Sharing By Phyo
My life is my choice💖
Hello ...🤗
ဂိုဒေါင် ရှင်းဈေးလေးနဲ့ ရမယ်နော်
မူရင်းဈေး ❎16800❎ကို
✅9900✅နဲ့သာ ယူပစ်ကွာ🤩အရမ်း တန်
Deliရောက်တဲ့ မြို့နယ်တိုင်း အိမ်ရောက်ငွေချေရပါတယ်
မန္တလေ၊ပြည်ကြီးတံခွန်မြို့နယ် အတွင်းဆို နေ့ချင်းပို့ပါတယ်🙆
မှာယူလိုပါက 💁
Viber/Ph no.09445550974,...,.,..............09973703836. ကိုဆက်သွယ်နိုင်ပါတယ်
&
16/04/2024
Try ချင်တာ ဒါမျိုးလေးတွေ😍😍
💖𝓢𝓸 𝓬𝓾𝓽𝓮 𝓱𝓪𝓷𝓭𝓶𝓪𝓭𝓮💖
အကုန် Tryချင်နေတဲ့ Admin😇
09/04/2024
31/10/2023
#သိပ်တော်တဲ့မိန်းမတိုင်းဟာ
~~~~~~~~~~~~~~~~~~~~~~~~~~
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သူမရဲ့ လှပမှုကို ကိုယ်ကျင့်တရားနဲ့
ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
နာကျင်မှုကို တိတ်ဆိတ်ခြင်းနဲ့ ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
ကိုယ့်အစွမ်းအစကိုပဲ တိုးတက်အောင်
ချိန်ဆနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ကိစ္စရပ်တိုင်းကို မြန်ဖို့ထက် မှန်ဖို့ကိုပဲ
အာရုံစိုက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ဝမ်းနည်းစရာ အတိတ်ကို
ဒိုင်ယာယီထဲမှာပဲ သိမ်းထားတတ်ကြတယ်
သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်
ပျော်စရာ အနာဂတ်ကိုလည်း
နေ့တိုင်း ဖန်တီးယူနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
သေမလောက် ကြောက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ငွေမက်ခြင်းက သူမဘဝကို မလုံခြုံမှန်း
သိထားကြတယ်
စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
သူမ ရွေးချယ်တယ်
သိပ်တော်တဲ့ မိန်းတိုင်းဟာ
မာနကို သူမရဲ့ လက်နက်တစ်ခု အဖြစ်
အသုံးမပြုဘူး
စာနာစိတ် ထားတယ်
မာယာများဖို့ထက်
ဒဏ်ရာများခဲ့တာကိုပဲ
သူမ ပိုအမှတ်ထားတယ်
Credit
24/10/2023
#လက်တစ်ဖက်
မသန်စွမ်းခဲ့တာတောင်
မြန်မာ့စာပေသမိုင်းမှာ
ထိပ်တန်းစာဆိုကြီး
#စလေဦးပုည ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
လယ်တောထဲမှာ
နွားကျောင်းနေရတဲ့
ဘုတလင်မြို့နယ်၊
ငပရင်းရွာသားလေး
ကတောင်
#မဟာဗန္ဓုလစစ်သူကြီး
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
စာသင်ပေးတဲ့ ဆရာက
ကျပ်မပြည့်တဲ့ကောင်လေး လို့
ကဲ့ရဲ့တာ ခံခဲ့ရတဲ့
ခပ်ကြောင်ကြောင်
ကလေးငယ်လေးကတောင်
#သောမတ်အယ်ဒီဆင်
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
နားမကြားတဲ့
ကလေးငယ် ကတောင်
ဂီတစာဆိုကြီး
#ဗီသိုဗင်ရယ်လို ့
ဖြစ်လာနိုင်ခဲ့သေးတာ။
မျက်မမြင်
နားမကြား
စကားမပြောတတ်တဲ့
မိန်းကလေးငယ်ကတောင်
နပိုလီယန် နဲ့ အပြိုင်
ကမ္ဘာကျော်အောင်
ထူးချွန်ခဲ့တဲ့
#ဟယ်လင်ကဲလား ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
ကျောင်းတစ်နှစ်ခွဲသာ
နေဖူးခဲ့တဲ့ ကလေးငယ်
ကတောင်
အတွေးအခေါ်
ပညာရှင်ကြီး
#ဘင်ဂျမင်ဖရင်ကလင်
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
မီးပုံဘေးမှာ
စာဖတ်ရလောက်အောင်
ဆင်းရဲခဲ့ရတဲ့
ကလေးငယ်ကတောင်
အမေရိကန်သမ္မတ
#အေဗရာဟင်လင်ကွန်း
ရယ်လို့
ဖြစ်လာနိုင်ခဲ့သေးတာ။
#ဆန္ဒ ကို အ
ကြီးအမှူး ထားဖြစ်ခဲ့ရင်...
#ဝီရိယ ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....
#စိတ်ဓာတ် ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....
#ပညာ ကို အကြီးအမှူး
ထားဖြစ်ခဲ့ရင်....
ခြေလက်, အင်္ဂါ
ပြည့်စုံသူတွေအတွက်
ကိုယ့်ရည်ရွယ်ချက်
ကိုယ့်ပန်းတိုင် တိုင်းဟာ
မဖြစ်နိုင်ဘူး ဆိုတာ
ရှိနိုင်ပါဦးမလား
လူသားပီသသူ
တစ်ယောက်အနေနဲ့
#ရည်ရွယ်ချက်တစ်ခုခု
#ပန်းတိုင်တစ်ခုခု
#ရှိထားဖို့က
#အရေးကြီးပါတယ်။
အနာဂတ်ရဲ့
#တစ်နေရာစာအတွက်
#ရည်ရွယ်ချက်လည်းမရှိ
ပန်းတိုင်လည်း
မရှိတဲ့သူဟာ
ခြေလက်, အင်္ဂါ
ပြည့်စုံနေလည်း
ဘာအဓိပ္ပာယ်မှ
မရှိပါဘူး။
လှေတစ်စင်းဟာ
လှော်ခတ်သူ မပါခဲ့ရင်
ရေစီးအတိုင်းလည်း
မျှောသွားနိုင်တယ်။
#လေတိုက်ရာ
#ဘက်ကိုလည်း
#ပါသွားနိုင်တယ်။
ဘယ်အချိန်
ဘယ်သောင်နဲ့
တိုက်မိလို့
ဘယ်ကမ်းဆီ
ဆိုက်ကပ်မယ်
ဆိုတာလည်း
မသိနိုင်ပါဘူး။
ရည်ရွယ်ချက်
မရှိတဲ့ ဘဝ
ပန်းတိုင်
မရှိတဲ့ ဘဝ တွေဟာလည်း
လှော်ခတ်သူ
မပါတဲ့ လှေနဲ့ အတူတူပဲ
ဖြစ်တာမို့
လဲကျခဲ့တာတွေကို
သင်ခန်းစာ
မယူတတ်သလို
ပြန်ထရတဲ့
အရသာကိုလည်း
မခံစားတတ်ပါဘူး။
ဘဝမှာ အောင်မြင်မှု
ကြီးကြီးမားမားတွေကို
ပြုလုပ်ဖို့ မစွမ်းနိုင်ရင်တောင်မှ
အကျိုးရှိတဲ့
ရည်ရွယ်ချက် တစ်ခုခု
ပန်းတိုင် တစ်ခုခု ကိုတော့
ချမှတ်ထားဖို့
အရေးကြီးပြီး
ကိုယ့်ရည်ရွယ်ချက်
ပန်းတိုင်ဆီ ရောက်ဖို့
အစဉ်အမြဲ ဂရုတစိုက်နဲ့
#ကြိုးစားနေသင့်ပါတယ်။
အောင်မြင်မှု့
ကြီးကြီးမားမား
မဟုတ်ရင်တောင်မှ
ကိုယ်နဲ့ ထိုက်တန်တဲ့
ဘဝအောင်မြင်မှုကို ရခဲ့ရင်
အဲ့ဒီလူရဲ့
ရှင်သန်မှုဟာ
အဓိပ္ပာယ် ရှိပါတယ်။
တန်ဖိုး ရှိပါတယ်။
ခြေလက်
အင်္ဂါ ပြည့်ပြည်စုံစုံ
ရှိပါလျက်နဲ့
အကျိုးရှိတဲ့
ရည်ရွယ်ချက်
တစ် ခု ခု
ဘဝ အောင်မြင်မှု
တစ် ခု ခု ကို
ဖြစ်ဖြစ်မြောက်မြောက်
မလုပ်နိုင်ဘဲ
လူ့ပတ်ဝန်းကျင်မှာ
#လူပိုတစ်ယောက်လို
နေမိခဲ့ရင် . . .
ခြေလက်, အင်္ဂါ
မပြည့်စုံသူတွေ
အညတြ ဘဝသမားတွေရဲ့
အောင်မြင်မှုက
လှောင်ပြောင်ပျက်ချော်
သရော် သွားကြပါလိမ့်မယ်။
ဆရာကြီးဦးအောင်သင်းရဲ့
လေသံအတိုင်း ပြောလိုက်ရရင်
ကောင်းတော့ ကောင်းပါတယ်
ဘာကောင်းသလဲ
ဆိုတော့ ရှက်ဖို့
ကောင်းတာပေါ့။
ဒီစာကို ဖတ်ပြီး
သင့်စိတ်ထဲ အသိဉာဏ် တ ခု ခု
ရခဲ့ရင် ကျေနပ်ပါတယ်။
မေတ္တာဖြင့် -
-To Original Writer
Click here to claim your Sponsored Listing.
Category
Website
Address
120st
Mandalay
