Collections by HANNA
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Collections by HANNA, Health/Beauty, Mandalay.
03/12/2023
Graymelin Mugwort Calming Gel
Gel ကိုမှကောင်းကောင်းလေးသုံးချင်ရင် ဒါလေးသုံးနော် သဲလေးတို့ 💚
အေးပြီး စိမ့်ဝင်လွယ်လို့ တော်တော်များများကြိုက်ကြတဲ့ gel လေးမို့ သုံးကြည့်ရင်မမှားမယ့်ပစ္စည်းလေးပါပဲရှင့်💚
Price-24000
Mandalay COD ရ
03/12/2023
Collagen အမှုန့်တွေဖျော်သောက်ရတာ ပျင်းလာရင် collagen jelly လေးပြောင်းစားနော်😉
သူ့အားသာချက်ကတော့ အလွယ်တကူ
စားလိုက်ရုံပဲနော် မင်မင်တော့အရမ်းကြိုက်🥺🫶
15 ရက်စာပါ 30 လုံးပါဝင်ပါတယ်
Price-9500 ပဲနော်
Mandalay COD ရ
ဒီနေ့တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ မင်မင်က ငွေသားမပါ ဗလာကံစမ်းမဲ လေးလုပ်ပေးမယ်နော် ဘယ်သူယူမလဲနော် 🫶🙈
01/11/2023
29/10/2023
This Pocket Money is password protected!
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
ညကျ မင်မင်လည်း pocket money
ပေးမယ်နော်😍
မလွတ်သွားအောင်စောင့်ကြည့်ပေးကြဦးနော် ♥️
Page လေးပြန် run ပါပြီရှင့် လိုချင်တာအားပေးလို့ရပါပြီနော် ကာကာတို့ရေ ♥️
14/10/2023
‼️S A L E ‼️
Clearance Sales‼️
ဈေးတွေတက်နေတဲ့အချိန် sale ချတုန်းယူထားနော် ကာကာတို့ရေ ❤️
04/08/2023
FYI
Skincare စသုံးတုံးက
'ငါ ဒါတွေသိခဲ့ရင် ကောင်းမှာ' လို့
တွေးမိစေတဲ့အချက်များ
မွေးတုံးကတော့ ဘယ်သူမှမတတ်ဘူးလေနော်။ ဒီလိုပဲ အမှားတွေလုပ်မိရင်း သင်ယူရင်းနဲ့ နောက်မဖြစ်အောင် သတိထားကြရတယ်ပေါ့။ Nyi ကိုယ်တိုင်လဲ skincare စလုပ်ခါစက အဲ့လိုပဲ။ ဘာမှနားမလည်ဘဲ skincare ရောင်းတဲ့ဆိုင်ထဲ ဝင်သွားလိုက်တယ်၊ ကိုယ့် skin အကြောင်း သူတို့သေချာနားမလည်ဘဲ ညွှန်တာတွေ၊ ထိုးရောင်းတာတွေ ဝယ်သုံးပြီး မှားဖူးတယ်ပေါ့နော်။ သူများညွှန်လို့မဟုတ်ဘဲ 'ဒါသုံးရင်ပဲ အသားအရေလေးက ပစ်မျိုးမှဲ့မထင် လှလာမှာလိုလို' marketing တွေ advertisement တွေနောက်လဲ ကောက်ကောက်ပါခဲ့ဖူးတယ်။ ခုချိန်မှာ ပြန်တွေးကြည့်ရင်တော့ ထုံးစံအတိုင်း 'အဲ့အချိန်တုံးက ငါ ဒီလိုလေးလုပ်ခဲ့ရင် ကောင်းမှာ' လို့ စဉ်းစားမိတယ်ပေါ့နော်...
1. Double Cleansing 's Everything🌻
ဝန်ခံပါတယ်၊ ဒီ page စဖွင့်ခါစထိကို ကိုယ့်မှာ ဒီအချက်ကို လက်မခံနိုင်သေးဘူး။ 'Double cleansing လုပ်ရင် အသားခြောက်တယ်၊ ကိုယ်က dehydrated skin ဆိုတော့ double cleansing အမြဲမလုပ်နိုင်ဘူး' လို့ ပိတ်အော်ခဲ့သေးတာ။ ဒါပေမဲ့ နောက်ပိုင်း double cleansing မှန်မှန်လုပ်တော့မှပဲ breakout ပြဿနာတွေက ထပ်ဝက်နီးနီးကို လျော့သွားတာတွေ့ရတယ်။ ဝက်ခြံအဆီဖုသမားတွေ skincare တဲ့အခါမှာ ကိုယ်က sunscreen လိမ်းတယ်၊ makeup on တယ်ဆိုရင် double cleansing က must ပဲနော်။ Breakout problem ကို prevent လုပ်ဖို့ရာ double cleansing က 1st line အနေနဲ့ အရေးကြီးဆုံးပါ။
Nyi လိုမျိုး dehydrated skin တွေက double cleansing နေ့တိုင်းလုပ်လို့ အသားခြောက်မှာစိုးတယ်ဆိုရင် ဒီအတိုင်း လိုက်လုပ်ကြည့်နော်။
> 1st cleanser ကို micellar water အစား cleansing oil/balm သုံးမယ်
> 2nd cleanser ကို ကိုယ်က ပုံမှန်ဆို အရမ်း deep cleansing ဖြစ်တာမျိုးသုံးရင် double cleansing လုပ်တဲ့အခါ အဲ့ထက်တဆင့်လျှော့ပြီး gel type ဖြစ်ဖြစ် သုံးကြည့်မယ်
> Double cleansing ကို ညဘက်တကြိမ်ပဲ လုပ်မယ်၊ sunscreen, makeup လိမ်းမှပဲ လုပ်မယ်၊ double cleansing လုပ်ပြီးတဲ့အခါ moisturizer တော့ အနည်းဆုံးလိုက်လိမ်းမယ်
> Double cleansing မလုပ်ခင်ကထက် hydrating & moisturizing skincare တွေကို ပိုဂရုစိုက်သုံးပေးမယ်
ကိုယ်တိုင် skincare စလုပ်တဲ့ အချိန်တည်းက double cleansing နပ်မှန်ခဲ့ရင် ခုချိန်မှာ ဒီထက် skin ပိုကောင်းနေမှာ အမှန်ပဲ~
2. ဈေးချိုတဲ့နောက် သိပ်မလိုက်မိစေနဲ့🌻
Clearly, ကိုယ်တိုင်လုပ်ဖူးတဲ့ အမှားမလို့ ဒီခေါင်းစဉ်အောက်ထဲ ထည့်ထားသည်ပေါ့နော်။ အရင်ကဆို skincare နဲ့ပတ်သက်ပြီး အရမ်းတွက်ချက်ဖူးတယ်။ ခုလဲ တွက်ချက်တုံးပေမဲ့ အဲ့တုံးကတော့ အလွန်အကြွံပေါ့နော်၊ နားမလည်သေးတာလဲ ပါတာပေါ့။ တွက်ချက်ပြီးဝယ်တော့ ထွက်ခြေကိုက်လားဆိုတော့လဲ မဟုတ်ပြန်ဘူး။ မထော်မနှမ်းတွေ ဝယ်မိပြီး ထပ်ခါထပ်ခါပြန်ဝယ်ရတော့ ပိုကုန်တယ်၊ ကြားထဲ ကိုယ့် skin လဲ အဆစ်ပျက်စီးရတယ်ပေါ့နော်။ Budget save skincare ရှာတဲ့အခါ အရေးကြီးသိဖို့လိုတာက ဈေးချိုတာနဲ့အတူ quality လဲ ခိုထားတယ်ဆိုတာပါပဲ။ 100% တော့မမှန်ပေမဲ့ ပစ္စည်းကောင်းတခုက ဈေးအသင့်အတင့်တော့ ပေးရတယ်၊ (skincare ဆိုရင် 2-3သောင်းပတ်ချာလည်)
တယောက်ပြောဖူးသလို 'ပေါ ချောင် ကောင်းဆိုတာ မရှိဘူး' တဲ့။ မှန်တာပဲ၊ ကိုယ်သုံးဖူးတဲ့ အလွန်အကြွံဈေးချိုနေတဲ့ products တွေထဲ စွံတာကိုမတွေ့သေးဘူး။ ဟော... အကြာကြီးလိမ်းလို့ရမယ့် moisturizer, ဈေးက အရမ်းအရမ်းကိုချိုနေရင် ပြေးမကြည့်နဲ့၊ alcohol နဲ့ fragrance တွေချည်း။ ဒါကြောင့် Nyi ရဲ့ blog readers တွေကို budget save နောက် ကောက်ကောက်မပါဖို့ မှာချင်တယ်။ ကိုယ်က average price လောက်ကို မသုံးနိုင်သေးရင် မသုံးနဲ့ It's totally fine! မကောင်းတာကြီးသုံးမယ့်အစား မသုံးဘဲထိုင်နေတာက အများကြီးပိုကောင်းတယ်။ ဒါမှမဟုတ် 5ခုသုံးမယ့်အစား ကောင်းတဲ့ 3ခုလောက်ပဲ ရွေးသုံးကြမယ်။ ဈေးချိုတာပဲကြည့်ပြီး မထော်မနှမ်းသုံးမိရင်တော့ နောက်ဆက်တွဲ ငွေပိုထွက်နိုင်တယ်ဆိုတာ သတိရှိပါနော်။
USA brand moisturizer ဗူးအကြီးကြီးကို ဈေးချိုလို့ဝယ်ပြီး 3ရက်နဲ့ပစ်လိုက်ရတာ မှတ်မိသေးတယ်၊ ထပ်မမှားမယ့် အမှားတခုပေါ့~
3. ကိုယ့်အသားအရေအတွက် ကိုယ်အကောင်းဆုံးလုပ်နိုင်တဲ့အရာက Sunscreen လိမ်းတာပဲ🌻
Sunscreen မှန်မှန်မလိမ်းဘဲ exfoliating products တွေ သုံးခဲ့မိတာတော့ ကိုယ့်ရဲ့မဟာအမှားတခုပါပဲ။ ကိုယ့်အသားအရေအတွက် အကောင်းဆုံး skincare ခြင်းက sunscreen လိမ်းပေးတာပဲနော်။ Skincare စလုပ်ခါစက sunscreen ကို အရေးမကြီးဘူး၊ ဘာကြောင့် လူတွေက ဒါကြီးကို ရေးကြီးခွင်ကျယ်လုပ်နေကြသလဲ ထင်ခဲ့ဖူးတယ်။ အဲ့ဒါကြောင့်လဲ အသားကြမ်းတယ် ညစ်တယ်ဆိုပြီး exfoliant တွေပဲ တောက်လျှောက်သုံးရာကနေ မျက်နှာကြီးပိုကြမ်းညစ်လာတော့မှ sunscreen လိမ်းဖြစ်ရင်း သက်သာလာတော့ လက်ခံလာတယ်ပေါ့နော်။ Cleanser ပြီးရင် ကိုယ်အရင်ဆုံးဝယ်သင့်တဲ့ skincare က sunscreen ပဲ။ တခြားအရာတွေက ကိုယ်ပိုက်ဆံလိုက်နိုင်ရင် လိုက်နိုင်သလောက် ထပ်ချဲ့လို့ရတယ်။ အဓိကက sunscreen ပါဖို့ပဲ။
Sunscreen ကိုလဲ quality ကောင်းတာမျိုးပဲ ရွေးစေချင်တယ်။ တချို့ရှိတယ်၊ တခြား toner serum သုံးတာတွေတော့ high end တွေပဲ, sunscreen ကျမှ ပေါပေါပဲပဲ ရွေးတယ်ပေါ့နော်။ ထိရောက်တဲ့ product ဖြစ်ဖို့ရာ ဈေးအရမ်းများဖို့မလိုပေမဲ့ ဈေးအသင့်အတင့်တော့ ပေးရသင့်ပါတယ်။ ကိုယ်တိုင် sunscreen ပုံမှန်မလိမ်းဘဲ exfoliating products တွေ သုံးခဲ့ဖူးတဲ့အတွေ့အကြုံအရ ကိုယ့် skin မှာ အင်ပြင်ထသလို ယားတယ်၊ နီတယ်၊ ဗြုတ်စိလေးတွေ ထွက်တယ်ဆိုရင် sunscreen လိမ်းဖို့၊ လိမ်းတယ်ဆိုရင် ထိရောက်တဲ့ Spf ပြောင်းသုံးဖို့ sign ပြတာပဲနော်။ Skincare routine တခုမှာ sunscreen ရဲ့ role က အရမ်းကိုအရေးကြီးပါတယ်။ ကျိန်းသေပေါက် ကိုယ်ပထမဆုံးလိမ်းဖြစ်တဲ့ skincare က sunscreen ဖြစ်ပါစေ။
ကိုယ်တိုင်လဲ 'ငါ အရင်က စုံပလုံစိ လျှောက်သုံးနေမယ့်အစား sunscreen ကောင်းကောင်းလေးတခုသာ မှန်မှန်လိမ်းနေခဲ့ရင်' လို့ တွေးမိတယ်~
ဘာပဲပြောပြော ဒီအချက်တွေက Nyi နောက်ထပ် မလုပ်ဖြစ်တော့မယ့် skincare mistakes တွေပါပဲ။ ကိုယ့်အမှားကနေ ကိုယ်တိုင်သင်ခန်းစာယူရသလို blog readers တွေလဲ သိရှိနိုင်ဖို့ ဝေမျှလိုက်ပါတယ်❤️
03/08/2023
ပတ်ချယ်ယောင်းကတော့ပြောနေပြီ
I'm watching you ပါ ဘိုဘိုရေတဲ့🥲😑
P.s ကိုစိုးမိုးနိုင်ကတော့ admin ပဲအနစ်နာခံပြီး ယူလိုက်ပါတော့မယ်🤭
Btw ပျော်ရွှင်ပါစေ ငါ့ကောင်မလေးရေ♥️
28/07/2023
Admin page မှာ စာပြန်လို့မရလို့နော်သဲလေးတို့ Fb က rules အသစ်ထွက်တယ်တော့ပြောတာပဲ မင်မင် ညကျ သိရရင်ပြန်တင်ပေးမယ်နော် ♥️
26/07/2023
Klairs BB Cream
ပုံမှန်ဈေး-1300
Now -950 နဲ့ 8 ထုပ်ပဲရ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
