Thone Dary

Thone Dary

Share

ဆေးဘက်ဝင် သဘာ သစ်သီး သစ်ဥ အဆီ အနှစ်များနှင့်သာထုတ်လုပ်ထားသော ဓာတုလျော့ချ သဘာဝထုတ်ကုန်များ ဖြစ်ပါသည်

12/09/2025

မိတ်ကပ်မလိုဘဲ သဘာဝအတိုင်း ညိုညစ်ခြင်းကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်သူတိုင်းအတွက် ဒီစာလေးက အသုံးဝင်မှာပါနော်။ ဘယ်သူမဆို လှချင်ကြတာပါပဲ။

တကယ်လှတယ်ဆိုတာ မိတ်ကပ်တွေအထူကြီးလိမ်းပြီး လှတာထက်၊ ကိုယ့်ရဲ့မူလအသားအရေလေးက ကြည်လင်စိုပြေပြီး ဝင်းပနေဖို့က ပိုအရေးကြီးပါတယ်။ ဒါမှ ဘာဝတ်ဝတ်၊ ဘာလိမ်းလိမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အလှပဆုံးဖြစ်နေမှာပေါ့။

ဒါကြောင့် အသားအရေ ပြစ်မျိုးမှဲ့မထင် ကြည်လင်လှပစေဖို့ သင်မသိသေးတဲ့ အလှလျှို့ဝှက်ချက် (၆) ချက်ကို အသေးစိတ် မျှဝေပေးလိုက်ပါတယ်ရှင့်။

၁။ ၄-၂-၄ နည်းလမ်းဖြင့် မျက်နှာသစ်ခြင်း

မှန်ကန်တဲ့ မျက်နှာသစ်နည်းက အသားအရေအတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးပါပဲ။ ပထမဆုံး အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုးနဲ့ မျက်နှာကို ၄ မိနစ်ခန့် ညင်သာစွာ ပွတ်ပေးပါ။

ဒါက အသားအရေအတွင်းပိုင်းက မမြင်ရတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ ၂ မိနစ်ခန့် ထပ်ပွတ်ပြီး သန့်စင်ပေးပါ။

နောက်ဆုံး ၄ မိနစ်ကြာအောင် ရေစင်စင်ဆေးချပေးခြင်းဖြင့် မျက်နှာလေးဟာ ကြည်လင်စင်ကြယ်လာပြီး အသားအရေစိုပြေမှုကိုပါ ရရှိစေမှာပါ။

၂။ တစ်ပတ်တစ်ခါ မျက်နှာပေါင်းတင်ပါ

မျက်နှာပေါင်းတင်ခြင်းဟာ အသားအရေကို အားဖြည့်ပေးပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ပေါင်းတင်တာပဲဖြစ်ဖြစ်၊ ကိုယ်နဲ့သင့်တော်တဲ့ အသင့်ပေါင်းတင်ခရင်မ်တွေပဲ ဝယ်သုံးတာပဲဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ပေါင်းတင်ပေးသင့်ပါတယ်။ ဒါမှ အသားအရေလေးက စိုပြေပြီး လန်းဆန်းနုပျိုနေမှာပါ။

၃။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

နေရောင်ခြည်ဟာ အသားအရေရဲ့ အဓိကရန်သူဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့နော်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်း၊ နေလောင်ကွက်ဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

နေပူထဲသွားတဲ့အခါ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ ပြီးတော့ SPF ပါဝင်တဲ့ နေကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။

၄။ ဆန်ဆေးရည်ကို အသုံးပြုပါ

မြန်မာအမျိုးသမီးတွေရဲ့ ရိုးရာအလှလျှို့ဝှက်ချက်ဖြစ်တဲ့ ဆန်ဆေးရည်ရဲ့ အစွမ်းက မသေးပါဘူး။ ဆန်ဆေးရည်ကို ပုံမှန်မျက်နှာသစ်တဲ့နေရာမှာ အသုံးပြုပေးခြင်းဖြင့် အသားအရေကို နူးညံ့ချောမွတ်စေပြီး ဖြူဝင်းကြည်လင်လာစေပါတယ်။

ဒါ့အပြင် ဆံကေသာကိုလည်း နက်မှောင်သန်စွမ်းစေဖို့ အသုံးပြုနိုင်ပါသေးတယ်။

၅။ အသားအရေကို ချေးချွတ်ပေးပါ

တစ်ကိုယ်လုံး အသားအရေ ချေးချွတ်ပေးခြင်း (Exfoliation) ဟာ အသားအရေပေါ်က မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ပိုမိုကြည်လင်ဝင်းပစေပါတယ်။

တစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါလောက် ပြုလုပ်ပေးသင့်ပါတယ်။ သကြားနဲ့ ဒိန်ချဉ် (သို့) သကြားနဲ့ ပျားရည်တို့ကို ရောစပ်ပြီး ရေမချိုးခင် တစ်ကိုယ်လုံးကို ပွတ်လိမ်းပေးပါ။ ၅ မိနစ်ခန့်ထားပြီး ရေဆေးချပါ။

ပြီးရင် ခရမ်းချဉ်သီးအရည်နဲ့ မျက်နှာအပါအဝင် တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပြီး ခဏအကြာမှ ပြန်ဆေးချပေးခြင်းဖြင့်လည်း အသားအရေကို သန့်စင်ဝင်းပစေနိုင်ပါတယ်။

၆။ သဘာဝအဆီများ အသုံးပြုပါ

အုန်းဆီ၊ ထောပတ်ဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီတွေဟာ အသားအရေကို အာဟာရဖြည့်တင်းပေးပြီး စိုပြေနူးညံ့စေပါတယ်။ အသားအရေ ခြောက်သွေ့တတ်သူများအတွက် အထူးသင့်လျော်ပါတယ်။

ဒါပေမယ့် အဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ မျက်နှာပေါ်မှာ အဆီတွေ အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်နော်။

ဒီအလှလျှို့ဝှက်ချက်လေးတွေကို ပုံမှန်လေး ဂရုစိုက်လိုက်နာမယ်ဆိုရင် သင်အမြဲတောင့်တနေတဲ့ ပြစ်မျိုးမှဲ့မထင် ကြည်လင်ဝင်းပတဲ့ အသားအရေမျိုးကို မကြာခင် ပိုင်ဆိုင်နိုင်မှာပါရှင့်

သင်ရော သဘာဝအသားအရေလှပမှုအတွက် ဘာနည်းလမ်းတွေ သုံးလေ့ရှိလဲ? Comment မှာဝင်ရောက်မျှဝေပေးသွားပါဦးနော် ❤️

28/07/2025
19/07/2025

အာဇာနည်နေ့ တို့မမေ့

17/07/2025

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို တိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

Credit #ဒေါက်တာအေးမင်းထူး

13/05/2025

🍀🍀🍀ဓါတုလျော့ချ
🍀🍀🍀တမာ သခွား ရေချိုး ဆပ်ပြာဂျယ်
👉SLS Free

17/04/2025

ဘေးဘယာ အပေါင်းကင်းကွာပြီး ပျော်ရွှင်သော မဂ်လာ နှစ်သစ်ဖြစ်ကြပါ‌ေစရှင် 🙏🙏🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay