Triple A cosmetic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Triple A cosmetic, Health/Beauty, 37/Coner 71A, Mandalay.
👉Skin Types ခွဲနည်း
ကျွန်တော်တို့တွေက Skincareတွေသာပုံမှန်လုပ်နေတယ် ပုံမှန်လိမ်းနေတယ် ဒါပေမဲ့ ထူလည်းထူးခြားမလာဘူး လိမ်းပြီးရင်မျက်နှာကြီးတွေက ဆီပြန်ဟင်းလိုပဲ အဆီတွေပြန်ပြီး တစ်ယောက်ထဲမိုးချုပ်နေတယ်
အဲ့တာ ကိုယ့်Skin type ကိုမသိပဲ သူများက ကောင်းတယ်လို့ပြောတိုင်းလိုက်သုံးနေကြလို့ပါ
Skin types (5) မျိုးရှိပါတယ်
🔹Dry Skin
🔹Oily Skin (Super Oilyဆိုပြီးရှိပါသေးတယ်)
🔹Normal Skin
🔹Combination Skin
🔹Sensitive Skin
Ok! ဘယ်လိုခွဲကြမလဲ?
Firstly, မခွဲခင်လိုတာက တစ်သျှူးအပါး (သို့) အဆီစုပ်စက္ကူလိုပါမယ်။ မျက်နှာကိုCleansing foam နဲ့အရင်သစ်ပါ။ မျက်နှာသစ်ပြီးတာနဲ့ ဘာမှမလိမ်းပဲ 4နာရီကြာပြီးနောက်မှာ မျက်နှာကို စောနက တစ်သျှူး (or) အဆီစုပ်စက္ကူနဲ့ မျက်နှာပေါ်ကပ်ကြည့်ပါ။
-အသားကတင်းပြီးခြောက်ခြောက်ကြီးလိုခံစားရတယ်။ စောနက ကပ်ထားတဲ့ဟာကလည်းချက်ချင်းကွာကျသွားတယ်ဆိုရင် ဒါဟာ Dry Skinပါ
-ကပ်ထားတဲ့ဟာက ကွာတော့ကွာကျသွားတယ် ဒါပေမဲ့ အသားကပုံမှန်အတိုင်းပဲ အိအိလေးပဲ ဆိုရင်ဒါဟာ Normal Skin ပါ (အရမ်းကိုကံကောင်းသူတွေပေါ့)
-4နာရီကြာပြီးတဲ့နောက်Skinပေါ်မှာ အဆီလေးတွေထွက်လာတယ်။တစ်သျှူးနဲ့ကပ်ကြည့်လိုက်တဲ့အခါမှာလည်း အဆီတွေပါလာတယ်ဆိုရင် Oily Skinပါ
-တစ်သျှူးက T-Zone (နှာခေါင်းနဲ့နဖူး)ပဲ ကပ်တယ် ကျန်တဲ့ပါးနှစ်ဖက်က ကွာကျသွားတယ် ဆိုရင် Combination Skinပါ (အများစုက ဒီSkin type ထဲမှာပါကြပါတယ်)
-နောက်ဆုံးကတော့ တစ်သျှူးတောင်မလိုပါဘူး မျက်နှာမှာ အနီစက်သေးသေးလေးတွေ ဒါမှမဟုတ် Skin က ရဲနေတာတို့ သွေးကြောပါးပါးလေးတွေမြင်နေရတာတို့က စမ်းစမ်းတင့် (Sensitive) skin ပါ (ဘာနဲ့မှမတည့်သော သူဌေးအသားရည်ပေါ့😹 just for fun)
Skincareရွေးတဲ့အခါမှာကိုယ့်Skin typeနဲ့ကိုက်တဲ့ဟာရွေးဖို့အရမ်းအရေးကြီးပါတယ် ကိုယ်က Oily skin ကြီးကို Dry အတွက်ထုတ်ထားတဲ့ဟာကြီးသွားသုံးနေမှတော့ ကိုယ့်မျက်နှာက ဆီပြန်ဟင်းကြီးဖြစ်ပြီပေါ့ နောက်ပြီး ပြောချင်တာက ကိုယ့်မျက်နှာက Dryကြီးဖြစ်နေလို့လို့ Oily ဖြစ်နေလို့လို့ ဆိုပြီး အားမငယ်ပါနဲ့ Skin type နဲ့ကိုက်တဲ့Skincare တွေကိုပုံမှန်လေးလိမ်းပေးရင်Normal Skinတောင်ဖြစ်နိုင်ပါတယ်
အားလုံးပဲ ဒီအချိန်မှာကျန်မာရေးဂရုစိုက်ကြပါလို့ပြောချင်တယ် Be Safe & Strongပါ ❤️🔥
ွဲနည်း
-Han’s Details
Crd to owner
Click here to claim your Sponsored Listing.
Category
Website
Address
37/Coner 71A
Mandalay
FASTER
Opening Hours
| 09:00 - 17:00 |
