Moon Angel Beauty Spa

Moon Angel Beauty Spa

Share

Refresh your body and mind with our wonderful treatments and feel like an angel! We are a professional spa team which promise your ultimate satisfaction.

Photos 11/10/2015

Moon Angel Beauty Spa မှ အောက်တိုဘာလအတွက် အလှအပကုထုံးဆိုင်ရာ အထူးအစီအစဉ်။

အလှအပနဲ့ ကျန်းမာရေးဆိုင်ရာကုထုံးတွေအားလုံးကို တစ်နေရာတည်းမှာ ၀န်ဆောင်မှုပေးတဲ့ Moon Angel Beauty Spa မှ အောက်တိုဘာလတစ်လတည်းသာ ၀န်ဆောင်မှုပေးမယ့် အထူးပရိုမိုးရှင်းအစီအစဉ် စတင်နေပါပြီ။

ဒီအထူးအစီအစဉ်မှာ မိနစ် ၆၀ ကြာမြင့်မယ့် Body Scrub (jasmine rice, tea tree, tamarind) နဲ့ နောက်ထပ် မိနစ် ၆၀ ကြာမြင့်မယ့် Sweet Angel Facial Treatment (normal skin, dry skin, oily skin) နှစ်ခုပေါင်း နှစ်နာရီကြာမြင့်မယ့် အလှအပကုထုံးကို ၃၇၀၀၀ ကျပ်နဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

Body Scrub ကုထုံးနဲ့ Facial Treatment တို့ဟာ အသားအရေပျက်စီးမှုတွေ၊ အရေပြားအိုမင်းရင့်ရော်မှုတွေကိုကာကွယ်ပေးပြီး အရေပြားကို နုနယ်ပျိုမြစ်နေအောင် အားဖြည့်စွမ်းအောင်ပေးနိုင်ပါတယ်။

ဒါ့အပြင် အထူးပရိုမိုးရှင်းအစီအစဉ်ကာလအတွင်းမှာ နှစ်နာရီကြာမြင့်မယ့် ထိုင်းရိုးရာ နှိပ်နယ်ကုသခြင်း (Thai massage) နဲ့ ခြေထောက်နှိပ်နယ်ခြင်း (Foot Massage) နှစ်မျိုးပေါင်းကို ဆရာမကြီး ၀ါရနဲ့ နှိပ်နယ်မယ်ဆိုရင်လည်း ၅၉၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ ဆရာမကြီးဝါရဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာ ထိုင်းရိုးရာခြေထောက်နဲ့ ခန္ဓာကိုယ်ပိုင်း နှိပ်နယ်မှုအတွေ့အကြုံရှိတဲ့ ထိုင်းအမျိုးသမီးအနှိပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

ထိုင်းရိုးရာ နှိပ်နယ်ကုသခြင်းနဲ့ ခြေထောက်နှိပ်နယ်ခြင်းတို့ကို ခံယူခြင်းအားဖြင့် ပေါ့ပါးလန်းဆန်းမှုနဲ့အတူ ကိုယ်တွင်းမှာရှိတဲ့ ရောဂါဝေဒနာများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အခုပရိုမိုးရှင်းအစီအစဉ်ဟာ အောက်တိုဘာ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂၅ရက်နေ့အတွင်းသာဖြစ်လို့ အခွင့်အရေးလက်မလွတ်ရအောင် အမြန်ဆုံးကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

လိပ်စာကတော့ အမှတ် ၃(က)၊ လမ်း၃၀ပေါ်၊ ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ မန္တလေးမြို့ဖြစ်ပြီး ကြိုတင်ရက်ချိန်းရယူချင်တယ်၊ အသေးစိတ်မေးမြန်းစုံစမ်းလိုတယ်ဆိုရင်တော့ 09 2030288, 09 43177883, 02 67467 တို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Moon Angel Beauty Spa တွင် ရရှိနိုင်သည့်ဝန်ဆောင်မှုများ။ 06/09/2015
04/09/2015

ရေနွေးငွေ့လှုံခန်းကို သွားရောက်ခြင်းဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ။

၁။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံးနေရာ
ရေနွေးငွေ့လှုံခန်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ရဲ့နေ့စဉ်ဘ၀သာမက ကျန်းမာရေးကိုပါ ထိခိုက်စေတယ်ဆိုတာကတော့ ပြောစရာမလိုအောင်ပါ။ လေ့လာချက်တွေအရ ရောဂါဝေဒနာတော်တော်များများဟာ စိတ်ဖိစီးမှုနဲ့ ကြီးမားစွာ ဆက်စပ်မှုရှိနေတာလို့ သိရပြီးသားပါ။ လူတိုင်းဟာ အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုဒဏ်ကိုခံရတတ်ပါတယ်။ ရေနွေးငွေ့ခန်းထဲကို ၀င်လိုက်တာနဲ့ အပြင်လောကရဲ့ အနှောက်အယှက်တွေ ကင်းဝေးသွားစေမှာပါ။ ရေနွေးငွေ့တွေက ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို လှုံ့ဆော်ကာ အန်ဒိုဖင်း (Endorphin) ဟော်မုန်းတွေ ထုတ်လွှတ်စေပါတယ်။ အင်ဒိုဖင်းဟော်မုန်းဟာ ခန္ဓာကိုယ်ကိုယ်နဲ့ စိတ်ကို နေလို့ကောင်းသွားအောင် လှုံ့ဆော်ပေးပါတယ်။

၂။ ကြွက်သားတွေကို ပျော့ပျောင်းစေပြီး နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်။
ရေနွေးငွေ့လှုံတဲ့အခါ ခန္ဓာကိုယ်က အန်ဒိုဖင်းဟော်မုန်းထုတ်ပေးပါတယ်။ အန်ဒေါ်ဖင်းဟော်မုန်းဟာ ကိုယ်ရောစိတ်ပါ နေလို့ကောင်းတဲ့ခံစားချက်ကိုပေးပါတယ်။ ပြီးတော့ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ ရေနွေးငွေ့အပူချိန်က သွေးကြောတွေကို ကျယ်ပြန့်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ နာကျင်ကိုက်ခဲနေတဲ့နေရာတွေကို ပြန်လည်ကုစားပေးပါတယ်။ ဒါ့အပြင် တင်းမာနေတဲ့ကြွက်သားတွေကို ပျော့ပျောင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ဖယ်ရှားပျောက်ကင်းစေပါတယ်။

၃။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
လူတော်တော်များများဟာ နေ့စဉ်အလုပ်တွေရှုပ်နေတာကြောင့် ချွေးများများထွက်စေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဖို့အချိန်မရကြပါဘူး။ ရေနွေးငွေ့လှုံခန်းမှာတော့ ရေနွေးငွေ့ရဲ့အပူချိန်ကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန်တက်လာစေပြီး သွေးကြောတွေကို ကျယ်ပြန့်စေကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။ အပူချိန်ဟာ သွေးလည်ပတ်မှုကနေတဆင့် အရေပြားကို ရောက်ရှိစေပြီး ကိုယ်ခန္ဓာရဲ့ အာရုံကြောတွေက သန်းပေါင်းများစွာရှိတဲ့ ချွေးထွက်ဂလင်းတွေကို ဖွင့်ပေးပါတယ်။ အဲဒီလိုနဲ့ ချွေးတွေထွက်လာပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖစ်စေတဲ့ ခဲ၊ ကြေးနီး၊ ဇင့်၊ ပြဒါးဓာတ်တွေကိုပါ စွန့်ထုတ်စေပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားမှုကနေ တဖြည်းဖြည်းချင်း အဲဒီအဆိပ်ဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်ရှိလာစေတာဖြစ်တယ်။ ဆရာဝန်တော်တော်များများရဲ့ ထောက်ခံချက်ကတော့ ရေနွေးငွေ့လှုံခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဆိပအတောက်တွေကို ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံးဆိုတာပါပဲ။

၎။ အရေပြားကို သန့်စင်စေတယ်။
အရေပြားကို သန့်စင်စေအောင်ပြုလုပ်စေတဲ့နည်းလမ်းတွေထဲမှာ ရေနွေးငွေ့လှုံတာက အစောဆုံးနည်းပါ ပဲ။ ခန္ဓာကိုယ်ကနေ ချွေးတွေထွက်လာတဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေကို ဆေးချလိုက်သလိုမျိုးဖြစ်တာကြောင့် အရေပြားကိုသန့်ရှင်းစေပြီး ကြည်လင်တောက်ပစေတယ်။ ဒါ့အပြင် ချွေးထွက်ခြင်းဖြင့် အရေပြားမှာကပ်တွယ်နေတဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေကိုပါ သန့်စင်ဖယ်ရှားပေးတယ်။ အရေပြားကို နူးညံ့သန့်ရှင်းစေတယ်။ အရေပြားနဲ့ ကြွက်သားတွေကို အားအင်ပြည့်ဖြိုးစေတယ်၊ အရေပြား အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။

၅။ ကောင်းမွန်စွာအိပ်စက်နိုင်အောင် ကူညီပေးတယ်။
လေ့လာချက်တွေအရ ရေနွေးငွေ့လှုံခြင်းဟာ စိတ်လက်ပေါ့ပါးစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အကူအညီပေးပါတယ်။

၆။ နှလုံးစွမ်းဆောင်ရည်ကို တိုးမြင့်စေတယ်။
ရေနွေးငွေ့လှုံခြင်းဟာ ခန္ဓာကိုယ်တွင်းအပူချိန်ကိုမြင့်တက်စေပြီး သွေးကြောတွေကို ကျယ်ပြန့်စေတာကြောင့် နှလုံးကိုသွေးပို့တာမြန်ဆန်စေပြီး နှလုံးစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးတယ်။ ဆေးပညာလေ့လာချက်တွေအရ ရေနွေးငွေ့လှုံခြင်းက နှလုံးခုန်တဲ့စီးချက်ကို မြှင့်ပေးတာကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်နေသလိုဖြစ်တာကြောင့် နှလုံးကို လေ့ကျင့်ပေးသလိုဖြစ်ပြီး နှလုံးစီးချက်နဲ့ သွေးတွန်းပို့မှုစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးတယ်။

၇။ ကယ်လိုရီတွေလောင်ကျွမ်းပြီး ကိုယ်အလေးချိန်ကျစေတယ်။
ရေနွေးငွေ့လှုံတာကြောင့် ခန္ဓာကိုယ်တွင်းအပူချိန်မြင့်တက်စေကာ ချွေးထွက်စေတာကြောင့် ကယ်လိုရီပေါင်းများစွာ လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကျဖို့အတွက် အထူးအထောက်အကူဖြစ်စေတယ်။

၈။ နာမကျန်းမှုတွေကို တိုက်ခိုက်ပေးတယ်
ရေနွေးငွေ့လှုံခန်းတွေရဲ့ ကောင်းကျိုးတွေကို သုတေသနလုပ်တဲ့ ဂျာမန်သုတေသနဆန်းစစ်ချက်အရ ရေနွေးငွေ့လှုံခြင်းဟာ အအေးမိ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းကို သိသိသာသာ လျော့ကျစေတယ်လို့ဆိုပါတယ်။ အကြောင်းကတော့ ရေနွေးငွေ့အပူနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က သွေးဖြူဥတွေကို လျင်လျင်မြန်မြန် ထုတ်လုပ်ပေးပါတယ်။ အဲဒီသွေးဖြူဥတွေက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် ရေနွေးငွေ့လှုံခြင်းဟာ နှာခေါင်းပိတ်ခြင်း ဓာတ်မတည့်ခြင်းလိုမျိုးတွေကိုလည်း သက်သာစေပါတယ်။

ဒီလိုကောင်းကျိုးတွေအကုန်လုံးကို အပြည့်အ၀ရရှိစေနိုင်ပြီး သက်တောင့်သက်သာနဲ့ လုံခြုံမှုရှိရှိ ရေနွေးငွေ့လှုံချင်တယ်ဆိုရင်တော့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာကုထုံးတွေအားလုံးကို တစ်နေရာတည်းမှာ ၀န်ဆောင်မှုပေးတဲ့ Moon Angel Beauty Spa၊ အမှတ် ၃(က)၊ လမ်း၃၀ပေါ်၊ ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ မန္တလေးမြို့သို့ ကြွရောက်လှမ်းလာကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။
ဖုန်းနံပါတ် - 09 2030288, 09 43177883, 02 67467

04/09/2015

အလှအပနဲ့ ကျန်းမာရေးဆိုင်ရာကုထုံးတွေအားလုံးကို တစ်နေရာတည်းမှာ ၀န်ဆောင်မှုပေးတဲ့ Moon Angel Beauty Spa မှ အထူးပရိုမိုးရှင်းအစီအစဉ် စတင်နေပါပြီ။

အလှအပနဲ့ ကိုယ်ရောစိတ်ပါကျန်းမာအပန်းပြေစေတဲ့ ကုထုံးတွေအားလုံးကို တစ်နေရာတည်းမှာ ၀န်ဆောင်မှုပေးနေတဲ့ မန္တလေးမြို့က Moon Angel Beauty Spa မှ စက်တင်ဘာ ၅ရက်နေ စက်တင်ဘာ ၂၅ရက်ထိ ရက်ပေါင်း ၂၀သာကြာမြင့်မယ့် အထူးပရိုမိုးရှင်းအစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ပါတယ်။

အထူးပရိုမိုးရှင်းအစီအစဉ်ကာလအတွင်းမှာ နှစ်နာရီကြာမြင့်မယ့် ထိုင်းရိုးရာ နှိပ်နယ်ကုသခြင်း (Thai massage) နဲ့ ခြေထောက်နှိပ်နယ်ခြင်း (Foot Massage) နှစ်မျိုးပေါင်းကို ၃၂၀၀၀ကျပ်နဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး အဆိုပါဝန်ဆောင်မှုနှစ်မျိုးကိုပဲ ဆရာမကြီး ၀ါရနဲ့ နှိပ်နယ်မယ်ဆိုရင်တော့ ၆၄၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ ထိုင်းရိုးရာ နှိပ်နယ်ကုသခြင်းနဲ့ ခြေထောက်နှိပ်နယ်ခြင်းတို့ကို ခံယူခြင်းအားဖြင့် ပေါ့ပါးလန်းဆန်းမှုနဲ့အတူ ကိုယ်တွင်းမှာရှိတဲ့ ရောဂါဝေဒနာများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

လိပ်စာကတော့ အမှတ် ၃(က)၊ လမ်း၃၀ပေါ်၊ ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ မန္တလေးမြို့ဖြစ်ပြီး ကြိုတင်ရက်ချိန်းရယူချင်တယ်၊ အသေးစိတ်မေးမြန်းစုံစမ်းလိုတယ်ဆိုရင်တော့ 09 2030288, 09 43177883, 02 67467 တို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

04/09/2015

ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်း အပန်းပြေစေမယ့် နေရာလေးတစ်ခုကိုသွားကြမယ်

တစ်နေ့ပြီးတစ်နေ့ မိုးလင်းကနေမိုးချုပ် ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀ကြီးထဲမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေအတွက် စိတ်ရောကိုယ်ပါ အနားယူပြီး အပန်းဖြေအားဖြည့်ဖို့အတွက် လိုအပ်စမြဲပါ။ ဒီလိုမှမဟုတ်ဘဲ အလုပ်မှအလုပ် တစ်ရက်ပြီးတစ်ရက် အလုပ်ကြီးပဲ လုပ်နေရရင်တော့ လန်းဆန်းတက်ကြွမှုမရှိ ပင်ပန်းနွမ်းနယ်နေတဲ့ မှုန်ကုတ်ကုတ် မျက်နှာပေးလေးတွေဖြစ်နေပါလိမ့်မယ်။ တချို့က ရုပ်ရှင်ကြည့်ပြီး အပန်းဖြေကြတယ်၊ တချို့ကျတော့ သူငယ်ချင်းတွေနဲ့ သောက်စားကခုန်ကြတယ်၊ ဂိမ်းအမျိုးမျိုးဆော့ကစားတာ လျှောက်လည်လျှောက်သွားတာတွေလုပ်ပြီးတော့လည်း အပန်းဖြေတတ်ကြတယ်။ ဒီလိုပဲ ကိုယ့်စိတ်ပျော်မယ်ထင်ရာလေးတွေနဲ့ ကိုယ့်ရဲ့တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ဖြေဖျောက်ကြပါတယ်။ ဒါပေမယ့် ဒီလိုအပန်းဖြေတာမျိုးတွေဟာ စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးတာမှန်ပေမယ့် ခန္ဓာကိုယ်ကိုပါ ကျန်းမာနေအောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ တချို့အပန်းဖြေရာတွေဆိုရင် စိတ်အပန်းပြေပေမယ့် ခန္ဓာကိုယ်အတွက်တော့ ဆိုးကျိုးတွေတောင်ပေးတတ်ပါသေးတယ်။ ဥပမာ အရမ်းသောက်စားပစ်လိုက်တာမျိုး၊ ညဥ့်နက်တဲ့ထိ ဂိမ်းကစားတာမျိုးပေါ့။ အဲဒီလိုခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ စိတ်အပန်းဖြေမှုမျိုးတွေမဟုတ်ဘဲ စိတ်ကိုအပန်းပြေစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပြီး တက်ကြွရွှင်လန်းစေအောင် လုပ်ပေးနိုင်မယ့် Beauty Spa လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။

မန္တလေးမြို့မှာ တည်ရှိတဲ့ Moon Angel Beauty Spa ဟာ အလှအပအတွက်သက်သက်သာမကဘဲ ကျန်းမာပြီး စိတ်အပန်းပြေစေတဲ့ကုသမှုအားလုံးကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်အောင် ၀န်ဆောင်မှုပေးထားခြင်းပဲဖြစ်ပါတယ်။ အလှအပနဲ့ ကျန်းမာရေးအတွက် One stop service လို့ ပြောရင်ရပါတယ်။ အရင်က မြန်မာနိုင်ငံမှာ လုပ်လို့မရဘဲ ထိုင်းနိုင်ငံမှာသာ သွားပြီးကုသမှုခံယူရတဲ့ ထိုင်းရိုးရာ အလှအပ ခန္ဓာကိုယ်ကုထုံးတွေအကုန်လုံးကို ၀န်ဆောင်မှုပေးတဲ့အပြင် ရေနွေးငွေ့လှုံပြီးကုသမှုခံယူနိုင်တဲ့ (Sauna)၊ ရနံ့သင်းပျံ့နှစ်လိုဖွယ်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆေးဖက်ဝင်ရေနွေးငွေ့လှုံခန်း (Aromatic Herbal Steam) လိုမျိုး ရေနွေးငွေ့နဲ့ ကုသမှုပေးတဲ့ အခန်းတွေကိုလည်း ထားရှိပေးပါတယ်။ ရေနွေးငွေ့ကုသမှု (Sauna) ခံယူတဲ့အခါ ရေနွေးငွေ့တွေဟာ ခန္ဓာကိုယ်တွင်းအပူချိန်ကိုမြင့်တက်စေပါတယ်။ ကိုယ်တွင်းအပူမြင့်တက်တာကြောင့် သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ရဲ့ မွေးညှင်းပေါက်လေးတွေကို ပွင့်စေကာ လန်းဆန်းစေပါတယ်။ ဆေးဖက်ဝင်ရေနွေးငွေ့လှုံခန်း (Aromatic Herbal Steam) ကတော့ ထိုင်းနိုင်ငံက ဆေးဖက်ဝင် သစ်ပင်ပန်းမံများနဲ့ ဖော်စပ်ထားတဲ့ ရေနွေးငွေ့ကုထုံးဖြစ်တာကြောင့် ခုနကပြောတဲ့အကျိုးကျေးဇူးတွေအပြင် အရေပြားကိုကြည်လင်တောက်ပရှင်းသန့်စေပြီး အဆုတ်တွေကိုသန့်ရှင်းစေပါတယ်။

ရေနွေးငွေ့ကုသခန်းတွေအပြင် Moon Angel Beauty Spa မှာပဲ သီးသန့်ရနိုင်တဲ့ ခန္ဓာကိုယ်အလှအပနဲ့ ကျန်းမာရွှင်လန်းစေနိုင်တဲ့ကုထုံးတွေရှိပါသေးတယ်။ အရေပြားကိုပွတ်သပ်တိုက်ချွတ်ပေးခြင်း (Silky Skin Polish/Scrub) ဆိုတဲ့ကုထုံးဟာ အရေပြားပေါ်မှာတင်ကျန်နေတဲ့ ဆဲလ်အသေတွေနဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အရေပြားကို သန့်ရှင်းကြည်လင်စေကာ နုပျိုစေပါတယ်။ ဆေးဖက်ဝင် သစ်ပင်ပန်းမံတွေရယ် သဘာဝရွှံ့စေးရယ်နဲ့ အထူးဖန်တီးရောစပ်ထားတဲ့ ခန္ဓာကိုယ်ပေါင်းတင်မှု (Body Wrap) ကတော့ သန့်ရှင်းစင်ကြည်စေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကြောင့် အဲဒီကုထုံးခံယူပြီးတဲ့အခါ ချောမွေ့စင်ကြယ်မှု၊ နူးညံ့မှုနဲ့ လန်းဆန်းတက်ကြွမှုတွေကို ခံစားရမှာပါ။ ဒါ့အပြင် ထိုင်းရိုးရာအရေပြားပွတ်သပ်တိုက်ချွတ်ဆေးကြောခြင်း (Thai Skin Polish/Scrub) လည်းရှိပါသေးတယ်။ ဒီကုထုံးကတော့ သဘာဝဆေးဖက်ဝင် သစ်ပင်ပန်းမံအမှုန့်နဲ့ ပျားရယ်၊ ဒိန်ချဉ်တို့နဲ့ ရောစပ်ဖန်တီးထားတာကြောင့် အသားအရည်ကို နုပျိုကြည်လင်ပြီး အားအင်ဖြည့်တင်းပေးပါတယ်။ ခန္ဓာကိုယ်တွင်း သားနံရည်စနစ် (Lymphatic system) ကို လှုံ့ဆော်ပေးကာ အရေပြားဆဲလ်အခြောက်တွေကိုဖယ်ရှားပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါတွေကတော့ Moon Angel Beauty Spa တစ်ခုတည်းမှာပဲရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေဖြစ်ပါတယ်။ ဒါ့အပြင် Moon Angel ရဲ့ နာမည်အကြီးဆုံးဝန်ဆောင်မှုကတော့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာ ထိုင်းရိုးရာခြေထောက်နဲ့ ခန္ဓာကိုယ်ပိုင်း နှိပ်နယ်မှုအတွေ့အကြုံရှိတဲ့ ထိုင်းအမျိုးသမီးအနှိပ်ပညာရှင်နဲ့ နှိပ်နယ်ခြင်းပဲဖြစ်ပါတယ်။ ခြေထောက်နှိပ်နယ်ခြင်း (Foot Massage) နဲ့ ခန္ဓာကိုယ်နှိပ်နယ်ခြင်း (Body Masssage) နှစ်မျိုးရှိပြီး အနှိပ်ခံတဲ့အခါမှာ အညောင်းအညာတွေကိုပြေပျောက်စေရုံသက်သက်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ ရောဂါဝေဒနာတွေကိုပါ အတိုင်းအတာတစ်ခုထိ သက်သာပျောက်ကင်းစေနိုင်တဲ့အတွက်ကြောင့် ဆရာမကြီးနဲ့နှိပ်နယ်ဖို့အတွက် တန်းစီစောင့်ဆိုင်းရတဲ့အထိ နာမည်ကြီးလူကြိုက်များလျက်ရှိပါတယ်။

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ စစ်မှန် ကျွမ်းကျင်တဲ့ Beauty Spa တွေကို သွားရောက်ပြုပြင်ကုသမှုခံယူတာဟာ အောက်ပါအကျိုးကျေးဇူးတွေကိုရရှိစေနိုင်တယ်လို့ဆိုပါတယ်။
- Beauty Spa မှာ ၀န်ဆောင်မှုပေးတဲ့ကုထုံးတွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို သန့်ရှင်းကြည်လင်စေပါတယ်။ အဓိကအားဖြင့် အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ အရေပြားတို့ကို ကျန်းမာစေပါတယ်။
- အပန်းဖြေကုသမှုခံယူတဲ့အခါ ခန္ဓာကိုယ်ကို ပျော့ပြောင်းနူးညံ့စေပြီး စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်ပါတယ်။
- အနှိပ်ကုထုံးကိုခံယူတဲ့အခါမှာ ခန္ဓာကိုယ်ကနေပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းပြီး နေထိုင်ကောင်းစေတဲ့ ဆီရိုတိုနင် (Serotonin) ဟော်မုန်းကိုထုတ်ပေးတဲ့အတွက်ကြောင့် ကိုယ်ရောစိတ်ပါ ကြည်သာရွှင်လန်းစေပါတယ်။ ကြွက်သားတွေတောင့်တင်းကိုက်ခဲနေတာတွေ သက်သာပျောက်ကင်းစေနိုင်တာအပြင် သွေးလည်ပတ်မှုကိုကောင်းမွန်စေတာ၊ ကာလရှည်ကြာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဗိုက်နာတာလိုမျိုးဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
- ကျွမ်းကျင်တဲ့ Beauty Spa က ကုထုံးတွေဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ် အထူးသဖြင့် အရေပြားကိုနုပျိုသန်စွမ်းစေပါတယ်။
- စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး ခန္ဓာကိုယ်ကို ပျော့ပြောင်းနူးညံ့စေတဲ့အတွက် ညဘက်အိပ်ရေး၀၀အိပ်ပျော်စေတာကြောင့် ညဘက်အိပ်ရေး၀၀မအိပ်ရတဲ့သူတွေ၊ အိပ်မပျော်ဖြစ်နေတဲ့သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။
- Beauty Spa ဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းတက်ကြွစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်လျှော့ချဖို့ကိုလည်း အကူအညီပေးနိုင်ပါတယ်။

ဒီအကျိုးကျေးဇူးတွေအားလုံးကို Moon Angel Beauty Spa မှာ ရရှိနိုင်မှာဖြစ်ပြီးတော့ ၀န်ဆောင်မှုတွေကို သင့်တင့်မျှတဲ့ဈေးနှုန်းသာ ယူတာကြောင့် အရမ်းကိုအကြိုက်တွေ့မှာသေချာပါတယ်။ အမျိုးသမီးသီးသန့် ၀န်ဆောင်မှုပေးတဲ့ Beauty Spa ဖြစ်တာကြောင့် စိတ်ရှင်းရှင်းလင်းလင်းနဲ့ လုံခြုံစိတ်ချရတဲ့ ခံစားမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။ Moon Angel Beauty Spa ထဲကို ၀င်ရောက်လာတာနဲ့ Thai Style အလှဆင်ထားတဲ့ Spa ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အပြင်အဆင်နဲ့ လှိုက်လှဲပျူငှာစွာ ကြိုဆိုနေတဲ့ ဧည့်ကြိုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျယ်ဝန်တဲ့လေးထပ်တိုက်တစ်ခုလုံးမှာ Spa ဖွင့်ထားတာဖြစ်ပြီး အထပ်အလိုက် ကုထုံးခန်းတွေ၊ သီးသန့်ခန်းတွေနဲ့ အလှအပနဲ့ ခန္ဓာကိုယ်ကုထုံးတွေကို ၀န်ဆောင်မှုပေးတာဖြစ်တာကြောင့် နေရာကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ရှုပ်ထွေးနေတာမျိုးတွေကို မကြိုက်တတ်တဲ့သူတွေအတွက်လည်း အတိုင်းထက်အလွန်စိတ်ကြိုက်ဖြစ်စေမှာပါ။ ဒါ့ကြောင့် သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ မိမိရဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွကျန်းမာအောင် အပန်းဖြေကုသမှုခံယူလိုတယ်ဆိုရင်တော့ အမှတ် ၃(က)၊ လမ်း၃၀ပေါ်၊ ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိတဲ့ Moon Angel Beauty Spa သို့ ကြွရောက်လာပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဖုန်းနံပါတ်တွေအနေနဲ့ 09 2030288, 09 43177883, 02 67467 တို့ကို ဆက်သွယ်မေးမြန်းတာ ကြိုတင်ရက်ချိန်းရယူတာတွေ ပြုလုပ်နိုင်ပါတယ်။

Moon Angel Beauty Spa - အမှတ် ၃(က)၊ လမ်း၃၀ပေါ်၊ ၅၈လမ်းနဲ့ ၅၉လမ်းကြား၊ မန္တလေးမြို့။ ၀၉ ၂၀၃၀၂၈၈၊ ၀၉ ၄၃၁၇၇၈၈၃၊ ၀၂ ၆၇၄၆၇

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


Mandalay

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00