Healthy Cook By Zon Pwint

Healthy Cook By Zon Pwint

Share

Zon Pwint ရဲ့ Life တစ်လျှောက်မှာစားဖြစ်တဲ့ Healthy Food ပြုလုပ်နည်းလေးတွေကို Share သွားပါမယ်

Photos from Healthy Cook By Zon Pwint's post 21/11/2024

Balanced Diet စားနေတဲ့သူတွေအတွက်

ZP တို့ရဲ့ PT ဆရာက Snack Time မှာ Whole Meal Bread တွေကို Bake လုပ်ထားတာလေးတွေ စားတာ မြင်လို့ စားကြည့်တာ မဆိုးဘူး စားလို့ကောင်းတယ်

အာ့ကြောင့် Whole Meal Bread တစ်ထုတ်ဝယ်တယ် ... တစ်ဝက်ကို အစိုအတိုင်းစားတယ် တစ်ဝက်ကို Air Fryer နဲ့ 160C နဲ့ 3min Dry လုပ်လိုက်တာ တော်တော်လေးကောင်းတဲ့ မုန့်ကြွပ်ပုံစံလေးတွေ ရတယ်

Exp ကို 3 ရက်လောက်ပဲ ပေးတာတွေကျ အရမ်း မစားဖြစ်ရင် မှိုတတ်တတ်တော့ ဒီလိုလေး လုပ်ပြီး ဘူးထဲ ထည့်ထားရင် Budget လဲ Save ဖြစ်ပြီး Diet ချိန်မှာ စားချင် ဝါးချင်စရာလေးလဲ ရတာပေါ့ 😁😁😁

Zon Pwint
Healthy Cook By Zon Pwint

Photos from Healthy Cook By Zon Pwint's post 01/11/2024

ထမင်းလျော့စားတဲ့အချိန်ကစပြီးတော့

တီထွင်ဖန်တီးမှုတွေပေါ့

ဘယ်လိုလုပ်ရင် အရွက်တွေ အသားတွေ များများစားဝင်မလဲ ... ဆီ သကြား အငန်တွေ လျော့နိုင်မလဲ စဉ်းစားရင်း😁😁

သရက်သီးကို အကုန်လျော့ပြီး စားကောင်းသလိုလေး ထောင်းတယ် 😋

ကြက်သားကို ဆီပိစိလေးနဲ့ ကြော်သလို လှော်သလို ကင်သလိုလို ဘာမှန်းမသိလုပ်တယ်😋

ထမင်းကို 100g လောက် စားမယ်😋

မစားဘူးဆိုတဲ့အရာလဲမရှိသလို
မစားရဘူးဆိုတာလဲ မရှိ
စားချငိရင် စားကောင်းအောင် လုပ်စားတယ်
လျော့ချင်ရင် လျော့စားတယ် 😋😋

PT နဲ့ဆော့နေတာမို့ အကျိုးရှိအောင် အစားလဲဆင်ခြင်ရင်းပေါ့ကွယ် 😍

19/08/2023

ညနေစာကို ညနေ 5နာရီနောက်ဆုံးထားပြီးစားဖြစ်တယ် ...

အဲ့လိုဆိုရင် ကိုယ့်အတွက် 16-8hr fasting က ပိုလွယ်သွားတယ်

မနက်ဆိုရင် 9:00 လောက်မှာ မနက်စာ စားရတော့ အိုကေတယ်လေ 😁😁

ညဗိုက်ဆာရင်လဲ ရေသောက် စောစောအိပ် ..
ကျန်းမာရေးနဲ့ ညီညွတ်တယ်

ပုံထဲမှာတော့ ညနေစာ စားတာ နဲနဲနောက်ကျသွားလို့ မနက်စာ နောက်ကျ😅😅🤒🤒

05/08/2023

လေ့ကျင့်ခန်းလဲ လုပ်လို့မရသေးတော့

မထူးပါဘူး

အစားအသောက်နဲ့ Weight ချမယ် ထိန်းတာပေါ့ကွယ်

မနက်စာ

ပေါင်မုန့်တစ်ချပ် + ကြက်ဥတစ်လုံး+ နှပ်ကော်ဖီတစ်ခွက်

နေ့လည် + ညစာ

ထမင်း (6) ဇွန်း
အရွက်ကြော် ကြိုက်သလောက်
ဟင်း အနှစ်မပါ နှစ်တုံး

ကိုယ်စားနေတဲ့ ပုံစံလေးပါ 😁

တနေ့လုံး အဲ့သုံးနပ်ရယ် ရေ 3 lit ကလွဲရင်ဘာမှ မစားပါ 😅😅

ညနေ 5 နာရီကစပြီးတော့ 16:8 hr fasting လုပ်ပါတယ် ❤️😅❤️

02/08/2023

Hello ... Post တွေ မတင်ဖြစ်တာ တော်တော်ကြာသွားပါတယ်

ZP operation တခုလုပ်လိုက်ရတာမို့လို့

Workout တွေ (2) လလောက်နားရမှာမို့လို့

အစားအသောက် Only နဲ့ Weight ထိန်း/ လျော့ သွားပါမယ် 😁😁

လောလောဆယ်တော့ fasting နေပါတယ်

16:8 ( 16 hr နာရီ အစာမစားပဲ ရေပဲသောက်ပြီးတော့ 8hr အတွင်းမှာပဲ အစာစားတာပါ)

ညနေ 5 နာရီကနေ မနက်9 နာရီ အထိ နေလိုက်ပါတယ် 😁😁

ကဲ .... ZP နဲ့ တူတူ လိုက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ် ❤️

Photos from Healthy Cook By Zon Pwint's post 30/06/2023

ဒီလို Healthy Meal တွေစားပြီးတော့

တကယ်ကျစ်လစ်ပြီး Weight ကျလာတယ်ဆိုတော့လေ ....

အဓိကကတော့ ....

👉ဆီလျော့စားပါ
( ကိုယ်ပုံမှန်ချက်နေတဲ့ဟင်းကနေ ယူစားလို့ရပါတယ် ... ပန်းကန်ထဲ ဆီမပါစေနဲ့ပေါ့နော်)

👉ထမင်းကို 6 or 8 ဇွန်း စားပါတယ်

👉 အသား 2 တုံးစားပါတယ်

👉အရွက် များနိုင်သမျှ စားပါတယ်

ဒီ Meal သုံးခုကြားမှာ ဘယ်လိုအပြင်စာမှ မစားပါ 😁😁😁

Photos from Healthy Cook By Zon Pwint's post 25/06/2023

Morning ....

💚ဒီနေ့တော့ ZP Diet လုပ်တဲ့ အချိန်တိုင်း လုပ်ထားဖြစ်တဲ့ ဘာနဲ့စားစား အဆင်ပြေစားလို့ကောင်းတဲ့ အချဉ်ရည်ဖျော်နည်းလေး ပြောပြပေးပါမယ် (လုပ်ပြီးရင် ရေခဲသေတ္တာထဲ ဘူးလေးနဲ့ ထည့်ထားပါနော် )

👉 ပုံလေးတွေအောက်မှာကြည့်ပေးပါ ❤️

👉ကြက်သားပြုတ်ထဲကိုပဲထည့်သောက်သောက်

👉အရွက်သုတ်တွေထဲ ထည့်ထည့်

ဆီမလိုပဲ စိုစိုလေးနဲ့ စားလို့ကောင်းတဲ့ အသုတ်လေးတွေ ပြင်ဆင်လ်ို့ ရပါတယ် ❤️

With Love ❤️

24/06/2023

ဒီနေ့တော့ ... မီးလာနေတဲ့ အတွက် 😁😁

👉မီးလာနေတဲ့အချိန် လွယ်လွယ်ကူကူနဲ့ စားလို့လဲ အရမ်းကောင်းတဲ့ Healthy Breakfast လေးဖြစ်တဲ့ "ပေါင်မုန့်ကြက်ဥကြော် " လုပ်နည်းလေး တင်ပေးလိုက်ပါတယ်
👉ဆီလေးကို သုတ်ရုံနဲ့တင် လှလှပပလေး ထွက်လာတာမို့လို့ အရမ်းကောင်းသောပါနော်

👉ကြက်ဥ တစ်လုံး + ပေါင်မုန့် တစ်ချပ် ပါ

Simplus Sandwich Maker လေးကို YarYar Online Emporium Page ကနေ ဝယ်ထားတာပါ

👉နောက်နေ့တွေမှာတော့ မီးမလာလဲ ဆိုင်မှာ ကြော်သလိုမျိုးလေး ထွက်လာမယ့် နောက် Version တစ်မျိုးကို တင်ပေးပါဦးမယ်နော်

With Love ❤️

Photos from Healthy Cook By Zon Pwint's post 23/06/2023

💚Healthy Meal လေးတွေ စားပြီးတော့ Healthy Life Style နေဖို့ ပြင်ဆင်နေတဲ့ သူလေးတွေဆိုရင် ...

အများစုက ဆုလာဘ်ကောင်းလေးတွေ ရကြတာကို သဘောကျကြပါတယ် ... Zon Pwint အပါအဝင်ပေါ့နော်

👉နေလို့ထိုင်လို့ကောင်းလာတယ်
👉ဗိုက်လေးတွေ ချပ်လာတယ်
👉ခန္ဓာကိုယ်ပေါ့ပါးလာတယ်
👉ယုံကြည်မှုတွေပိုရှိလာတယ်

အဲ့တော့ လူတိုင်း ရင်းနှီးနေတဲ့ Fasting ကို သေချာ စနစ်တကျလေး လုပ်ဖို့ ဆိုရင် Zon Pwint လုပ်နေကျ Application လေးတခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်

"Zero" ဆိုတဲ့ App လေးပါ

👉သူက ကိုယ်စချင်တဲ့ အချိန်ကနေ (ဥပမာ - 13hr / 12hr / 6hr / 8hr ကြိုက်တာကို Custom လုပ်လို့ရသလို) ပြီးမယ့်အချိန်ကိုပါ ပြပေးထားပါတယ်
👉Custom မလုပ်ချင်ရင်လဲ သူ့မှာ ပြပေးထားတဲ့ အချိန်တွေထဲက ကိုယ်ကြိုက်တဲ့ အချိန်ကာလကို ရွေးလို့ရပါတယ်
👉သူက ကိုယ်လုပ်နေကျ အချိန်ရောက်တိုင်း မလုပ်ရသေးရင် Noti ပို့ပေးတာမို့လို့ သတိမေ့စရာအကြောင်း နဲနဲလေးမှ မရှိပါ 😂( မေ့ချင်ယောင်ဆောင်နေရင်ပြော ပြောတတ်ဖူး😝😝)
👉ကိုယ့်ရဲ့ Target ထားထားတဲ့ အချိန်မရောက်ခင် တစ်နာရီ အလိုမှာလဲ ပြီးတော့မယ် ဘာညာဆိုပြီး Moti Noti လေး ပေးတတ်ပါသေးတယ် ❤️
👉ကိုယ့်ရဲ့ Target အချိန် ပြည့်သွားရင်လဲ Goal လေးတွေ ပေးတတ်တာမို့ ဆုချ ခံချင်သူတွေ အတွက် Moti အပြည့်ပေါ့ရှင် 😁😁

Zon Pwint ကတော့ Fasting ဆိုတာကြီးထက် ညစာ စားပြီးရင် တခြား အပိုဘာမှ မစားဖြစ်တော့အောင်လို့ Remind လုပ်ထားတဲ့ အနေနဲ့ 13hr fasting ကို နေ့တိုင်း လုပ်ဖြစ်ပါတယ်

အားလုံးပဲ ပိုမိုကျန်းမာ လှပနိုင်ကြပါစေ

With Love ❤️

22/06/2023

Morning 💚💚

ဒီနေ့ မနက်စာကို အာဟာရရှိပြီးတော့ ... အများကြီးစားလို့လဲရတဲ့ "ဝဥ ကြာဇံကြော် "လေးနဲ့ စတင်ပါမယ်

👉ဝဥ တစ်ခွေ (သို့) တစ်ဝက်ကို နာရီဝက်လောက်ရေစိမ်ထားပါ

👉ရေစိမ်ထားတဲ့ ကြာဇံလေးတွေကို ရေနွေးဆူဆူထဲ နှစ်မိနစ်လောက်ပစ်ချ ထားလိုက်ပါ😛

👉ပြီးရင်ဆယ်ပြီးတော့ ပဲငံပြာရည် အချို/ ငံပြာရည် / အရသာမှုန့် ( အားလုံးကို နဲနဲစီပဲ သုံးပါမယ်) နယ်ထားလိုက်ပါ

👉ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပါ ... ပူလာရင် ကြက်သွန်ဖြူ ဆီနဲနဲသတ် အဲ့ထဲကို တုန်ယမ်း အနှစ်လေး ( City Mart တွေမှာရောင်းပါတယ် ) ထည့်ပြီး ဆီသတ်ပါတယ်

👉ဆီသတ်ထားတဲ့ထဲကို ကြက်ဥတစ်လုံးမွှေကြော်ပြီး ခုနက ကြာဇံတွေထည့်ပါမယ် ... ရေနွေးလေးနဲနဲ ထည့်ပါတယ်

👉 အရသာ နဲနဲမြည်းပြီးတော့ ရေနဲနဲလေးကျန်နေတဲ့ အချိန်မှာ မုန်ညှင်းရွက်လေး နဲနဲထည့်ပြီး ရေခမ်းသွားရင် ချလို့ရပါပြီ ရှင့်

👉အရသာ အရမ်းကောင်းပါတယ် ... လုပ်စားကြည့်ကြပါနော် ❤️

With Love ❤️

21/06/2023

👉ဘဝမှာ ကျန်းကျန်းမာမာရှိနေဖို့ အဓိက လိုအပ်ချက်ထဲမှာ "ရေ"လဲ အပါအဝင်ပါ ....

👉တနေ့ကို ရေ ( 3 Liter) လောက် အနည်းဆုံးသောက်ပေးသင့်ပါတယ်

( ကိုယ်အလေးချိန်ပေါ်မူတည်ပြီး သောက်ရမယ့် ပမာဏတွေ ကွာပါသေးတယ် )

👉Diet ကိုဦးတည်တဲ့ Healthy Meal တွေ စားတော့မယ်ဆိုရင် အထူးသဖြင့် အချိုဓာတ်တွေ မတောင့်တမိဖို့ ... ဗိုက်တွေမဆာဖို့ ( တချို့ကျတော့ တကယ်မဆာပေမယ့် ဗိုက်ဆာနေသလိုမျိုးတွေ ခံစားရတတ်ပါတယ် )

အဲ့လို အခြေအနေတွေကို ကာကွယ်ဖို့အတွက်

👉မနက်နိုးနိုးချင်း (သို့) မနက်စာ မစားခင် နာရီဝက်အလိုလောက်မှာ ရေ 1 လီတာ ကို ထိုင်ပြီး သောက်ပေးပါ

👉တနေ့တာလုံးအတွက် ဗိုက်လဲ ဆာသင့်တဲ့အချိန်မှဆာလာပါမယ် ... အချိုတွေ တခြား ပြင်ပအစားအသောက်တွေ တစွတ်စွတ်စား ချင်နေတဲ့ စိတ်တွေသိသိသာသာ လျော့သွားပြီး ကိုယ့်ရဲ့ Healthy Meal တွေကို အောင်အောင်မြင်မြင် စားနိုင်လာပါလိမ့်မယ် 💖💖

With Love ❤️

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay