Rosie Wax
No Shaving , Just Waxing
02/12/2024
Rosie Sugar Wax လေးကို 2022ကနေ 2024ထိ ဈေးနှုန်း 5000 နဲ့ရောင်းချခဲ့ပေးခဲ့ပေမယ့် ကုန်ကြမ်းတွေ ဈေးတက်လို့ တစ်ဘူးကို 6000 အဖြစ်ဈေးလေးပြောင်းထားပါတယ်နော် ကာကာတို့ရေ 🩷🩷🩷
(ဈေးပြောင်းထားတာ postတင်ဖို့ မေ့နေလို့ပါ 😭)
13/04/2024
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ
အားလုံးဘဲ ကျန်းမာရွှင်လန်း အန္တရာယ်ကင်းကြပါစေရှင် 💗
07/04/2024
မင်္ဂလာပါ ကာကာတို့ရေ
အရမ်းပူပြင်းတဲ့ မန္တလေး အပူချိန်ကြောင့် ချွေးတွေအရမ်းထွက်ပြီး ရေဓာတ်တွေအများကြီးလျော့နည်းတာမဖြစ်ရအောင် ဓာတ်ဆားထုတ်လေးတွေဆောင်ထားကြပါနော်။
အပြင်ထွက်ပြီးအလုပ်လုပ်ရတဲ့သူတွေ၊ဈေးသည်တွေ၊Delivery သမားလေးတွေ ကတော့အများဆုံးလိုအပ်တာပေါ့။
မနက်ကထည်းက ဓာတ်ဆားနှစ်ထုပ်လောက်ကို ရေသန့်ဘူးတစ်ဘူးနဲ့ဖျော်ပြီး သွားလေရာဆောင်ထားသင့်ပါတယ်နော်။
အိတ်ထဲမှာလဲ ပိုပိုလိုလို နှစ်ထုပ်လောက်ထည့်သွားပြီး အရမ်းမောနေတဲ့အချိန်သောက်လိုက်ရင် အမောပြေတာပေါ့။
ပြီးတော့ အရမ်းပူတယ်ကွာဆိုပြီး ရေခဲရေတွေ အများကြိးသောက်တာတို့၊
နေပူကြီးထဲ ခေါင်းကိုရေဆွတ်တာတို့၊အပြင်ကပြန်ရောက်ရောက်ချင်း ရေခဲရေသောက်တာတွေ၊ခြေထောက်ကိုရေဆေးတာတွေ ရှောင်သင့်ပါတယ်။
အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာ၊လေဖြတ်တာ ဖြစ်နိုင်ပါတယ်နော်။
ဓာတ်ဆားတွေကတော့အမျိုးမျိုးရှိပါတယ်။အဲ့ထဲမှာမှ Royal D/ MPF ဓာတ်ဆား /Peditral / Electral forte အဲ့လေးမျိုးကတော့ အခုလိုရာသီဥတုမျိုးမှာတော့ အသင့်တော်ဆုံးပါပဲ။
ပြီးတော့ အရမ်းပူတဲ့ရာသီဥတုမှာ ချိုင်းမွှေးတွေကြောင့် အနံ့ဆိုးတွေထွက်နေရင် Rosie wax လေးကိုသတိရလိုက်ပါနော်။
03/04/2024
မင်္ဂလာပါ ကာကာလေးတို့ရေ
Page ကactive မဖြစ်ပေမဲ့ဈေးကတော့ရောင်းနေတုံးပါပဲနော်။
ဒီနေ့ကတော့ အရမ်းပူလို့ ချိုင်းချွေးနံ့ မနံစေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ်။
ချိုင်းမွှေးများပြီး အနံ့ဆိုးထွက်နေလို့ လူကြားထဲသွားရတာခက်ခဲနေပါသလား။
ဒါဆိုရင်တော့ ကိုယ့်ရဲ့ချိုင်းမွှေးတွေကို ရှင်းလင်းဖို့အချိန်ရောက်ပါပြီ။
ပုံမှန်ဆို ချိုင်းမွှေးဟာရိတ်ပြီးသွားရင် နှစ်ပတ်ကြာလောက်မှာ ပြန်ရှည်လာပါတယ် အဲ့တာဆို တစ်ခါသုံးဂျုတ်တွေခနခနဝယ်နေရမှာပေါ့။
waxing လုပ်ကြည့်ပါ။
waxing တစ်ခါလုပ်ပြီးရင် ချိုင်းမွှေးပြန်ပေါက်ချိန်က လေးပတ်ကနေ ငါးပတ်ထိ ကြာသွားပါတယ်။ ဆိုတော့ ဂျုတ်တွေ
ခနခနဝယ်စရာမလိုတော့ဘူးပေါ့။ ဒီလိုရာသီဥတုပူတဲ့အချိန်မှာ ဆို ပိုပြီးအဆင်ပြေတာပေါ့နော်။
Waxingလုပ်ပြီးရင် ရေသေချာလေးဆေးပြီး လေ၀င်လေထွက်ကောင်းတဲ့ အ၀တ်ပါးပါးလေးတွေ၀တ်ထားသင့်ပါတယ်။
Roll on သုတ်လိမ်းခြင်း။ချိုင်းကြားကို ရေမွှေးဆွတ်ခြင်းကိုတော့ နှစ်ရက်သုံးရက်လောက်တော့ ရှောင်ပေးသင့်ပါတယ်။
ဒါဆိုရင် waxing လုပ်ပြီး လူကြားထဲမှာ အနံ့ဆိုးကင်းရှင်းစွာနဲ့ confident ရှိရှိသွားလာနိုင်ပြီပေါ့။😉
Waxingနဲ့ပတ်သက်ပြီး သိချင်တာ မေးချင်တာရှိရင် page messenger မှာ အားမနာတမ်းလာမေးလို့ရပါတယ်နော်။
02/04/2024
အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️
Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။
ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။
အိမ်ကို လိုက်ကာကာပါ။
မနက် 10 - ညနေ 5 ကြားတကယ်ဆို ရေမချိုးပါနဲ့ ! ပူတယ်ဆိုပီးရေခနခနချိုးတာတွေစိမ်တာတွေ လုပ်မယ်ဆိုရင် ဆင်ခြင်စေချင်တယ်။
အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။
ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။
Take care all
Crd #
09/02/2024
Gong xi fa cai 🧧🧧🧧
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
01/01/2024
Happy new yearပါအားလုံးပဲ။
နှစ်သစ်ကို ကျန်းမာပျော်ရွှင်ပြီး အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
🎆🎉💖
Page လေးက မRun ဖြစ်ပေမဲ့
Wax ဘူးတွေတော့ရောင်းနေပါတယ်နော်
🤪
25/12/2023
Merry Christmas ပါ သဲလေးတို့ရေ ❤️
27/11/2023
ပျော်ရွှင်စရာ တန်ဆောင်တိုင်ဖြစ်ပါစေရှင် 💗
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
29/10/2023
React and cmt 10ခုလောက်ရရင် password ပေးပါမယ် 💗
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
28/10/2023
ပျော်ရွှင်ဖွယ် သီတင်းကျွတ် အချိန်အခါလေးဖြစ်ပါစေလို့
Rosie Wax မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💗
pic crd to owner
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
05051
