Thin Thin Naing

Thin Thin Naing

Share

အောင်မင်းခန့် ဆိတ်သားခြောက်ကြော် ကြ က်မွကြော် ငါးခြောက်ကြော်အစုံရပါတယ်ရှင့်

TikTok · Chit Sa Noe 14/07/2025

TikTok · Chit Sa Noe Check out Chit Sa Noe’s post.

03/03/2024

မန်းလေးအိမ်ရောက်ငွေရ
ကျန်မြို့နယ်များငွေလွဲဝင်ပြီး
ကားဂိတ်တင်ပေးပါတယ်ရှင့်
မှာယူချင်ပါက 09771588807(or)cb

10/01/2023

10/01/2023

လူကြီးကို ပြန်မပြောနဲ့ ရိုင်းတယ် _

" မိဘကို ပြန်မပြောနဲ့၊ ငရဲကြီးတယ် "
" ကလေးဖြစ်ပြီး လူကြီးကို ပြန်ပြောတယ်ကြည့်စမ်း၊ ရိုင်းလိုက်တာ "

ဒီစကားသံတွေဟာ ကျွန်တော်တို့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ခပ်စိမ်းစိမ်းဖြစ်စေတဲ့ စကားတွေ မဟုတ်ပါဘူး။ လူကြီးတွေပြောသမျှ စေခိုင်းသမျှ စေညွှန်သမျှ ဘာမှ ပြန်လည်ပြောဆိုချေပမှု မရှိရင် ယဉ်ကျေးပါတယ်ဆိုပြီး သတ်မှတ်ထားကြတာဟာ လူမှုစံနှုန်းတစ်ခုလို ဖြစ်နေပါပြီ။

ကြီးသူကို ရိုသေရမယ်ဆိုတာ မှန်ပါတယ်။ အခြေအနေအရ အကြောင်းအရတစ်ခုအပေါ်မှာ အခြေခံပြီး ထိုက်သင့်လျောက် ပြန်လည်ပြောဆိုတာကတော့ ရိုင်းတယ်လို့ သတ်မှတ်ထားဖို့ မသင့်တော်ပါဘူး။ မိဘနဲ့ သားသမီးကြား ပြဿနာတွေဟာ အခုမှ မဟုတ်တဲ့ ပြဿနာတွေပါ။ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေကြားမှာ ကြုံဆုံနေရတဲ့ ပြဿနာတွေဆိုတာကလည်း အခုမှ ပေါ်လာကြတာတဲ့ ပြဿနာတွေ မဟုတ်ကြပါဘူး။ ဒီတော့ ကိုယ့်နဲ့သက်ဆိုင်တဲ့ မူတစ်ခုမှာ ပြန်လည် ပြေလည်ဖို့ ပြန်ပြောဆိုတာဟာ ရိုင်းတယ်ဆိုပြီး မမှတ်ထားသင့်ပါဘူး။

ဒီနေရာမှာမေးချင်တာတစ်ခုက ကလေးတွေဟာ မှန်မှန် မှားမှား ငြိမ်ခံနေရမှာလား ဆိုတာပါပဲ။ ဒါမျိုး ပြုလုပ်လိုက်တာကကော ကလေးတွေအတွက် တရားမျှတတယ်လို့ ထင်မိပါသလား။ တကယ် သေချာတွေးကြည့်ရင် ကလေးတွေကို ပြန်လည်ရှင်းပြခွင့်မပေးဘဲ တဖက်သတ် အနိုင်ကျင့်နေတာနဲ့တောင် တူပါတယ်။အသက်ကြီးတဲ့သူက အမြဲမှန်ပြီး အသက်ငယ်တဲ့သူက အမြဲမှားနေတယ်ဆိုတဲ့ ယူဆချက် အမှားကြီးကိုရိုက်သွင်းနေတဲ့ ပုံစံမျိုးပါပဲ။ ကလေးတွေအနေနဲ့ ကိုယ့်ဘက်ကကိုယ် ရပ်တည်ပြီး ဖြေရှင်းချင်တဲ့စိတ်ကိုလည်း ငယ်ငယ်လေးတည်းကနေ မျိုချခိုင်းလိုက်တာကြောင့် သူတို့လေးတွေမှာ ကြီးတဲ့အထိ အဲ့ဒီ အကျင့်ကပါပြီး ဘယ်သူဘာပြောပြော ခေါင်းငုပ်ခံတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေလည်း ပျောက်ဆုံးလာတတ်ကြပါတယ်။

ဒါမှမဟုတ် တချို့ ကလေးတွေမှာကျတော့ ဒေါသတွေပေါက်ကွဲကာ ပိုပြီး စကားနားမထောင်ဖြစ်လာတွေ တွေ့ရတတ်ပါတယ်။ ဆက်ဆံရေးတစ်ခု ကတောက်ကဆဖြစ်လာပြီဆိုရင် အကောင်းဆုံးသော ဖြေရှင်းနည်းဟာ တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပြီး တစ်ဦးကိုတစ်ဦး သဘောပေါက်နားလည်သွားခြင်းပါပဲ။ အဲ့ဒါကြောင့် ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့အနေနဲ့ ကိုယ်က အကြီးဆိုရင် ပိုသဘောထား ကြီးကြီးထားပေးပြီး ကလေးတွေကို သူတို့ ပြန်လည် ရှင်းပြ ပြောဆိုပိုင်ခွင့်လေးပေးကြည့်ပါလို့ အကြံပြုပါရစေ။

အဲ့ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက် ပိုသဘောပေါက်နားလည်ပြီး အထင်လွဲတာရှိရင်လည်း ဖြေရှင်းနိုင်မှာဖြစ်သလို မှားနေခဲ့ရင်လည်း ရှင်းရှင်းလင်းလင်း သိရတာကြောင့် ပိုပြီး လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ကြမှာပါ။

(တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။)

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay