Dr.Elisa - Skin and Laser Clinic
~ ဒီနေ့ထပ် မနက်ဖြန်ပိုလှစေမဲ့ Dr.Elisa Skin & Laser Clinic ~
23/03/2026
🎂 Dr. Elisa’s Promotion 🎈
ချစ်ရတဲ့ မိတ်ဆွေတွေကို အမြဲတမ်း လှပပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့နဲ့ အကောင်းဆုံးသောအရာတွေကိုပဲ ပေးချင်တာက Dr. Elisa ရဲ့ စေတနာပဲ ဖြစ်ပါတယ်။ 💌
ဒါကြောင့် Dr.Elisa ရဲ့ မွေးနေ့လေးမှာ လက်ဆောင်အဖြစ် Under Eyes Filler, Lip Filler နဲ့ Chin Filler တို့ကို 70% Off အထိ Discount ပေးသွားမှာ ဖြစ်ပါတယ်။
ညိုညစ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်ဝန်းအိမ်လှလှလေးကို အချိန်ခနလေးအတွင်း လန်းဆန်းတောက်ပသွားစေဖို့ Under Eyes Filler 👁️
နှုတ်ခမ်းနီဆိုးတိုင်း Lip Line လေးထူပြီး နှုတ်ခမ်းဖူးဖူးငုံငုံလေး ဖြစ်နေစေဖို့ Lip Filler 👄
မျက်နှာလေးသွယ်လျပြီး V-Shape ပုံစံလေးကိုမှ ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ဖို့ Chin Filler 💕
ဒီလိုအမိုက်စား Treatment တွေကို March လ 24 ရက်မှ April လ 5 ရက်နေ့ထိ 70% Off နဲ့ ပေးသွားမှာ ဖြစ်လို့ Promotion ကာလ မကုန်ခင် အမြန်ဆုံး လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💖
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171
.Elisa
#အလှအပဆေးခန်း Filler
26/02/2026
အလှအပတင်မကဘဲ အတွင်းပိုင်းကျန်းမာရေးအထိပါ ဂရုစိုက်ပေးတဲ့ မန္တလေးက တစ်ခုတည်းသော Dr. Elisa Clinic 👩⚕️
ပုံမှန် Aesthetic Clinic တွေမှာ အသားအရေနဲ့ အလှအပပဲ ရနိုင်ပေမဲ့ Dr. Elisa Clinic မှာတော့ သားဖွားမီးယပ် အထူးကုဆရာဝန်ကိုယ်တိုင် စစ်ဆေးပေးမယ့် ဝန်ဆောင်မှုကို ရရှိနိုင်ပြီဆိုတာ သိပြီးပြီလား? 🩺
အမျိုးသမီးတစ်ယောက်ရဲ့ အလှအပဟာ ကျန်းမာတဲ့အတွင်းပိုင်းကနေ စတင်တာပါ။ အထူးသဖြင့် လက္ခဏာမပြဘဲ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာလို ရောဂါမျိုးကို ကြိုတင်ကာကွယ်ဖို့ဆိုတာ ပုံမှန်စစ်ဆေးခြင်းကသာ အထိရောက်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ 🛡️
အခုဆိုရင်တော့ Dr. Elisa Clinic မှာ အလှအပရေးရာတွေကို စိတ်ချလက်ချ ဝန်ဆောင်မှုပေးတဲ့အပြင်
✅ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ခြင်း။
✅ သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ၊ ကင်ဆာဆဲလ်တွေ၊ ပိုးဝင်တာနဲ့ ရောင်ရမ်းတာတွေကို စောစီးစွာ သိရှိနိုင်ဖို့ သားအိမ်ခေါင်းအမြှေးပါး စစ်ဆေးပေးခြင်း။
✅ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း
လိုအပ်ပါက သွေးစစ်ခြင်း၊ Ultrasound ရိုက်ရန်စီစဉ်ပေးခြင်းတို့ကိုပါ အကောင်းဆုံးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။
မိမိကိုယ်ကိုယ် ချစ်ခင်မြတ်နိုးခြင်းရဲ့ ပထမဆုံးခြေလှမ်းဟာ အတွင်းအပြင် ကျန်းမာလှပနေဖို့ပဲ ဖြစ်ပါတယ်။ 💌
အသားအရေလှပဖို့အတွက်ပဲ မဟုတ်ဘဲ အမျိုးသမီးတိုင်း ရှိသင့်တဲ့ ကျန်းမာရေး အကာအကွယ်ကို ရယူဖို့ Dr. Elisa Clinic ကို အခုပဲ လှမ်းခဲ့လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 💖
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171
.Elisa
#အလှအပဆေးခန်း
25/02/2026
မျက်နှာ အသားအရေကို ပုလဲလုံးလေးလို ဖြူဝင်းသွားစေမယ့် လျှိူ့ဝှက်ချက်ကို သိချင်ကြလား။ 🫢
အဲ့ဒါကတော့ "အသားအရေကို အတွင်းပိုင်းအထိ ကြည်လင်ဝင်းပစေပြီး နုပျိုမှုကို ပြန်လည်ရရှိစေမယ့် Glutathione 6.0 Ampoule ပဲဖြစ်ပါတယ်။ 🧴
တောင်ကိုးရီယားအခြေစိုက် ထုတ်လုပ်ထားတဲ့ Ampoule ဆေးရည်ရဲ့အဓိကအားသာချက်ကတော့
✨ အသားအရေ မညီညာတာတွေကို ထိန်းသိမ်းပေးတဲ့အပြင် တင်းတိပ်နဲ့ အမည်းစက်တွေကိုလည်း မှေးမှိန်သွားစေနိုင်ပါတယ်။
✨ဒါ့အပြင် Antioxidant ပါဝင်မှုများတဲ့အတွက် အသားအရေကို တင်းရင်းပြီး ကျန်းမာနုပျိူစေတဲ့အပြင်
✨ မျက်နှာအတွင်းပိုင်းထိအောင်လည်း ရေဓာတ်အားဖြည့်ပေးတာကြောင့် အသားအရေကိုလည်း ကြည်လင်ဝင်းပစေမှာပါ။
ဒါကြောင့် မျက်နှာအသားအရေလေးကို ဖြူဝင်းသွားချင်တဲ့ ပျိူမေတို့အတွက် Dr.Elisa Clinic မှာလာရောက် ဆွေးနွေးတိုင်ပင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
21/02/2026
နွေလည်းရောက်ပြီဆိုတော့… Beach သွားပြီး Bikini လှလှလေး ဝတ်ဖို့ စဉ်းစားနေတဲ့ မိန်းမလှလေးတွေအတွက် Confidence ရှိရှိဖြစ်နေစေဖို့ စိတ်ရှုပ်စရာ အမွေးအမျှင်တွေကို Dr. Elisa နဲ့အတူ ဖယ်ရှားကြမယ်။ 🫣
ခဏခဏ Razor ကိုင်ပြီး အမွှေးရိတ်နေရတာ အချိန်ကုန်ရတဲ့အပြင်၊ အသားအရေ ကြမ်းတမ်းတာ၊ ပြန်ပေါက်လာရင်လည်း ယားယံတာနဲ့ Razor Burn တွေကြောင့် ဒုက္ခရောက်နေတာမျိုး မိန်းကလေးတော်တော်များများ ကြုံဖူးကြမှာပါ။
အထူးသဖြင့် Private Area တွေမှာဆိုရင် အရေပြားနီရဲတာ၊ အဖုအပိန့်ထွက်တာတွေက တကယ့်ကို စိတ်ညစ်စရာပါပဲ။ 😔
အဲဒီလိုဒုက္ခတွေကို အပြီးတိုင်အဆုံးသတ်ဖို့နဲ့ ချောမွေ့နူးညံ့တဲ့ အရေအပြားလေးကို ပိုင်ဆိုင်ဖို့ Dr. Elisa Clinic မှာ အမျိုးသမီးလေးတွေအတွက် Private Area Laser Treatment ရှိနေပါပြီ။
Private Area Laser Treatment ဆိုတာက…
အရေအပြားပေါ်က မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို Laser နဲ့ ဖျက်လိုက်တာကြောင့် အမွှေးပြန်ပေါက်နှုန်း နည်းသွားတဲ့အပြင် ခဏခဏ ရိတ်စရာမလိုတော့သလို အရေအပြား ကြမ်းပြီး ညိုမည်းတာတွေပါ လျော့နည်းလာစေပါတယ်။
ဒါအပြင် အနံဆိုးထွက်ခြင်းနဲ့ အဖုအပိန့်ထွက်ခြင်းတွေကိုပါ သက်သာစေပြီး တစ်ကိုယ်ရေသန့်စင်သွားတဲ့ ခံစားချက်ကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာစေတာကတော့ အသေချာပါပဲ… 💯
ဒါကြောင့် အချိန်ကုန်၊ လူပင်ပန်းဖြစ်ရတဲ့ Shaving ဒုက္ခတွေကို အခုပဲ Dr. Elisa နဲ့အဆုံးသတ်လိုက်ပါ။
ခန္ဓာကိုယ်ရဲ့ အလှတရားတွေကို ဖျက်နေတဲ့ အမွှေးအမျှင်တွေကြောင့် စိတ်ရှုပ်မခံပါနဲ့တော့… အချိန်ခနလေးအတွင်းမှာ နာကျင်မှုမရှိ ရာသက်ပန် ဖယ်ရှားပြီး နေရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Dr. Elisa Clinic ကအပြည့်အဝ တာဝန်ယူနေပါပြီနော် ✅
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
18/02/2026
မနက်နိုးလာတိုင်း မှန်ကြည့်ပြီး "ချွေးပေါက်တွေက ကျယ်၊ အသားအရည်ကလည်း ညစ်" နေလို့ သက်ပြင်းတွေချနေရပြီလား? 🤨
Makeup အထူကြီးလိမ်းရင်လည်း ချွေးပေါက်ထဲဝင်ပြီး ဝက်ခြံတွေကထွက်၊ ပါးပါးလေးပဲလိမ်းရင်လည်း ချွေးပေါက်တွေက ထင်းနေတော့ စိတ်ပူပန်နေရတယ်ဆိုသူတွေအတွက်… 🧐
Dr. Elisa မှာ မှန်သားလိုကြည်လင်စေပြီး ချွေးပေါက်ကင်းစင်တဲ့ Skin Goal လေးကို ရရှိစေဖို့အတွက် အထိရောက်ဆုံးနဲ့ အမြန်ဆုံး Treatment လေးရှိနေပါပြီနော်..
အဲဒီ Treatment လေးကတော့ Dr. Elisa ရဲ့ Carbon Laser Treatment ပဲ ဖြစ်ပါတယ်။
Carbon Laser Treatment ဆိုတာဘာလဲ? 🧐
👉 ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေကို Carbon က စုပ်ယူပေးပြီး Laser နဲ့ ဖြိုခွဲလိုက်တဲ့အခါ ချွေးပေါက်တွေ ကျဉ်းသွားစေပါတယ်။
👉 အပေါ်ယံဆဲလ်သေတွေကို ဖယ်ရှားပေးလို့ ညစ်နေတဲ့အသားအရည်ကနေ ချက်ချင်းဆိုသလို ဝင်းပလာစေပါတယ်။
👉 အဆီပြန်တာကိုပါ လျော့နည်းစေပြီး ဝက်ခြံထွက်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။
👉 ဒါအပြင် Collagen ထွက်နှုန်းတိုးစေပြီး တင်းတိပ်နဲ့ အမည်းစက်တွေကို သက်သာစေပါတယ်။
Carbon Laser Treatment ယူပြီးသွားရင် ဘယ်လိုကောင်းကျိုးတွေရမှာလဲ?
✅ အသားအရည်က စိုပြေပြီး Glass Skin လို ဖြစ်လာမယ်။
✅ Makeup လိမ်းရင်လည်း ညက်ပြီး ကြာကြာခံမယ်။
✅ တစ်ခါလုပ်ရုံနဲ့တင် သိသာပြီး အချိန်အများကြီးမပေးရတာကြောင့်
ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေတဲ့သူတွေ၊ အသားအရည် ဝင်းပချင်တဲ့သူတွေအတွက် Carbon Laser Treatment က အကောင်းဆုံးTreatment တစ်ခုပဲ ဖြစ်ပါတယ်။ 💯
ဒါကြောင့် ယုံကြည်မှုအပြည့်နဲ့ လှပတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ဖို့ Dr. Elisa ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
17/02/2026
🎊 Chinese New Year လေးမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရပြီး ချစ်ခြင်းမေတ္တာတွေ ပိုမိုပြည့်စုံပါစေလို့ Dr.Elisa မှ ဆုတောင်းပေးလိုက်ပါတယ်။ 🎊
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
14/02/2026
Happy Valentine's Day from Dr. Elisa! 💗
"လှပတဲ့ အပြုံးတွေနဲ့အတူ ယုံကြည်မှုရှိရှိ ချစ်လိုက်ပါ"
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေစလို့ ပတ်ဝန်းကျင်ကိုပါ အလှတရားတွေ ဝေမျှနိုင်ပါစေ။
နွေးထွေးလွန်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ Dr. Elisa မှဆုတောင်းပေးလိုက်ပါတယ်။ 💘
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း 'sDay
10/02/2026
💝 Valentine's Day မှာ ချစ်ရသူရှေ့ ယုံကြည်မှုအပြည့်နဲ့ အလှဆုံး ဖြစ်နေချင်လား ?
ချစ်သူအနားမှာ အလှဆုံးနဲ့ Glow Up ဖြစ်နေစေဖို့ Dr. Elisa မှ ချစ်ခြင်းမေတ္တာတွေနဲ့ Valentine's Promotion ကြီးကို စီစဉ်ပေးထားပါတယ်နော် 💌
Dr. Elisa ရဲ့ Valentine’s Promotion တွေကတော့….
နှုတ်ခမ်းဖူးဖူးလေးနဲ့ ဆွဲဆောင်မှုရှိနေစေမယ့် Lip Filler Treatment 👄
မေးရိုးသွယ်သွယ်လေးနဲ့ V-Shape လှလှလေးဖြစ်နေစေမယ့် Chin Filler Treatment 💉
အရေးကြောင်းကင်းပြီး နုပျိုလှပနေစေမယ့် Botox Treatment
အသားအရေလေး စိုပြေဝင်းလက်နေစေမယ့် Medi Spa Treatment နဲ့ B***y Facial Treatment တို့ကို ကိုယ်ကြိုက်နှစ်သက်ရာ တစ်ခုလုပ်တိုင်း 50% Discount ပေးသွားပါမှာပဲ ဖြစ်ပါတယ်။
🗓️ Promotion ကာလက 10.2.2026 ကနေ 28.2.2026 နေ့ထိဆိုတော့….
ယုံကြည်မှုအပြည့်နဲ့ လှနေစေဖို့ အခုပဲ Booking တင်ထားလိုက်တော့နော်..
Dr. Elisa မှာ အတန်ဆုံးနဲ့ အလှဆုံးဖြစ်နေစေမယ့် Promotion ကြီးနဲ့အတူ အတောက်ပဆုံး ပုံဖော်လိုက်ပါ။
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း ’sPromotion
08/02/2026
ချစ်ရပါသော မမရတနာဗိုလ်အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတဲ့ နေ့လေးပါ။အလှတရားတွေတင်သာမကဘဲ အရည်အချင်းမှာလည်း ပြည့်စုံလွန်းတဲ့ မမရတနာဗိုလ်
မမရဲ့ အနုပညာအပေါ် ထားရှိတဲ့ စိတ်စေတနာနဲ့ အစွမ်းကုနိ ကြိုးစားအားထုတ်မှုတွေကြောင့် ဒီနှစ်(2025)ရဲ့ "အမျိုးသမီး ဇာတ်ဆောင်ဆု"
ကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။
Dr.Elisa မိသားစုဝင်အားလုံးကလည်း မမအတွက် အရမ်းကိုဂုဏ်ယူနေပါတယ်လို့ ပြောပါရစေရှင် ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာလည်း ခုလိုပဲ အောင်မြင်မှုတွေ အထပ်ထပ် ပိုင်ဆိုင်နိုင်ပါစေ မမရေ
Dr.Elisa Clinic ရဲ့ Grand Opening မှာတက်ရောက်ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သော မင်းသမီးချော မမရတနာဗိုလ်ဟာ "မောင့်မိဖုရား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ရွှေစင်ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ် 🤍 ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာလည်ူ ဒီထက်မက အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ပါစေလို့ ဆုမွန်ကောင်းကို Dr.Elisa မိသားစုမှ တောင်းလိုက်ပါတယ်ရှင်။
#အကယ်ဒမီ
#အမျိုးသမီးဇာတ်ဆောင်ဆု
05/02/2026
အမျိုးသမီးတိုင်းမှာ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်လေးတွေ ရှိတတ်ကြပါတယ်။ 🌹
အထူးသဖြင့် ကလေးမွေးဖွားပြီးချိန်မှာဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့် Collagen လျော့နည်းလာချိန်မှာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ မိ-န်းမကိုယ်ကြွက်သားတွေက လျော့ရဲလာတတ်ကြပါတယ်။
ဒီလို စိုးရိမ်ပူပန်မှုတွေကို အကောင်းဆုံး ဖြေရှင်းပေးဖို့အတွက် 2021 ခုနှစ်ကတည်းက ဆေးခန်းမှာဝန်ဆောင်မှုပေးနေသော ၊ အမျိုးသမီးတွေရဲ့ favorite treatment တွေထဲက တစ်ခုဖြစ်တဲ့ Hifu Va**na
Treatment လေး Dr.Elisa မှာရှိနေတဲ့အကြောင်း remind လေး လုပ်ပါရစေရှင် ✅
Hifu Va**na Treatment ဟာဆိုရင် အပျိုစင်ဘဝကလို တင်းတင်းရင်းရင်းနဲ့ ကျန်းမာလှပစေဖို့ High-Intensity Focused Ultrasound အဆင်မြင့် နည်းပညာကို အသုံးပြုထားပြီး မိန်းမကိုယ်အတွင်းပိုင်း အလွှာတွေအထိ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် နာကျင်မှုမရှိ၊ ခွဲစိတ်စရာမလိုဘဲ ပြန်လည်နုပျိုတင်းရင်းစေပါတယ်။
ဒါအပြင် အတွင်းပိုင်း ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးတဲ့အတွက် သဘာဝအတိုင်း အစိုဓာတ်ပြန်ရစေပြီး အတူနေစဉ်မှာဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာစေပြီး ခြောက်သွေ့ယားယံခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသမီးတွေမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေ ဖြစ်တတ်တာကြောင့် ဒီလို ဆီလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုပါ သက်သာစေပြီး အိမ်ထောင်ရေးသုခ ပြည့်စုံစေနိုင်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ပြန်လည်ရရှိစေမှာပါ။ ♥️
Dr.Elisa မှာ လူနာရဲ့ Privacy ကို အလေးထားပြီး သက်သောင့်သက်သာနဲ့ ကုသမှုခံယူနိုင်ဖို့ စီစဉ်ပေးထားတဲ့အပြင် အချိန်အကြာကြီး ပေးစရာမလိုဘဲ ထိရောက်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ 💯
Client ပေါင်းထောင်ချီကို ဝန်ဆောင်မှုပေးထားပြီး ဖြစ်တဲ့အပြင် ယခုဆိုလျှင် ကုသမှုကို ပိုမိုကောင်းမွန်စေတဲ့ ကုထုံး ASCE+ vaginal Exosome နဲ့ပါ တွဲဖက်ပြီး ပြုလုပ်နိုင်တာကြောင့် နွမ်းလျသွားတဲ့ ပန်းလေးတစ်ပွင့်ကို ပြန်လည် လန်းဆန်းစေနိုင်မှာ ဖြစ်ပါတယ်။ 🌷
ဒ့ါအပြင် Hifu Va**na Treatment လေးကို သုံးကြိမ်လုပ်ဆောင်ပြီးတာနဲ့ တစ်ကြိမ်အခမဲ့ ပေးသွားမယ့် Promotion လေးလည်းရှိတာမို့ Dr.Elisa စီမှာ အမြန်ဆုံးလာရောက် ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
29/01/2026
၆ ပတ်မှ ၈ ပတ်အတွင်း သိသာစွာ ပြောင်းလဲပေးနိုင်တဲ့ Weight Loss Pen အကြောင်း 💉
ဆီးချိုဆေးလို့လည်း ခေါ်ကြသလို၊ ပိန်ဆေးလို့လည်း ခေါ်နေကြတဲ့ Weight Loss Pen တွေအကြောင်း အခုတလော လူပြောအများဆုံးဖြစ်နေတာမို့ Knowledge အနေနဲ့ မျှဝေပေးချင်ပါတယ်။
ဒီဆေးတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုအလုပ်လုပ်ပေးသလဲဆိုရင်…
✅ အစာအိမ်ကနေ အစာခြေဖျက်မှုကို နှေးကွေးစေပြီး ဗိုက်ခဏခဏ မဆာအောင် ထိန်းချုပ်ပေးခြင်း
✅ ဦးနှောက်ထဲက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးခြင်း
✅ အချိုနဲ့ အဆီများတဲ့ အစားအစာတွေအပေါ် စားချင်စိတ်ကို လျော့ကျစေခြင်း
✅ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း တို့ကို ဖြစ်စေပါတယ်။
ဒိလို Weight Loss Pen တွေဟာဆိုရင် ကောင်းကျိုးတွေလည်းရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။
အဲ့တာတွေကတော့… ပျို့အန်တာ၊ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာတွေ ဖြစ်တတ်တာပါ
ပိန်ဆေးတွေက ဆေးထိုးနေရုံနဲ့ မလုံလောက်ပါဘူး မှန်ကန်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်း ပေါင်းစပ်မှသာ ဆေးထိုးတာတွေ ရပ်လိုက်တဲ့အခါ ပြန်ဝလာတာ မျိုးကို တားဆီးနိုင်မှာပဲ ဖြစ်ပါတယ်။ 💯
အလှအပအတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနဲ့ ဝိတ်ချနိုင်ဖို့ဆိုရင် Dr.Elisa မှာ Weight Loss Pen ကုထုံးလေးရှိနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 🤗
ဆေးမထိုးခင် ကိုယ့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ကျွမ်းကျင်ဆရာဝန်က သေချာစစ်ဆေးပြီးမှ ကုသပေးတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝိတ်ချလို့ရနေပါပြီ။
အမြဲကျန်းမာလှပပြီး သွယ်လှတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရဖို့ စိတ်ကူးအိပ်မက်လေးရှိတယ်ဆိုရင်တော့ Dr.Elisa မှာ အခုပဲ အကောင်အထည်ဖော်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💌
🏥 ဆေးခန်းလိပ်စာ - လမ်း ၆၀၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြား၊ သဇင်လမ်းသွယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09-881487171, 09-881487272
.Elisa
#အလှအပဆေးခန်း
24/01/2026
Dr.Elisa Clinic မှာ Rejuran Soothing Mask လေးတွေ ပြန်ရပြီနော်🐟🐠
Korean နိုင်ငံက Aesthetic Treatment တွေရဲ့ after procedure တွေထဲမှာ သာမက skincare တွေမှာပါ နာမည်ကြီးတဲ့ Rejuran Recover Soothing Mask လေးတွေ ပြန်ရပါပြီရှင်🍀
Salmon ငါးကရတဲ့ DNA ကနေ ထုတ်ယူထားတဲ့ Polynucleative(PN)နဲ့ အသားအရေကိုအတွင်းပိုင်းထိ ပြုပြင်ပေးနိုင်တဲ့ ingredients တွေပါဝင်တာကြောင့် ပျက်စီးသွားတဲ့ Cellတွေကိုသဘာဝအတိုင်းပြန်လည်ကောင်းမွန်စေပါတယ်
ဆေးခန်းမှာ ပြုလုပ်ပေးနေတဲ့ Rejuran treatment တွေရဲ့ after procedure မှာလည်း Rejuran Soothing Mask လေးကိုပဲ ကပ်ပေးတာကြောင့် clients တိုင်းရဲ့ အသည်းစွဲ best seller mask လေးထဲက တစ်ခုလည်း ဖြစ်ပါတယ်
ဆေးခန်းမှာ Soothing Mask လေးတွေ Instock အလုံအလောက် ထားပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေရှင် ❤️
Rejuran treatment တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်စုံစမ်းလိုပါက 09-881487171 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်❤️❤️
.global.official
&LaserClinic
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
60 Street, Between 34 & 35 Street, Chan Aye Thar Zan Township, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 , 𝐌𝐲𝐚𝐧𝐦𝐚𝐫
Mandalay
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |
