ME ME HNIN Online shop

ME ME HNIN Online shop

Share

Brand

20/11/2023

တစ်ခါတလေတော့လည်း လူတစ်ချို့အကြောင်း
သိရတဲ့အခါ တိတ်တိတ်လေး ထိုင်အံ့သြနေရုံက
လွဲပြီး ဘာမှမလုပ်ချင်တော့ဘူး။

ကိုယ့်အပေါ်ကောင်းသလိုလိုနဲ့ ရှေ့တစ်မျိုး၊
ကွယ်ရာ တစ်မျိုး ဆက်ဆံရေးတွေ၊

ကြီးကြီးကျယ်ကျယ် စကားတွေပြောပြီး
စကားနဲ့မညီတဲ့ လုပ်ရပ်တွေ

အားပေးဖေးမသလိုလိုနဲ့ ရိုက်ချိုးသွားတဲ့ ပါးစပ်တွေ၊

ရေးနေတဲ့စာတွေနဲ့ မတူညီတဲ့ စိတ်ဓာတ်တွေ၊✍️✍️✍️

နောက်ကျောဓားနဲ့ထိုးတဲ့ လက်တွေ၊

ပြဿနာမရှိဘဲ မခေါ်မပြောနိုင်တော့တဲ့ လူတွေ

နီးရာဓားကြောက်ရတယ်ဆိုတဲ့ လူတွေအကြောင်း သိရတဲ့အခါ
တကယ်ပါ တိတ်တိတ်လေးပဲ အံ့သြနေမိတော့တာ။

သူက ဒီလိုလူပါလား။
သူက ကိုယ့်အပေါ် ဒီလိုပါလား ဒီလောက်ပဲ တွေးတော့တယ်။
ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတဲ့ မေးခွန်းတွေလည်း မမေးချင်တော့ဘူး။
တစ်ယောက် တစ်ခွန်း စကားတွေလည်း မများချင်တော့ဘူး။

တစ်ခါတလေတော့လည်း မျက်နှာဖုံးတွေနဲ့ လူတွေကို
ထိုင်ကြည့်ရတာ ရယ်စရာတော့ကောင်းသား...

Crd ကျေးဇူးတင်ပါသည်

14/07/2023

🌻🌻မဂ်လာနေ့လည်ခင်ပါရှင့်
🌄🌄မိုးအေးအေးနဲနေလိုကောင်းပါတယ်
💕💕ချစ်ညီမလေးကြွေရုပ်လေးကျွေးတဲ
💕🥰စေတနာမေတ္တာစား
🍜🍜မာလာရှမ်းကော့
🍛🍛ဖတ်ထုပ်ကြော်
😘👍စားလိုအရမ်းကောင်းပါတယ်
💕🥰သမီး
💕💕💕💕ကျေးဇူးတင့်ပါတယ်
💕💕အလုပ်တွေအများကြီးဖြစ်ပါစေ
👌👌အသက်ရှုတိုင်းငွေတွေဝင်ပါစေ💕💕

07/07/2023

ကျွန်တော် အကြံမပေးတော့ပါ

တစ်ခါက ကုန်ပစ္စည်းတွေကို အထမ်းနဲ့ထမ်းပြီး လှည့်လည်ရောင်းချတဲ့ ကုန်သည်တစ်ယောက်ရှိသတဲ့။ ထမ်းပိုးရဲ့ အရှေ့ဘက်မှာရှိတဲ့တောင်းထဲမှာ ကုန်တချို့ကိုထည့် အနောက်ဘက်တောင်းထဲမှာတချို့ ထည့်ပြီး ရွာစဉ် ရွာတန်းတလျောက် လှည့်လည်ရောင်းချရတာပေါ့။

အဲဒီလိုလှည့်လည်ရောင်းချရင်း နွေနေ့လည်တရက် မှာ ရွာနှစ်ရွာကြားမှာရှိတဲ့ ဇရပ်အိုတစ်ဆောင်နားရောက်တော့ ခရီးတစ်ထောက်နားဖို့ ဇရပ်ပေါ်တက်လာတာပေါ့။ ပါလာတဲ့ ကုန်တွေရဲ့ တစ်ဝက်ကျော်ကျော်လောက် ရောင်းခဲ့ပြီးပြီဆိုတော့ အေးအေးဆေးဆေး နားလိုက်ဦးမယ်ဆိုတဲ့ အကြံနဲ့ပေါ့။

ကုန်ကသာတစ်ဝက်လောက်ရောင်းခဲ့ရတာ ထမ်းလာတဲ့ဝန်ကတော့ ထူးပြီးရော့မလာခဲ့တော့ပင်ပန်းတာပေါ့။ဇရပ်ပေါ်တက် အထမ်းလေးချ ချွေးလေးသုတ် ဇရပ်ပေါ်ကရေအိုးထဲက ရေလေးသောက်ပြီးတော့ ခံတွင်းကချဉ်လာလို့၊ ဆေးပေါ့ လိပ်ကလေးကိုထုတ် ဖင်စီခံကလေးကိုကြမ်းနဲ့ခေါက် မီးညှိဖို့လုပ်တော့ မီးခြစ်ကပါမလာဘူး။ အဲဒီအချိန်ကြမှ မီးတို့ဖို့ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ ဇရပ်ထောင့်တစ်ဖက်မှာ အေးအေး လူလူနဲ့ ဆေးလိပ်ဖွာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ ဒီလိုနဲ့ ဆေးလိပ်မီးညှိရင်း စကားစမည်ပြောဖြစ်ကြတာပေါ့။

ဇရပ်မှာအရင်ရောက်နေသူက
"မိတ်ဆွေရယ် ခင်ဗျား ဝင်လာကတည်းကကျုပ် ကြည့်နေတာ၊ နားမလည်တာလေးတစ်ခုရှိလို့ မေးခွင့်ပြုပါဗျာ" ဆိုတော့ အထမ်းသည်ကလည်း "မေးပါဗျာ။ ဘာများသိချင်လို့ပါလဲ"
လို့ခွင့်ပေးတော့
"ခင်ဗျားအထမ်းရဲ့ တောင်းတွေထဲမှာ မရောင်းရသေးတဲ့ကုန်တွေကြားထဲမှာ
ကျောက်တုံးကျောက်ခဲတွေ ရောထည့်ထားတာကို နားမလည်လို့ပါ" လို့ဇဝေဇဝါနဲ့မေးလိုက်တယ်။

အဲဒီတော့ အထမ်းသည်က
"ဪ ဒါလား၊ ကျုပ်က ရွာစဉ်တလျောက် ရောင်းလာပြီးတော့
ကုန်တချို့ ကုန်သွားတယ်လေ။
ကုန်တွေကုန်သွားတော့ ထမ်းပိုးရှေ့နောက်က အလေးချိန်မတူတော့ဘူးလေ။
ခင်ဗျားသိတဲ့အတိုင်းပဲ။ ထမ်းပိုးဆိုတာရှေ့နောက်အလေးချိန်ညီမှ ထမ်းရတာ သက်သာတာလေ။အဲလိုအလေးချိန်ညီအောင်လို့
😀 ကုန်ပစ္စည်းတစ်ခု ရောင်းရတိုင်း အလေးချိန်တူတဲ့ ကျောက်ခဲတစ်လုံးကို တောင်းထဲပြန်ထည့်ထားတာလေ။
😀 တောင်းနှစ်တောင်း အလေးချိန်ညီနေတော့ ထမ်းရသက်သာတာပေါ့ဗျာ။
😀 နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေပေါ့။ ဟဲ ဟဲ ဟဲ ဟဲ"😀😀😀ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ဖြေလိုက်တယ်။

အရင်ရောက်နေသူက အနည်းငယ်စဉ်းစားပြီး

" မိတ်ဆွေရယ် ရှေ့နောက်အလေးချိန်ညီဖို့ဆိုရင် ကျောက်တုံးကျောက်ခဲတွေ ထည့်စရာမလိုပါဘူး၊ မကုန်သေးတဲ့ ကုန်တွေကိုပဲ ရှေ့တောင်းနဲ့ နောက်တောင်းထဲမှာ အလေးချိန်မျှအောင် ခွဲထည့်လိုက်ရင် အလေးချိန်လည်းမျှ ခင်ဗျားထမ်းရတဲ့ဝန်လည်းပေါ့တာပေါ့ဗျာ။" လို့ အကြံပြုသတဲ့။

အထမ်းသမားလည်း အကြံပေးတဲ့အတိုင်း လုပ်ကြည့်တော့ အတော်လေး အဆင်ပြေတာကိုတွေ့ရတာပေါ့။

" ဟာ ဟုတ်လိုက်လေ မိတ်ဆွေရယ်။ တော်တော်အဆင်ပြေတာပဲ။ ကျုပ်တော့ တစ်ခါမှ မစဉ်းစားမိဖူးဗျာ။ ကျေးဇူးတင်လိုက်တာဗျာ။ "
လို့ ဝမ်းသာအားရပြောပြီး ထမ်းပိုးကိုကောက်ထမ်း ခရီးဆက်မယ်လုပ်ရင်း

" ခင်ဗျားတော်တော်ဉာဏ်ကောင်းတဲ့လူပဲဗျာ။ တော်ရုံလူတော့ မဟုတ်နိုင်ဘူး။ အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့သူဖြစ်မယ်ထင်တယ်။ခင်ဗျားရဲ့အလုပ် အကိုင်လေး ပြောပါဦး"လို့မေးလိုက်တယ်။

"မခက်ခဲပါဘူးဗျာ။ ခင်ဗျားကအတွေ့အကြုံသာရှိပြီး စဉ်းစားဆင်ခြင်သုံးသပ်မှုအားနည်းလို့ မမြင်တာပါ။ ဪ ဒါနဲ့ ... ကျုပ်က ဒီအနီးနားတဝိုက်မှာ တောင်းရမ်းစားသောက်နေတဲ့ သူဖုန်းစားတစ်ယောက်ပါ။" လို့ ပြန်ဖြေသံကြားလိုက်ချိန်မှာတော့ ကုန်သည်ကြီးက

😀 "ဘာ.. ဘာ .. ဘာကွ။
မင်းက သူတောင်းစား ဟုတ်လား?!?
ပင်ပန်းရင် ပင်ပန်းပါလေ့စေ၊ ငါလိုလူမျိုးက မင်းလို သူတောင်းစားပေးတဲ့အကြံတော့ လက်မခံနိုင်ဘူး၊" ဆိုပြီး အရင်ဖယ်ထားတဲ့ ကျောက်တုံးတွေ တောင်းထဲပြန်ကောက်ထည့် ထမ်းပိုးကိုထမ်းပြီး ထွက်သွားပါတော့တယ်။

သူတောင်းစားခင်ဗျာ..ဘာပြောရမှန်းမသိ..အံ့သြ ငေးမောပြီး ကျောက်ခဲ နှင့် အရောင်းပစ္စည်း ရော နှောထည့်ထားသော လေးလံသည့် ထမ်းဘိုးကို ထမ်းပြီး ထွက်သွားသည့် ကုန်သည်ကို ကြည့်ရင်း သက်ပြင်းချကာ....
နောက်နောင် ...အတွေ့အကြုံ များပြီး စဉ်းစားဆင်ခြင်ဉာဏ်နည်းသူများကို မည်သည့်အကြံမှ မပေးတော့ပါ..လို့ ဆုံးဖြတ်လိုက်ပါတော့သည်။

( ယနေ့ခေတ်ခါတွေးစရာပါ... ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်ကို ပြန်ပြီးဖောက်သည် ချတာပါ။)
Credit=

27/06/2023

ဘာမှာမပါပဲလာခဲ့ရတဲ့ဘဝ
ဘာမှာမပါဘဲပြန်ကြရဦးမယ့်ဘဝတွေအချိန်တွေကုန်တာမြန်းလိုက်တာ

21/06/2023

ညီအစ်မအရင်းမောင်နှံမအရင်းတွေဖြစ်ကြပါသော်လည်း တစ်ယောက်နှင့်တစ်ယောက် ကုသိုလ်ကံ အကျိုးပေးပုံချင်းကားကွဲပြားခြားနားကြလေသည်။

ဥတုကြောင့်ဖြစ်သော သစ်ပင်များ၌တစ်ပင်တည်း အသီးများမှာ တူလျှက်သာရှိကြ၏။

ဥပမာပေါ့နော့..

သရက်ပင်၏ အသီးများမှာ တစ်လုံးနှင့်တစ်လုံး အနံ့အရသာ မကွဲကြ...

သတ္တဝါများ၌ကား ထိုသို့မဟုတ်။

မိဘတို့၏ ဥတုတွေ ကြောင့် ဖြစ်ရခြင်းဟူသော တစ်မိပေါက်သားသမီးများပင်အလွန်ခြားနားတတ်ကြပါတယ်။

တစ်မိ၀မ်းအတွင်းမှ ပေါက်ဖွားသော မွေးချင်း မောင်နှံမ ညီမချင်းပင်ဖြစ်ကြသော်လည်း သစ်ပင်သစ်သီးကဲ့သို့ အရသာကားမတူ အနံ့တစ်မူလည်း ကွဲပြား အခွဲအသား သည် တို့့လည်းခြားနားနေသလို

စိတ်နေသဘောထား...

ဥာဏ်ရည်....

ရုပ်ရည်...

ဓနဥစွာ..

ခြွေရံသင်းပင်..

စသည်အားဖြင့် ကွဲပြားတတ်ကြပါတယ်။

ဤကဲ့သို့ အဖေတူ အမေတူ ဖြစ်ပါလျှက်နှင့်ကွဲပြားခြားနားကြသည်ကို
ကျွန်တော် ထောက်ရှု့့ လေ့လာကြည့်နေရာ
ဘာတွေ့သလဲ သတိထားမိတာ ကတော့
ယခုဘ၀ မိဘအကြောင်းမှတစ်ပါး ရှေးအကြောင်းတစ်မျိုးလည်းရှိနေပါတယ်။
ရှိရ၏။

ဘာလဲဆိုတော့ ထို့အကြောင်းဟာ
မိမိပြုခဲ့သည့် "ကံ"သာ ဖြစ်ပါတယ်။

မမြင်နိုင်သော အတိတ်ကာလ ရှေးရှေး ဘ၀များက ကျွန်တော်တို့တတွေ ကိုယ်တိုင်းပြုခဲ့ကြသည့်

ကာယကံ...

၀စီကံ...

မနောကံ...တို့

အဟုန်သတ္တိ...

ဂုဏ်သတ္တိ ...အလိုက် အကောင်း အဆိုး စံစားခံစားနေကြရခြင်းဟု ဆိုရပါလိမ့်မယ်။

အခွင့်အရေးဆိုသည်ကား အမြဲတမ်း ရှိနေသည်မဟုတ်။

အကြောင်းဆုံ၍ ကြုံကြိုက်မှ ပေါ်ပေါက်တတ်ပါတယ်။

ထို့သို့ပေါ်ပေါက်လာသည့် အခွင့်အရေးကိုလည်း
ရအောင်ယူတတ်မှရ၏

ယနေ့ကို အသုံးချခြင်းသည် "ကံ"ဖြစ်၏။

ယင်းကံသည် အကောင်းလား?

အဆိုးလား?ဟူ၍ ခွဲခြားတတ်ရန် အဓိကလိုအပ်ပါတယ်။

အကောင်းသည် အကောင်းကိုပေးနိုင်ပြီး အဆိုးသည် ဆိုးကျိုးဖြစ်စေ၏။

ဤသည်လျှင် ကံနှင့်ကံ၏အကျိုးဖြစ်ပါသည်။

လူတိုင်းမှာ"ကံ"ရှိ၏။

ယင်းကံသည် အကောင်းကံလား?

အဆိုးကံလား? ဆိုတာကို

ထိုသူ၏ဖြစ်ရပ်....

ထိုသူ၏ ခံစားနေရသော လက်ရှိဘ၀....နှင့် ဆက်စပ်၍ နားလည်ကြရပါသည်။

စင်စစ်ကံသည် စေတနာမှာ အရင်းခံ၏။

စေတနာကောင်းလျှင် ကံကောင်းသည်။

စေတနာဆိုးလျှင် ကံဆိုးသည်။

စေတနာသည်

ကိုယ်...

နှုတ်...

စိတ်...
သုံးပါးတို့နှင့်ပေါင်းဖတ်မိသောအခါ ကံဖြစ်သွားလေပါတော့သည်။

ချစ်ခင်လေးစား ရိုသေစွာဖြင့်
၁၆-၆-၂၀၁၈
နံနက်၅း၅၀

နေမျိုးသွင်

NayMyo Thwin
Crd

21/06/2023

အဲ့သည်လူရဲ့အသုဘ
မနက်ဖြန် ချပါမယ်။
🟣 🟣 🔵 🟣 🟣

လေယာဉ်မှူး

လေယာဉ် သန့်ရှင်းရေး အလုပ်သမားတယောက်ဟာ လေယာဉ်မှူးရဲ့ အခန်းကို
သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားတော့

"အတွေ့အကြုံမရှိသေးသူများအတွက်လေယာဉ်ပျံသန်းနည်း (အတွဲ၁)"

ဆိုတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်ပါတယ်။

သူကပထမ စာမျက်နှာကိုလှန်လိုက်ပါတယ်။

''အင်ဂျင်ကို နိုးရန် အတွက် အနီ ရောင် ခလုပ် ကို နှိပ်ပါ၊"

အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေယာဉ်အင်ဂျင် စက်နိုးသွားတော့..သူပျော်သွားပြီး နောက်စာမျက်နှာကို လှန်လိုက်ပါတယ်။

“လေယာဉ်ရွေ့လျားဖို့အတွက် အပြာရောင်ခလုတ်ကို နှိပ်ပါ…” ဆိုတော့
သည်အတိုင်း လုပ်တာ
လေယာဉ်ဟာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ ရွေ့လျားလာပါတော့တယ်။

လေယာဉ်ကိုပျံကြည့်ချင်လာတာနဲ.. တတိယမြောက်စာမျက်နှာကို လှန်ကြည့်လိုက်တော့ ...

''လေယာဉ်ပျံသန်းဖို့အစိမ်းရောင် ခလုတ်ကို နှိပ်ပါ.''..

အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေပျံကစပြီး ပျံသန်းတော့..သူ ရင်ခုန်သွားတယ်...!!

မိနစ် (၂၀) လောက် ပျံသန်းကြည့်ပြီးတဲ့ အခါကျတော့ကျေနပ်သွားပြီး လေယာဉ်ပျံ ကို
ပြန်ဆင်းချင်တာနဲ့စာမျက်နှာ (၄) ကိုဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...

စာမျက်နှာ (၄) မှာ ရေးထားတာက...

"လေယာဉ်ဆင်းသက်နည်းကို သိချင်ရင် အနီးဆုံးစာအုပ်ဆိုင်မှာ အတွဲ ၂ ကိုဝယ်ပါ။"

အဲ့သည်လူရဲ့အသုဘ
မနက်ဖြန် ချ ပါမယ်။
.....သင်ခန်းစာ-......

အချက်အလက်ပြည့်စုံမှုမရှိဘဲနဲ့ ဘယ်အရာကိုမှကြိုးစားမကြည့်ပါနှင့်။

တစ်ပိုင်းတစ်စသိထားတဲ့ ပညာရပ်ဟာ အန္တရာယ်ရှိယုံမျှမက အပျက်သဘော ပါ ပါတယ်။

သားသမီးတွေကို ပညာကောင်းကောင်း သင်ပေးပါ။

Credit to original writer.

20/06/2023

အရမ်းကောင်းတဲ့စာ (၁) မိနစ်ပဲ
အချိန်ပေးပြီး ဖတ်ကြည့်ပါ ...

လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။

ဆက်ပြင်တယ်။ (၁၅) မိနစ်၊ နာရီ၀က်၊ တစ်နာရီ မရဘူး။

လက်လျှော့လိုက်ပြီး ကား၀ပ်ရှော့ပ်ဆိုင်တစ်ခုကိုရှာပြီး ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။

ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။

(၃) မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။

" ဘယ်လောက်ကျသလဲ ကောင်လေး "

" (၅၀၀၀) ကျပ်ကျပါတယ် "

" (၃) မိနစ်ပဲ ပြင်ရတာကို (၅၀၀၀) က မများလွန်းဘူးလားကွ "

" ဦးလေး ဘာအလုပ် လုပ်နေပါသလဲ "

" ဆရာ၀န် "

" ဟုတ်ကဲ့ပါ ဆရာ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက (၂၀၀) ကျပ်ဖိုးလောက်ပဲတန်တဲ့ ဆေးအတွက် (၅၀၀၀) ကျပ် ယူတယ်မလား "

" ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ ပညာကို သိအောင်လေ့လာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်ကွ… ဆေးဖိုးယူတာမဟုတ်ဘူး……ပညာဖိုးကို ယူတာ "

" ဟုတ်ကဲ့။ ကျွန်တော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီ…ပျက်နေတဲ့ ကားတစ်စီးကို (၃) မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျွန်တော်လည်း (၁၀) နှစ်မက လေ့လာခဲ့ရပါတယ်ဆရာ"

သင်ခန်းစာ
=======

ကိုယ့်ပညာကိုလည်း လေးစားပါ၊ သူတစ်ပါး၏ပညာကိုလည်း လေးစားပါ။ အတတ်ပညာတိုင်းကို တန်ဖိုးထားပါ။

အသိပညာ၊ အတတ်ပညာတို့ကို တတ်မြောက်ကြအောင် သင်ထားကြဖို့ တိုက်တွန်းပေးသည့် ဥပမာကောင်း တစ်ခုဖြစ်ပါသည်။

Thi Ha🇲🇲

ချစ်ခြင်းများဖြင့်...

Moy Tun ( စာပေ ပရဟိတ )
Credit

29/11/2020

.........မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေပါရှင်............🙏🙏🙏🙏🙏🙏🪔🪔🪔🙏🙏🙏🙏🙏🙏......
၇ရက်သားသမီးများအားလုံး ..စိတ်အေးချမ်းသာစွာ
ကောင်းမှု့ကုသိုလ်ပြုနိုင်ကြပါစေ....🙏🙏🙏🙏🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay