Inno. Beauty

Inno. Beauty

Share

Discover the latest beauty, skincare and health products and tips at Inno. Beauty.

Photos from Inno. Beauty's post 18/12/2021

JBL ရန်ကုန်ရောက်တာ လေးတွေ မရောက်ခင်ထဲက ကြိုယူထားတာနဲ့ကုန်😍

အရမ်းတန်တဲ့ စျေးပါ
မူရင်းစျေး ၄ သိန်း ကို Sale ရှိနေသေးလို့
195000 နဲ့ Preorder ထပ်မှာလို့ရပါသေးတယ်နော်

Official store ကမှာယူတာမို့ 100% Authentic ပါ ✔

Photos from Inno. Beauty's post 25/09/2021

Missha M Signature Real Complete BB Cream Special Sales 💋💋💋 (In Stock)

45% Sales >>> 35000 👑👑👑
(Normal Price: 63000)

Missha Korea Brand က ကမ္ဘာပေါ်မှာ BB Cream အတွက် အကျော်ကြားဆုံး Brand တခုဖြစ်ပါတယ်။
Wrinkle Improvement + Whitening + UV Block ပါဝင်သော BB cream ဖြစ်ပါတယ်။ 👍

အေးမြတဲ့ ခံစားမှုနှင့်အတူ စေးကပ်ခြင်းမရှိပဲ မိတ်ကပ်မလိမ်းထားသကဲ့သို ပေါ့ပါးလန်းဆန်း၍ တနေ့တာလုံး ကြည်လင်လှပပြီး ယုံကြည်မှုအပြည့်ရှိစေပါတယ် 😍😍😍

လိမ်းပြီးစက္ကန့်အနည်းငယ်အကြာမှာ သဘာဝအတိုင်း အသားအရည်နှင့်တထပ်တည်းကျ၍အစက်အပြောက်၊ အ​ပြစ်အနာအဆာများကင်းစေကာ အချိန်ကြာလေ လှပလေ ​​ဖြစ်စေပါတယ်။ မိတ်ကပ်ပြန့်ခြင်း၊ ကွက်ခြင်းလုံးဝမရှိစေပဲ ကြည်​​ကြည်ဝင်းဝင်းလေးနဲ့ ကိုရီးယာမလေးကဲ့သို့ လှပစေမှာအမှန်ပါ😚😚😚

အဆီပြန်ခြင်းကိုထိန်းသိမ်းပေးသည့်အပြင် ရေဓာတ်ကိုလဲ ​​ဖြည့်ပေးသောကြောင့် all skin type အသုံးပြုလို့ရပါတယ်။

☝☝☝ မင်မင် အကြံပြုချင်တာက BB cream က အနည်းငယ်သာ လိမ်းရတဲ့အတွက် BB cream မလိမ်းခင် moisturiser တခုကိုအရင်လိမ်းပြီးမှလိမ်းရင် နှံ့အောင်ဆွဲရတာ ပိုညက်စေပါတယ်။ ကြာလေလေ ညက်လေလေ ပိုလှပို glow လာလေပါ💋💋💋

In Stock ရှိတဲ့အတွက် ငွေချေပြီးတာနဲ့ ၃ရက်အတွင်းရောက်ရှိလာမှာပါ။📦📦📦
(ပစ္စည်းအရေအတွက် အနည်းငယ်သာရှိ)
⌚⌚⌚အမြန်မှာမှ စိတ်ချရမယ်နော်.................

Order တင်မယ်ဆို Chat Box
Prepaid: Kpay/ CB Pay
Expire Date: 19 Nov 2022
Direct from Korea

Photos from Inno. Beauty's post 13/09/2021

❌❌SOLD OUT❌❌
Missha Glow Skin Balm 45%sale ❤️

Normal price = 35000
Now =19000 (50ml )

👑 Effect ၄ မျိုးကို 4 in 1 အဖြစ် တမျိုးတည်း ​သုံးရုံနဲ့ အကျိုးသက်ရောက်မှု အားကောင်းပါတယ်။

1--Moisturizing
2--Day Cream
3--Glow effect Light cream
4--Primer

glow ချင်သူတွေအတွက်လဲ ပြောင်ပြောင်တင်းတင်းလေး Healthy Skin Glow ကိုရရှိစေမှာအမှန်ပါ။

နာမည်​ကြီး Missha Brand ​​​ဖြစ်တဲ့အတွက် Quality ကတော့ ကောင်းပြီးသားပါ။ မင်မင်ကတော့ Skin Care အတွက် အသုံးပြုတယ် 🤗

မိတ်ကပ်လေး အရင်လိမ်းပြိး ဒီ Skin Balm ​လေးထပ်လိမ်းလိုက်ရင်တော့ Hollywood မင်းသမီးလေးလိုလှပလာမှာပါ။ 50ml ဆိုတော့ ဘူးကြီးကြီး ပါ။ အကြာကြီးအသုံးခံတယ်။

In Stock ရှိတဲ့အတွက် ငွေချေပြီးတာနဲ့ ၃ရက်အတွင်းရောက်ရှိလာမှာပါ။📦📦📦
(ပစ္စည်းအရေအတွက် အနည်းငယ်သာရှိ)
⌚⌚⌚အမြန်မှာမှ စိတ်ချရမယ်နော်.................

Order တင်မယ်ဆို Chat Box
Prepaid: Kpay/ CB Pay
Expire Date: 18 May 2023
Direct from Korea

31/08/2021

👉ဂျင်း အထည့်မခံရအောင်ပါ….

ဒီဆေးက ရွှေနိုင်ငံ မှာ ဟော့နေတယ် ဆိုလို့
စင်ကာပူ ကျန်းမာရေးဌာန ထုတ်ပြန်တာ ဖတ်ကြည့်ပါ။

ဒီဆေးကို့ Singapore မှာရှိနေတဲ့လူတွေ အရမ်းဝယ်ပြီ မြန်မာပြည်ပို့နေကြလို့ ကူးလာပေးတာ ဝယ်ပြီမှနောင်တမရစေချင်လို့✌️✌️

သမင်အချင်း မှတဆင့်ဖော်ထုတ်ထား Purtier Placenta stem cell တံဆိပ် အစာထိုးအာဟာရဖြည့်စာကို မြန်မာပြည်မှ မိတ်ဆွေတွေက စင်ကာပူမှာ နေသူ တွေကိုလှမ်းမေးကြ၊ လှမ်းမှာကြတယ်။

မြန်မာပြည်မှာ ၁ ဗူးကို ၂ သိန်း ၇ သောင်း မှ ၅ သိန်းအထိ စျေးပေါက်တယ်။ မြိတ်မှာ ဆေး ၁ လုံးကို ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်။

စျေးကြီးလို့ မတတ်နိုင်ဘူး။ စင်ကာပူစျေး သက်သာလား။ ၁ ဗူး ဘယ်လောက်ရှိလဲ။ စျေးသက်သာရင် ဝယ်ပို့ပေးပါလား။ လိုချင်လို့ပါဆိုပြီး ခဏခဏမေးကြလွန်းလို့ မေးပေးမယ်။ စုံစမ်းပေးမယ် ပြောပြီး အင်တာနက်မှာ ရှာကြည့်မိတယ်။

အင်တာနက်ပေါ်မှ စျေးနှုန်းတွေက အများကြီး သက်သာတယ်။ ၁ ဗူးကို စင်္ကာပူဒေါ်လာ ၁၂၀ (မြန်မာငွေ 145000)ပဲရှိတာကိုး။

ဒီလောက်များများကို ပင်ရင်းမှာ တိုက်ရိုက်ဝယ် စျေးပိုသက်သာမလား တွေးမိတာနဲ့ ပင်ရင်းကုမ္ပဏီကို ထပ်ရှာမိတယ်။ Riway Singapore Pte Ltd မှ တဆင့်ဖြန့်တာဆိုတာ တွေ့တယ်

Google search မှာ တွဲတက်လာတဲ့ စင်ကာပူ ကျန်းမာရေးသိပ္ပံဌာန (HSA) သတိပေးစာ
အမှတ်မထင် မြင်လိုက်တော့

“ဘာများလဲဟ”

ဆိုပြီး စပ်စုမိတယ်။

အဲ့မှာ ရေးထားတာက

Riway ကုမ္ပဏီကို ၂၀၁၉ ဇူလိုင် မှာ တရားရုံးတင်ပြီး ဒဏ်ရိုက်ထားတဲ့ကြောင်း တွေ့လိုက်တော့ လန့်သွားတယ်။

ဟာ..မဖြစ်ချေဘူး။ သေသေချာချာ ဂဃနဏသိအောင်ဖတ်ကြည့်မှပဲ ဆိုပြီး ရေဆုံးမိုးဆုံး လိုက်ခဲ့တယ်။

အဓိက ဒဏ်ရိုက်ခံထိရတဲ့ အကြောင်းက

ဒီဆေးမှီဝဲရင်

ဆီးချို၊ ကင်ဆာကြိတ် နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေ လျော့နည်းစေနိုင်တဲ့အကြောင်း၊ ယုတ်စွအဆုံး Stem cell therapy က တခြားခြားသော ရောဂါတွေကို ပျောက်ကင်းစေနိုင်ကြောင်း ပြောဆိုကြော်ငြာချက်တွေဟာ မဟုတ်မမှန်ကြောင်း၊

နောက်ပြီး Stem cell ရဲ့ အကျိုးအာနိသင် အမှန်တကယ်ရဖို့ဆိုရင် ၁၉၆ ဒီဂရီ စင်တီဂရိတ်မှာ အေးခဲထားရမှာ။ ဒါပေမဲ့ ဆေးညွှန်းမှာ ဘယ်လိုအေးခဲရမယ်ဆိုတာ မပါကြောင်း ဆိုထားပြန်တယ်။

စင်ကာပူ ကျန်မားရေးသိပ္ပံဌာနမှ စားသုံးသူတွေအတွက်အကြံပေးစာ ရေးထားတယ်။

အားဖြည့်အစားထိုးစာကို ဘယ်ရောဂါပျောက်ပါတယ်။ ညာရောဂါပျောက်ပါတယ်ဆိုပြီး လိမ်ရောင်းတာမခံကြဖို့၊ အစားထိုးစာဟာကို ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ သောက်ကြဖို့၊ ညွှန့်ကြားချက် ပေးထားပါတယ်။

အလားတူ ဒူဗိုင်းနိုင်ငံကလဲ
ဒီလို ဆေးမျိုးတွေက ကျန်းမာရေးအတွက် အန္တာရာယ်ရှိနိုင်ကြောင်း၊သိပ္ပံနည်းပညာအရ စစ်ဆေးချက်တွေ မပါတဲ့ ဆေးကို ရောင်းချတဲ့သူများအား ..
ဖမ်းမယ်ဆိုတဲ့ အကြောင်း ၂၀၁၈ မတ်လက ထုတ်ပြန်ထားပါတယ်။

UK မှလဲ ကင်ဆာ အဆင့် ၄ ပျောက်ပါတယ်ဆိုပြီး MLM အစီအစဉ်နဲ့ ရောင်းနေတာတွေ့ရှိကြောင်း ရေးထားပါတယ်။

အသေးစိတ်သိလိုပါက
အောက်မှာရှိတဲ့ ဆောင်းပါးတွေကို ဖတ်ရှူ့နိုင်ပါတယ်။

https://gulfnews.com/uae/health/warning-deer-placenta-extract-harmful-for-human-consumption-1.2186529

https://www.mirror.co.uk/news/uk-news/oh-deer-new-pyramid-scheme-13657143

https://www.hsa.gov.sg/announcements/news/riway-falseclaims

https://gulfnews.com/uae/health/warning-deer-placenta-extract-harmful-for-human-consumption-1.2186529

ဒီလို နိုင်ငံတကာမှ သတိပေးထားတဲ့ ဆေးကို ဝယ်သောက်သင့်၊ မသောက်သင့်စဉ်းစားကြပါ။

ရောဂါအများကြီး ပျောက်ပါတယ်ဆိုပြီး ကြော်ငြာတဲ့ဆေးက အမှန်တကယ် ဘာတစ်ခုမှ မပျောက်ကင်းတာမျိုးလဲ ဖြစ်နိုင်တယ် ဆိုတာ သတိချပ်ကြပါ။



Credit original uploader
Win Cho Cho Khing
Zaw Ag
credit

07/08/2020

အမျိုးသမီးတိုင်းအတွက်တ​နေ့တာလိုအပ်တဲ့ WOMEN multi vitamins and mineral အလုံး၁၂၀ ပါ(60မဟုတ်ပါ)
packageကို special offerအ​နေနဲ့ရနိုင်ပါပြီ
အသက်ရွယ်မ​ရွေး 20ကစပြီး​သောက်လို့ရပါတယ် အ​သေးစိတ် chatboxလာ​ပေးပါ

Photos from Inno. Beauty's post 22/09/2019

***Collagen ဆိုတာဘာလဲ???
***Collagen က ကိုယ်ခန္ဓာမှာ ဘယ်လို အကျိုးပြုသလဲ???

Collagen ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အပေါများဆုံးသော proteinတစ်မျိုးပါပဲ။ အရေပြား၊ အရိုး၊ ကြွက်သား၊အူလမ်းကြောင်းနှင့် သွေးကြောတွေမှာ တွေ့ရပါတယ်။ ယခုခေတ် collagen ရဲ့ လူသိများတဲ့ကောင်းကျိုးကတော့ အသားအရေရဲ့ ကြံ့ခိုင်မှုကို တိုးမြင့်ပေးပြီး အသားအရေရဲ့ကျုံ့ဆန်နိုင်အားကို ကောင်းမွန်စေတာပဲ။ ဒါတင်မကပါဘူး collagenမှာ တခြားသော ကောင်းကျိုးများလည်း ရှိနေပါသေးတယ်။

Collagenဟာ အသက်ရလာတာနှင့်အမျှကျွန်တော်တို့ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ အရေးအကြောင်းတွေ၊ ​လျော့တွဲကျလာတဲ့အသားအရေ၊ အဆစ်တွေနာကျင်လာခြင်းတွေဟာဆိုရင် ကျွန်တော်တို့ အိုမင်းလာတာကိုပြသနေတဲ့ လက္ခဏာရပ်တွေပဲဖြစ်သလို collagen လျော့နည်းနေပြီဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အချိုစားသုံးမှုများခြင်း၊ နေရောင်ခြည်နှင့် ထိတွေ့မှုလွန်ကဲခြင်း၊ ဆေးလိပ်နှင့် အရက်သေစာ သောက်စားခြင်း တို့ဟာ collagen ကို မြန်မြန်လျော့ကျလာစေပါတယ်။

Collagen မှာ အထက်ဖော်ပြပါ အိုမင်းရင့်ရော်မှုတွေကို နှောင့်နှေးစေနိုင်ခြင်းအပြင် အခြားသော ခန္ဓာကိုယ်အတွက် အကျိုးပြု လက္ခဏာများလည်း ရှိပါသေးတယ် ။ Collagen ဟာ Amino Acid ၁၉ မျိုးနဲ့ဖွဲ့စည်းထားတဲ့ protein တစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီ amino acid ၁၉မျိုးထဲမှာမှ ကိုယ်ခန္ဓာအတွက် အကျိုးအပြုဆုံးသော amino acid လေးမျိုးရှိပါတယ်။

(1) Proline
Proline Amino acid ဟာ collagenရဲ့ 15% ကို ပြုလုပ်ပေးပါတယ်။ Proline ဟာ ကျွန်တော်တို့ခန္ဓာကိုယ် စက်ယန္တရားကြီး အဆင်ပြေချောမွေ့အောင် လည်ပတ်နိုင်ရေးအတွက် အဓိကကျတဲ့ amino acid ဖြစ်သလို သွေးကြောသန့်စင်ရေး အရိုးအဆစ်ကျန်းမာရေး နှင့် နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းများရှိပါတယ်

(2) Glycine
Glycineကို Collagenရဲ့ သုံးပုံတစ်ပုံလောက်ထိတွေ့ရပြီး DNA strand (ကျွန်တော်တို့ ရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်ပေးတဲ့ gene)ကို ကျန်းမာကြံ့ခိုင်စေပါတယ် DNA ဟာ ကျန်းမာလာတာနှင့်အမျှ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များဟာ အရည်အသွေးပြည့်ဝသော ကောင်းမွန်သော သားကောင်းရတနာများဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင်ကြွက်သားကြီးထွားစေခြင်း နှင့် အလေးမခြင်းစသောလေ့ကျင့်ခန်းများလုပ်ရာတွင် သက်လုံကောင်းစေခြင်းတို့ကို ရရှိစေပါတယ်။

(3) Glutamine
Glutamineဟာ amino acid တစ်မျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မငြိမ်မသက်ဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ညဘက်အိပ်မပျော်ခြင်း၊ အူလမ်းကြောင်းမကျန်းမာခြင်း၊ ကိုယ်ခံအားနည်းခြင်း၊နှင့် အားမရှိခြင်းတို့ကို သက်သာစေပါတယ်။

(4) L-Arginine
Arginineရဲ့ကောင်းကျိုးများကတော့ နှလုံးကိုကျန်းမာစေခြင်း သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း နှင့်ကျန်းမာပျော်ရွှင်သော အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားနိုင်စေခြင်းတို့ကို ရရှိစေပါတယ်။

အထက်ပါ ကောင်းကျိုးတွေနှင့်ပြည့်ဝသော Collagenကို ​သောက်သုံးလျှင်
၁။ အရေပြား၊ ဆံပင်၊ လက်သည်း ကျန်းမာလာခြင်း
၂။ အဆစ်နာကျင်ခြင်းကိုလျော့ပါးစေခြင်း
၃။ အူလမ်းကြောင်းကျန်းမာလာစေခြင်း
၎။ ဇီဝကမ္မဖြစ်စဉ်နှင့် ကြွက်သားထုထည်တိုးလာခြင်
၅။ အရိုးနှင့် သွားများကြံ့ခိုင်လာခြင်း
၆။ အသည်း၏လုပ်ဆောင်ချက်များကို ကောင်းမွန်လာစေခြင်း တို့ကို ရရှိစေပါတယ်။

***Collagen ကိုရွေးချယ်ရာတွင်
တိရိစ္ဆာန်မှ ထုတ်လုပ်သော အမျိုးအစား နှင့်​ ပင်လယ်ငါးမှထုတ်လုပ်သောအမျိုးအစား ဟူ၍ နှစ်မျိုးရှိပါသည်။
တိရိစ္ဆာန်မှထုတ်လုပ်သော collagen သည် သောက်သုံးသော်လည်း သောက်သုံးသည့်ပမာဏအတိုင်း အူကစုပ်ယူနိုင်ခြင်းမရှိပါ။

ကျွန်တော်ယခုဖော်ပြထားသည့် ငါးမှထုတ်လုပ်သော collagenသည် collagen molecules ​လေးများကို သေးနှုပ်အောင် အဆင့်ဆင့် ခွဲထုတ်ထားပြီး သောက်လျင်သောက်သည့်ပမာဏအလျောက် ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်းအပြည့်ရှိပါသည်။ ထို့အပြင် Vitamin C ၏ ပေါင်းစပ်ပါဝင်မှုက Collagenရဲ့ အကျိုးသက်ရောက်မှုနှင့် Collagen ရဲ့ သက်တမ်းကို ကြာရှည်စေကာ လျင်မြန်တိကျသော ရလာဒ်ကိုထွက်ပေါ်စေပါသည်။

California Gold Nutrition သည် အမေရိကန်နိုင်ငံတွင်ထုတ်လုပ်သော တံဆိပ်ဖြစ်ကာ မွေးမြူရေးငါးများကိုမသုံးဘဲ ပင်လယ်တွင်သဘာဝအတိုင်းဖမ်းဆီးရမိသော ငါးများကိုသာအသုံးပြုထားသော Collagen အမှုန့်ဖြစ်ပါသည်။ ဘူးအတွင်းပါရှိသော ခွက်တစ်ခွက်စာတွင် Collagen 5150 mgပါရှိကာ အသက် ၂၅-၄၅ နှစ်အတွင်းရှိ လူကြီးမင်းများကို တနေ့တာအတွက်လုံလောက်သော Collagen ပမာဏကို ပြည့်မှီစွာထောက်ပံ့ပေးနိုင်ပြီး မြန်ဆန်တဲ့ သိသာထင်ရှားမှုကိုရရှိစေပါတယ်။

ဘူးအတွင်းတွင်ခန့်မှန်းခြေ အကြိမ် ၉၂ (၃လစာ)သောက်သုံးနိုင်သော ကိုလာဂျင်ပမာဏပါရှိပြီး တစ်ဘူးလျှင် ၆၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

၃ လစာလျှင် ၆၉၀၀၀ကျပ်ဖြစ်ကာ U.S.A. Brand ဖြစ်ပြီး
လုံလောက်ကောင်းမွန်သော ပမာဏနှင့် ပြီးပြည့်စုံသည့် ရောစပ်မှုသည် ပေးရသောဈေးနှင့် မတန်အောင် စိတ်ကျေနပ်စေပါလိမ့်မည်။........................................................................
မှာယူလိုပါက…
Messenger က​နေတဆင့်​​သော်​လည်း​ကောင်း၊ 09-449500061 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

# မန္တလေးမြို့တွင်း မှာယူပါက ပို့ဆောင်ခအခမဲ့ဖြစ်ပါတယ်။

# ရန်ကုန်မြို့ နှင့် နယ်မြို့များမှမှာယူသူများအတွက်တော့ KBZ (သို့) CB ဘဏ်ကနေ ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်/ရထား မှတဆင့်ပို့ပေးသွားပါမယ်။ ငွေလွှဲခ/ပို့ဆောင်ခများကို မှာယူသူဘက်မှ ပေးဆောင်ပေးရပါမယ်။

# သက်ဆိုင်ရာမြို့ ကားဂိတ်/ ရထားဂိတ်များသို့ (၃)ရက်အတွင်း အရောက်ပို့ဆောင်ပေးပါမည်။

# အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 09-449500061 သို့ဆက်သွယ်နိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay