Fun Network - Cordyceps
Cordyceps - ဆောင်းပိုးနွေမြက်(ရှီးပတီး) အပြင် တခြား Tiens ဖြည့်စွက်စာများ ယုံကြည်စွာ မှာယူနိုင်ပါသည်။
24/03/2026
Lecithin Calcium (ဦးနှောက်အားပေး ကယ်လ်ဆီယမ်)
"မှတ်ဉာဏ်အားကောင်းပြီး ဖြတ်လတ်တက်ကြွစေဖို့"
စာကြည့်ရတဲ့ ကျောင်းသားလူငယ်တွေနဲ့ အလုပ်ထဲမှာ အာရုံစိုက်ရလွန်းတဲ့ သူတွေအတွက် အထူးသင့်လျော်ပါတယ်။ မှတ်ဉာဏ်ကို မြှင့်တင်ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို အားကောင်းစေတာကြောင့် အမေ့အလျော့ များနေပြီဆိုရင်တော့ ဒါလေးက မရှိမဖြစ်ပါပဲ။
💰 ဈေးနှုန်း - ၃၁,၅၀၀ ကျပ်
#မှတ်ဉာဏ်အားဖြည့်
#ဦးနှောက်အားဖြည့်ကယ်လ်ဆီယမ်
20/03/2026
Super Calcium Powder For Children (ကလေးကယ်လ်ဆီယမ်)
"သားသားမီးမီးတို့ အရပ်ရှည်ပြီး ထက်မြက်ဖို့"
ကလေးလေးတွေ ကြီးထွားမှုနှုန်း ကောင်းမွန်စေဖို့နဲ့ သွားနဲ့အရိုးတွေ ခိုင်မာဖို့အတွက်ပါ။ ညဘက် အိပ်မပျော်ဘဲ ဂျီကျတတ်တဲ့ ကလေးတွေ၊ အစားရွေးတဲ့ ကလေးတွေအတွက် အင်မတန် အထောက်အကူပြုပါတယ်။ သားသားမီးမီးတို့ရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်လေးကို ကယ်လ်ဆီယမ်ဓာတ်နဲ့ ဝေဝေဆာဆာ ဖြည့်ဆည်းပေးလိုက်ပါဦး။
💰 ဈေးနှုန်း - ၆၆,၀၀၀ ကျပ်
#ကလေးကယ်လ်ဆီယမ်
16/03/2026
Super Calcium Powder with Metabolic Factors (ဆီးချို ကယ်လ်ဆီယမ်)
"ကျန်းမာရေးကို ဂရုစိုက်ရတဲ့ ဆီးချိုဝေဒနာရှင်များအတွက်"
ဆီးချို၊ သွေးချို ရှိသူတွေအတွက် သီးသန့် ဖော်စပ်ထားတာမို့ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ဖြည့်တင်းပေးမှာပါ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံလေးကို ဖန်တီးဖို့ Tiens ရဲ့ ဆီးချိုကယ်လ်ဆီယမ်က အနားမှာ ရှိနေပေးမှာပါရှင်။
💰 ဈေးနှုန်း - ၇၈,၀၀၀ ကျပ်
#ဆီးချိုကယ်လ်ဆီယမ်
15/03/2026
🎗️ သားအိမ်ခေါင်းကင်ဆာ... ဘယ်သူတွေ ပိုသတိထားရမလဲ?
သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပေမယ့် ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီရောဂါဟာ ဖြစ်ခါစမှာ လက္ခဏာမပြတတ်တာကြောင့် ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေ (Risk Factors) ပိုများသလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
⚠️ ဖြစ်နိုင်ချေ ပိုများသူများ
၁။ HPV ဗိုင်းရပ်စ် ကူးစက်ခံရသူများ
သားအိမ်ခေါင်းကင်ဆာရဲ့ ၉၉% ဟာ Human Papillomavirus (HPV) ကြောင့် ဖြစ်ရတာပါ။
၂။ ကိုယ်ခံအားစနစ် အားနည်းသူများ
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျနေသူတွေ (ဥပမာ - HIV ပိုးရှိသူများ၊ ဆီးချိုရောဂါရှိသူများ) မှာ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ HPV ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်တဲ့အတွက် ကင်ဆာဖြစ်ဖို့ ပိုလွယ်ပါတယ်။
၃။ ဆေးလိပ်သောက်သူများ
ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သားအိမ်ခေါင်းဆဲလ်တွေကို ပျက်စီးစေပြီး HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ပိုမိုဆိုးရွားစေပါတယ်။
၄။ သားဆက်ခြားဆေး (သောက်ဆေး) ကို ကာလရှည် သောက်သုံးသူများ
ကိုယ်ဝန်တားဆေး (သောက်ဆေး) ကို ၅ နှစ်နဲ့အထက် ဆက်တိုက်သောက်သုံးသူတွေမှာ ဖြစ်နိုင်ချေ အနည်းငယ် ပိုများတယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။ (ဒါပေမယ့် ဆေးဖြတ်လိုက်ရင် ဖြစ်နိုင်ချေ ပြန်လျော့သွားတတ်ပါတယ်)။
💡 မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
HPV ကာကွယ်ဆေးထိုးပါ: အသက် ၉ နှစ်ကနေ စထိုးပါ။ (အသက် ၄၅ နှစ်အထိ ထိုးလို့ရပါတယ်)။
သားအိမ်ခေါင်း အသားစယူ စစ်ဆေးပါ (Pap Smear): အိမ်ထောင်ကျဖူးသူ အနည်းဆုံး ၃ နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။
ကူးစက်နိုင်ချေကို အထိရောက်ဆုံး လျှော့ချနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ: ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။
"သားအိမ်ခေါင်းကင်ဆာဟာ အချိန်မီစစ်ဆေးရင် ၁၀၀% ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တာမို့ ပုံမှန်စစ်ဆေးဖို့ ဝန်မလေးကြပါနဲ့။"
#သားအိမ်ခေါင်းကင်ဆာ #ကျန်းမာရေးဗဟုသုတ
10/03/2026
📌 နှာစေး၊ ချောင်းဆိုး မဖြစ်စေဖို့ – ကိုယ်ခံအားစနစ်ကို အားဖြည့်ကြစို့!
မိုးရာသီလေးရောက်လာချိန်မှာ နှာစေး၊ ချောင်းဆိုးနဲ့ အအေးမိမှုတွေ ဖြစ်လွယ်ပါတယ်။ ဒီလိုလေးတွေကို ရှောင်တခင် ကိုယ်ခံအားစနစ်ကို အားဖြည့်ထားဖို့အရေးကြီးပါတယ်။
🛡 ကိုယ်ခံအားစနစ်ကောင်းဖို့ အကြံပြုချက်များ
🍊 ဗီတာမင် C ပမာဏလုံလောက်စွာ လက်ခံပါ။
ဖရဲသီး၊ လိမ္မော်သီး၊ သံပုရာသီးစသဖြင့် သစ်သီးဝလံများစားသုံးခြင်းဖြင့် ကိုယ်ခံအားကိုတိုးစေနိုင်ပါတယ်။
💧 ရေသောက်ခြင်းကို မမေ့ပါနှင့်။
ရေများများသောက်ခြင်းက ကိုယ်အတွင်းရှိ အဆိပ်တောက်များကို ထုတ်ပေးနိုင်သလို ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းကိုလည်း လျော့နည်းစေပါတယ်။
🥦 အာဟာရပြည့်ဝတဲ့အစားအစာများ စားပါ။
အပင်အသီးအရွက်များ၊ ပဲအမျိုးမျိုး အာဟာရများစွာ ပါဝင်တဲ့ အစာတွေ စားဖို့သတိထားပါ။
😴 အနားယူခြင်း ပြည့်စုံအောင် ပြုလုပ်ပါ။
အိပ်ရေးဝလျှင် ကိုယ်ခံအားတိုးစေနိုင်ပါတယ်။ နေ့စဉ် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်ပါ။
💊 ကိုယ်ခံအားစနစ်မြှင့်တင်ပေးတဲ့ Cordyceps ( ရှီးပတီး) ဆောင်းပိုးနွေမြက် ကို နေ့စဥ် မှီဝဲပေးပါ။
🚶♀️ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းက ကိုယ်ခံအားစနစ်ကို တိုက်ရိုက်အားဖြည့်နိုင်ပါတယ်။
🚫 စိတ်ဖိစီးမှု မရှိအောင် သတိထားပါ။
စိတ်ဖိစီးမှုများသည် ကိုယ်ခံအားကိုနည်းစေပါတယ်။ စိတ်ပန်းနဲ့စိတ်ပျော်နေဖို့ အရေးကြီးပါတယ်။
ကျန်းမာရေးကောင်းခြင်းကနေ စွမ်းအားအပြည့်နဲ့ နေထိုင်နိုင်ပါတယ်။ 💪🌿
ပျော်ရွှင်ပြီးကျန်းမာတဲ့နေ့လေးတွေဖြစ်ပါစေ!
08/03/2026
သိထားသင့်တဲ့ "သားအိမ်ကျခြင်း" အန္တရာယ်
"သားအိမ်ကျတယ်" ဆိုတာ အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တာမဟုတ်ဘဲ အနေအထိုင် အသွားအလာပေါ် မူတည်ပြီး ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?
သားအိမ်ကို ထိန်းထားပေးတဲ့ ကြွက်သားတွေနဲ့ တစ်ရှူးတွေ အားနည်းလာတဲ့အခါ သားအိမ်ဟာ ပုံမှန်ရှိရမယ့်နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲကို လျှောကျလာတတ်ပါတယ်။ ဒါကို Uterine Prolapse လို့ ခေါ်ပါတယ်။
⚠️ ဘယ်လိုလူတွေမှာ သားအိမ်ကျနိုင်ချေ ပိုများသလဲ?
၁။ ကလေးအကြိမ်ကြိမ် မွေးဖူးသူများ
ကလေးမွေးဖွားတဲ့အခါ (အထူးသဖြင့် သဘာဝအတိုင်း ရိုးရိုးမွေးတဲ့အခါ) သားအိမ်ဝန်းကျင်က ကြွက်သားတွေ ဆွဲဆန့်ခံရပြီး အားနည်းသွားတတ်ပါတယ်။
၂။ အလေးအပင် မကြာခဏ မသူများ
အလုပ်ကြောင့်ဖြစ်စေ၊ ဝါသနာကြောင့်ဖြစ်စေ ကိုယ့်ခန္ဓာကိုယ်က မနိုင်တဲ့ အလေးအပင်တွေကို အမြဲမပြတ် မ တဲ့အခါ ဝမ်းဗိုက်အတွင်း ဖိအားများပြီး သားအိမ်ကို အောက်တွန်းချသလို ဖြစ်စေပါတယ်။
၃။ နာတာရှည် ချောင်းဆိုး/ဝမ်းချုပ်တတ်သူများ
ချောင်းဆိုးတာ ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ အားစိုက်ပြီး အမြဲညှစ်နေရသူတွေမှာလည်း သားအိမ်ကျနိုင်ချေ မြင့်မားပါတယ်။
၄။ အသက်အရွယ်ကြီးရင့်လာသူများ
သွေးဆုံးပြီးနောက်ပိုင်း ခန္ဓာကိုယ်မှာ Estrogen ဟော်မုန်းလျော့နည်းသွားတာကြောင့် သားအိမ်ထိန်းကြွက်သားတွေ လျော့ရဲလာတတ်ပါတယ်။
၅။ ကိုယ်အလေးချိန် လွန်ကဲသူများ
အဝလွန်ခြင်းက ဝမ်းဗိုက်ပိုင်းကို ဖိအားဖြစ်စေပြီး သားအိမ်ကျခြင်းကို ပိုဆိုးစေပါတယ်။
💡 ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ?
ဆီးစပ် ဒါမှမဟုတ် မိန်းမကိုယ်ထဲမှာ တစ်ခုခု တိုးထွက်နေသလို ခံစားရခြင်း။
ခါးနောက်ကျောကနေ ဆီးစပ်အထိ ဆွဲပြီး နာကျင်ခြင်း။
ဆီးမထိန်းနိုင်ခြင်း ဒါမှမဟုတ် ဆီးသွားရ ခက်ခဲခြင်း။
မိန်းမကိုယ်ထဲက တစ်ရှူးတစ်ခုခု အပြင်ကို ထွက်နေခြင်း။
✅ ကြိုတင်ကာကွယ်ဖို့ဆိုရင်...
Kegel Exercise လို့ခေါ်တဲ့ တင်ပါးဆုံကွက်သား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။
အလေးအပင် မ တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
ဝမ်းမချုပ်အောင် အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။
ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
အမျိုးသမီးများအနေနဲ့ အထက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ရှက်မနေဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းပါရစေရှင်။ ❤️
#သားအိမ်ကျခြင်း #ကျန်းမာရေးဗဟုသုတ
06/03/2026
ကမ္ဘာ့လူဦးရေရဲ့ ၆ ပုံ ၁ ပုံခန့်ဟာ တစ်ချိန်ချိန်မှာ လေဖြတ်နိုင်ချေရှိကြောင်း World Stroke Organization ပြောဆိုထားတာရှိပါတယ်။ လက်ရှိမှာလည်း ၆ စက္ကန့်မှာ ၁ ဦးနှုန်းနဲ့ လေဖြတ်ရောဂါကြောင့် အသက်ဆုံးရှုံးလျှက်ရှိပါတယ်။
သွေးတိုးရောဂါဟာ လေဖြတ်စေနိုင်ခြင်းရဲ့ အဓိကလက်သည်ဖြစ်ပီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ ဦးနှောက်သွေးကြော ပေါက်ခြင်းက လေဖြတ်ခြင်း ၂ မျိုးလုံးတို့ရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓ္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးကြောများအားလုံး ကို ပျက်စီးစေနိုင်ပြီး သွေးကြောနံရံလေးများကို အားနည်းပျက်စီးစေ ခြင်း၊ သွေးကြောများမာကြောခြင်း များကိုဖြစ်စေလို့ပါ။ ဒါကြောင့် သွေးလည်ပတ်မှု အားနည်းလာပြီး အလွယ်တကူသွေးခဲခြင်း၊ သွေးကြောများပိတ်ခြင်းကိုဖြစ်စေပါ တယ်။
ဦးနှောက်သွေးကြောပိတ်တဲ့အခါ ဦးနှောက်ကလပ်စည်းများ အောက်စီဂျင်မရရှိတော့တာကြောင့် ဦးနှောက်ဆဲလ်များရပ်ဆိုင်းပြီး ဆဲလ်များသေသွားနိုင်တာကြောင့် ကုသမှုနောက်ကျသွားရင် နာတာရှည် မသန်စွမ်းဖြစ်စေနိုင်သလို အသက်အန္တရယ် ရှိစေနိုင်ပါတယ်။ နှလုံးသွေးကြောပိတ်ခဲ့မယ်ဆို ရင်တော့ Heart Attack ဖြစ်စေနိုင်ပြီး ရုတ်တရက် အသက်ဆုံးရှံးနိုင်သည် အထိဖြစ်စေနိုင်ပါတယ်။
နှလုံးနဲ့ ဦးနှောက်သွေးကြောဆိုင်ရာများအတွက်ဆောင်ထားသင့်တဲ့ အထူးထုတ် နတ်တိုဂျင့်ဂို နာတိုဂျင့်ဂိုကို သုံးစွဲသင့်သူများ
၁. လေဖျန်းသူများ / လေဖြတ်ဖူးသူများ
၂. သွေးတိုးဆီးချိုရောဂါ ခံစားနေရသူများ
၃. ခြေလက်ထုံကျင်၊ လေးလံခြင်းခံစားနေရသူများ
၄. သွေးပျစ်ပြီး သွေးလည်ပတ်မှုအားနည်းသူများ
၅. နှလုံးသွေးကြောဆိုင်ရာရောဂါခံစားနေရသူများ
၆. သွေးတွင်းအဆီဓါတ်များသူများ
၇. မကြာခဏ သွေးလေးပြီး ခေါင်းနှောက်တတ်သူများ
၈. နား၊ မျက်စိအပါအဝင် အာရုံကြောအားနည်းသူများ
၉. အဆီအဆိမ့်ကြိုက်သူများ
၁၀. ကိ်ုယ်လက်လုပ်ရှားမှုနည်းပြီး အဆီတက်နေသူများ
၁၁. ဦးနှောက်အောက်စီဂျင်လုံလောက်စွာမရရှိသူများ
၁၂. ဦးနှောက်နဲ့ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ဖူးသူများ
မှတ်ချက်။ အသက်အရွယ်ကြီးသူများ အဟာရဖြည့်စွက်စာအဖြစ် ပုံမှန်သုံးစွဲသင့်ပါတယ်။
ထုတ်ကုန်အားလုံးမှာ နိုင်ငံတစ်ကာဈေးကွက်သက်တန်း နှစ် ၂ဝ ကျော်ရှိပြီး အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း 100 ကျော်သို့ တရားဝင်ဖြန့်ချီ ပေးနေတာဖြစ်တဲ့အတွက် ယုံကြည့်စိတ်ချစွာ မှာယူသုံးစွဲနိုင်ပါပြီ။
အားလုံး အသက်ရှည်၊ နုပျိုလှပပြီး ကျန်းမာပျော်ရွင် နိုင်ကြပါစေ။
🙏🙏🙏
05/03/2026
🤰 တခြားနေရာတွေ ပိန်ပါလျက်နဲ့ ဘာလို့ "ဗိုက်" ပဲ ပူနေရတာလဲ?
ဝိတ်ချကြည့်တယ်၊ တခြားနေရာတွေ ကျသွားပေမဲ့ ဝမ်းဗိုက်အဆီ (Belly Fat) ကတော့ ဂျောက်ဂျက်လို ကပ်နေတုန်းပဲလား? ဒါဆိုရင်တော့ သင့်ရဲ့ ပြဿနာက အစားအသောက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကြောင့် ဖြစ်နေနိုင်ပါတယ်။
🔍 "Cortisol Belly" ဆိုတာ ဘာလဲ?
ကျွန်တော်တို့ စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ ခန္ဓာကိုယ်က Cortisol ဟော်မုန်းတွေကို အလွန်အကျွံ ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းက သင့်ရဲ့ အဆီဆဲလ်တွေကို ဝမ်းဗိုက်နားမှာပဲ စုခိုင်းဖို့ အချက်ပေးပါတယ်။ ရလဒ်ကတော့ လက်မောင်းနဲ့ ခြေထောက်တွေ ပိန်နေပေမဲ့ ဗိုက်ကတော့ စူထွက်လာတာပါပဲ။
⚠️ ဒါဟာ သာမန် အဆီစုတာထက် ဘာကြောင့် ပိုကြောက်ဖို့ကောင်းလဲ?
ဝမ်းဗိုက်အတွင်းပိုင်းက အင်္ဂါတွေမှာ စုနေတဲ့အဆီ (Visceral Fat) ဟာ သာမန်အဆီထက် ပိုအန္တရာယ်များပါတယ်။
နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေတယ်။
ဆီးချို (Type 2 Diabetes) ဖြစ်ဖို့ လမ်းစဖြစ်စေတယ်။
ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု (Inflammation) တွေကို ဖြစ်စေပါတယ်။
💡 Cortisol ဗိုက်ပူခြင်းကို ဘယ်လိုဖြေရှင်းမလဲ?
အပြင်းအထန် Diet လုပ်တာထက် ဒီအချက်တွေကို အာရုံစိုက်ကြည့်ပါ -
အလွန်အကျွံ လေ့ကျင့်ခန်းလုပ်တာကို ရှောင်ပါ: ဗိုက်ကျချင်လို့ဆိုပြီး အလွန်အကျွံ ကစားတာက ခန္ဓာကိုယ်ကို Stress ပိုဖြစ်စေပြီး Cortisol ပိုထွက်စေပါတယ်။ လမ်းလျှောက်တာ၊ ယောဂကစားတာမျိုးက ပိုထိရောက်ပါတယ်။
သကြားနဲ့ အချိုလျှော့ပါ: Cortisol တက်နေချိန်မှာ အချိုစားလိုက်ရင် Insulin ဟော်မုန်းပါ လိုက်တက်လာပြီး ဗိုက်မှာ အဆီပိုစုစေပါတယ်။
Magnesium ကြွယ်ဝတာတွေ စားပေးပါ: ဟင်းနုနွယ်၊ အခွံမာသီး နဲ့ အစေ့အဆန်တွေဟာ စိတ်ကို တည်ငြိမ်စေပြီး Cortisol ကို ကျစေပါတယ်။
စိတ်အနားပေးပါ: တစ်နေ့ကို ၅ မိနစ်လောက် တရားထိုင်တာ (သို့မဟုတ်) အသက်ရှူလေ့ကျင့်ခန်း လုပ်တာက ဝမ်းဗိုက်အဆီကျဖို့အတွက် အံ့ဩစရာကောင်းလောက်အောင် ကူညီပေးနိုင်ပါတယ်။
သတိပြုရန်:
ဗိုက်ပူတာဟာ အစားများလို့တင် မဟုတ်ပါဘူး၊ စိတ်ပင်ပန်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်း push မလုပ်ဘဲ စိတ်ကို အရင်လျှော့ချကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီအကြောင်းအရာလေးက သင့်သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်ရင် Mention ခေါ်ပြီး ဝေမျှပေးလိုက်ပါဦး! 👇
03/03/2026
သွေးခဲပိတ်ဆို့မှုကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့လေဖြန်းလေဖြတ်ရောဂါ သင့်အတွက်စိုးရိမ်စရာ မလိုတော့ပါ...
#လေဖြတ်ခြင်းဆိုတာ ဘဝသေဆုံးခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်သလို နာတာရှည် မသန်မစွမ်းဖြစ်ကျန်ရစ်စေတဲ့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်တယ်ဆိုတာသိတယ်ဟုတ်။
လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး (World Stroke Organization) က ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်၌ လေဖြတ်ရောဂါဖြစ်နိုင်တယ်လို့ဆိုပါတယ်။
အချိန်အားဖြင့် ခြောက်စက္ကန့် တိုင်းတွင် လူတစ်ဦးနှုန်းလေဖြတ်ရောဂါ ကြောင့် သေဆုံးနေပါတယ်။အသက်အရွယ်၊ ကျားမ မရွေး လူမျိုး၊ဘာသာမရွေး၊ နေရာ ဒေသမရွေး စက္ကန့်တိုင်းမှာ လေဖြတ် ရောဂါဖြစ်နိုင်ပါတယ်။
လေဖြတ်ရောဂါဆိုတာ -
ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ဘဲဖြစ်ပါတယ်။ ဦးနှောက်က သူ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လုံလောက်တဲ့သွေး ပုံမှန်ရရှိဖို့ လိုအပ်သလို မရတော့ဘူးဆိုရင် ဦးနှောက်ရဲ့အစိတ်အပိုင်းမှ ထိန်းချုပ်ထားတဲ့ ခန္ဓ္ဓာကိုယ်မှ လုပ်ငန်းများ ရပ်ဆိုင်းသွားတာကြောင့် လေဖြတ်ရောဂါလက္ခဏာများဖြစ်လာတာပါ။
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား (၂)မျိုးရှိပါတယ်။
✅ဦးနှောက်သွေး ကြောပိတ်လို့ လေဖြတ်တာ၊
✅ဦးနှောက် အတွင်း သွေးကြောပေါက်လို့လေဖြတ်တာပါ။
လေဖြတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း များအနက် #သွေးတိုးရောဂါက အဓိကအကြောင်းရင်းပါ။သွေးတိုးရောဂါက လေဖြတ်ခြင်းနှစ်မျိုးစလုံး ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါတွေအားလုံးအတွက်အထူးကောင်းမွန်တဲ့ 100% သဘာဝအစားအစာ (Organic Herbal)ရှိတယ်ဆိုရင်အမြန်ဆုံးသာမှီဝဲဖို့သင့်ပြီနော်😍
#ဦးနှောက်၊နှလုံးသွေးကြောရောဂါအမျိုးမျိုးအတွက်သဘာဝဆေးဖက်ဝင်
သုံးစွဲသင့်သူများ-
🌷🌷🌷🌷🌷
🌺 သက်ကြီးရွယ်အိုများနှင့် သက်လတ်ပိုင်းနှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုခံစားနေရသူများ
🌺 နှလုံးသွေးကြောပိတ်ရောဂါ
🌺 ဦးနှောက်သွေးကြောပိတ်ခြင်း၊
🌺 ဦးနှောက်ကျုံ့ရောဂါ
🌺 မျိုးရိုးလိုက်နှလုံးရောဂါ (သို့)နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းစသည့် နှလုံးသွေးကြောဆိုင်ရာရောဂါများ
🌺 သွေးတွင်းအဆီမြင့်မားသူ၊ သွေးတိုးရောဂါ၊သွေးပေါင်ချိန်တက်သူများ၊ ကိုလက်စရောမြင့်နေသူများ
🌺 အဝလွန်သူများ၊ အဆီပါဝင်မှုများသော အစားအစာများကို ကြိုက်နှစ်သက်သူများ
🌺 မကြာခဏဖျော်ဖြေဧည့်ခံပွဲပြုလုပ်သူများ၊ မိသားစုတာဝန် ထမ်းနေရသူများ
🌺 ကိုယ်လက်လှုပ်ရှားမှု မရှိသူ၊ သွေးလည်ပတ်မှုနည်းသူများ၊ ခြေဖျား လက်ဖျားများ အေးစက်တတ်သူများ
🌺 လေဖြန်း၊ လေဖြတ်နေသူများ
Natto Ginkgo ဆေးသောက်သုံးရန်အညွှန်း-
- ရောဂါမဖြစ်မီကြိုတင်ကာကွယ်လိုသူများ
မနက် (၁) လုံး ည (၁) လုံး ရေအေးနဲ့သောက်ပါ။
- ရောဂါရှိသူများ
မနက် (၂) လုံး ည (၂) လုံး ရေအေးနဲ့သောက်ပါ။
ဗိုက်ထဲမှာ အစာရှိရှိ/မရှိရှိ သောက်သုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ သောက်သုံးရန်မသင့်ပါ။
(၄၀၀.မီလီဂရမ်ပါဆေးလုံး) အလုံး (၆၀) ပါတစ်ဗူးလျှင် 120,000 ကျပ်
☎ 09254164039
-မန္တလေးနှင့်ရန်ကုန်အပြင် မြို့အများစုကိုကားခ freeဖြင့် အိမ်တိုင်ရာရောက်ပို့ပေးသည့်အတွက် လွယ်လွယ်ကူကူဝယ်ယူနိုင်ပါတယ်။
01/03/2026
🛑 သင့်ကို စိတ်တိုလွယ်၊ ဗိုက်ပူစေတဲ့ တရားခံက Cortisol လား?
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ "Stress Hormone" လို့ လူသိများတဲ့ Cortisol (ကော်တီဇော) ဆိုတာ ရှိပါတယ်။ သူက ဘေးအန္တရာယ်ကြုံရင် ခန္ဓာကိုယ်ကို အချက်ပေးနှိုးဆော်ပေးတဲ့ "သတိပေးခေါင်းလောင်း" လေးပါ။ ဒါပေမဲ့ ဒီခေါင်းလောင်းက အမြဲတမ်း မြည်နေမယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ပြဿနာတက်လာပါပြီ။
🔍 Cortisol ဆိုတာ ဘာလဲ?
Cortisol ဆိုတာ ကျောက်ကပ်အပေါ်နားမှာရှိတဲ့ Adrenal glands ကနေ ထုတ်ပေးတဲ့ ဟော်မုန်းပါ။ ပုံမှန်ဆိုရင် မနက်ခင်းမှာ အမြင့်ဆုံးဖြစ်ပြီး လူကို လန်းဆန်းစေတယ်၊ ညဘက်မှာတော့ လျော့သွားပြီး အိပ်စက်ဖို့ ပြင်ဆင်ပေးပါတယ်။
⚠️ Cortisol တွေ အရမ်းများလာရင် ဘာဖြစ်မလဲ?
အလုပ်ဖိအား၊ စိတ်ဖိစီးမှုတွေကြောင့် ဒီဟော်မုန်းတွေ တာရှည်မြင့်တက်နေရင် ခန္ဓာကိုယ်က အောက်ပါ လက္ခဏာတွေနဲ့ ပြန်အော်ပါလိမ့်မယ် -
ဗိုက်ပူလာခြင်း (Visceral Fat): တခြားနေရာ ပိန်ပေမဲ့ ဝမ်းဗိုက်မှာ အဆီစုလာတာဟာ Cortisol ကြောင့် ဖြစ်တတ်ပါတယ်။
အိပ်မပျော်ခြင်း: ညဘက်အိပ်ခါနီးမှ မျက်လုံးကြောင်နေတာမျိုး။
ချိုတာ/ငန်တာတွေ စားချင်ခြင်း: ခန္ဓာကိုယ်က စွမ်းအင်လိုအပ်နေတယ်လို့ ထင်ပြီး junk food တွေကို တောင်းတလာတာပါ။
စိတ်တိုလွယ်ခြင်း: အသေးအမွှားလေးကအစ ဒေါသထွက်လာတတ်ပါတယ်။
အသားအရေ ပျက်စီးခြင်း: ဝက်ခြံထွက်တာ ဒါမှမဟုတ် အသားအရေ ခြောက်သွေ့တာမျိုး ဖြစ်စေပါတယ်။
✅ Cortisol ကို ဘယ်လို ပြန်ထိန်းမလဲ?
ဆေးသောက်စရာမလိုဘဲ သဘာဝအတိုင်း ပြန်ဈကြည့်တာမျိုးက ဒီဟော်မုန်းကို ချက်ချင်းကျဆင်းစေပါတယ်။
Cortisol ဆိုတာ ရန်သူမဟုတ်ပါဘူး၊ သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ မိတ်ဆွေပါ။ ဒါပေမဲ့ သူ့ကို အနားပေးဖို့တော့ မမေ့ပါနဲ့။ ဒီနေ့ပဲ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ အချိန်ခဏလောက် ဖယ်ထားလိုက်ရအောင်။
ဒီ Post လေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် Share သွားဖို့ မမေ့နဲ့ဦးနော်! 🌿
27/02/2026
(ကယ်(လ်) ဆီယမ်နှင့်ဘဝရှင်သန်ခြင်း)
ကယ်(လ်)ဆီယမ်သည်လူတို့အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်တစ်မျိုးဖြစ်သည်။
လူတိုင်းမှာ ကယ်(လ်)ဆီယမ်လိုအပ်ချက်ရှိသည့်အတွက် ပြင်ပမှဖြည့်စွက်စားသုံးရန် အထူးလိုအပ်ပါတယ်။ကယ်(လ်)ဆီယမ်ဓါတ်ချို့တဲ့ပါကရောဂါပေါင်း 109မျိုးခန့်သည်လူခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာနိုင်သဖြင့် ကမ္ဘာပေါ်ရှိလူသားများအတွက် ကျန်းမာရေးကိုခြိမ်းခြောက်လျှက်ရှိနေသည်။
လူခန္ဓာကိုယ်အတွင်းမှာ ကယ်(လ်)ဆီယမ်ဓါတ်ဟာ… 99%ကအရိုးအတွင်းမှာတည်ရှိနေပြီး 1%ကသွေးထဲမှာရှိပါတယ်။
သွေးတွင်းမှ 1%ဟာနေ့စဉ် လူခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလုပ်ဆောင်ဖို့ မလုံလောက်တဲ့အခါ အရိုးအတွင်းမှာရှိတဲ့
99%ထဲက ကယ်(လ်)ဆီယမ်ကို အချေးငှားစနစ်နဲ့လုပ်ဆောင်ပေးပါတယ်။ဒီလိုအချေးငှားစနစ်နဲ့ သုံးစွဲပါများလာတဲ့အခါ ကျီးပေါင်းတက်ခြင်း အရိုးအတက်ထွက်ခြင်း အရိုးပွခြင်း အရိုး
ကြွတ်ဆတ်ခြင်း အရိုးကျိုးခြင်း နောက်ဆက်တွဲဆိုးကျိုးများကိုခံစားရပါမယ်။
Tiens Calcium (4)မျိုးရှိပါတယ်။
(1) Nutrient Super Calcium Powder(လူကြီးကယ်(လ်)ဆီယမ်)- 66,000 ကျပ်
(2) Super Calcium Powder For Children(ကလေးကယ်(လ်)ဆီယမ်)- 66,000 ကျပ်
(3) Super Calcium Powder with Metabolic Factors(ဆီးချို ကယ်(လ်)ဆီယမ်)- 78,000 ကျပ်
(4) မှတ်ညဏ်အားဖြည့်ကယ်လ်ဆီယမ် Lecithin(ဦးနှောက်အားပေးကယ်(လ်)ဆီယမ်)- 31,500 ကျပ်
တို့ကိုကမ္ဘာအဆင့်မှီအကောင်းဆုံးနည်းပညာများဖြင့်ထုတ်လုပ်ထားပါတယ်။
(သွေးတွင်းကယ်(လ်)ဆီယမ် 1%ရဲ့လုပ်ဆောင်ချက်(15)ချက်)
(1) အရိုးတည်ဆောက်ပေးပါတယ်
(2) နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေတယ်။
(3) အာရုံကြောသတင်းပို့ဆောင်မှုကိုထောက်ပံ့ပေးပါတယ်။
(4) ကြွက်သားများကျုံ့နိုင်ဆန့်နိုင်အားကိုလုပ်ဆောင်ပေးပါတယ်။
(5) သွေးဖြူ ဥထုတ်ပေးပြီး အဆိပ်တောက်နှင့် ကင်ဆာဆဲလ်များကိုတိုက်ထုတ်ပေးပါတယ်။
(6) သွေးခဲတိတ်စေခြင်း
(7) ဆဲလ်များပူပေါင်းမှုကိုလုပ်ဆောင်ပေးပါတယ်။
(8) ခန္ဓာကိုယ် Energy ကိုဖြည့်ပေးတယ်။
(9) ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိပေးတယ်။
(10) အမျိုးသား/အမျိုးသမီးများအတွက် ဟော်မုန်းထုတ်ပေးပါတယ်။
(11) ခန္ဓာကိုယ်ရဲ့ ကလီဆာတွေကို အင်ဇိုင်းထုတ်ပေးတယ်။
(12) အူမကြီးရဲ့ညှစ်အားကိုလုပ်ဆောင်ပေးတယ်။လုပ်ဆောင်ချက်မကောင်းပါကဝမ်းချုပ်တတ်သည်။
(13) ခန္ဓာကိုယ်သွေးကြောလည်ပတ်မှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။
(14) အမျိုးသားတွေရဲ့ သုက်ပိုးများကျန်းမာလာအောင်လုပ်ဆောင်ပေးတယ်။
(15) အဆိပ်အတောက်များကိုဖယ်ရှားရှင်းထုတ်ပေးပါတယ်။
သွေးတွင်းမှ 1%Calcium သည် တစ်နေ့လျှင် 800'mg: လိုအပ်ပါသည်။နေ့စဉ်အစားအစာထဲမှ 400'mg:သာပြန်ရပါတယ်။
သဘာဝ ကယ်(လ်)ဆီယမ်ရရှိဖို့ကြိုတင်ကာကွယ်နိုင်ရန်
(1) နို့ နှင့်နို့ထွက်ပစ္စည်းများ
(2) အရိုးပါသောငါးသေးလေးများ
(3) ဟင်းသီးဟင်းရွက်စိမ်းများ
(4) အခွံမာတဲ့အစေ့အဆံများကိုစားသုံးပေးရပါမယ်။
🚩စားသုံးနေသောအစားအစာထဲမှ Calcium ဟာ 70%ကမစင်ထဲကိုပါသွားပါတယ်။ Vitamin.D ချို့တဲ့ရင်လည်း Calcium ကိုမရရှိနိုင်ပါ။
Calcium ကိုဆုံးရှုံးစေသောအရာများ
(1) Calcium and Phosphorus .ratio= 2:1 မရှိခြင်း
(2) အဆီအစားများခြင်း
(3) အငန်အစားများခြင်း
(4) နည်းပညာမပါပဲ အလွန်ချက်ပြုတ်ထားသောဟင်းလျာများ
(5) ဆေးလိပ်သောက်တဲ့သူ
(6) ကော်ဖီသောက်များခြင်း
(7) အရက်သောက်ခြင်း
(8) အစာအိမ်အနာဖြစ်ခြင်း တို့က
Calcium ကိုဆုံးရှုံးစေတဲ့အရာများဖြစ်ပါတယ်။
Calcium စုပ်ယူမှုအားကောင်းစေရန် Vit-C / Vit-D ရှိရပါမယ် ။အစားအစာထဲမှာအသားငါးပါရမယ်။
(ကလေးငယ်များ Calcium ဆုံးရှုံးရင်ဖြစ်တတ်သောလက္ခဏာများ)
(1) ညဘက်မအိပ်ပဲ ငိုယိုခြင်း
(2) ဝမ်းပျက်ခြင်း ဗိုက်နာခြင်း
ကြွက်တက်ခြင်း ချွေးထွက်များခြင်း
(3) ရင်ဖုံဖေါင်းခြင်း X ပုံစံ Oပုံစံံဖြစ်ခြင်း
(4) ခြေသည်းလက်သည်း
အဖြူ စင်းပေါ်ခြင်း
(5) အစားသောက်ပျက် /အစားရွေးခြင်း
(6) ဂနာမငြိမ်ခြင်း
(7) စကားပြောနောက်ကျ ခြင်း
(8) လမ်းလျှောက်နောက်ကျခြင်း
(9) သွားပေါက်နောက်ကျ ခြင်း
(10) ဆံပင် ကျဲ ခြင်း
(11) ခဏခဏ နှာစေး ချောင်းဆိုး အအေးမိလွယ်ခြင်းတို့ဖြစ်ပါတယ်။
( 10/16 နှစ်ဆယ်ကျော်သက်များCalcium ချို့တဲ့ရင်)
(1) ကြီးထွားမှုနှေးကွေးပြီး ခြေကုန်လက်ပန်းကျခြင်း
(2) စိတ်ဝင်စားမှုအားနည်းခြင်း မောပန်းလွယ်ခြင်း
(3) အစားရွေးပီး အစားအသောက်ပျက်မယ် သွားပိုးစားမယ်
(4) ခဏခဏဖျားနာခြင်းတို့ဖြစ်ပါတယ်။
(အရွယ်ရောက်ပီးသူများ Calcium ချို့တဲ့ရင်)
(1) မောပန်းမယ် စိတ်ဝင်စားမှုအားနည်းမယ်
(2) ကြွက်တက်ခြင်း ခါးနားခြင်း ခြေဆစ် လက်ဆစ်နာမယ် အရွယ်ရောက်နောက်ကျခြင်း
(3) ခဏခဏဖျားမယ်ညဘက်အိပ်မပျော်ခြင်း
(ကိုယ်ဝန်ဆောင်များ Calciumချို့တဲ့ရင်)
(1) သွားများကြွပ်ဆတ်ခြင်း
(2) ခြေလက်ထုံကျင်ခြင်း ကြွက်တက်ခြင်း
(3) ခြေဆစ် လက်ဆစ်နာခြင်း ခါးနာခြင်း
(4) ခေါင်းမူးမယ် သွေးအားနည်းခြင်း
(5) သွေးပေါင်တက်မယ်
(6) ခြေလက်ဖေါရောင်ခြင်း နို့တိုက်မိခင် နို့မထွက်ခြင်းတို့ဖြစ်ပါတယ်။
(အသက် 50 ကျော် Calcium အားနည်းရင်)
(1) အရိုးပွခြင်း
(2) အရိုးကျိုးခြင်း
(3) ကျောက်တည်ခြင်း
(4) ဆီးချို သွေးချို ဖြစ်ခြင်း
(5) အဖုအကျိတ်ထွက်ခြင်း
(သက်ကြီးပိုင်း 70ကျော် Calcium အားနည်းရင်)
(1) အရေပြားယားယံခြင်း
(2) ဖနောင့် /ခါး /လည်ပင်း/ကျောရိုး
(3) သွားများကျွတ်ထွက်ခြင်း
(4) အရပ်ပုပြီး ခါးကုန်းသွားခြင်း
(5) အစားပျက် အစာအိမ်အနာဖြစ် ဝမ်းချုပ် ပါမယ်
(6) အိပ်မပျော် စိတ်တိုလွယ်ပြီး စိတ်ဂနာမငြိမ်ဖြစ်ပါမယ်။
(Calcium ချို့တဲ့လွန်းရင်)
(1) မှတ်ဥာဏ်လျော့ခြင်း
(2) ကြွက်သားများတောင့်တင်းနေခြင်း
(3) မျက်နှာ ခြေလက်ထုံကျင်ခြင်း
(4) စိတ်ဓါတ်ကျ ခြင်း
(5) ကယောင်ခြောက်ခြားဖြစ်ခြင်းဆိုတဲ့ဝေဒနာတွေကိုခံစားရပါမယ်။
လူသားတိုင်းအတွက် Calcium ကိုမဖြစ်မနေဖြည့်စွက်ပေးရမယ်။
Calcium ထုတ်လုပ်ပုံအဆင့်ဆင့်ရှိပါတယ်။ Calcium ကိုရွေးချယ်မှုကအရေးကြီးပါတယ်။
(1) စုပ်ယူမှုအားကောင်းရပါမယ်။
(2) လုံခြုံ စိတ်ချ မှုရှိရပါမယ်။
(3) ပျော်ဝင်မှု နှုန်းကောင်းရပါမယ်။။
စျေးကွက်ထဲတွင်ရှိသော Calcium အရင်းမြစ်များ)
(1) ထုံးကျောက် Limestone
(2) မာဘယ်လ်ကျောက်
Marble.
(3)Yang .Qishi
(4)လိပ်ခွံ Tortoise.Shell
(5) ခရုခွံ Shell စသည်တို့ဖြစ်သည်။
လူခန္ဓာကိုယ်အတွက် အကောင်းဆုံး Calcium မှာ တိရ စ္ဆာန်၏အရိုးအဆစ်မှရရှိပါသည်။
Calcium ၏ Normal pH.7ဖြစ်ရပါမယ်။
pH.7ထက်လျော့နေမယ်ဆိုရင် Acid တွေဖြစ်မယ်
pH.7ထက်ကျော်လွန်သွားရင် Alkali ဖြစ်သွားပါမယ်။
(Acid များရင်ဘာတွေဖြစ်မလဲ)
(1) လေပွခြင်း လေထခြင်း ရင်ဘတ်ပူခြင်း(သို့)ရင်ပူခြင်း
(2) စိတ်ရှုပ်ထွေးမှုတွေများခြင်း
(3) ဝမ်းချုပ်ခြင်း
(4) စိတ်ဓါတ်ကျခြင်း
(5) ခြေကုန်လက်ပန်းကျခြင်း
(6) နှလုံးခုန်မမှန်ခြင်း
(7) ပျုို့မယ် အန်မယ် စသည့်ဝေဒနာများကိုခံစားရပါမယ်။
ခန္ဓာကိုယ်အတွက် Calcium ဖြည့်မယ်ဆိုရင် Calcium ရဲ့အရင်းမြစ်ကိုသေချာလေ့လာပီးမှ သုံးစွဲရပါမယ်။
(Tiens.Calcium ၏အကျုိး အာနိသင်များ)
(Tiens Calcium သည် မွန်ဂိုလီးယားနိုင်ငံရှိ သတ္တဝါတို့ရဲ့ ကျောရိုး အင်ဇိုင်းမှထုတ်လုပ်ထားသောကြောင့် လူသားတို့အတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
(1) အာဟာရဓါတ်ပေါင်းစုံပါသည်။ အမျိုးပေါင်း (50)ကျော် အမိုင်နိုအက်ဆစ် (19) မျိုး။ သတ္ထုဓါတ် (17) မျိုး။ ဗီတာမင် (14) မ်ျိုး ပါဝင်ပါသည်။
(2) ကယ်(လ်)ဆီယမ်နှင့် ဖော့စဖော့ရပ် အမျိုးစားမှာ 2:1 ဖြစ်သည်။ နိုင်ငံတကာအဆင့်မှီ သတ်မှတ်ချက်နှင့်အညီဖြစ်သည်။
(3) စုပ်ယူနိုင်စွမ်းအားမှာ 95.4% အထိမြင့်မားသည်။
(4) ကယ်(လ်) ဆီယမ်တစ်ထုပ်ပါဝင်မှုသည်။ Hight Calcium.400mg.
(5) အနံ့အရသာအထူးကောင်းမွန်သည်။
(6) ခန္ဓာကိုယ်ကို အကျိုးပြုသောဘက်တီးရီးယားများကိုရှင်သန်စေသည်။
(7) အကျိုးသက်ရောက်မှုသိသာထင်ရှားပြီး ထိရောက်မှုရှိပါသည်။
(8) Vitamin.A /အမိုင်နိုအက်ဆစ် သတ္ထုဓါတ်မျိုးစုံပါဝင်သည်။
(9) U.S. F.D.A ရရှိထားပါတယ်။
(10) 70;80'c အပူချိန်ထက်ကျော်လွန်ပီးမဖျော်ရပါ။
လူသားတိုင်းအစဉ်ကျန်းမာဖို့အတွက်နေ့စဉ်ခန္ဓာကိုယ်မှလိုအပ်သော Calciumကိုဖြည့်စွက်သုံးစွဲခြင်းဖြင့် ကျန်းမာပျော်ရွှင်သောမိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
🚌မြို့ပေါင်း ၁၈၀ ကျော်ကို အိမ်ရောက်ငွေချေ စနစ်ဖြင့် ပို့ပေးပါတယ်။ ကျန်မြို့များကိုလည်း ကားဂိတ်ပို့ပေးပါတယ်။
📲Page Messenger တွင် မှာယူနိုင်သလို 09254164039 ကိုဆက်၍လည်း မှာယူနိုင်ပါတယ်။
26/02/2026
လေဖြတ်ခြင်းမှ ကာကွယ်ဖို့ Natto Ginkgo သောက်သုံးစို့
🌤အခုလို ပြင်းထန်တဲ့ရာသီဥတုနဲ့ ရောဂါဆန်းတွေပေါများလာတဲ့ ခေတ်ကြီးမှာ သင်ကိုယ်တိုင်အတွက်သာမက သင်ချစ်ရသူတွေရဲ့ ကျန်းမာရေးအတွက် အရင်ကထက်ပိုမိုဂရုပြုဖို့လိုလာပါပြီ။ သင့်မိသားစုကျန်းမာမှ သင်လည်းစိတ်ကြည်လင်လန်းဆန်းနိုင်မှာ အသေအချာပါပဲ။
👴👵ဒီလိုဆိုရင်တော့ သင်ချစ်မြတ်နိုးရတဲ့ မိဘဘိုးဘွားတွေအတွက်လူကြီးတွေအတော်များများမှာဖြစ်တတ်တဲ့ ဆီးချို၊သွေးတိုး၊နှလုံးနဲ့ လေဖြတ်ခြင်းလို ဦးနှောက်သွေးကြောဆိုင်ရာ ဝေဒနာတွေကို ကာကွယ်ကုသပေးမယ့် Natto Gingko ကို ကျန်းမာရေးသုခအတွက် လက်စွဲထားဖို့တော့လိုပြီနော်။
💊 Natto Ginkgo တစ်လုံးမှာ
🔸Ginkgo Biloba (ဂျင်ဂိုဘိုဘာ/ကမ္ဘာဦးပင်)
🔸Soy Bean (ပဲပိစပ်/ပဲပုပ်စေ့)
🔸Grape Seed Extract (စပျစ်စေ့အဆီအနှစ်)
🔸Odorless Garlic Powder (အနံ့မဲ့ ကြက်သွန်ဖြူအမှုန့်)
🔸Natto Kanercy (နာတိုကင်နာစီ)
🔸Vitamin C (ဗီတာမင် စီ) စတဲ့ကျန်းမာရေးကိုအပြည့်အဝအထောက်အကူပြုတဲ့ပစ္စည်းတွေပါဝင်ပြီး
✔လေဖြန်းသူများ / လေဖြတ်ဖူးသူများ
✔သွေးတိုး၊ဆီးချိုရောဂါ ခံစားနေရသူများ
✔ခြေလက်ထုံကျင်၊ လေးလံခြင်းခံစားနေရသူများ
✔သွေးပျစ်ပြီး သွေးလည်ပတ်မှုအားနည်းသူများ
✔နှလုံးသွေးကြောဆိုင်ရာရောဂါခံစားနေရသူများ
✔သွေးတွင်းအဆီဓါတ်များသူများနှင့် မကြာခဏသွေးလေးပြီး ခေါင်းနောက်တတ်သူများ
✔နား၊ မျက်စိအပါအဝင် အာရုံကြောအားနည်းသူများ
✔အဆီအဆိမ့်ကြိုက်သူများ
✔ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး အဆီတက်နေသူများနှင့်
✔ဦးနှောက်အောက်စီဂျင်လုံလောက်စွာမရရှိသူများ
✔ဦးနှောက်နဲ့ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ဖူးသူများအတွက် အထူးသင့်လျော်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူများအတွက် အဟာရဖြည့်စွက်စာအဖြစ်လည်း ပုံမှန်သုံးစွဲနိုင်ပါသေးတယ်။
🚌မြို့ပေါင်း ၁၈၀ ကျော် ပို့ခ Free အိမ်အရောက်ငွေချေ စနစ်ဖြင့် ပို့ပေးပါတယ်။
🙅သတိပြုစရာအနေနဲ့ ကလေးငယ်များနဲ့ ဆယ်ကျော်သက ်များ၊ကိုယ်ဝန်ဆောင်မိခင်သည်များကတော့ လုံးဝ(လုံးဝ)ကို မသောက်သုံးသင့်ပါဘူးနော်။
💁ဆေးကို တစ်ခါသောက် ၁ လုံး ၂ ကြိမ် မှ၊ ၂ လုံး ၂ ကြိမ်အထိ သောက်သုံးနိုင်မှာဖြစ်ပြီး ဗိုက်ထဲတွင်အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘေးထွက်ဆိုးကျိုးမရှိ စိတ်ချလက်ချ သုံးစွဲနိုင်မယ့် Natto Ginkgo ပဲဖြစ်ပါတယ်။
🙆ဒါကြောင့် သင်ချစ်ရတဲ့ သက်ကြီးရွယ်အိုများအတွက် သက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းစင်တဲ့ နေ့ရက်တွေကို ဖန်တီးပေးချင်တယ်ဆိုရင် Natto Ginkgo ကိုသာ ကျန်းမာရေးလက်ဆောင်မွန်အဖြစ် မျှဝေရင်း အသေချာဆုံး သေချာစေလိုက်ပါ။
Price - 120,000 Ks
Contact Us :
Phone No-09254164039 or Page Messenger
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Aungmyaytharzan
Mandalay
05014
