TF Diet Meal Planner
Keto Diet Box နှင့် Balanced Diet Box များမှာယူနိုင်ပါတယ်။ အဆာခံစရာမလို ကျန်းမာစွာဝိတ်ချမယ်။
31/03/2025
ငလျင်ဒဏ်နှင့် အိမ်အခြေနေ။
မိသားစုနှင့် ဝန်ထမ်းများအားလုံး ဘေးကင်းကြပါတယ်။
တစ်ယောက်ချင်းစီ reply မပြန်နိုင်တာ နားလည်ပေးပါရှင်။
အချိန်တစ်ခုထိ လုပ်ငန်းအားလုံး ရပ်နားထားရအုံးမှာပါရှင့်။
အားလုံး ဘေးကင်းကြပါစေနော်။
- TF diet meal planner
27/03/2025
အဆာခံစရာမလို ဝိတ်ချဖို့
TF diet meal planner ရှိပါတယ်။
📍 April လအတွက် 10 days plan ကြိုတင်စာရင်းပေးနိူင်ပြီ။
April 2 ရက်နေ့မှ 11 ထိပါရှင့်။
TF Diet Meal Planner အနေနဲ့ဆိုရင် Body Transformation Journey အတွက် ဝိတ်ချလိုတဲ့သူတွေ၊ ခန္တာကိုယ်အပြောင်းအလဲလုပ်ချင်တဲ့သူတွေအတွက်ကို ကူညီပေးလာတာ နှစ်ပေါင်းများစွာကြာရှိပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
ဘာကြောင့်မို့လို့ TF Meal Plan ကိုအများဆုံးမှာယူကြတာလဲဆိုရင် အဓိကကတော့
“ အဆာခံစရာမလိုပဲ ဝိတ်ချနိုင်”တဲ့အတွက်ပဲဖြစ်ပါတယ်။
တစ်ဦးချင်းစီအတွက် ထိရောက်တဲ့ ဝိတ်ချ plan ဖြစ်ချင်တာမို့ လူဦးရေကန့်သတ်ထားပါတယ်။ ကြိုတင်စာရင်းပေးပေးပါနော်။
✅ Keto diet box
✅ Balanced diet box
✅ Nutritionist guided and customised diet plan
✅ Counseling service
无需挨饿即可健康减肥
* 您想有效快速减肥时
* 您想节食但没有时间自己做饭时
* 您想减肥又不能少吃东西时
记得 TF Diet Meal Planner 吧。
🥗生酮膳食计划(10天)🥗
230000缅元(一日的餐饮安排包括 - 防弹咖啡、午餐、骨头汤、零食和晚餐。)
🍱均衡饮食(10天)🍱
250000 缅元(一日的餐饮安排包括 - 午餐、骨头汤、零食(或)健康果汁和晚餐。)
Phone : 09788200244
092036972
#အဆာခံစရာမလိုဝိတ်ချကြမယ်
26/03/2025
March လအတွက် ဝိတ်ချ diet plan လေး ဒီနေ့ပြီးပါပြီ။
Plan အသစ်များအားလုံးက်ို ၂ ရက်နေ့မှာ ပြန်စသွားပါမယ်ရှင့် 🤩
ဝိတ်ချတဲ့ Journey မှာ အဓိကပြဿနာကတော့ ကျနော်တို့ diet လုပ်ပေမဲ့ ဗိုက်အရမ်းဆာလာလို့ စိတ်မထိန်းနိူင်တာပဲဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ Craving လို့ခေါ်ပါတယ်။ ဒါကိုကျော်လွှားဖို့အတွက်ဆိုရင် အသုံးပြုတဲ့ဆီ အသုံးပြုတဲ့ ingredients တွေကို စနစ်တကျစားသုံးဖို့လိုပါတယ်။
TF Diet Meal Planner အနေနဲ့ဆိုရင် Body Transformation Journey အတွက် ဝိတ်ချလိုတဲ့သူတွေ၊ ခန္တာကိုယ်အပြောင်းအလဲလုပ်ချင်တဲ့သူတွေအတွက်ကို ကူညီပေးလာတာ နှစ်ပေါင်းများစွာကြာရှိပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
ဘာကြောင့်မို့လို့ TF Meal Plan ကိုအများဆုံးမှာယူကြတာလဲဆိုရင် အဓိကကတော့
“ အဆာခံစရာမလိုပဲ ဝိတ်ချနိုင်”တဲ့အတွက်ပဲဖြစ်ပါတယ်။
- TF Diet Meal Planner
25/03/2025
Organic farm က အရွက်တွေရောက်ရင် အရမ်းပျော်
💚💚💚
Whether you’re building a healthy lifestyle or looking for a light, refreshing meal, our fresh veggies are the perfect choice! 🌿🥒🍅
Order now and enjoy the taste of freshness in every bite! 🥬💚
”
25/03/2025
Organic farm က အရွက်တွေရောက်ရင် အရမ်းပျော် 💚
Whether you’re building a healthy lifestyle or looking for a light, refreshing meal, our fresh veggies are the perfect choice! 🌿🥒🍅
Order now and enjoy the taste of freshness in every bite! 🥬💚
22/03/2025
Keto diet က
💚ရောင်ရမ်းခြင်းတွေကို လျော့ချပေးတယ်
Inflammation တွေက Depression ဖြစ်ဖို့ တရားခံပါတဲ့။ ကာလကြာရှည် Inflammation ကို ခံစားလာရတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမညီမျှတာ၊ ကိုယ်ခံအားစနစ် ယိုးယွင်းလာတာမျိုးတွေ ခံစားရနိုင်ပါတယ်🤧😷🦠။ ကာဗိုဟိုက်ဒရိတ် လျော့လိုက်တဲ့ Keto က Inflammation ကို လည်း လျော့သွားစေပါတယ်တဲ့။ အပိုဆုအနေနဲ့က Depression ကို⚛️🌀☀🍃 ပါ သက်သာစေနိုင်တာပါပဲ။
ဝိတ်ကျအောင်၊ ခန္ဓာကိုယ်ပေါ့ပါးအောင်၊ လှလာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကီတိုစားလိုက်တာပဲ။
အဆစ်ရလိုက်တာကတော့ စိတ်ကလေးကြည်ပြီး နေရထိုင်ရတာ အဆင်ပြေလာတယ်ဆိုတဲ့ 🤗အသံလေးတွေပါ။
- TF diet meal planner
20/03/2025
Keto diet က ကစီဓာတ် (ဆန်၊ဂျုံ၊ပြောင်း) ကို လုံးဝမစားသလောက်လျှော့ချလိုက်ပြီး ketosis ဝင်အောင်လုပ်ရတဲ့ Diet ဖြစ်ပါတယ်။ Ketosis ဆိုတာက ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီ နဲ့ ကီတုန်းဓါတ်ကို အသုံးပြုတဲ့ ဇီဝဖြစ်စဉ်ပါ။
Keto Diet စားနည်းက ကစီဓာတ်နေရာမှာ အသားဓာတ် နဲ့ အဆီတွေကို အစားထိုးလိုက်တာပါ။ အလုပ်လုပ်ဖို့ အင်အားတွေ လိုအပ်တဲ့ စွမ်းအင်ကို အဲအဆီတွေကပဲ ထုတ်လုပ်တော့တာမို့ Fat burn ဖြစ်ပြီး အဆီလောင်ကျွမ်းကာ ဝိတ်ကျစေတဲ့ ရလာဒ်ကိုရတာဖြစ်ပါတယ်။
- TF DIET MEAL PLANNER
16/03/2025
IF လုပ်ချိန်မှာ စားစရာ😋
IF (Intermittent Fasting) လုပ်နေရင် ပီဇာစားလို့ရလား🍕၊ မုန့်ချိုတွေ 🍰စားလို့ရလားလို့ မေးကြပါတယ်။
ဟုတ်ကဲ့ စားလို့ရပါတယ်။ IF ရဲ့သဘောတရားကိုက အစားစားချိန်သတ်မှတ်ထားပြီး ကျန်တဲ့အချိန် အစာဖြတ်တာမို့ စားစရာတွေတော့ ရှောင်ဖို့မလိုအပ်ပါဘူး😋 ။ ဒါပေမယ့် ကိုယ့်ရဲ့ Target က ဝိတ်ကျဖို့ ကျန်းမာဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ စားစရာတွေကို ရွေးချယ်ပြီး စားသင့်ပါတယ် 🤗။
ဒီအပတ်တော့ Admin က IF လုပ်နေတဲ့အချိန်မှာ စားသင့်တဲ့ စားစရာတွေကို မျှဝေပေးသွားမှာပါ။
(1) ရေ🥛🥛🥛
ပထမဆုံး အနေနဲ့ စားစရာတော့ မဟုတ်ပေမယ့် IF လုပ်နေချိန် ရေပုံမှန်သောက်ဖြစ်ဖို့ အရေးကြီးပါတယ်။ အသက်အရွယ်နဲ့👩⚖️ ကိုယ်အလေးအချိန်⏲️ (ကျား၊မ) စတာတွေပေါ်မူတည်ပြီး တစ်နေ့တာအတွက် ရေသောက်ဖို့ သတ်မှတ်ထားတဲ့ ပမာဏပြည့်မီအောင် သောက်သင့်ပါတယ်။ ရေသောက်ဖို့ လိုနေလားလို့ သိချင်ရင်တော့သင့်အပေါ့သွားတဲ့အခါ သင့်ဆီးအရောင် သတိထားကြည့်ပါနော်။ အဝါရောင့်ရင်နေရင်တော့ သင်ရေပိုသောက်ဖို့လိုနေပါပြီ 🥛။
(၂)ထောပတ်သီး🥑🥑🥑
ဝိတ်ချဖို့ ကြိုးစားနေသူတွေအနေနဲ့ ကယ်လိုရီများတဲ့ ထောပတ်သီးက စားသင့်ရဲ့လားလို့ တွေးနိုင်ပါတယ်။
ဒါပေမယ့် သူ့မှာ ပါဝင်တဲ့ Unsaturated Fat လို့ခေါ်တဲ့ မပြည့်ဝဆီက သင့်ကို ဗိုက်ပြည့်တယ်လို့ ခံစားရစေမှာပါ။ Fastingလုပ်နေတဲ့အချိန်အတွင်း ဆာလောင်ခြင်းကို ဟန့်တားနိုင်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်😄 ။
(3) ငါးနဲ့ ပင်လယ်စာ🍣🦐🦑
အမေရိကန်ရဲ့ Dietary Guideline တွေအရ အရွယ်ရောက်ပြီးသား 👨🏻လူတွေအနေနဲ့ တစ်ပတ်ကို ပင်လယ်စာနဲ့ ငါး 300 ဂရမ်( ထမင်းစားဇွန်း ၂၀ဇွန်း) လောက်ထိစားသင့်ပါတယ်တဲ့။ ဒါမှသာ ကျန်းမာဖို့ လိုအပ်တဲ့အဆီ၊ ပရိုတင်းနဲ့ ဗီတာမင်D ဓာတ်တွေ လုံလုံလောက်လောက်ရနိုင်မှာပါ 💪။
(၄) အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်များ🥦🥬🥗
အမျှင်ဓာတ်များတဲ့ ပန်းမုန်လာ၊ ပန်းဂေါ်ဖီ၊ မုန့်ညှင်းစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန့်ရွက် စတဲ့ဟင်းသီးဟင်းရွက်
တွေကလည်း IF လုပ်ရင်း စားဖို့သင့်တော်ပါတယ် 👍။ အမျှင်ဓာတ်က ဗိုက်ပြည်တဲ့ ခံစားချက်ရစေတဲ့ အပြင် သင့်မနက်ခင်းတွေ အိမ်သာသွားဖို့အတွက်လည်း🚽 လွယ်ကူချောမွေ့စေပါတယ်။
(၅)အာလူး🥔🍠
အာလူးကလည်း ဗိုက်ပြည့်စေတဲ့ စားစရာတွေထဲက တစ်ခုအပါအဝင်ပါ။ ဝိတ်ချနေတဲ့ သူတွေအတွက်လည်း အာလူးကို ပြုတ်စားတာ၊ ကင်စားတာ၊ စွပ်ပြုတ်လုပ်သောက်တာနဲ့ မနက်စာ စားတဲ့အခါမှာ ထည့်စားသင့်ပါတယ်🍽️ ။ ဆီထဲမှာ နှစ်ပြီး အချိန်အတော်ကြာ ကြော်ထားတဲ့ အာလူးကြော်နဲ့ အာလူးချောင်းတွေတော့🍟 မပါပါဘူးနော်။
(၆) ပဲမျိုးစုံ🌱🫘🌱
ပရိုတင်းနဲ့ ဗိတာမင်တွေ ကြွယ်ဝတဲ့ ကုလားပဲ၊ ပဲနီကလေး၊ မြေတောင့်ပဲ စတဲ့ ပဲအမျိုးမျိုးကိုလည်း IF လုပ်နေတဲ့ အချိန်စားနိုင်ပါတယ်။ သံဓာတ်နဲ့ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့အပြင် ကယ်လိုရီပါဝင်မှုနည်းလို့ ကိုယ်အလေးချိန်ချချင်တဲ့လူတွေ အတွက်လည်း အဆင်ပြေစေပါတယ်🙂။
(၇) ကွကျဥ🥚🍳
ကြက်ဥ ကြီးကြီးတစ်လုံးမှာ ပရိုတင်း ၆၂ ဂရမ်တောင်ပါပါတယ်တဲ့။ အလွယ်တကူဝယ်လို့ရတဲ့အပြင် မြန်မြန်ဆန်ဆန်လည်း ချက်စားလို့ရလို့ 🍳 ဆောင်ထားသင့်တဲ့ စာရင်းထဲမှာ ကြက်ဥတွေကလည်း ထိပ်ဆုံးက ပါပါတယ်။ အစားလျော့စားနေတဲ့ အချိန်မျိုးမှာ ပရိုတင်းဓာတ်က လိုအပ်တာမို့ ကြက်ဥကို ကြိုက်သလို အမျိုးမျိုးလုပ်စားနိုင်ပါတယ်။ မနက်စာ စားတဲ့အခါ ကြက်ဥပြုတ်ထားစားရင်လည်း အဆာခံစေပါတယ်။
ကဲ အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ စားစရာ(၇) မျိုးက ဝယ်ရလည်းလွယ်ပြီး ချက်ပြုတ်ဖို့ နည်းလမ်းတွေလည်း အများကြီးရှိတာမို IF လုပ်ချိန်မှာ အရသာရှိတဲ့ အစားအစာတွေ ဖန်တီးနိုင်ဖို့မျှော်လင့်ပါတယ် 🤗။
အားလုံးလည်း အရသာရှိတာတွေစားရင်း ရည်မှန်းထားတဲ့ Target Weight အမြန်ဆုံးရောက်ကြပါစေ🤞🙏 …
#အဆာခံစရာမလိုဝိတ်ချကြမယ်
10/03/2025
🍱 ကြက်ခြောက်စပ်
🍱 Grilled fish
အဆာမခံပဲ ဝိတ်ချလို့ရပါပြီ။
ဝိတ်ချတဲ့ Journey မှာ အဓိကပြဿနာကတော့ ကျနော်တို့ diet လုပ်ပေမဲ့ ဗိုက်အရမ်းဆာလာလို့ စိတ်မထိန်းနိူင်တာပဲဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ Craving လို့ခေါ်ပါတယ်။ ဒါကိုကျော်လွှားဖို့အတွက်ဆိုရင် အသုံးပြုတဲ့ဆီ အသုံးပြုတဲ့ ingredients တွေကို စနစ်တကျစားသုံးဖို့လိုပါတယ်။
- TF diet meal planner
09/03/2025
Healthy & Delicious Weight Loss Meal Box – Freshly Prepared for You!
✅ Balanced Nutrition
✅ Fresh & Natural Ingredients
✅ Portion-Controlled for Weight Management
Order now and take a step closer to your health goals! DM us to place your order.
07/03/2025
စားကောင်းပြီး ဝိတ်ကျစေတဲ့ Miracle Noodle🍜…
ဝိတ်ချနေတဲ့ သူတွေအတွက် တစ်ခါလာလည်း ကြက်သားပြုတ်🍗၊ ကြက်ဥပြုတ်🥚၊ အသီးအနှံနဲ့
ဟင်းသီးဟင်းရွက်တွေချည်း🍠 🥙စားရတဲ့အခါ ငြီးငွေ့ပြီး စိတ်ပျက်လာတတ်ပါတယ်😞😤 ။
အဲ့ဒီအခါ စိတ်လျော့လိုက်ပြီး တွေ့သမျှစားပစ်မိတတ်တာ🍕 ဝိတ်ချသူတွေအဖို့ အဓိက အခက်အခဲတစ်ခုပေါ့။
ဒီနေ့ Admin က ဝိတ်ကျဖို့အကူအညီပေးတဲ့အပြင် အရသာရှိတဲ့ Miracle Noodle လေး ဘယ်လိုကြော်စားမလဲဆိုတာ မျှဝေးပေးချင်ပါတယ်🤗။
Miracle Noodle လို့ခေါ်တဲ့ ဝဥကြာဇံ(သို့) Konjac Noodle ကို Konjac အပင်ရဲ့ အမြစ်ကရတဲ့ Glucomannan ကနေ ပြုလုပ်ထားတာပါ။
Glucomannan 3% ,Water 97 % , Lime Water တိုကိုအချိုးကျကျ ပေါင်းစပ်ပြီး ကြာဇံပုံစံဖြစ်အောင် ပြုလုပ်ထားလို့ ပျှမ်းမျှအားဖြင့်100gရှိတဲ့ ကြာဇံတစ်ခွေကို 8 calories ပဲပါဝင်ပါတယ်😊။
(ဥပမာအနေနဲ့ Admin တို့ စားတဲ့ ဘယာကြော် တစ်ခုထဲမှာတောင် calories 190ကျော်ပါဝင်ပါတယ်)
အဲ့ဒါကြောင့် ဝဥကြာဇံကဝိတ်ချနေတဲ့သူတွေ၊ ဆီးချိုသမားတွေနဲ့ကျန်းမာရေးလိုက်စားတဲ့သူတွေ ကြားထဲမှာ အရမ်းခေတ်စားလာတာပါ။ သူ့ချည်းစားရင် ပေါ့ရွှတ်ရွှတ်နဲ့မို့ အရသာရှိအောင် တခြားဘာတွေ ထပ်ထည့်ထားလဲ ကြည့်လိုက်ရအောင်နော်။
-ပါဝင်ပစ္စည်းတွေက
☘️ဝဥကြာဇံ -တစ်ခွေ(နှစ်ယောက်စာ 85g)
☘️ကြွက်နားရွက်မှို -သုံးပွင့်
☘️Sh*takeမှို -သုံးပွင့်
☘️ငရုပ်ပွ(Bell Pepper)-တစ်တောင့်
☘️ကြက်ဥ -တစ်လုံး
☘️ကြက်သား -100g
☘️ဆီ(သံလွင်ဆီ(သို့)ပဲဆီ -ထမင်းစားဇွန်း ၂ဇွန်း
( 240 caloriesနီးပါးရှိတာမို့ diet သမားတွေ လိုသလောက်သာထည့်ပါနော်)
☘️ငရုပ်ကောင်း၊ တရုတ်မဆလာ၊ ကြက်သားမှုန့်တို့လိုအပ်ပါတယ်။
-ပြင်ဆင်ကြရအောင်🧑🍳
✨ပထမဆုံးကြွက်နားရွက်မှိုနဲ့ Sh*takeမှိုတွေကို ရေဆေးပြီး၁၅မိနစ်လောက်ရေစိမ်ထားပါ။
မှိုတွေပွလာရင် ပါးပါးလှီးလိုက်ပါ။ ငရုပ်ပွကိုလည်း အစေ့တွေထုတ်ပြီး ပါးပါးရှည်ရှည်လေးတွေ လှီးပါမယ်။
✨ကြက်သားကိုတစ်ကိုက်စာလေးတွေအရင်တုံးပါ။ ပြီးရင်တော့ ပဲငံပြာရည်အကျဲ၊ ABC Soy Sauce၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူမှုန့် နဲ့ ငရုပ်ကောင်းအနည်းငယ်စီ ထည့်ပြီး နှပ်ထားလိုက်ပါ။
✨ဝဥကြာဇံကိုတော့ ၅မိနစ်လောက် ပြုတ်ထားပြီးရေစစ်ထားပါ့မယ်။ ပြုတ်တဲ့အခါရေနွေးထဲ ဆီလေးနည်းနည်းထည့်ဖို့ မမေ့ပါနဲ့။ ဝဥကြာဇံတွေကပ်ပြီး လုံးမသွားအောင်ပါ။
-ကဲ ကြော်လိုက်ကြစို့👩🍳
👨🏻🍳ကြက်ဥတစ်လုံး မွှေကြော်ပြီးဆယ်ထားမယ်နော် ။ ပြီးရင်တော့ နှပ်ထားတဲ့ ကြက်သားထည့်ကြော်လိုက်ပါ။ ကြက်သားတွေကျက်ရင်တော့ မှိုတွေနဲ့ငရုပ်ပွထည့်လိုက်ပါ။
👨🏻🍳မှိုနဲ့ငရုပ်ပွ နွမ်းလာရင်ပြုတ်ထားတဲ့ ဝဥကြာဇံနဲ့ ကြက်ဥကြော်ထည့်ပြီး သမသွားအောင် ဖြည်းဖြည်းချင်း မွှေပါ့မယ်။ အရသာအတွက် ကြက်သားမှုန့်လေးဖြူးပါ။
👨🏻🍳နောက်ဆုံးအနေနဲ့ ငရုပ်ကောင်းနဲ့ တရုတ်မဆလာ ပါးပါးဖြူးလိုက်ရင်တော့ အနံ အရသာနဲ့ပြည့်စုံပြီး၊ အာဟာရပြည့်ဝတဲ့ ဝဥကြာဇံကြော်လေးရပါပြီ 🤤။
အဲ့ဒီတော့ အစားကောင်းလည်းကြိုက် ဝိတ်တတ်မှာလည်း ကြောက်တဲ့သူတွေနဲ့ ဆီးချိုသမားတွေ အတွက်တော့ ဒီနည်းလေးက ကွက်တိပဲနော် 🤗။ ဒါ့အပြင်ကျန်းမာရေးနဲ့ညီညွတ်ပြီး အရမ်းစားကောင်းတာလို့ ဝိတ်မချတဲ့လူတွေရော၊ အချက်တစ်လိုင်းတွေပါ ကြော်စားကြည့်ဖို admin တိုက်တွန်းချင်ပါတယ်။
#အဆာခံစရာမလိုဝိတ်ချကြမယ်
#ဝဥကြာဇံ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
32nd Street × 75th St
Mandalay
