MyCare Hand Sanitizer

MyCare Hand Sanitizer

Share

Hand Sanitizer with Moisturizer

29/11/2021

@@@ စိတ်ပူစရာ Covid မျိုးကွဲသစ် Omicron လို့ WHOက​ကြော်ငြာ

# Omicron ကိုးဗစ်မျိုးကွဲသစ်ကို အာဖရိကမှအစပြုပြီး နိုင်ငံအများအပြားမှာ ကူစက်တွေ့ရှိလာတဲ့ ၅ ခု​မြောက် စိတ်ပူစရာမျိုးကွဲ ဗိုင်းရပ်စ်သစ်အဖြစ်၂၆ .၁၁.၂၀၂၁ မှာ WHO က သတ်မှတ်​ကြေငြာခဲ့ပါတယ်
( ပထမ- အယ်လ်ဖာမျိုးကွဲ
ဒုတိယ - ဘီတာမျိုးကွဲ
တတိယ - ဂါမာ မျိုးကွဲ
စတ္ထုထ - ဒယ်လ်တာမျိုးကွဲ
ပဥ္စမ - Omicron မျိုးကွဲ )

# Omicron ကိုဗစ်မျိုးကွဲရဲ့ထူးခြားချက် က ​ဗ်ိုင်းရပ်စ်နေရာ ၅၀ ​လောက် ​ပြောင်းလဲ​နေတာ​တွေ့ရ ၊ ထိုအထဲ ၃၀ ​နေရာ​ပြောင်းလဲမှုက spike protein ​( တွေဆို​တော့ ကာကွယ်​ဆေးရဲ့ ထိ​ရောက်မှု ကိုအ​ပြောင်းအလဲရှိမရှိ စမ်းသပ်​နေကြပါပြီ , modera နဲ့ pfizer company ​တွေက​တော့ ယခုကာကွယ်​ဆေး​မှာ ထပ်တိုး မျိုးကွဲသစ်ကိုခုခံနိုင်တဲ့ထပ်​ဆောင်း ​လေ့လာ စမ်းသပ်​နေကြပြီဖြစ်တဲ့အတွက် ရက်​ပေါင်း ၁၀၀ အတွင်း ​စျေးကွက်မှာ ​ရောက်ရှိလာနိုင်ပြန်တယ်လို့ Insider သတင်းမှကိုးကား​ဖော်ပြပါတယ် ( NIH director Fransis Collins ​ပြောကြားချက်အရ)

# Omicron ရဲ့ ထူးခြားမှုက ကူးစက်မြန်မှုက မြန်မာပြည်မှာ တတိယလှိုင်း ဖြစ်ခဲ့တဲ့ ဒယ်လ်တာ မျိုးကွဲထက် အဆ​ပေါင်းများစွာကူးစက်မြန်တယ်လို့ ​တွေ့ရှိထားပါတယ် ။

# Omicron မျိုးကွဲရဲ့ ကူးစက်မှု ပဥ္စမလှိုင်းသစ်ကို အ​မေရိကန်ပြည်​ထောင်စုမှာ ခံစားရမည် ဖြစ်​ကြောင်း Dr. Anthony Fauci မှ insider သတင်းဌာနမှာ​ပြောကြားထားပါတယ် - ဒီကူးစက်မှုလှိုင်းကြီး ဖြစ်မဖြစ်က ကာကွယ်​ဆေး တိုးမြင့်ပြီးမြန်မြန်ထိုးတဲ့အ​ပေါ် မူတည်တယ် လို့တိုက်တွန်းထားပါတယ် ။ ယခုလက်ရှိ John Hopkin University စစ်တမ်းအရ အ​မေရိကန်ပြည်​ထောင်သုလူဦး​ရေရဲ့ ၅၉% ​သောပြည်သူ​တွေဟာကာကွယ်​ဆေးထိုးပြီးပါပြီ Herd Immunity ရဖို့ ၉၀% ​သောနိုင်ငံသား​တွေ ထိ​ရောက်​အောင်ထိုးဖို့ တိုက်တွန်းထားပါတယ် ။

# ဘာပဲ​ပြော​ပြော ကျ​တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်​ဆေးထိုးဖို့ တိုက်တွန်းလိုပါတယ် ။ မိမိကစပြီး မိသားစု မိမ်ပတ်ဝန်းကျင် ရပ်ရွာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုဗစ်​ကူးစက်မှုကြီးထပ်မဖြစ်​အောင် ကာကွယ်​ဆေးထိုးကြဖို့ အ​ရေးကြီး​ကြောင်းထပ်​လောင်းတိုက်တွန်းလိုပါတယ် ။

# ကိုဗစ်ကာကွယ်​ဆေးထိုးပြီးတဲ့ နိုင်ငံ​တွေရဲ့ အ​နေအထား​​အောင်ပါပုံ လေ့လာကြည့်ရ​အောင် ။

​စာအချက်အလက်ဘာသာပြန်များမှာ ​အောက်ပါလင့်ခ်မှကူးယူဖော်ပြခြင်းဖြစ်ပါတယ် ။

​ဒေါက်တာဂျူးဂျူး

https://ourworldindata.org/covid-vaccinations

https://www.businessinsider.com.au/omicron-variant-has-a-record-number-of-mutations-nih-director-2021-11?r=US&IR=T

https://www.businessinsider.com.au/fauci-fifth-wave-omicron-threat-looms-2021-11?r=US&IR=T

18/10/2021

📣📣📣Canta အောက်ဆီဂျင်စက် သီတင်းကျွတ်အထူးစျေးနှုန်း (၁၂၅၀၀၀၀)ကျပ်📣📣📣

💠World-wide certificate လက်မှတ်များစွာရရှိထားသော Shenyang Centa Medical Tech Co.,Ltd မှထုတ်လုပ်သော
CANTA V-series (10L\min) Oxygen Concentrator
💠Medical Grade ဖြစ်သည့်အပြင် WHO နှင့် UNICEF အသိအမှတ်ပြုပြီး (ISO,FDA,CE,FCC)စသည့် လက်မှတ်များစွာရရှိထားသောကြောင့်
အရည်အသွေးအထူးစိတ်ချရသည့် အမှတ်တံဆိပ်ဖြစ်သည်။
💠Oil Free Compresor ဖြစ်သည့်အပြင် အရည်အသွေးမြင့်မားသည့်အတွက် O2 Stable ဖြစ်ကာ (24Hr) အချိန်ကြာမြင့်စွာဆက်တိုက်အသုံးပြုနိုင်သည်။
💠စက်သံဆူညံမှုကိုလျော့ချပေးသည့်စနစ်အပြင် လွယ်ကူစွာသယ်ဆောင်နိုင်သော ဒီဇိုင်းပုံစံစနစ်၏ထူးခြားမှု ရှိခြင်း။
💠Dual People Oxygen စနစ်အပြင် အောက်ဆီဂျင်သန့်စင်မှု့ 82%အောက်ကျသွားပါက အချက်ပေးသည့် စနစ်တပ်ဆင်ထားခြင်း။
​* Super Low Noise
​* Lifespan of Molecular Sieves
​* Overheat Alarm
​* Power Failure Alarm
​* Timing Function
​* Pressure Failure Alarm
​* Working Hours Display
Product Specification
​Flow rate: 0-10 L/min
​Purity: 93±3 %( 93%-96%)
​Power Consumption: 550 W
​Working Voltage: 230V AC
​Outlet Pressure: 0.04-0.08Mpa
​Noise Level: ≤48 dB
​Product Category: Class II a
​Net Weight: 25 kg
​Dimension (mm): 390 x 337 x 620 mm
Aircargo ဖြင့်တင်သွင်းလာပြီး အလုံးရေကန်သတ်ချက်ဖြင့်သာ စက်ရုံထုတ်စျေးနှုန်းအတိုင်း ရောင်းချပေးပါသည်။
💠💠💠ပရဟိတအသင်းများအတွက် အလုံးရေအလိုက် စျေးနှုန်းသတ်မှတ်ထား ပါသည်။💠💠💠

Instock Now @ Mandalay & Yangon
ဆက်သွယ်ရန်ဖုန်း - 0991002720

28/08/2021

💠 World-wide certificate လက်မှတ်များစွာရရှိထားသော Shenyang Centa Medical Tech Co.,Ltd မှထုတ်လုပ် သော CANTA V-series (10L\min) Oxygen Concentrator
💠Medical Grade ဖြစ်သည့်အပြင် WHO နှင့် UNICEF အသိအမှတ်ပြုပြီး (ISO,FDA,CE,FCC)စသည့် လက်မှတ်များစွာရရှိထားသောကြောင့် အရည်အသွေးအထူးစိတ်ချရသည့် အမှတ်တံဆိပ်ဖြစ်သည်။
💠 Oil Free Compresor ဖြစ်သည့်အပြင် အရည်အသွေးမြင့်မားသည့်အတွက် O2 Stable ဖြစ်ကာ (24Hr) အချိန်ကြာမြင့်စွာဆက်တိုက်အသုံးပြုနိုင်သည်။
💠 စက်သံဆူညံမှုကိုလျော့ချပေးသည့်စနစ်အပြင် လွယ်ကူစွာသယ်ဆောင်နိုင်သော ဒီဇိုင်းပုံစံစနစ်၏ထူးခြားမှု ရှိခြင်း။
💠 Dual People Oxygen စနစ်အပြင် အောက်ဆီဂျင်သန့်စင်မှု့ 82%အောက်ကျသွားပါက အချက်ပေးသည့် စနစ်တပ်ဆင်ထားခြင်း။
​* Super Low Noise
​* Lifespan of Molecular Sieves
​* Overheat Alarm
​* Power Failure Alarm
​* Timing Function
​* Pressure Failure Alarm
​* Working Hours Display
Product Specification
​Flow rate: 0-10 L/min
​Purity: 93±3 %( 93%-96%)
​Power Consumption: 550 W
​Working Voltage: 230V AC
​Outlet Pressure: 0.04-0.08Mpa
​Noise Level: ≤48 dB
​Product Category: Class II a
​Net Weight: 25 kg
​Dimension (mm): 390 x 337 x 620 mm
Aircargo ဖြင့်တင်သွင်းလာပြီး အလုံးရေကန်သတ်ချက်ဖြင့်သာ စက်ရုံထုတ်စျေးနှုန်းအတိုင်း ရောင်းချပေးပါသည်။
💠💠💠ပရဟိတအသင်းများအတွက် အလုံးရေအလိုက် စျေးနှုန်းသတ်မှတ်ထား ပါသည်။💠💠💠
Instock Now @ Mandalay & Yangon
ဆက်သွယ်ရန်ဖုန်း - 0991002720

20/07/2021

ဆရာ့ရဲ့ အတွေ့အကြုံလေးများကိုဝေမျှပေးလိုက်ပါတယ်နော် ..

12/07/2021

အောက်ဆီဂျင် အရမ်းကျနေတဲ့ ကိုဗစ်နိုင်တင်းလူနာများအတွက် အသက်ရှူရလွယ်ကူပြီး အဆုတ်အတွက်လေဝင်လေထွက်ကောင်းအောင် ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာလေးကိုမျှဝေပေးလိုက်ပါတယ်
အားလုံးပဲကျန်းမာချမ်းသာပြီး ကပ်အမျိုးမျိုးကိုကျော်လွှားနိုင်ကြပါစေ 🙏🙏🙏

09/07/2021

Covid ကုထုံးနဲ့ပတ်သက်သော “ဂျင်း” များ
‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️

ဒီရက်ပိုင်းတွေမှာသတိထားမိသလောက် covid နှင့်ပတ်သက်သော “ဂျင်း” တွေ social media တွေမှာ အတော်ပြန့်နေပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ ဒီကာလမှာ လူတွေက ဒုက္ခ ပေါင်းစုံခံနေရတဲ့အထဲ covid အတွက်စိုးရိမ်ပြီး ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ မလိုအပ်တဲ့ဆေးတွေကို စျေးကြီးပေးဝယ်ပြီးသုံးတဲ့ သူတွေကသုံး၊ ကြိုပြီးစုတဲ့သူတွေကစုနဲ့ ပိုက်ဆံအပိုကုန်ပြီး တပူပေါ်နှစ်ပူဆင့်နဲ့ပိုပြီး ဒုက္ခရောက်ရတယ်။

တကယ်လိုအပ်တဲ့ဆေးတွေ oxygen တွေကို သုံးပြန်တော့လည်း Indication မရှိဘဲသုံးနေတာတွေတွေ့နေရသလို လိုတာထက်ပိုသုံးနေ တာတွေလည်းတွေ့တွေ့နေရတယ်။

ဒါကြောင့် အများအတွက်အကျိုးရှိမယ်လို့ထင်၍ကိုယ့်သိထားတာ ကလေးတွေမျှဝေတဲ့သဘောနဲ့ ရေးလိုက်တာပါ။ ဆရာလုပ်တာမဟုတ်ပါ။

Dexamethasone
💎💎💎💎💎💎
ယခုမကြာခဏတွေ့တွေ့နေတာက covid ဖြစ်ပြီဆိုတာနဲ့ ဒီဆေးကိုတန်းပြီး သုံးနေကြတယ်

ဒီဆေးက covid ဖြစ်တိုင်းသုံးရတဲ့ဆေးမဟုတ်ပါဘူး။

Covid ဖြစ်ပြီး oxygen မလိုအပ်တဲ့လူနာတွေမှာသုံးဖို့မလိုဘူး။

ရောဂါဆိုးပြီး oxygen များစွာလိုအပ်သောဆေးရုံတက်လူနာများမှာသုံးလျင် များစွာအကျိုးရှိပါသည်။

ပါးစပ်ကလည်းသောက်လို့ရသလိုအကြောဆေးအနေနှင့်လည်းထိုးလို့ရပါသည် (Dexamethasone 6mg orally or intravenously for 7-10days…WHO recommendation)

ကောင်းတာတွေလဲအများကြီးရှိသလိုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေလဲအမျာကြီးရှိပါသည်။

သူရဲ့ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိသည့်အထဲမှာ glucose တက်တာ potassium ကျတတ်တာတွေကို အထူးသတိထားဖို့လိုသည်။

ထိုအပြင်တခါတရံဆေးရုတ်တရက်ရပ်လိုက်လျင် အန္တရာယ် ဖြစ်တတ်တာမျိုးရှိတတ်သည် (Adrenal Suppression)။

ဒါကြောင့်တချို့လူနာတွေမှာဆေးကိုတဖြည်းဖြည်းလျော့ပြီးရပ်ရတာမျိုးလိုတတ်သည်။

ဆီးချိုအခံရှိတဲ့သူတွေမှာ အခန့်မတင့်ရင် သွေးတွင်း glucose ကအတော်ကိုတတ်တာမျိုးတွေတွေ့ ရတတ်သည့်အတွက် မကြာခဏဆီးချိုဖောက်ရန်လိုအပ်သည့်အပြင်တခါတရံ insulin ထိုးဖို့ထိလိုအပ်တာတွေရှိသည်။

ဒါကြောင့် Dexamethazone ဆေးသည်ဆေးရုံတက်လူနာများတွင်သာ သုံးသင့်သောဆေးဖြစ်သည်။

Remdesivir
💎💎💎💎💎💎
ယခုအချိန်တွင်ဒီဆေးတွေကို ၁လုံးကို ၁သိန်းခွဲ နှစ်သိန်းဝယ်ပြီး စုဆောင်းနေကြတာတွေတွေ့နေပါတယ်

ဒီဆေးကတကယ်တော့ covid မှာမဖြစ်မနေလိုတဲ့ဆေးမဟုတ်ပါ ။

တချို့လေ့လာချက်များအရ ဒီဆေးပေးတဲ့လူနာတွေမှာ oxygen ပိုကောင်းလာတာတွေဆေးရုံတက် ရက်တိုသွားတာတွေ စသည့်ကောင်းကျိုးတွေတော့တွေ့ရပါသည်(ACTT 1 trial)။

ဒါပေမယ့်တခြားလေ့လာတွေ့ရှိချက်မှာတော့အသက်ရှူစက်အသုံးပြုနေသောလူနာအချို့မှာသာကောင်းတာတွေတွေ့ရပြီး သာမန် oxygen လိုအပ်သောလူနာများမှာ အကျိုးသက်ရောက်မူနည်းပါးတာကိုတွေ့ ပါသည်။

သုတေသနအကြီးတွေကို ကြည့်ပြန်တော့လည်းလူနာ အများစုမှာအကျိုးသက် ရောက်မူနည်းပါးပြီး ဒီဆေးသုံးသုံးမသုံးသုံး သိပ်အကျိုးမထူးပါ(SOLIDARITY trial)
ထိုအပြင်ကျောက်ကပ်ထိခိုက်နိုင်ခြင်း၊ အသည်းရောင်ခြင်း၊ ဆေးသွင်းနေချိန် တွင်သွေးပေါင်ချိန်ကျတတ်ခြင်း၊ဆေးမတည့်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများလည်းရှိသဖြင့် အခန့်မသင့်လျင် အန္တရာယ် တောင်ဖြစ်တတ်ပါသည်။

USA မှာတော့ အချို့အခြေအနေမှာသုံးဖို့ခွင့်ပြုထားသော်လည်း WHO ကတော့သုံးရင်လည်းသိပ် အကျိုးမထူးဘူးလို့သတ်မှတ်ထားသည်။

Oxygen
💎💎💎💎💎💎
Oxygen ပေးရာတွင်သတိထားစရာတွေအများကြီးရှိသည်။

အများကြီးပေးတိုင်းလဲမကောင်းသလို မလိုအပ်ပဲရှူနေလျင်လဲမကောင်းပါ။

Pulse oximeter စက်ကလေးနဲ့လက်ကိုတိုင်းလိုက်လို့ 94% အထက်ရှိနေပြီး မောလဲမမောရင် oxygen မလိုအပ်ပါ။

Oxygen လိုအပ်လို့ပေးလျင်လဲ လိုတာထက်ပိုမပေးမိဖို့လိုတယ်။

ရောဂါဆိုးပြီး oxygen ပေးထားတဲ့သူတွေမှာ လေ့လာကြည့်တော့ oxygen saturation 92%အောက်ဆိုလျင်သေဆုံးနုန်းပိုများတာကိုတွေ့ရသည်။
Oxygen ကို လိုတာထက်ပိုပေးမိပြီး oxygen saturation 96% အထက် ရှိနေလျင်လည်းပိုသေတာကိုတွေ့သည်။

အလွယ်ပြောရလျင် oxygen ကိုလိုတာထက်ပိုပေးမိလျင် သေဆုံးနုန်းပို မြင့်သွားတတ်သည်။

ဒါကြောင့် ရောဂါသိပ်မဆိုးတဲ့လူနာများတွင် oxygen saturation 94% to 96% ထားလျင်ရသည်။

ရောဂါဆိုးတဲ့လူနာများတွင် oxygen saturation ကို 92% to 94% မှာထားရမည်။

အဆုတ်ပွရောဂါအခံရှိသူများ၊ အဝလွန်သူများ (BMI>40) တွင် oxygen saturation 88% to 92% လျော့ပြီးထားဖို့လိုအပ်သည်။

Heparin
💎💎💎💎💎💎
Covid ရောဂါဆိုးတဲ့လူနာတွေမှာ ခန္ဓာကိုယ်ရဲ့ သွေးခဲသည့်စနစ်ကိုသွားပြီး လုံ့ဆော်သည့် အတွက် နောက်ဆက်တွဲအနေနှင့်သွေးခဲမူကို ဖြစ်စေနိုင်သည်။

ခြေထောက်သွေးကြောတွေမှာသွေးခဲတာ၊ နှလုံးအဆုပ်သွေးကြောတွေမှာ သွေးခဲတာ၊ ဦးနှောက်သွေးကြောတွေမှာသွေးခဲပိတ်တာအမျိုးမျိုး တွေ့ရတတ်ပါသည်။

ဒီလိုနောက်ဆက်တွဲဆိုးကျိုးအများစုကရောဂါပြင်းထန်သော ဆေးရုံတက်လူနာတွေမှာပိုပြီးဖြစ်ပါတယ်။

ဒါကြောင့်ဒီဆေးကို ရောဂါအတော်အသင့်ပြင်းထန်သော ဆေးရုံတက် လူနာများတွင်သုံးလျင်အကျိုးရှိသည်။

ရောဂါမဆိုးသော ဆေးရုံတက်စရာမလိုသောလူနာများ (Mild covid patients) တွေမှာထိုးဖို့မလိုအပ်ပါဘူး။

အထူးသတိထားရမှာတခုက ဒီဆေးသည်သွေးကြဲဆေးဖြစ်သဖြင့် အစာအိမ်အူလမ်းကြောင်းတွင်သွေးယိုခြင်း ဦးနှောက်အတွင်းသွေးယိုစိမ့်ခြင်း နှင့် အခြားနေရာများတွင်သွေးယိုစိမ့်ခြင်းများဖြစ်တတ်သည်။

ထိုကြောင့်သုံးသင့်သည့် အခြေအနေမှာတောင် ဆရာဝန်ဖြင့်သေချာ တိုင်ပင်ပြီးမှသုံးသင့်ပါသည်။

Favipiravir
💎💎💎💎💎
Favipiravir သည် ရိုးရိုးတုတ်ကွေး (Influenza) မှာသုံးသည့် ဆေးဖြစ်သည်။

Remdesivir နဲ့ အခြေခံအားဖြင့်အာနိတင်တူတယ်။ ကွာတာက Remdesivir ကထိုးဆေးဖြစ်ပြီး Favipiravir ကစားဆေးဖြစ်ပါသည်။

Japan နိုင်ငံမှာ Influenza မှာသုံးဖို့ခွင့်ပြုထားသောဆေးဖြစ်သည်။

Avigan နာမည်ဖြင့် Japan ထုတ်ဆေးတွေကော India company ကနေထုတ်သောဆေးတွေကော စျေးကွက်ထဲမှာအများအပြားတွေ့ရသည်။

မြန်မာပြည်ကလည်း Favipac နာမည်နဲ့ AA company ကထုတ်ထားတာ ရှိသည်။

India, Russia, China နှင့် Japan မှာ ဒီဆေးကိုcovid နဲ့ပတ်သက်ပြီး လေ့လာထားတာတွေရှိတယ်။

အဖျားကျတာမြန်တာတို့ Virus ပမာဏ ကျတာတွေတို့ စသည့်ကောင်းကျိုး အချို့တော့ရှိပါသည်။

ဒါကြောင့်ဆေးရုံတက်စရာမလိုသော သိပ်မဆိုးတဲ့လူနာများ (Mild Covid) မှာသုံးတာတွေတော့ရှိပေမဲ့ ဒီဆေးနှင့် ပတ်သက်ပြီး အကျိုးအာနိတင်နှင့် အန္တရာယ် ကင်းရှင်းမူကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာထား တာမရှိပါဘူး။

ဒါကြောင့်အခုအချိန်အထိ Covid မှာ သုံးသင့်တယ်လို့သတ်မှတ် ထားသောဆေးများထဲမှာမပါဝင်ပါဘူး။

WHO Guideline အရလည်းသုံးလို့ရတဲ့ဆေးထဲမှာမပါပါဘူး။

Azithromycin
💎💎💎💎💎💎💎
Covid မှာ azithromycin သုံးရင်ကောင်းတယ်ဆိုတဲ့ “ဂျင်း” က social media တွေမှာ အတော်ကိုပြန့်နေပါတယ်။ ဆေးဆိုင်တွေမှာဆေးပြတ်တဲ့ အထိကိုဖြစ်နေတယ်။

သုတေသနလေ့လာထားတာတွေအများစုအရ azithromycin သည် covid မှာ ဘာကောင်းကျိုးမှမရှိသည့် အပြင် ဒီဆေးပေးသောလူနာအချို့မှာ Long QT လို့ခေါ်သော နှလုံးထိခိုက်မူပိုဖြစ်တာကိုတောင်တွေ့ရပါတယ်။

ဒီဆေးကို Covid လူနာတွေမှာ နောက်ဆက်တွဲ Bacteria infection ဝင်တဲ့ အနေအခြေအနေမှာတော့သုံးတာတွေတော့ရှိပေမဲ့လည်းCovid သီးသန့်အတွက်တော့ Who guideline အရကော US guideline တွေအရကော မသုံးမပြုပါ။

Tocilizumab
💎💎💎💎💎💎💎
Tocilizumab ဆိုသောဆေးသည် မြန်မာပြည်စျေးကွက်ထဲတွင်ရှိသော ဆေးတမျိုးဖြစ်သည်။

ဒီဆေးသည် RA လို့ခေါ်သောအဆစ်ရောဂါမှာအဓိကသုံးသည့်ဆေးဖြစ်သည်။

Covid ရောဂါမှာ ဒီဆေးကိုစမ်းသပ်လေ့လာထားတာတွေတော့ရှိပါသည်။

US guideline တွေမှာတော့ အသက်ရှူစက်လိုသောလူနာများ high flow Device ဖြင့် oxygen ပေးနေရသောလူနာများ တွင် ပေးတာတွေတော့ရှိတယ်။

WHO guideline update ကို စောင့်ကြည့် ရန်လိုသည်။

Antibiotic
💎💎💎💎💎💎
Covid ရောဂါဖြစ်ပြီဆိုတာနဲ့ IV antibiotic ကော oral antibiotic တွေကို ကောသုံးနေကြတာတွေကိုမကြာခဏတွေ့တွေ့နေပါတယ်။

ရောဂါအရမ်းဆိုးတဲ့လူနာများ(severe covid patients) တွင် နောက်ဆက်တွဲ bacteria infection ရှိနိုင်သဖြင့်ထိုးသင့်တာတွေတော့ရှိပါတယ်

သာမန် covid လူနာများ၊ ဆေးရုံတက်မရာမလိုသောလူနာများတွင် antibiotic ထိုးဆေးကောစားဆေး ကောမလိုအပ်ပါ

Vitamin D, Vitamin C and Zinc
💎💎💎💎💎💎💎💎💎💎💎💎💎
ဒီဆေးတွေကို အားဆေးအနေနဲ့ တရက်တလုံးလောက်သောက်တာ တွေ ကိုတော့ဘာမှမပြောလိုပါဘူး။

Covid အတွက်ကောင်းတယ်ဆိုတဲ့ သဘောနဲ့သောက်နေတာက အကျိုးမရှိပါ။

လေ့လာမူအများစုအရလည်းထူးပြီးကောင်းတာမျိုးမတွေ့ရပါဘူး။

ဒါကြောင့်ဒီဆေးများသည်သောက်သောက်မသောက်သောက်ဘာမှမထူးသောဆေးများဖြစ်သည်။

အကျဉ်းချုပ် (Summary)
✔️✔️✔️✔️✔️✔️✔️✔️✔️✔️
Dexamethazone - ရောဂါဆိုးသောဆေးရုံတက်လူနာများတွင်သုံး (IV or oral)

Remdesivir - အကျိုးမရှိ

Oxygen – 94% အောက်ကျလျင်ပေး, သိပ်မဆိုးလျင် 94% to 96% မှာထား, ဆိုးလျင် 92% to 94%မှာထား , 96% ထားလျင်ပိုသေ

Heparin - ရောဂါဆိုးသောဆေးရုံတက်လူနာတွင်လိုသည်

Favipiravir – မလို

Azithromycin - “ဂျင်း”

Tocilizumab - WHO up date စောင့်ကြည့်ရန်

Antibiotic - မလို

Vitamin D, Vitamin C and Zinc - “ဂျင်း”

အသေးစိတ်သိလိုလျင်အောက်ပါ Link များကို ဝင်ကြည့်လို့ရပါသည်။

Dexamethasone recommendation from WHO
https://www.who.int/news-room/q-a-detail/coronavirus-disease-covid-19-dexamethasone

Clinical Management of Covid 19 (WHO)
https://www.google.com/search?q=who+clinical+management+of+covid+19&source=lmns&bih=937&biw=1920&hl=en&sa=X&ved=2ahUKEwij2bqIkM_xAhVwnUsFHW1tCNUQ_AUoAHoECAEQAA #

Covid 19 pulmonary management (Medscape)
https://emedicine.medscape.com/article/2500117-overview

Pharmacological treatment of COVID-19 (Review Article)
https://www.sciencedirect.com/science/article/abs/pii/S2173572720302137

Current treatment in COVID-19 disease: a rapid review
https://www.ncbi.nlm.nih.gov/pmc/articles/PMC7850293/

Covid 19 Treatment Guideline (NIH)
https://www.covid19treatmentguidelines.nih.gov/management/therapeutic-management/

Therapeutic management of patients with COVID-19: a systematic review
https://www.ncbi.nlm.nih.gov/pmc/articles/PMC7162768/

Guidance on Oxygen Therapy for Patients with COVID-19 (NHS)https://www.leedsth.nhs.uk/assets/35b7940958/LTH-COVID-Oxygen-Guideline-v1.1-09.04.2020.pdf

Covid 19 Clinical Advice
https://www.gov.scot/collections/coronavirus-covid-19-clinical-guidance-for-health-professionals/

A review of the safety of favipiravir – a potential treatment in the COVID-19 pandemic?
https://www.ncbi.nlm.nih.gov/pmc/articles/PMC7331506/

Understanding the pharmacokinetics of Favipiravir: Implications for treatment of influenza and COVID-19
https://www.ncbi.nlm.nih.gov/pmc/articles/PMC7785424/

Dr NLA, 7.7.21

08/07/2021

♦️သူငယ်ချင်း Dr Zaw Zaw Tun ရေးထားလို့ ပြန်လည်မျှဝေပါတယ်♦️

❌❌Oxygen Cylinder ထဲမှာပါတဲ့လေ နဲ့ ခံတဲ့ကြာချိန်တလွဲကြီး share နေကြတာတွေ့လို့ပါ ❌❌

Oxygen Cylinder Size - 10L/15L/40L ဆိုတာက cylinder ရဲ့ volume (water capacity) ကိုပြောတာပါ✅✅✅

Cylinder တွေထဲပါတဲ့ oxygen volume ကတော့ Pressure ပေါ်မူတည်ပါတယ် ✅✅✅

အလွယ်မှတ်ရင် ဒီမှာရတဲ့ cylinder တွေက 40L အိုးဆိုရင် 1500 psi အထိပဲသွင်းကြတာများတယ် ✅✅✅

40L အိုး 1500 psi ဆိုရင် Oxygen Volume 5000 L ပါတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ် ✅✅✅

✅✅✅oxygen flow 5L/min - 16 hrs 40 min
✅✅✅oxygen flow 10L/min - 8 hrs 20 min
✅✅✅oxygen flow 15L/min - 5 hrs 30 min
✅✅✅HFNC 60L/min - 1 hr 20 min

10L / 15L အိုးတွေကိုပုံမှန်စက်ရုံတွေမှာ ဖြည့်ပေးတာမရှိလို့ 40L အိုးက နေပြန်ခွဲတဲ့အတွက် 1000 psi ပတ်ဝန်ကျင်ပဲရှိတတ်ပါ တယ် ✅✅✅

✅✅✅10L Cyliner 1000 psi - Oxygen Volume less than 1000 L

✅✅✅oxygen flow 5L/min - 3 hr 20 min
✅✅✅oxygen flow 10L/min - 1 hr 40 min

အဲ့ဒါကြောင့် ညရေးညတာအတွက်ဆိုရင် 40 L water Capacity အိုးဆောင်ထားမှစိတ်ချရမှာဖြစ်ပါတယ် ✅✅✅

မန္တလေး တမြို့လုံးမှာ လည်ပတ်နေတဲ့စက်ရုံ နဲ့ တနေ့ထုတ်လုပ်နိုင်တဲ့ ပမာဏလေးပါ သိသလောက် ရေးပေးလိုက်ပါတယ်

💎💎Mann Shin Oxygen - 160m3/hr - 770 cyl/Day
💎💎Yadanar Pon Oxygen - 200m3/hr - 1000 cyl/Day
💎💎Sein Sune Nyo - 240m3/hr - 1150 cyl/day
💎💎Arkar Moe - 50m3/hr - 240 cyl/day
💎💎MEC - 50m3/hr - 240 cyl/day

တရက်ထုတ်လုပ်နိုင်တဲ့ပမာဏ တရက် အလုံး ၃၀၀၀ ထက်မပိုပါ

💎💎အဲ့တော့ Covid မဖြစ်အောင်သာဂရုစိုက်နေထိုင်ကြပါ 💎💎

တကယ်ဖြစ်လာရင် Oxygen တောင်မလောက်ပါ

Remdesivir (antiviral) & Tocilizumab (Monoclonal antobodies) တွေဆိုတာ instock မရှိကြပါ

ခုနက Oxygen Cylinder အကြောင်းပြောပြီးပြီဆိုတော့ ဒီတခါ Oxygen Concentrator အကြောင်းပြောပြချင်ပါတယ်

Oxygen Concentrator ဝယ်မယ်ဆိုရင် Brand ရှိတဲ့ အထဲကဝယ်ပါ မရဘူးဆိုရင် အရေးအကြီးဆုံးက Maximum Flow မှာရတဲ့ Oxygen Purity ကအရေးကြီးပါတယ်

✅✅✅စျေးကွက်ထဲက အတော်များများ က 5L/min စက်ဆိုပါတော့ သူက 5L/min ပြောပေမဲ့ 1-2 L/min မှာပဲ သူပြောတဲ့ 93+-3% oxygen purity ကိုရပါတယ်

✅✅✅Maximum Flow 5L/min ကိုတင်လိုက်ရင် တချို့ဆိုးဆိုးဝါးဝါးစက်တွေဆိုရင် Oxygen Purity ~ 30% အထိကျသွားပါတယ်
✅✅✅ပတ်ဝန်းကျင်လေထုထဲမှာကို Oxygen က 21% ရှိပြီးသားဆိုတော့ Oxygen Concentraor မဝယ်ခင် စစ်နိုင်အောင်လို့ပါ

Photos from MyCare Hand Sanitizer's post 07/07/2021

Yangon အတွက် အောက်ဆီဂျင်လိုအပ်ပါက ဆက်သွယ်လို့ရမည့်နေရာများကို မျှဝေလိုက်ပါတယ်...

Crd. original uploader

07/07/2021

‼️‼️‼️ကိုဗစ်-၁၉ တတိယလှိုင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ ?? ‼️‼️‼️

‼️‼️‼️အိမ်မှာ ဘာဆေးတွေကိုမရှိမဖြစ်ဆောင်ထားကြမလဲ ??‼️‼️‼️

‼️‼️‼️ဘယ်လိုအခြေအနေရောက်ရင်အောက်စီဂျင်ကိုစပြီးရှူရမလဲ??‼️‼️‼️

📣📣အချိန်လေးပေးပြီးနားထောင်ကြည့်ပါနော်..📣📣

06/07/2021

အခုလိုအချိန်မှာတော့ ဒီလိုနေထိုင်ဆောင်ရွက်တာက အကောင်းဆုံးဖြစ်မှာပါ။

🦠COVID positive လူနာနှင့် အနီးတဝိုက်မှာရှိနေတဲ့သူများ ဖတ်ဖို့❗️

⭐️ COVID 19 က ရောဂါရှိတဲ့သူနဲ့ ထိတွေ့ပြီးလျှင် အစောဆုံး၂ ရက်မှ ၁၄ ရက်အတွင်းရောဂါလက္ခဏာပြပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ထိစပ်မိတယ်လို့ သံသယရှိရင် ၁၄ ရက်အထိ သီးခြားခွဲပြီး နေနိုင်တာက အကောင်းဆုံးပါ။

⭐️အနံ့ပျောက်မှ COVID မဟုတ်ပါဘူး။ COVID ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေက ဖျားခြင်း၊ နုံးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ပါ။ 🤒

⭐️တခြားလက္ခဏာတွေက လည်ချောင်းနာ၊ ၀မ်းလျှော၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ခေါင်းကိုက်၊ မျက်လုံးရဲ၊ အနံ့ပျောက်ခြင်း၊ အရေပြားပေါ် အနီစက်ထွက်ခြင်း၊ ခြေထိပ်လက်ထိပ်တွေမှာ အရောင်ပြောင်းခြင်း စတာတွေပါ။

⭐️ ယခု ထိတွေ့ မှုရှိပြီးသူများ ဒီထဲက တစ်ခုခုခံစားနေရပြီး စစ်လိုက်လို့ ပိုးတွေ့လျှင် အလွန်အကြူး အထိတ်တလန့်တော့ ဖြစ်ရန်မလိုပါ။ ဗိုင်းရပ်စ်ပိုးဖြစ်သည့်အတွက် ခန္ဓာကိုယ်ခုခံအားက တိုက်ထုတ်သွားပါလိမ့်မယ်။ 🏻🏻 ၈၀ ရာခိုင်နှုန်းသော ကူးစက်ခံရသူများ ဆေးရုံတက်ရန်မလိုပဲ သက်သာသွားနိုင်ပါတယ်။ 🏻🏻
မိမိမှတဆင့် အခြားသူများ ဆက်မကူးစေရန် အနည်းဆုံး ၁၄ ရက် သီးခြားနေရပါမယ်။

⭐️ရောဂါဖြစ်လာလျှင် -

စိတ်ကို အတည်ငြိမ်ဆုံးထားပါ။ အစိုးရိမ်မလွန်ကဲပါနှင့်။
ရေများများသောက်ပါ။
စောစောအိပ်ပါ။ များများစားပါ။ မနက်စာ၊ နေ့လည်စာ၊ ညစာကို အဟာရပြည့်ပြည့်၀၀ စားသုံးပါ။ သီးသန့်ရှောင်ရမည့် အစာမရှိပါ။ ဖျားနေလျှင်တော့ ထမင်းပျော့ပျော့ စားပါ။ အစိမ်းရောင်ရှိသောအရွက်၊ အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးနိုင်ပါတယ်။ သစ်သီးဖျော်ရည်များသောက်ပါ။ အချဉ်ဓာတ်ပါသော သံပုရာရည် လိမ္မော်ရည်များ သောက်သုံးနိုင်ပါတယ်။။
မိမိအခန်း မိမိအိမ်မှာပင် အသက်ရှုလေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်း စတာတွေကို လုပ်ပေးနိုင်ပါသည်။
ဖျားနေလျှင် paracetamol တနေ့ ၄ကြိမ် သောက်လို့ရပါသည်။ ဗီတာမင် စီ နှင့် ဒီ ဆေးပြားများသောက်လိုက သောက်နိုင်ပါသည်။ အလွန်အကျွံတော့ မဖြစ်ပါစေနှင့်။ တန်ဆေးလွန်ဘေးပါ။

တမာရွက်ပြုတ်သောက်ခြင်း၊ အနံ့ပျောက်လို့ ရေနံဆီရှုခြင်း၊ အလွန်အမင်းစိုးရိမ်ခြင်း စတာတွေက အကျိုးမရှိပါ။

⭐️ ‼️‼️အသက်ရှုကြပ်လာရင်၊ ရင်ဘတ်အောင့်လာရင်၊ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သည်ထိဖြစ်လာရင်တော့ အရေးကြီးတဲ့ လက္ခဏာတွေပါ။ ‼️‼️ဒီအရေးကြီးတဲ့ လက္ခဏာတွေရှိလာရင်တော့ နီးစပ်ရာဆေးရုံကို မဖြစ်မနေ အမြန်သွားရပါမယ်။

⭐️ မိမိအိမ်က အသက် ၆၀ ကျော်တဲ့သူတွေ၊ သွေးတိုး၊ ဆီးချို၊နှလုံးရောဂါရှိသူတွေ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ဝေဒနာရှင်များနဲ့ အ၀လွန်သောသူများကတော့ အထူးသတိထားကြရပါမယ်။ ‼️

⭐️ ကြိုတင်ကာကွယ်ခြင်းကတော့ ကုသခြင်းထက် ပိုကောင်းတာကိုတော့ သိကြမှာပါ။ ဒါကြောင့်-

လက်ဆေးပါ။ ခဏခဏဆေးပါ။ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း စက္ကန့် ၂၀ ကြာအောင်ဆေးပါ။ ဆပ်ပြာ သို့မဟုတ် sanitizer သုံးကို သုံးရပါမယ်။ ရေဖြင့်ပဲ ဆေးလို့မရပါ။
မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနှင့်။
ချောင်းဆိုး နှာချေလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ပြီးချေပါ။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုးနှာချေပါ။
ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ။ မဖြစ်မနေ အိမ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်း Mask တပ်ပါ။
အိမ်ပြင်ထွက်တိုင်း တစ်ဦးနှင့်တစ်ဦး ၆ ပေကွာမှသာ စိတ်ချရပါတယ်။
အထိအတွေ့များတဲ့နေရာများကို Dettol, Lyzol စသည်များနှင့် သန့်ရှင်းပေးပါ။

‼️‼️အထူးသဖြင့် မမှန်တာ မဟုတ်တာ လိမ်တာတွေ မယုံပါနှင့်၊ မပြောပါနှင့်။

အရမ်းလည်း စိုးရိမ်သောကဖြစ်ရန်မလိုပါ။ စိတ်တည်ငြိမ်စွာ ဖြေရှင်းပါ။‼️

ကပ်ရောဂါဘေးက ကင်းဝေးနိုင်ကြပါစေ။ 🕊

မေတ္တာဖြင့်
Dr. Phyo Zaw Aung

06/07/2021

♀️မန္တ​လေးမှာ ​အောက်ဆီဂျင်အိုး ရနိုင်မယ့် ​နေရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

️ 🏥O2 မန္တလာ - အ​ရောင်း/အငှား
အမှတ် (၄၄)၊ ၇၅လမ်း၊ ၂၇လမ်း×၂၈လမ်းကြား
📞0991045365
📞095017308
098635500
09402602066

️ 🏥ဦး​ကျော်လှနှင့်သားများ - အ​ရောင်း/အငှား
၇၇လမ်းနှင့် ၃၈လမ်း​ထောင့်၊ မဟာ​အောင်​မြေမြို့နယ်
📞092056298
📞09962056298

​️ 🏥အောင်
အမှတ် (ပပ-၂၀/၆၅)၊ ၆၄×၆၅လမ်းကြား၊ ပိ​တောက်လမ်းသွယ်၊ စက်မှုဇုံ-၁
📞09798663944
📞09402654411
📞0991027110

️ 🏥ကိုဇာနည် - အ​ရောင်း/အငှား
၈၇လမ်း၊ ၃၄×၃၅လမ်းကြား၊ စမွန်းရပ်၊ ချမ်း​အေးသာဇံမြို့နယ်
📞09797776721

️ 🏥ဦး​ကျော်လှ - အ​ရောင်း
ထ ၂၀/၂၀၊ ၆၄×၆၅ကြား၊ ငုဝါလမ်း၊ စက်မှုဇုန်(၁)
📞095152066
📞0991000036
📞09258344929
📞097749044133

️🏥 ဦးကျော်လှ နှင့် သားများ
၇၇လမ်း၊ ၃၈လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်
📞092056298
📞09962056298

️ 🏥National gas
လမ်း၈၀၊ ၂၈×၂၉လမ်းကြား
📞024034104
📞024072941

️ 🏥ဟိန်းသစ်
အမှတ် (၀၀-၄၈/၅၂)၊ ၁၃၁လမ်း (ရတနာလမ်း)၊ ၅၄x၅၅ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်
📞09426977794
📞09797365938
📞09444331946
📞09666100325

️ 🏥မင်းသိန်း လေအိုးရောင်းဝယ်ရေး
၄၁လမ်း၊ ၉၀×၉၁ကြား၊ စိန်ပန်း၊ မဟာအောင်မြေမြို့နယ်

️ 🏥မန်းရှင် - အောက်စီဂျင်စက်ရုံ
📞092000290
📞0991035779
📞09792000290
📞09786000290

️🏥 စိန်စွန်ညို - အောက်စီဂျင်စက်ရုံ
📞09402730040

️ 🏥ရတနာပုံ - အောက်စီဂျင်စက်ရုံ
တံခွန်တိုင်ရပ်ကွက်၊ ကမ္ပဝါတန်း၊ ပြည်ကြီးတံခွန်မြို့နယ်
📞09782013118
📞092013118
📞09426808796
📞09402714079
📞09977186034

️ 🏥Five Oceans Co.,LTD
၂၆၊ ၈၅လမ်းထောင့်၊ စျေးချိုပလာဇာ (ပထမထပ်)၊ ချမ်းအေးသာစံမြို့နယ်

️ 🏥မိုးပုလဲ - အ​ရောင်း/အငှား
📞09444027753
📞09448533094

️ 🏥အာကာမိုး - အ​ရောင်း/အငှား
📞09776504544
📞09402500522

️ 🏥မြတ်သဒ္ဒါ လူမှုနာမူ ကူညီ​ရေးအသင်း
၆၂ x၂၇လမ်း​ထောင့်၊ ချမ်း​အေးသာဇံမြို့နယ်
📞09252599299
📞09777199299

️🏥 ပုလဲ​ ပရဟိတဖောင်​ဒေးရှင်း
၇၈လမ်း နှင့် သိပ္ပံလမ်း​ထောင့်၊ သီတာ​အေး ၉၀၁ ရပ်၊ ချမ်း/​မြောက်၊ မဟာ​အောင်​မြေမြို့နယ်
📞09889900345
📞024076261

️ 🏥မ​နောကြာဖြူ ပရဟိတအသင်း
📞09752348362
📞092006423
📞0943099660

️ 🏥သစ္စာတံခွန် ပရဟိတအသင်း
📞0991004560

️ 🏥စေတမန် လူမှုကူညီ​ရေးအသင်း
၃၅လမ်း၊ ၇၄လမ်း×၇၅လမ်းကြား
📞0943100786
📞09444457786

မိတ်ဆွေများအားလုံး အမြန်ဆုံးကျန်းမာပြီး Covid ကပ်​ဘေးမှ ကျော်လွှားနိုင်ကြပါ​စေ…🙏🙏🙏

06/07/2021

✔️✔️နှာခေါင်းစီး(Mask) များကိုစနစ်တကျ တပ်ဆင်ပါ✔️✔️
✔️✔️တစ်ခါသုံး နှာခေါင်းစီးများကို အသုံးပြုပြီးပါကစနစ်တကျပြန်လည်စွန့်ပစ်ပေးပါ✔️✔️

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay