T N K Online Shop

T N K Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T N K Online Shop, Health/Beauty, 82 လမ်း, Mandalay.

26/12/2023

ဒီနေ့ကစပြီး ပျော်ပျော်ပဲနေတော့မယ်...🌿

ဘယ်သူ့အကြောင်းမှ မတွေးတော့ဘူး...
ဝမ်းလည်းမနည်းတော့ဘူး...။

ဘာကိုမှလည်း မျိုသိပ်မထားတော့ဘူး
ဘယ်သူဘာပြောပြော ဒေါသတွေလည်း မထွက်တော့ဘူး...။

စွန့်ပစ်သင့်တာတွေ အားလုံးကို စွန့်လွှတ်လိုက်တော့မယ်...။

မတွယ်တာသင့်တဲ့အရာတွေကို ကပ်တွယ်မနေတော့ဘူး...။

ဖြစ်တည်မှုအားလုံးကိုတော့ ကျေ‌ကျေနပ်နပ်ကြီး လက်ခံမယ်...။

ကိုယ်လုပ်စရာရှိတာတွေလုပ်တယ်
မတတ်သေးတဲ့ ဘာသာစကားတွေလေ့လာမယ် သင်ယူမယ်...။

လိုချင်တာတွေရှိတဲ့အခါ ပိုက်ဆံကို ပြန်ချိန်နေရတဲ့အနေအထားက ကင်းလွတ်သည်အထိ ပိုက်ဆံတွေရှာမယ်...။

မရောက်ဘူးသေးတဲ့ ဒေသတွေဆီ ခရီးတွေထွက်မယ်...
ကျောပိုးအိတ်လေးတစ်လုံးရယ် Camera လေးနဲ့တစ်လုံး လည်ပင်းဆွဲရင်းပေါ့...။

စိတ်ရော ကိုယ်ပါ အပူတွေ ပင်ပန်းစရာတွေလည်း မရှိတော့ဘူး...။

သီချင်းလေးဆိုလိုက် စာလေးဖတ်လိုက်နဲ့ ဘဝကို အေး‌ချမ်းပျော်ရွှင်စွာ ဖြတ်သန်းတော့မယ်...။

ဒီနေ့ကစပြီး ပျော်ပျော်ပဲနေတော့မယ်...။

26/12/2023

ကိုယ့်အနာကိုမှ နာတတ်တယ်ထင်နေသေးရင်
ဒါဟာ မင်းရဲ့မပြည့်ဝခြင်းတွေပဲဖြစ်မယ်။

ကိုယ့်နှုတ်ထွက်စကားတွေကြောင့်
တစ်ဖက်လူရဲ့စိတ် ပျက်စီးယိုင်လဲခြင်းအပေါ်
ကျေနပ်အားရနေတတ်သေးရင် ဒါဟာ မင်းရဲ့သဘောထားသေးသိမ်ခြင်းတွေပဲ ဖြစ်မယ်။

ကိုယ့်အမြင်တစ်ထောက်လေးနဲ့
တစ်ဖက်လူရဲ့နှလုံးသားအတိမ်အနက်ကို
သွားမတိုင်းပါနဲ့။

ကိုယ့်အတွေးမှာ ညစ်ထေးနေတဲ့အခါ
အခြားတစ်ဖက်ရဲ့ဖြူစင်ခြင်းတွေအပေါ်ပါ
ဝေဝါးတိမ်းစောင်းတတ်တယ်။

နေရာတကာ ကိုယ့်အကြိုက်ဆိုတဲ့မျဉ်းနဲ့
တားလို့မကြည့်မှ အဖြူအမည်းတွေအပေါ်
အလိုမကျဖြစ်ခြင်း နည်းလိမ့်မယ်။

ကိုယ့်ဇာတ်လမ်းကိုမှ ကြီးကျယ်တယ်လို့
မြင်မနေဘဲ ကိုယ့်သရုပ်ဆောင်ချက်တွေကို
ဘေးလူအဖြစ်ကနေ ပြန်အကဲဖြတ်ကြည့်လိုက်ပါ။

ကိုယ့်ဝေဒနာကိုပဲ ကြီးတယ်ထင်နေသ၍တော့
နာကျင်စရာတွေဟာ...
မှေးမှိန်ပျောက်ကွယ်သွားနိုင်ဦးမှာ မဟုတ်ဘူး။

အရာရာမှာ ကိုယ်ချင်းစာစိတ်လေးပဲ လိုတာပါ။
သူ့ဒဏ်ရာတွေကို စာနာတတ်လာတဲ့အခါ
ကိုယ့်အနာလည်း အလိုလိုသက်သာရာရသွားမှာပါ။

23/12/2023

တချို့က
အဆင်မပြေမှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
အခက်အခဲတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
နာကျင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
ပူလောင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
စိတ်ညစ်စရာတွေကို
အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
ကျရှုံးခြင်းတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့က
ဝမ်းနည်းခြင်းတွေကို
အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်။

တချို့လူတွေ
သိပ်ပြီးသနားဖို့ကောင်းတယ်
ဟန်ဆောင်အပြုံးတွေနဲ့
ဘဝကို ရပ်တည်ပြီးနေထိုင်ကြရတယ်။

ဒါကြောင့်
ပြုံးနေတိုင်း
အဆင်ပြေနေတယ်လို့ မထင်လိုက်ပါနဲ့

21/12/2023

🌹 ကျွန်မဆိုတဲ့ မိန်းမ 🌹

မိန်းမတော့ မိန်းမပဲ
ဒါပေမယ့် ချွဲချွဲနွဲ့နွဲ့ နေတတ်တဲ့အထဲ
မပါဘူး ....။

မိန်းမတော့ မိန်းမပဲ
သူများအကြောင်း အတင်းဖျင်းပတ်ပြောရတာ
ဝါသနာ မပါဘူး ....။

မိန်းမတော့ မိန်းမပဲ
သူများဆီက ချူစားတောင်းစားတတ်တဲ့
မိန်းမ မဟုတ်ဘူး ...။

မိန်းမတော့ မိန်းမပဲ
ကိုယ့်အစွမ်းစနဲ့ ကိုယ် သမာအာဇီဝကျကျ
ရှာဖွေပြီး ခပ်ချေချေ သုံးတဲ့ မိန်းမ ...။

ကိုယ့်အားကိုယ်ကိုးတယ်
သူများခွန်အားနဲ့ မရှင်သန်ဘူး
ကိုယ့်လုပ်စာ ကိုယ်စားတယ် ပြောစရာရှိရင်လည်း
ဘယ်သူ့မျက်နှာမှာ မထှောက်တတ်ဘူး ....။

ပြတ်သားပြီဟေ့ ဆိုရင်လည်း
နှစ်ယောက်မရှိဘူး ...။

မှားရင်လည်း တောင်းပန်ရဲတယ်
နေရာတကာ
ခေါင်းငုတ်ငြိမ်ခံတတ်တဲ့ မိန်းမတော့ မဟုတ်ဘူး ...။

ခေါင်းကြောမာတယ်

ဒါပေမယ့်
ကိုယ်ချင်းစာတရား လက်ကိုင်ထားတယ် ။

20/12/2023

မိသားစုရဲ့အဝေးမှာ အဆင်ပြေချင်ယောင်ဆောင်နေကြတဲ့
လူတန်းစားတစ်ရပ်အကြောင်း...။

အိမ်နဲ့ဖုန်းပြောလို့ အဆင်ပြေလားမေးတဲ့အခါ အဆင်ပြေပါတယ်လို့ပဲ ညာမိတယ်။

တစ်စုံတစ်ခု အဆင်မပြေတဲ့အခါ
ဂရုစိုက်မှုရှိတဲ့ မိသားစုကို တမ်းတမိတယ်။

ဝမ်းနည်းမိတဲ့အခါ အားပေးမဲ့ မိသားစုနဲ့ အတူရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။

အနိုင့်ကျင့်ခံရတဲ့အခါ
ကိုယ့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးမဲ့ အဖေ့ကို တမ်းတမိတယ်။

အဆင်မပြေတာတွေပြောပြပြီး အမေ့ရင်ခွင်လေးထဲမှာပဲ ပြိုလဲပြီး ငိုပစ်လိုက်ချင်တယ်။

တစ်ခါတစ်လေတော့လည်း မောင်နှမတွေ စုံစုံလင်လင် မျက်နှာချင်းဆိုင်ပြီး ဟာသတွေပြောရင်း ရယ်မောချင်သေးတယ်။

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်အံတုနေပါတယ်။

လူတွေရဲ့ ဖိနှိပ်မှုတွေကြားမှာ
ရင်ကော့ပြီး ခေါင်းမော့ နေနိုင်ဖို့ ကြိုးစားနေပါတယ်။

မိသားစုရဲ့အဝေးမှာ အဆင်ပြေအောင် နေနေပါတယ်။

အခုလို...
မိသားစုရဲ့အဝေးမှာ အဆင်ပြေချင်ယောင်ဆောင်နေကြတဲ့
လူတန်းစားတစ်ရပ် တကယ်ရှိတယ်။

19/12/2023

တိတ်တဆိတ်လေး နေရတဲ့ အရသာကို
သဘောကျလာလို့ ထင်ပါရဲ့

သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ်"

တကယ်တမ်းကျတော့ ~~

သွေးအေးအေးနေနိုင်သွားတယ် ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့ သူတွေရှိ လို့ပါ"

ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ~ ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့

အဲဒီ အရာကို လွှတ်ချဖို့ပဲ တွေးတဲ့ သူလို့
ပြောရင်တောင် မမှားပါဘူး"

တချို့ လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန် ရတာတွေကို ငြိုးငွေ့ လာတယ်"

အတိုက်အခိုက် တွေ တိုးဝင် လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန် လာတယ်"

ချစ်ခြင်း နဲ့ မုန်းခြင်း တွေကြားမှာ
ကြိတ်မှိတ် မျိုသိပ့်ထား ရတာကို မုန်းတယ်"

ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထား တတ်တဲ့
အကျင့်ရှိတဲ့ လူတွေနဲ့ ကင်းအောင်နေချင်တယ်

ဒါကြောင့် တစ် ခုခု ဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေးရွေးချယ်တတ်အောင် သင်ပြီး

ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာ အောင်
ဘယ်လိုနေရ မလဲဆိုတာပဲ အဖြေရှာတယ်"

အမှီအခိုမပါပဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ်"
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ်"

စာအုပ်တွေနဲ့ ပိုရင်းနှီးအောင် နေပြီး ~
ကိုယ့်မေတ္တာနဲ့ ကိုယ်အေးချမ်းအောင် နေတယ်"

စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ

ကျွန်မ တိတ်တဆိတ်လေးဘဲ
ရှင်သန် နေရတဲ့ အရသာ ကို
အရင်ကထက် ပိုသဘာကျ လာတယ်"

19/12/2023

"နေတတ်သွားပြီ"
-----------------------
ပျော်တဲ့အရပ်ကိုရှာစရာမလိုဘူး
ရောက်တဲ့အရပ်မှာပျော်အောင်နေတတ်ဖို့ပဲ

အဆင်မပြေလို့လည်း ညည်းတွားမနေနဲ့
အဆင်ပြေအောင်နေတတ်ဖို့ပဲ

စိတ်ဓာတ်ကျဖို့လည်းမရှိဘူး
လဲကျသွားတိုင်းပြန်ထဖြစ်ဖို့ပဲလိုတယ်

ဝမ်းနည်းနေဖို့လည်းမတွေးဘူး
လောကဓံက ငိုပြီးရင် ရယ်ရပါလိမ့်မယ်

မှားသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေလည်းမဖြစ်နဲ့
အမှားထဲကသင်ခန်းစာနဲ့အမှန်ကိုပြင်နိုင်ရမယ်

ဆုံးရှုံးသွားရင်လည်းလက်လွှတ်ရဲတယ်
ဘယ်အရာမှမမြဲမှန်းသိလာလို့

အားငယ်စိတ်တွေလည်းမဖြစ်တော့ဘူး
သူ့တန်ဖိုးနဲ့သူပဲ
ကိုယ်လည်းလုပ်နိုင်တာတွေအများကြီးရှိတယ်

ဘဝကထင်သလောက်မလွယ်ပါဘူး
ဒုက္ခတွေကြုံမယ် သောကတွေရှိမယ်
အကြောင်းတရားမျိုးစုံကိုရင်ဆိုင်ရတယ်
ဒီလောကဓံတွေကပဲ
လောကထဲမှာနေတတ်အောင်ကိုယ့်ကိုသင်ပေးခဲ့ကြတာပါ။

18/12/2023

ကိုယ့်အတွေးနဲ့ကိုယ်နေပါ
================

ကိုယ့်ကိုမဝင်စေချင်လို့
ပိတ်ထားတဲ့တံခါးတွေကို
အတင်းဖွင့်မကြည့်ပါနဲ့
အသာလေးပဲလှည့်ပြန်ခဲ့ပါ။

ကိုယ့်ကိုမပြုံးပြချင်လို့
မြင်တာနဲ့မျက်နှာလွှဲလွှဲသွားတဲ့လူတွေကို
နောက်တစ်ခေါက်တွေ့ရင်
တည်တည်ငြိမ်ငြိမ်နဲ့ကြည့်နိုင်ဖို့
လေ့ကျင့်ထားပါ။

ကိုယ်နဲ့မပြောချင်လို့မကိုင်တဲ့ဖုန်းတွေကို
နောက်တစ်ခါထပ်မဆက်ဖြစ်အောင်
ကြိုးစားနေထိုင်ပါ။

ကိုယ့်ကိုမပြောချင်လို့
seen ဖြစ်ရဲ့သားနဲ့
မပြန်တဲ့ message တွေရှိခဲ့ရင်
နောက်ထပ်မပို့ဖြစ်အောင်ကြိုးစားပါ။

ကိုယ့်ကို unfriend လုပ်သွားတဲ့သူတွေကို
နောက်တစ်ခါထပ် မ add မိအောင်သတိထားပါ .

ကိုယ်နဲ့ဆက်ဆံရေးကျဲသွားတဲ့သူတွေကို
သူတို့စိတ်မပါပဲ အတင်းလိုက်မရောမိအောင်
သတိထားနေထိုင်ပါ။

ဟုတ်ကဲ့
ဒီအဖြစ်အပျက်တွေကြောင့်
သင်ဝမ်းမနည်းပါနဲ့ ။

ဘယ်ဘုရားကိုမှ
လူအကုန်လက်မခံပါဘူး
ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ
လူအကုန်မထောက်ခံပါဘူး
ဘယ်အနုပညာရှင်ကိုမှ
၁၀၀%လူအကုန်မထောက်ခံပါဘူး .။
ဒါဆို
သင့်ကိုရော ?
လူတချို့လက်မခံကြတာ
ဆန်းသလား မိတ်ဆွေ....

လူအားလုံးစိတ်တိုင်းကျအောင်
နေပေးဖို့စိတ်မကူးပါနဲ့။

လူအားလုံးသဘောကျအောင်
ပြောနေဖို့လည်း မကြိုးစားပါနဲ့။

ကိုယ့်အတွေးနဲ့ကိုနေပါ။

ကိုယ့်အလုပ်ကိုသာ ကိုလုပ်ပါ။

ပြောစရာရှိတဲ့စကားကို
ရဲရဲဝံ့ဝံ့သာပြောပါ။

ကိုယ့်ယုံကြည်ချက်ကို
ကိုယ်သစ္စာရှိပါ။

ဘယ်သူမှသဘောမကျလည်း
မိမိကိုယ်မိမိ သဘောကျခြင်း
မိမိကိုယ်မိမိ ယုံကြည်ခြင်း ကသာ
ဘဝအတွက်အရေးကြီးတာပါ။

16/12/2023

" သန်မာနေတာ မဟုတ်ပါဘူး လဲကျလို့ မရလို့ ရပ်နေရုံပါ "

တစ်ခါတလေကျတော့
ပင်ပန်းလိုက်တာဆိုပြီး
ပစ်လဲလိုက်ချင်တဲ့အထိ ဖြစ်မိတယ် ။

ဘာဖြစ်ဖြစ်ကွာဆိုပြီး
ကိုယ့်ခြေထောက်ကိုယ် ...
မသယ်နိုင်တော့တဲ့ နေရာမှာ
ရပ်နေချင်တဲ့ စိတ်တွေ ဖြစ်မိတယ် ။

ဒါပေမယ့် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ

ကိုယ့်အနောက်မှာ ကိုယ့်ကို မှီခိုပြီး
ရပ်နေတဲ့ ဘဝတွေအတွက်တော့
ကိုယ်ရပ်လိုက်ရင် သူတို့ပါ ပြိုလဲကျသွားကြမှာ
ဆိုတဲ့ အသိလေးဝင်လာရင် ....
ပင်ပန်းလည်း ဆက်လျှောက်ရတာပဲ ။

ဒီကောင်မလေးက သန်မာလိုက်တာတဲ့...

ကြည့်စမ်း
ပင်ပန်းတာလဲ မတွေ့ရဘူး
အမြဲတမ်းလန်းဆန်းနေတာပဲတဲ့
အဲ့ဒါတွေက ချီးကျူးစကားလို့တော့
ကျွန်မ မထင်ဘူး
လူတွေက အပေါ်ယံလေးပဲ
မြင်တတ်ခဲ့တာလို့ပဲ ထင်တယ် ။

လူတစ်ယောက် ...
ပိုပြီးဆိုးတာက မိန်းကလေးတစ်ယောက်
တစ်ခါတလေမှာ ဘယ်သူမှ မသိတဲ့
နာကျင်မှုတွေ ရှိတယ်...။

အိပ်ယာထဲမှာ ခွေပြီး
ဘယ်သူ့ကိုမှ စိတ်မရှည်ချင်တဲ့ အချိန်တွေ ရှိတယ်။

ဒါပေမယ့် ဒီနေ့တစ်ရက် နားလိုက်ရင်
ဆိုတဲ့ အတွေးဝင်လာရင် ထလျှောက်ရတာပါပဲ ။

ပင်ပန်းလိုက်တာလို့ ငြီးလို့လည်း
ထူးမသွားတော့တဲ့ ဘဝတွေမှာ
ထူးပြီးတော့ မငြီးဖြစ်ခဲ့တာကလွဲရင်
လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မမှာလည်း
တစ်ခါတလေကျ လူကော စိတ်ကော
ပင်ပန်းရတာတွေ အများကြီးရှိပါတယ် ။

သန်မာပြလိုက်တာ မဟုတ်ဘူးနော် ...

ငါမရှိတော့ရင်ဆိုပြီး တွေးမိလာတာနဲ့အမျှ
ပြိုပျက်သွားမယ့်အရာတွေ အများကြီးရှိလို့
လဲကျလို့ မရလို့ ရပ်နေရုံပါ ။

တချို့က ပြောကြတယ် ....
ငွေရှာရတယ်ဆိုပြီး မာနတွေ ကြီးနေတာ
ဘဝင်တွေ မြင့်နေတာတဲ့ ။

တကယ်တမ်းကျတော့...
အော်ဟစ်ပြီး ငိုချင်တဲ့ စိတ်ကို ဖျောက်ဖို့
ကောင်းကင်ကို မော့ကြည့်ပြီး
မျက်ရည်တွေ ကျမလာအောင်
အံကြိတ် သည်းခံရင်းက ...
မျက်နှာထားတွေပါ တင်းသွားခဲ့တာလေ
ပြီးတော့ ပြင်မရတော့တာ....။

ဒီကောင်မလေး သန်မာလိုက်တာဆိုတဲ့
စကားတွေ ကြားရင်တော့ ရယ်မိတယ်...

တကယ်တော့ အရမ်းကို ပင်ပန်းလွန်းနေတာပါ
လဲကျလို့ မရလို့သာ ဆက်လျှောက်နေတာပေါ့ ။

" ဒီလောက်ပါပဲ "

16/12/2023

ရေစက်ပါလို့ တွေ့ဆုံလို့လဲ
ဝမ်းမသာပါနဲ့
ဝဋ်ကြွေးဆပ်ဖို့လဲ ဖြစ်နိုင်တယ်။

ရေစက်ကုန်လို့ လမ်းခွဲရလဲ
ဝမ်းမနည်းပါနဲ့
ဝဋ်ကြွေးကုန်တာလဲ ဖြစ်နိုင်တယ်။

တစ်ယောက်တည်း နေတက်အောင်
ကြိုးစားပါ အဖော်ဆိုတာ အလကားပဲ။

ကိုယ်သေရင် သူလိုက်မသေပေးသလို
သူသေလဲ ကိုယ်လိုက်မသေပေးနိုင်ဘူးလေ။

နှစ်ယောက်ရှိမှ တဘဝမဟုတ်ဘူး
တစ်ယောက်တည်းလဲ လျှောက်ရဲရမယ်
တစ်ပွင့်ထဲလဲ ပွင့်ရဲရမယ်။

ခက်ခဲလိုမလုပ်ခြင်တာ မဟုတ်ပါဘူး
မလုပ်ခြင်လို့သာ ခက်ခဲတာပါ။

အခက်ခဲတွေက မင်းဘဝသန်မာအောင်
လေ့ကျင့်ပေးတဲ့ ဆရာတဆူမှန်းသိနေရင်
ရဲရဲသာ သင်ယူလိုက်ပါ။

အရာအားလုံးက နောက်ဆုံးမှာ
အဆင်ပြေသွားလိမ့်မယ်။

အဆင်မပြေသေးရင် အဲ့တာ
နောက်ဆုံး မဟုတ်သေးလို့ပါ။

16/12/2023

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယၡံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

12/12/2023

#စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်ပါစေနဲ့

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


82 လမ်း
Mandalay