြီး ၅၀၀၀၀၀ ကျော်သော အမျိုးသမီး တို့မှာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့နှင့် စပ်လျဉ်းသောအကြောင်းရင်းတို့ရလဒ်အဖြစ် သေဆုံးခဲ့ရကြောင်း ခန့်မှန်းရသည်။" ကိုယ်ဝန်ဆောင်ခြင်းသည် ကိုယ်ဝန်မဆောင်ခင်တွင်ရှိသော ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ အမျိုးသမီးတို့ အတွက်ကျန်းမာရေးအန္တရာယ် အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ အောက်ပါအချက်များသည် ကိုယ်ဝန်မှ အမျိုးသမီး၏ ကိုယ်ခန္ဓာအား ပြောင်းလဲစေခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ် အတွင်းနှင့် သို့မဟုတ် ကိုယ်ဝန်ဆောင်မှုပြီးသောအခါတွင် တွေ့ရတတ်သည့် နာဖျားမှုအချို့ ဖြစ်သည်-

သွေးအားနည်းခြင်း
ခါးနာခြင်း၊ အထူးသဖြင့် တတိယကာလအပိုင်းအခြားတွင် လူနာ၏ ဆွဲအားဗဟိုပြောင်းရွှေ့သွားသည့် အခါ တွင် အဖြစ်များသော နာဖျားမှုဖြစ်သည်။
လက်ကောက်ဝတ် ရောင်ရမ်းနာကျင်ခြင်း အား ဖောသွပ်ခြင်းကြောင့်ဖြစ်နိုင်သည့် ၂၁% မှ ၆၂% သော အဖြစ် တို့တွင် တွေ့ရသည်။
ဝမ်းချုပ်ခြင်း - (ကိုယ်ဝန်ဆောင်မှုတွင် ပုံမှန်ဖြစ်သော) progesterone (ပရိုဂျက်စတရုန်းဟော်မုန်း) ပမာဏ တက်လာခြင်းကြောင့် ရေစုပ်အားကို ပိုမိုကောင်းစေသဖြင့် ဝမ်းတွင်းလှုပ်ရှားမှုလျော့ကျခြင်းကြောင့် ဖြစ်သည်။
Braxton Hicks contractions (အခါအားလျော်စွာ အချိန်မှန်မဟုတ်ဘဲ နာကျင်ခြင်းမရှိသော သားအိမ်ညှစ်ခြင်း) ဖြစ်ပြီး တစ်နေ့လျှင် အခါများစွာဖြစ်တတ်သည်။
ဖောခြင်း (ရောင်ခြင်း) ကိုယ်ဝန်ရင့်လာသည်တွင် အဖြစ်များသော နေထိုင်မကောင်းခြင်းဖြစ်သည်။ နှလုံးအောက် ဘက်သွေးကြောမကြီး (IVC) နှင့် တင်ပါးဆုံသွားသည့်သွေးပြန်ကြောတို့အား သားအိမ် မှ ဖိထားခြင်းကြောင့် ခြေထောက်ပိုင်းများတွင် ရေကိုတွန်းသည့်ဖိအားများပြားလာစေခြင်းကြောင့် ဖြစ်သည်။
အစာပြန်တက်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်း - အစာအိမ်နှင့် အစာပြွှန်တွင်းပြန်တက်မှုရောဂါ (GERD) ကြောင့် ဖြစ်နိုင်သည့် အဖြစ်များသောနေထိုင်မကောင်းမှုများ ဖြစ်သည်။ ထိုရောဂါသည် အစာပြွန်အောက်ဘက် ကြွက်သား (LES) တို့ကိုလျော့ဖြေခြင်းနှင့် (ကိုယ်ဝန်ဆောင်စဉ်တွင် ပုံမှန်ဖြစ်သော) အစာအိမ်တွင်း အစာနေချိန် ပိုကြာခြင်း၊ ၎င်းပြင် သားအိမ်ကြီးထွားလာမှုကြောင့် ဝမ်းတွင်းလေဖိအားမြင့်လာခြင်းတို့ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
လိပ်ခေါင်း - ကိုယ်ဝန်ရင့်လာသည်တွင် တွေ့ရတတ်သော နေထိုင်မကောင်းမှုဖြစ်သည်။ သွေးပြန်ကြောတွင်း နှေး ကွေးမှုများလာခြင်းနှင့် IVC (အိုင်ဗွီစီ) ဖိနှိပ်ထားခြင်းတို့မှ သွေးပြန်ကြောစနစ်တွင် ပိတ်ဆို့မှုကို ဦးတည်စေပြီး၊ နေရာယူလာသော ကိုယ်ဝန်ဆောင်ထားသည့် သားအိမ်ကြောင့်ဝမ်းတွင်း လေဖိအားမြင့်လာခြင်း နှင့် ဝမ်းချုပ်ခြင်း တို့ကြောင့် ဖြစ်သည်။
မွေးဖွားပြီးနောက် စိတ်ကျရောဂါ
မွေးဖွားပြီးနောက် ပြင်းထန်သည့်စိတ်ဝေဒနာ
သွေးခဲ ပြုတ်ထွက်ပိတ်ဆို့ခြင်း၊ အမေရိကန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသေမှု အမြင့်ဆုံးအကြောင်း အရင်း။
ခဏခဏ ဆီးသွားလာခြင်း။ ကိုယ်ဝန်ကြောင့်ဖြစ်လေ့ဖြစ်ထရှိသော နေထိုင်မကောင်းခြင်းဖြစ်ပြီး၊ သွေးထဲတွင် အရည်ပိုများလာခြင်း၊ GFR (ဂျီအက်(ဖ်)အာ) မြင့်တက်ခြင်း (ကျောက်ကပ်ပြွန်တို့မှ စစ်ချသည့်နှုန်း နှင့် ဆီးအိမ် အား ကြီးလာသည့်သားအိမ်မှ ဖိထားခြင်းကြောင့် ဖြစ်သည်။
ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း
သွေးပြန်ကြောများထုံးခြင်း - ဖြစ်လေ့ရှိသော နေထိုင်မကောင်းမှုဖြစ်ပြီး သွေးပြန်ကြောဆိုင်ရာ ကြွက်သားနု များ ဖြေလျော့ခြင်းနှင့် သွေးကြောထဲရှိ ဖိအားတက်လာခြင်းကြောင့် ဖြစ်သည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

10/07/2023

#ကိုယ်ဝန်ပျက်ကျခြင်း

ကိုယ်ဝန်ပျက်ကျခြင်းဟူသည်မှာ သဘာဝနည်းအရ သို့မဟုတ် ဆေးပညာနည်းလမ်းများအရ၊ ပုံမှန်အားဖြင့် ပထမ ကာလအပိုင်းအခြားတွင် သန္ဓေသားအား အဆုံးသတ်ခြင်း ဖြစ်သည်။ သဘာဝအလျောက်ပျက်ကျခြင်း (ကိုယ်ဝန် ပျက်ခြင်း) သည် သန္ဓေအောင်ပြီး နှစ်လထက်ပိုကြာလာလျှင် ဖြစ်ရန်ရှားပါးသည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

26/06/2023

#ကိုယ်ဝန်ရှိစဉ်အတွင်းလိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုသည် ကိုယ်ဝန်တစ်လျှောက်လုံးတွင် ကိုယ်ဝန်ရှိစဉ်အတွင်း လိင်ဆက်ဆံခြင်း ကို ခံစားနိုင်သည်။ လေ့လာမှုများမှ အဆိုပြုထားသည်မှာ ကိုယ်ဝန်ရှိစဉ်အတွင်းတွင် ကာမတောင့်တစိတ်နှင့် ကာမဆက် ဆံခြင်းကြိမ်နှုန်း လျော့နည်းလာသည်ဟူ၍ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အားလုံးသော တောင့်တစိတ် လျော့နည်းမှုအား အချို့သောလေ့လာမှုများမှ ဒုတိယကာလအပိုင်းအခြားတွင် ရှေးဦးစွာ တောင့်တစိတ် လျော့နည်းပြီး နောက်တိုးလာသည်ဟူ၍ ဖော်ပြသည်။ သို့သော်လည်း ထိုသို့လျော့နည်းခြင်းမှာ အားလုံးအတွက်မဟုတ်ဘဲ သိသာသောအရေအတွက်ရှိသည့် အမျိုးသမီးတို့မှ တင်ပြသည်မှာ သူတို့၏ကိုယ်ဝန်ဆောင်မှု တစ်လျှောက်လုံးတွင် ပိုမိုကောင်းမွန်သော ကာမကျေနပ်မှုကို ရရှိသည်ဟု ဖြစ်သည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

26/06/2023

#အဆိပ်အတောက်တို့နှင့် ထိတွေ့မှု

ဖွံ့ဖြိုးမှုအတွင်း အဆိပ်အတောက်မျိုးစုံတို့သည် သန္ဓေသားကို သိသာသောအန္တရာယ်များ ပေးနိုင်သည်-

ကိုယ်ဝန်ဆောင်စဉ်အတွင်း အရက်သေစာ သောက်သုံးခြင်းသည် သန္ဓေသားအား တစ်သက်တာနှင့် အကြီးအ ကျယ် ပျက်စီးစေသော မွေးရာပါချို့ယွင်းမှုများ ဖြစ်စေနိုင်သည်။ လေ့လာမှုအမြောက်အမြားမှ ကိုယ်ဝန်ဆောင်စဉ် အတွင်း အနည်းငယ်သော သောက်သုံးမှုမှာ သန္ဓေသားကို အန္တရာယ် မဖြစ်စေသော်လည်း၊ လုံးဝ မသောက် သုံးခြင်းသည် လုံးဝဥဿုံ စိတ်ချရကြောင်း အာမခံမှုပြုထားသည်။
လေ့လာမှုအမြောက်အမြားမှ ဖော်ပြထားသည်မှာ မီးမဖွားမီ စီးကရက်မီးခိုးငွေ့နှင့် ထိတွေ့သော ကလေးသူငယ် များမှာ အမူအကျင့်၊ အာရုံကြော နှင့် ကိုယ်ခန္ဓာဆိုင်ရာ ခက်ခဲမှုများ များပြားစွာ ရှိနိုင်သည်။
ဒြပ်စင် ပြဒါး နှင့် မီသိုင်း(လ်)ပြဒါး တို့သည် ကိုယ်ဝန်ဆောင်စဉ်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် ပြဒါးပုံစံနှစ်မျိုး ဖြစ်သည်။ မီသိုင်း(လ်)ပြဒါးသည် ကမ္ဘာအနှံ့ ပင်လယ်စာ နှင့် ရေချိုငါးတို့တွင် ပါဝင်နေပြီး၊ အာရုံကြော စနစ် အတွက် အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွင်းတွင် ဆိုးကျိုးများဖြစ်စေကြောင်းလည်း သိရသည်။ ငါးစား ခြင်းသည် လူသားတို့အား ပြဒါးနှင့်ထိတွေ့စေသည့် အဓိကရင်းမြစ်ဖြစ်ပြီး အချို့သောငါးတို့သည် မမွေးဖွားလာ သေးသော ကလေးငယ်၏ ဖွံ့ဖြိုးဆဲအာရုံကြောစနစ်ကို ထိခိုက်စေရန် လုံလောက်သောပြဒါးတို့ပါဝင်ရာတစ်ခါတရံတွင် သင်ယူမှုအခက်အခဲများ
တို့သို့ ဦးတည်သွားစေသည်။ ငါးအမျိုးအစား အတော်များများတွင် ပြဒါး ပါဝင်ပြီး၊ အများအားဖြင့် ငါးကြီးများတွင်တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု အစားအစာနှင့်ဆေးဝါးများ စီမံခန့်ခွဲရေး နှင့် ပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့ တို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့အား ဓားရှည်နှုတ်သီးငါး၊ ငါးမန်း၊ မက်ကရယ်ငါးမင်း နှင့် ပင်လယ်တိုင်း(လ်)ငါးတို့အား မစားရန်နှင့် အယ်(လ်)ဘကိုး တူးနားငါးများ စား သုံးခြင်းကိုလည်း တစ်ပတ်လျှင် ၆ အောင်စ သို့မဟုတ် ယင်းထက်နည်းအောင် သတ်မှတ်စားသောက်ရန် အကြံ ပြုထားသည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

25/06/2023

#ဆေးဝါးသုံးစွဲခြင်း

ကိုယ်ဝန်ဆောင်စဉ်အတွင်း သုံးစွဲသောဆေးဝါးများတွင် သန္ဓေသားအပေါ်တွင် ယာယီ သို့မဟုတ် ထာဝရ အကျိုး သက်ရောက်မှုများ ဖြစ်နိုင်သည်။ ထို့ကြောင့် သမားတော်အများမှ ဆေးဝါးကြောင့် မွေးရာပါအင်္ဂါချို့တဲ့မှုများ ဖြစ်မည်ကို အထူးစိုးရိမ်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မလိုအပ်ဘဲ ဆေးဝါးတိုက်ခြင်းများ မပြုလုပ်ရန်ကို ပိုမိုနှစ်သက်ကြသည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

25/06/2023

#ကိုယ်အလေးချိန်တိုးခြင်း

သန္ဓေသား၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကယ်လိုရီစားသုံးခြင်းအား မြှင့်တင်ရမည်။ ကိုယ်ဝန် တစ်ခုဆောင်ထားစဉ်အတွင်း တိုးလာသော ကိုယ်အလေးချိန်ပမာဏမှာ အမျိုးသမီးတို့အကြား ကွဲပြားကြသည်။ ဆေး တက္ကသိုလ် မှ ကိုယ်ဝန်စဆောင်စဉ်တွင် ပုံမှန်အလေးချိန်ရှိသော ခန္ဓာကိုယ်အလုံးအထည်အညွှန်း (BMI) ၁၈.၅ မှ ၂၄.၉ ရှိသော အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်စဉ်တိုးရမည့်ကိုယ်အလေးချိန်အား ၁၁.၄ မှ ၁၅.၉ ကီလိုဂရမ်တိုးရန် အကြံပြုထားသည်။ ကိုယ်အလေးချိန် လျော့နည်းသော အမျိုးသမီးများ (BMI) ၁၈.၅ ထက်နည်းသောသူများ သည် ၁၂.၇ နှင့် ၁၈.၁ ကီလိုဂရမ်အတွင်းသို့တိုးရန် လိုအပ်သည်။ ကိုယ်အလေးချိန်ပိုနေသူ အမျိုးသမီးများအား ၆.၈ နှင့် ၁၁.၃ ကီလိုဂရမ်သာ တိုးစေရန် အကြံပေးထားပြီး၊ အဝလွန်သောအမျိုးသမီးများသည် ၄.၉ နှင့် ၉.၀ ကီလိုဂရမ်အတွင်းတိုးရန် ရည်မှန်းထားသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မလုံလောက်သော သို့မဟုတ် ပိုမိုသော ကိုယ်အလေးချိန်တိုးမှုသည် မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ အမျိုးသမီးအားလုံးအား ကိုယ်ဝန်မဆောင်မီ အလေးချိန်အား ဘေးဖယ်ထားပြီး ကျန်းမာသော စားသောက်မှုပုံစံကို ရွေးချယ်စားသောက်ရန် အားပေးရမည်။ ကိုယ်ဝန်ရှိစဉ်တွင်း လမ်းလျှောက်ခြင်း နှင့် ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းပြုလုပ်ခြင်းအား ကျန်းမာသောကိုယ်ဝန်များအတွက် အကြံပြုထားသည်။ လေ့ကျင့် ခန်းလုပ်ခြင်းသည် မိခင်ရော ကလေးအတွက်ပါ အလွန်အကျွံ အလေးချိန်တိုးခြင်းကို ကာကွယ်ခြင်းအပါအဝင် သိသာ သော ကျန်းမာရေး အကျိုးကျေးဇူးတို့ကို ရရှိနိုင်သည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

Photos from We Care's post 25/06/2023

#အာဟာရ
မျှတသော၊ အာဟာရပြည့်ဝသော အစားအစာသည် ကျန်းမာသော ကိုယ်ဝန်ဆောင်မှုတစ်ခုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကျန်းမာသော အစားအသောက်ပုံစံကို စားသောက်ခြင်း၊ ကစီဓာတ်၊ အဆီ နှင့် အသားဓာတ် တို့အား မျှတမှုရှိစေခြင်း နှင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ စုံလင်အောင်စားခြင်းတို့ဖြင့် ကောင်း မွန်သောအာဟာရကို ရရှိနိုင်သည်။ ကျန်းမာရေးပြဿနာများ၊ ကိုးကွယ်မှုဆိုင်ရာလိုအပ်ချက် သို့မဟုတ် လူမျိုးရေး ဆိုင်ရာယုံကြည်မှုတို့ကြောင့် အစားအသောက်ပုံစံကို သက်ရောက်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့ နှင့် တိုင်ပင်၍ တိကျသော အကြံဉာဏ်တို့ရယူနိုင်သည်။
လုံလောက်သော ဖောလစ်အက်ဆစ် (ဖောလိတ် သို့မဟုတ် ဗီတာမင် ဘီနိုင်း ဟုလည်းခေါ်) သောက်သုံးမှုသည် သန္ဓေသား၏ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတို့ဖြစ်သည့် အလွန်ဆိုးရွားသော မွေးရာပါချို့ယွင်းမှု ဖြစ်သည့် ကျောရိုးနှစ်ခုကွဲခြင်း တို့ကို ကာကွယ် တားဆီးနိုင်ကြောင်း သက်သေပြပြီးဖြစ်သည်။ ဖောလိတ် (ဖော်လီယာ အရွက်မှ ဆင်းသက်လာသည်) သည် ဒေါက်ခွရွက် (လတ်ဆတ်သော၊ ခဲထားသော သို့မဟုတ် စည်သွပ်ထားသော) တွင် အမြောက်အမြားပါဝင်ပြီး အစိမ်းရောင်အရွက်ရှိသောဟင်းသီးဟင်းရွက်တို့ ဥပမာ - ဆလတ်ရွက်၊ မုန်လာဥချိုများ၊ ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ချဉ်သောအသီးများ နှင့် သခွားမသီး၊ ကုလားပဲ (hummus (ဟမ်းမတ်(စ်)) သို့မဟုတ် falafel (ဖေလဖယ်(လ်)) တို့အနေနှင့်လည်းတွေ့ရ) နှင့် ဥမျိုးစုံ တို့တွင် တွေ့ရသည်။
အန္တရာယ်ရှိသော ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးမွှားများသည် အစားအစာတို့ကို ကပ်ပါစေနိုင်သည်။ အထူး သဖြင့် Listeria (လစ်စတီးရီးယား) (အစာအဆိပ်ဖြစ်စေသော ပိုးတစ်မျိုး) နှင့် toxoplasmosis (တောက်စို ပလတ်(စ်)မိုးစစ်) ဖြစ်တတ်သော ပိုးမွှားများ။ အသီးများနှင့် ဟင်းသီးဟင်းရွက် အစိမ်းများကို သေချာစွာ ဆေးကြော ခြင်း၊ အသားတို့ကို သေချာစွာ ချက်ပြုတ်ခြင်း သို့မဟုတ် အသားတို့ကို စနစ်တကျ စီစဉ်ချက်ပြုတ် ခြင်းတို့ဖြင့် ထိုပိုးမွှားများကို ဖယ်ရှားနိုင်သည်။ ဒိန်ခဲတို့တွင် Listeria (အစာအဆိပ်ဖြစ်စေသော ပိုးတစ်မျိုး) ပါတတ်သည်။ နို့အစိမ်း ဆိုလျှင် အန္တရာယ်ပိုရှိနိုင်သည်။ ကြောင်ချေးသည်လည်း အထူးအန္တရာယ်ရှိသည့် အရာ ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ဥများနှင့် ကြက်သားတို့ကို သေချာစနစ်တကျ ချက်ပြုတ်ခြင်း မပြုလျှင် Salmonella (ဆာမိုနဲလား) (အစာအဆိပ်သင့်စေသောပိုး) ရောဂါပိုးဝင်ရောက်ရန် ပိုမိုလွယ်ကူသည်။ မီးဖိုထဲတွင် သန့်ရှင်းစွာထားရှိခြင်းသည် ထို အန္တရာယ်တို့ကို လျှော့ချနိုင်သည်။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး
#အမျိုးသမီးရောဂါ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay