Shwe Htet Distribution
Welcome To Shwe Htet
27/09/2021
စကားတစ်ခွန်းမှမပြောဘဲ လက်ကလေးထိုးထိုးပြပြီး ဟာသ video လေးတွေ ဖန်တီးပြနေတဲ့ khaby lameဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သာမန်အလုပ်လက်မဲ့လေး တစ်ယောက်ပါ၊
kheby lameဟာ 2020 ကိုဗစ်ကာလမှာအလုပ်ပြုတ် ခဲ့ပြီးနောက် ဟာသ video လေးတွေ
စတင် ဖန်တီးခဲ့တာဖြစ်ပါတယ်၊
ယခုဆိုရင် သူဟာ တစ်နှစ်အတွင်းမှာ သန်းကြွယ်သူဌေးတဦးဖြစ်လာခဲ့ပြီး tiktok မှာလည်း ဖော်လိုဝါဒုတိယအများဆုံး ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ၊
ဒါ့အပြင် သူဟာ Charles Chaplin နှင့် Mr. Bean တို့နောက်ပိုင်း လုံးဝ စကားမပြောဘဲ ကိုယ်ဟန်အမူအယာနဲ့ လူတိုင်းနားလည်မဲ့ ရယ်စရာတွေ ဖန်တီးပေးနေတဲ့သူဆိုရင်လည်း မှားမယ်မထင်ပါဘူး၊
အောင်မြင်မည့်သူတွေဟာ အခက်အခဲမှန်သမျှကို
အခွင့်အရေးအဖြစ် အသုံးချတတ်ကြပါတယ်
တကယ်လို့ သူသာ ကိုဗစ်ကြောင့် အလုပ်ပြုတ်ပြီး
စိတ်ညစ် နေခဲ့မယ်ဆိုရင် ယခု ကျနော်တို့ကို ရယ်စရာတွေ ဖန်တီးနေတဲ့khaby lameဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး..။
Credit to Original writer
28/06/2021
လက်ဆေး ပြတုန်းက သရော်ခဲ့တယ်
Marsk ချုပ်ပြတုန်းက လှောင်ခဲ့တယ်
Q ဝင်ရမယ် ဆိုတော့ ကြီးကျယ်လိုက်တာ
ပြောပြီး ရှောင်ပုန်းခဲ့ကြတယ်
အခမဲ့ စစ်ဆေးပေးတာကို တန်ဖိုး မထားခဲ့ကြဘူး
လမ်းထဲကို လူနာတင်ကား ဝင်ရင်
အသံမပေးပါနဲ့ ဆိုတဲ့သူနဲ့
ကျန်းမာရေး ဝန်ထမ်းတွေနေ့မအားညမအား
ဘက်ပေါင်းစုံကနေ ကာကွယ်ပေးခဲ့တယ်
အမုန်းခံခဲ့ရတယ်
Q စင်တာအထိလိုက်စောင့်ရှောက်ပေးခဲ့တယ်
ခုတော့ ဘာတတ်နိုင်သေးလည်း
လက်ဆေးချင်ဆေး မဆေးချင်နေ
ကိုယ့်သဘောနဲ့ကိုယ်ဘဲ
Marsk တပ်ချင်တပ်မတပ်ချင်နေ
ကိုယ့်သဘောနဲ့ ကိုယ်ဘဲ
Q ဝင်ချင်ဝင် မဝင်ချင်နေ
ပိုက်ဆံပေး ရင် စစ်ပေးမယ်
ရောဂါပိုး ရှိရင် တာဝန်မယူဘူး
လူနာတင်ကား လား
ခင်ဗျားတို့ အသံကြားမှာစိုးလို့
ကျွန်တော် တို့ ပုန်းနေရတယ် ဗျာ
ပြည်သူ့ အစိုးရ က ကာကွယ်ပေးခဲ့တယ်
အာဏာရူးက ပြန့်ပွါးအောင် ကြိုးစားတယ်
လူလိုမသိတဲ့သူတွေက
ခုထိ မိုက်တွင်းနက်နေကြတုန်းဘဲ …
ဖြစ်နိုင်ရင်လေ
ဒင်းတို့ ကိုဘဲ ရွေးပြီး ဖြစ် စေချင်တယ်
#ငါတို့မှာငါတို့ဘဲရှိတယ်
08/06/2021
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က
ရွှေဆိုင်ဖွင့်မှ ပျော်ရွှင်တာ မဟုတ်ဘူး .....
ကွမ်းယာရောင်းတုန်းကလဲ ပျော်ရွှင်နေတာပဲတဲ့
အလုပ်လုပ်တဲ့အခါ......
ငါမရောင်းကောင်းဘူး ဆိုပြီး မှိုင်နေမဲ့အစား....
ပျော်ပျော်ရွင်ရွင် နဲ့ ငါ ဘယ်လောက်ထိ
ထပ်လုပ်နိုင်သေးလဲဆိုတာ ရှာဖွေနေရင်
တနေ့ ရောင်းကောင်းချင်းကကိုယ့်အတွက်ပဲ
💠 မပျင်းပါနဲ့ ကြိုးစားပါ
💠 ဆင်ခြေမပေးပဲ လုပ်ကြည့်ပါ
💠 စိတ်မညစ်နဲ့ ပျော်ပျော်နေပါ
Crd
07/06/2021
{62 }ကိုမမှီလျှင်{ 74 }ရှိတယ်..
{74 }ကိုမမှီလျှင်{ 88} ..
{88 }ကိုမမှီလျှင် {96} ..
{96 }ကိုမမှီလျှင်{ 2003} .(ဒီပဲယင်းရှိတယ်)
{2003} ကိုမမှီလျှင် {2007} .( ရွှေဝါရောင်ရှိတယ်) {2007} ကိုမမှီလျှင်{ 2008} .( နာဂစ်ရှိတယ်)
{2008} ကိုမမှီလျှင် {2012} .
( လက်ပံတောင်းတောင်ရှိတယ်)...
အဲဒါတွေမှ မသိရှိသေးရင်တော့..
အသက်ကြောင့်မဟုတ်တော့ဘူး..
ဥာဏ်မမှီတာဘဲဖြစ်ရမယ် ။
____________________________
{၁၉၈၈}
{၈၈၈၈}အရေးခင်း
https://www.facebook.com/281416025579055/videos/825023571588171/
____________________
{ဒီပဲယင်း အရေးခင်း}
https://m.facebook.com/story.php?story_fbid=115886826831591&id=104205417999732
____________________
{2007} ရွှေဝါရောင်
အရေးခင်း
https://www.facebook.com/102299937989298/videos/3115603525332773/
_______________________
{2008}
နာဂစ်(1)
https://m.facebook.com/story.php?story_fbid=1043394142822561&id=100014559543157
_____________________________
{ #နာဂစ်}(2)
https://www.facebook.com/220146219306576/videos/321417605820762/
___________________________
{လက်ပံတောင်းတောင်သပိတ်}
https://www.facebook.com/aprilmaungmaung.comm/videos/326579074199950/
________________________
{လယ်တီသိမ်တော်ဖျက်စီးခြင်းသမိုင်း။}
https://m.facebook.com/story.php?story_fbid=323533882274540&id=100038537931334
_____________________________
{မဟာမြတ်မုနိ ဘုရား ဝမ်းဗိုက်တော်
ဖောက်ထွင်းမှုနှင့်ဋိပိတက ဆရာတော်အား
ခြေထောက်နှင့် ကန်ကျောက်စော်ကား
လူမဆန်နွားများ}
https://m.facebook.com/story.php?story_fbid=191871385872811&id=100051498516106
_________________________
မြန်မာနိုင်ငံတော်ရဲ့ မိခင်စစ်စစ်
နိုင်ငံအတွက် ရှေကနေမားမားမတ်မတ်
ရပ်တည်ပေးနေတဲ့သူမကို
အနှစ်နှစ်ဆယ်လုံးလုံးနေအိမ်ကျုယ်ချုပ်ချခဲ့တဲ့မိသားစု သေကွဲရှင်ကွဲ ခွဲခဲ့ကြတဲ့အုပ်စု ကို
တရားစွဲထားတာကိုမျိုးချစ်စိတ်စစ်စစ်နဲ့ အာဃာတတွေဘေးချိတ်ပြီးကာကွယ်ပေးနေတဲ့
ကျုပ်တို့ရဲ့မိခင်ကြီးရဲ့မျက်နှာလေး ကြည့်စမ်း။
(Icj)တရားရုံးမှ
မြင်ကွင်းတစ်ခု
https://www.facebook.com/kamayutmedia/videos/781482162327004/
_____________________
အဖြူအမည်းမသဲကွဲသူများကြည့်ကြပါ
https://m.facebook.com/story.php?story_fbid=3221102344667378&id=100003029337322
_______________________________
မြန်မာနိုင်ငံအတွက် #မွဲဆေးဖော်ခဲ့ကြသူများ
https://m.facebook.com/story.php?story_fbid=883505002083633&id=100012724241938
____________________________
06/06/2021
နတ်မောက်မြို့ ၊ ၈-ဒီဇင်ဘာ- ၂၀၁၂ ၊ အမျိုးသားနေ့အောင်ပွဲမိန့်ခွန်း
♦️
ကျွန်မနောက်မှာ ကျွန်မနေရာ ကျွန်မအရိုက်အရာကိုခံမဲ့ ခေါင်းဆောင်တစ်ယောက် သတ်မှတ်ပေးပါ၊ ရှာပေးပါလို့ ထောင်ပြတဲ့ ပိုစတာတွေမြင်တယ်။ ကျွန်မပြောချင်တယ်။ ကျွန်မနေရာကိုယူဖို့ ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး။ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်။
ကျွန်မတို့ ခေါင်းဆောင်တစ်ယောက်ယောက်ကိုပဲ မမျှော်နဲ့။ လူတိုင်းလူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူကြပါ။ လူတိုင်းလူတိုင်းဟာ ငါတို့လည်း တစ်နေ့တစ်ခါမှာ ကောင်းတဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆို့တဲ့ စိတ်ဓာတ်တွေမွေးကြပါ။ ဒါမှ ကျွန်မတို့ ဒီမိုကရေစီရမှာ။ လူတစ်ဦးတစ်ယောက်ကို သိပ်ပြီးအားကိုးတာဟာ ဒီမိုကရေစီအတွတ် မကောင်းဘူး။
ပြည်သူတွေက ကျွန်မကိုအားကိုးတာ ကျွန်မ ဒီအားကိုးတဲ့ဟာကို မခံနိုင်လို့မဟုတ်ဘူး။ ကျွန်မ တာဝန်ခံရဲတယ်။ တာဝန်ယူရဲတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ်တော့မှ လူတစ်ယောက်တည်းကို ပုံအောပြီး အားမကိုးပါနဲ့။ ဒါဟာ ဒီမိုကရေစီအတွက် မကောင်းပါဘူး။ ကျွန်မကိုလည်း ပုံအောပြီး အားမကိုးပါနဲ့။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။
အတတ်နိုင်ဆုံးကြိုးစားတာထက် ကျွန်မ ပိုပြီးမလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီပေါ်မှာ စေတနာရှိလို့ ပြည်သူအပေါ်မှာစေတနာရှိလို့ ကျွန်မ သတိပေးပါရစေ။ ဘယ်တော့မှ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ်မှာ ပုံပြီးတော့ အားမကိုးပါနဲ့။ ယုံကြည်တာ ယုံကြည်တာပဲ။ ဒါပေမဲ့ အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးပါ။ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အားကိုးတဲ့ ပြည်သူတွေ ဖြစ်ပါစေ။
♦️
#ဒေါ်အောင်ဆန်းစုကြည်
Sodium
06/06/2021
စစ်ကောင်စီကို တန်ပြန်သည့် လက်နက်ကိုင်ခုခံတော်လှန်ရေး အဓိကနေ့စွဲများ
***********************************************************
အာဏာသိမ်းပြီးစကာလတွင် မြန်မာပြည်သူတို့က အိမ်တွင်းရှိ သံထည်အိုးခွက်များကို ညစဉ် ညစဉ် တညီတညာတည်း တီးခတ်ရိုက်နှက်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးကို စတင်ပုံဖော်ခဲ့ကြသည်။
သိန်းသောင်းချီသော လူများ လမ်းပေါ်ထွက်ဆန္ဒပြလာခြင်းအပြင် အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) များ ဆက်လက်အားကောင်းလာသည့်အခါ အာဏာသိမ်းစစ်အုပ်စု၏ သေစေနိုင် သော လက်နက်ဖြင့် အရပ်သားပြည်သူများအပေါ် နှိမ်နင်းချေမှုန်းမှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်လာ ခဲ့သည်။
မတ်လကုန်ပိုင်းတွင် စစ်အုပ်စု၏ ဖိနှိပ်ရက်စက် သတ်ဖြတ်မှုများကို တန်ပြန်သည့် လက်နက်ကိုင်ခုခံမှုများ စစ်ကိုင်းတိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသအချို့သို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ နှစ်လခန့်ရှိလာပြီဖြစ်သော ဒေသအသီးသီးက ရရာ လက်နက်စွဲကိုင်တော်လှန်မှုများသည် အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လျက်ရှိသည်။
“ကျွန်တော်တို့က ငြိမ်းချမ်းစွာဆန္ဒပြပြီးတောင်းဆိုခဲ့တာကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြို ခွဲလာတယ်။ အဲ့တော့ ကျွန်တော်တို့လည်း လက်ညှိုးကွေးဖို့ အချိန်ရောက်လာတယ်” ဟု စစ်ကိုင်းတိုင်း ကနီမြို့အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ လုံခြုံရေးအရ ၎င်း၏အမည်ကို ဖော်ပြနိုင်ခြင်း မရှိပါ။
ချင်း၊ ကယားနှင့် စစ်ကိုင်း ဒေသများတွင် နေထိုင်သူများသည် တောပစ်သေနတ်ဟု ခေါ်ဝေါ်ကြသည့် ရိုးရာလက်လုပ်သေနတ်များကို အကျွမ်းတဝင်ရှိကြသူများဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သေနတ်ကိုင်၍ အန်တုတော်လှန်တိုက်ခိုက်ရန် ဦးဆုံးလှုပ်ရှားလာခဲ့ကြသည်။
“ကျွန်တော်တို့မှာ အားကိုးစရာ လက်နက်ဆိုလို့ တူမီးပဲရှိတယ်။ ဒါပေမဲ့ ရရင်ရသလို တော်လှန်မယ်ဆိုပြီး ကိုယ်နိုင်တဲ့ အခန်းကဏ္ဍကနေ ဝင်ပါတာပဲ” ဟု ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
လက်နက်ကိုင်ခုခံသူများသည် ရိုးရာ တောပစ်တူမီးသေနတ်များအပြင် ၎င်းတို့လက်လှမ်းမီသည့် လက်နက်ငယ်အချို့နှင့် လက်လုပ်ဗုံးများကိုလည်း အသုံးပြုလာကြသည်။
စစ်ကိုင်းဒေသအချို့နှင့် ချင်းပြည်နယ် မြို့အများအပြားတွင် လက်နက်ကိုင်ခုခံတော်လှန်သူ ချင်းတိုင်းရင်းသားကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား ပစ်ခတ်မှုများတွင် စစ်သားနှင့် ရဲများ အကျအဆုံးများခဲ့သည်။ စစ်တပ်ဘက်က လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု၍ မတိုက်ခိုက်မီ အချိန်အထိ ဒေသခံကာကွယ်ရေးသမားများက ဗျူဟာကျကျ တိုက်ပွဲဆင်နိုင်ခဲ့ကြသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းစစ်ကူအားဖြည့်ကာ ဖမ်းဆီးခံ ဒေသခံများကို လူသားဒိုင်းသဖွယ် အသုံးပြုလျက် သိမ်းပိုက်ပြီးနောက် ချင်းကာကွယ်ရေးအဖွဲ့သားများ သည် ပြည်သူလူထုကို အထိခိုက်ခံကာ မခုခံလိုသည့်အတွက် ယာယီနောက်ဆုတ်ပေးခဲ့ရသည်။
မေလနှောင်းပိုင်းတွင်မူ အလားတူ လက်နက်ကိုင်တော်လှန်မှုများသည် ကရင်နီပြည်နယ် ခေါ် ကယားပြည်နယ်တွင် ထပ်မံဖြစ်ပွားလာခဲ့သည်။ ရဲကင်းစခန်းများ သိမ်းပိုက်ဖျက်ဆီးခံရပြီး စစ်အုပ်စု လက်နက်ကိုင်အများအပြား ကျဆုံးပြန်သည်။
စစ်ကောင်စီနှင့် လက်နက်အင်အား လူအင်အား မယှဉ်သာသော်လည်း တူမီးနှင့် လက်လုပ်လက်နက်များ သုံး၍ အထိနာအောင် တိုက်ခိုက်နိုင်ခြင်းမှာ နယ်မြေကျွမ်းကျင်မှု၊ စစ်တပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည့် အချိတ်အဆက်ကောင်းမွန်မှုနှင့် လူထုထောက်ခံမှုရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ကရင်နီဒေသခံ တော်လှန်သူများအစုအဖွဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“နံပါတ်တစ်ကတော့ နယ်မြေကျွမ်းကျင်မှုနဲ့ ဆိုင်မယ်၊ တော်တော်များများ ပို့လာတဲ့ စစ်သားတွေက နယ်မြေကျွမ်းကျင်မှု မရှိဘူး၊ အရင်ကတည်းက ဒီပြည်နယ်မှာ အခြေချတဲ့ တပ်သားတွေ မဟုတ်တော့။ နံပါတ်နှစ်ကတော့ အကုန်လုံးသိတဲ့အတိုင်းပဲ လူထုက ဘယ်သူမှ သူတို့ဘက်မှာ ရှိမနေဘူးဆိုတာပေါ့။ လူထုက ကျွန်တော်တို့နဲ့ တစ်သားတည်း ရှိနေတာက ကျွန်တော်တို့အတွက် ဒုတိယအားသာချက်ပါ” ဟု အဆိုပါ KNDF ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
စစ်ကောင်စီတပ်များကို လက်နက်ကိုင်တော်လှန်နေသည့် ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေး အစရှိသော ဒေသများမှ လူငယ်များသည် တောလိုက်သည့် ရိုးရာဓလေ့ကြောင့် တူမီးနှင့်လက်လုပ်သေနတ်များကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ပြီး ကင်းပုန်းတိုက်ခိုက်စွမ်းရည်လည်း လေ့ကျင့်ထားပြီးသကဲ့သို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သားကောင်လိုက်တယ်ဆိုရင် ဘယ်လိုမောင်းရတယ်၊ စောင့်ပစ်ရတဲ့သူက ဘယ်လိုစောင့်ပစ်ရတယ်၊ ပြီးတော့ ဘယ်သူက အကျွမ်းကျင်ဆုံး ဖြစ်ပြီးတော့ ဘယ်သူက အမိန့်ပေးပြီး ဘယ်သူက နေရာချထား ပေးလဲဆိုတာက တောလိုက်တဲ့ ဓလေ့မှာ သင်ထားပြီးသား ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
“ဥပမာ ကျွန်တော်တို့ လိုက်နေတဲ့ သားကောင်တွေဆိုတာ ချေတွေ ကျန်တဲ့ ပြေးနိုင်တဲ့ သတ္တဝါတွေကို ကျွန်တော်တို့ ပစ်တယ်။ သာမန်လူလောက် နှေးကွေးနေတဲ့လူလောက်တော့ ကျွန်တော်တို့အတွက် ပြဿနာ မရှိဘူး” ဟု အဆိုပါ KNDF အဖွဲ့ဝင်က ပြောသည်။
ယင်းကဲ့သို့ လက်နက်ကိုင် ခုခံစစ်များ ဖြစ်ပွားနေသည့် ချင်း၊ ကယား၊ စစ်ကိုင်းနှင့် အထက်ပိုင်းဒေသများ တွင် စစ်အုပ်စု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်၊ ပြည်သူ ၁၀၀ နီးပါးသေဆုံးကာ ထောင်သောင်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ယင်းဒေသများရှိ သတင်းရင်း မြစ်များ၏ အဆိုအရ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ အဆိုပါ ပစ်ခတ်မှုများကို “လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ” ၏ လုပ်ရပ်ဟု ပုံဖော်လေ့ရှိပြီး တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကိုလည်း ဒေသခံခုခံရေးသမားများ၏ ပြောဆိုချက်ထက် အဆမတန် နည်းပါးစွာ ဖော်ပြလေ့ရှိသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ မေလ ၂၁ တွင် ကရင်နီဒေသခံလူငယ်များ၏ ကင်းပုန်းတိုက်ခိုက်မှု ကြောင့် စစ်တပ်၏ လက်နက်ကိုင်အဖွဲ့ဝင် ၃၀ ဦးခန့် ကျဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ တိုက်ခိုက်ရေးသမားများက ဆိုသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင်မူ သုံးဦးသာ သေဆုံးသည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ ရဲစခန်းကို မေ ၂၃ တွင် ကရင်နီဒေသခံများ သွားရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ရဲစခန်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် ဖယ်ခုံနှင့် လွိုင်ကော်ဘက်တို့မှ စစ်ကူတက်လာသည့်တပ်သားများ စုစုပေါင်း ၄၀ ခန့် သေဆုံးသည်ဟု ကရင်နီဒေသခံတော်လှန်သူများက ဆိုသည်။ သို့သော် စစ်ကောင်စီကမူ လုံခြုံရေးတပ်ဖွဲ့ဝင် “အချို့” သေဆုံးပြီး အချို့ ပျောက်ဆုံးသည်ဟုသာ နောက်တစ်ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။
မေလကုန်တွင် ဒီးမော့ဆို၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်ချီသေဆုံးကြောင်း ကရင်နီဒေသခံတော်လှန်သူများ စုပေါင်းဖွဲ့စည်းထားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သော်လည်း စစ်ကောင်စီသတင်းစာတွင်မူ ဖြစ်စဉ်ကိုပင် ယနေ့အထိ ဖော်ပြခြင်း မရှိပေ။
မေ ၂၀ နောက်ပိုင်းတွင် စတင်ခဲ့သည့် ကရင်နီပြည်သူများ၏ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုသည် ဇွန်လဆန်းပိုင်းအထိ အားကောင်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် လက်နက်အင်အားမယှဉ်သာသော်လည်း ကရင်နီပြည်သူများ၏ နိုင်ငံရေးသမိုင်း ကြောင်းအရ ခံယူချက်ပိုမိုခိုင်မာသည့်အတွက် တော်လှန်ရေးအနိုင်ရရန် ယုံကြည်ချက် အပြည့်ရှိသည်ဟု KNDF အဖွဲ့ဝင်က ဆိုသည်။
“ဘယ်သူ့လက်အောက်မှာမှ မနေခဲ့ဖူးဘူး။ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ကျူးကျော်တဲ့လူမှန်သမျှ အကုန်လုံး ပြန်ပြီးတော့ တိုက်ထုတ်နိုင်ခဲ့တာတွေချည်းပဲဆိုတော့ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်က နိုင်ခဲ့တယ်၊ ကျွန်တော်တို့ အဖေအမေခေတ်လည်း နိုင်ခဲ့တယ်၊ ကျွန်တော်တို့အချိန်မှာလည်း နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တော့ လုံးဝအပြည့်ရှိတယ်” ဟု ၎င်းက ပြောသည်။
“အကုန်လုံး စည်းစည်းလုံးလုံးနဲ့ တိုက်မယ်ဆိုရင်တော့ ကျွန်တော်ယုံကြည်ပါတယ် မကြာပါဘူး။ ဒီစစ်ကောင်စီတော့ မပြိုလဲစရာ အကြောင်းမရှိဘူးပေါ့လေ။ တကယ်လို့ တစ်နိုင်ငံလုံးသာ အတူတူဝိုင်းပြီး တိုက်မယ်ဆိုရင် နှစ်နဲ့ချီ ကြာလိမ့်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်မှာပါ” ဟု KNDF အဖွဲ့ဝင်က ပြောသည်။
ဆောင်းပါးအပြည့်အစုံ ဖတ်ရှုရန် - https://www.myanmar-now.org/mm/news/7019
01/06/2021
" ပြန်မငြင်းတာ အကောင်းဆုံး "
••🌼•••🌼•••🌼•••🌼••
🌼- ဖောက်သည်နဲ့` ငြင်း
´မင်းနိုင်သွားတော့
" ဝယ်သူပျောက်တယ် " ။
🌼- လုပ်ဖော်ကိုင်ဖက်နဲ့` ငြင်း´
မင်းနိုင်သွားတော့
" အဖွဲ့ကွဲသွားတယ် " ။
🌼- သူဌေးနဲ့` ငြင်း´
မင်းနိုင်သွားတော့
" အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် " ။
🌼- မိသားစုနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" မေတ္တာတွေ လျှော့သွားတယ် " ။
🌼- သူငယ်ချင်းတွေနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" မိတ်ပျက်သွားတယ် " ။
🌼- သင်ဆရာနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" ရိုင်းတယ်လို့ အထင်ခံရတယ် " ။
🌼- ချစ်သူနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" ခံစားချက်တွေ အေးစက်လာတယ် " ။
🌼- ( ဘယ်သူနဲ့ ငြင်းငြင်း
မင်းနိုင်သွားတာနဲ့
တစ်ဖက်မှာ ဆုံးရှူံးသွားပြီးပြီ ~~~
ဒါ့ကြောင့် မှားမှားမှန်မှန် ပြိုင်မငြင်းနဲ့တော့ )
အညာမြေ ဘုန်းဥာဏ်
Crd
25/05/2021
📣 အာဇာနည်သူရဲကောင်းများကို
🙏 အမြဲအမှတ်ရနေရင်း ဦးညွှတ်ဂါဝရပြုပါတယ်
☑️
🙏
23/05/2021
အမေစုမျိုးရိုးကို ကုလားမျိုးလို့ပြောတာ မကျေနပ်လို့ ဒီသမိုင်းကိုရှာနေတာ ခုမှတွေ့တော့တယ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️.. လူသိနည်းတဲ့ ဗိုလ်ချုပ်ရဲ့ ပါရမီဖြည့်ဖက် ဒေါ်ခင်ကြည် အကြောင်းအပြည့်အစုံ
----------------------------------------------------------------
🔲မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သော
တိုင်းပြုပြည်ပြုလုပ်ငန်းများအမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
သို့ကလို ၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထား အရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာ၀တီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်း၀န်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတို့မှ (၁၉၁၂) ခုနှစ် ဧပြီလ (၁၆) ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉)ဦး အနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မွေးချင်းမောင်နှမများမှာ …
၁။ ဦဘလွင်
၂။ ဒေါ်ခင်သောင်း
၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)
၄။ ဦးဘကျော်
၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)
၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)
၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)
၈။ ဦးသိန်း (လူပျိုကြီး)
၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ဇနီး) တို့ဖြစ်ပါသည်။
ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် ABM မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။
မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာ၀န်ထမ်းဆရာအဖြစ် နှစ်အတန်၊ကြာအောင်လုပ်ခဲ့သည်။
ထို့နောက် ဝါသနာအရ မိမိဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။
စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာ၀န်ထမ်းဆောင်ရွက်ခဲ့သည်။
ယင်းနောက်အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောင်္ နှင့်ပြန်လာသည်။
(၁၉၄၂) တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု (၂၄၆) သင်တန်းဆင်းဖြစ်သည်။
ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘမော်
အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီး ဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ
(ရဲဘော်သုံး ကျိပ် ဗိုလ်လက်ျာ၏ညီ၊ (၁၉၃၈) ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံလာတက်ရာမှ၊ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။
ထို့နောက် (၁၉၄၂) စက်တင်ဘာ (၆) တနင်္ဂနွေနေ့တွင်ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီး
အရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီးအောင်ဆန်းစုကြည်
(ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။
အထွေးဆုံးသမီးကလေးကို (၁၉၄၆) စက်တင်ဘာလ (၂၂) တွင်ထွန်းကားခဲ့သော်လည်း အဖတ်မတင်ဘဲ (၅) ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန် ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)ရှိ ရေကန်တွင် (၁၉၅၃) ဇန်နဝါရီ (၁၆) တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။
ဒေါ်ခင်ကြည်သည် (၁၉၄၇) ဇူလိုင် (၁၉) ရက် နံနက် (၁၀ း ၃၅) နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ဖော်ကိုင်ဖက် အခြား ၀န်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ် သူချမှတ်ခဲ့သော တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့ သည်။
ဖဆပလ၏တာ၀န်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် (၁၉၄၇) မှ (၁၉၅၁) အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ (၁၉၄၇) သြဂုတ် (၂) တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာ၀န်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် …
“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါ၀င်နိုင်တဲ့ဘက်တွင်ပါ၀င်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမ်ိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။ လူထုကို ကျမပြောလိုတာကတော့ မိမိတို့ အားကိုးယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကို ရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။
၊ဒေါ်ခင်ကြည်သည် (၁၉၄၇ – ၅၃) တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေး၀န်၊
(၁၉၅၃ – ၅၈) တွင် လူမှု၀န်ထမ်း စီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာ၀န် ထမ်းဆောင်သည်။
ထိုသို့တာ၀န်ယူဆောင်ရွက်နေစဉ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လူမှု၀န်ထမ်းကောင်စီဥက္ကဌ၊
မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊
ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးအသင်းများကောင်စီ ဥက္ကဌ၊
ဒီမိုကရေစီသဘောတရား
တိုးတက်ပြန်ပွားရေးအသင်း ဥက္ကဌ၊
မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊
မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့၀င် အမျိုးသမီးအုပ်ချုပ်ရေးမှူးး၊
ရာမာခရစ်ရ်ှနာသာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။
ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင်သူနာပြု
လုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်၀င်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။
ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ်
(၁၉၄၉) တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ (၁၉၅၀) တွင် ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင်ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာ၀န်ပေးအပ် ခံရသည်။
၁၉၅၀၊၁၉၅၁၊၁၉၅၂ ခုနှစ်များတွင် ဂျီနီဗာကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကို
မြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီး
သွားရောက်ခဲ့သည်။
(၁၉၅၉ – ၆၀) နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာ၀န်များကို ဖိဖိစီးစီး တာ၀န်ယူဆောင်ရွက် ပေးခဲ့သည်။
သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည်
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးမခံခဲ့ချေ။
ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား (၁၉၆၀) ပြည့်နှစ် မေလ (၁၉) ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသည်။
ဇွန်လတွင်နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာ၀န်ပေးအပ်ခြင်းခံခဲ့ရသည်။
မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် (၇) နှစ်တာမျှ တာ၀န်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၆၇) ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေး၀န်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏
ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။
ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်၀တ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။
ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအား လိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသောအခါ ဒေါ်ခင်ကြည်က …
“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။
ဤသို့ ဒေါ်ခင်ကြည်သည် နေအ်ိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း (၁၉၈၇)၊ဇန်န ဝါရီလ (၁၀) တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၌ အကျဉ်းချုံးပြုလုပ်ခဲ့သည်။
ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍိတအရှင်သေဋိလက အင်္ဂဘာသာဖြင့် တ၇ားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း) ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။
လန်ဒန်မြို့တွင်၂လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့၊ပြန်လည်ရောက်ရှိလာခဲ့သည်။ယင်းနောက် (၁၀) အကြာ (၁၉၈၈) မတ်လအကုန်ပိုင်းတွင်
ပြင်းထန်သောလေဖြတ်ရောဂါဖြစ်ပွားခဲ့သောကြောင့်
သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ကြီးအားပြုစုရန် မြန်မာနိုင်ငံသို့
လာရောက်နေထိုင်ခဲ့သည်။
ထို့နောက် (၁၉၈၈) ဒီဇင်ဘာလ (၂၇) ရက်နံနက် (၇) နာရီ (၁၇) မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်၏
လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဒေါ်ခင်ကြည်သည် ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမန်၊ဆောင်ရွက်ခဲ့မှုကြောင့်
(၁၉၅၀) ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ်
(၁၉၅၁) ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊
(၁၉၅၅) ခုနှစ် တွင် ယူကိုဇလာဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်)
နှင့်
ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။
(၁၉၈၉) ခုနှစ်၊ ဇန်နဝါရီလ l၂ ) ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်၏ ကြွင်းကျန်သော
ရုပ်ကလာပ်ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တောင်မှိုင်း၏ ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရားခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြား မြေကွက်လပ်၌ဂူဗိမာန်တည်ဆောက်
သဂြိုဟ်ခဲ့လေသည်။
Source # အတ္ထုပ္ပတ္တိ ပေါင်းချုပ်
Credit # Gabarmyay Media
U Tin Soe
လေးစားစွာဖြင့်
t..t
18/05/2021
ဒီအမျိုးသမီးကြီး
ဗေဒင်မေးတာ ယတြာချေတာ
အောက်လမ်းသုံးတာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာ မြင်ဖူးကြလား?
ဒီအမျိုးသမီးကြီး
စင်ပေါ်မှာတက်ပြီး
တစုံတယောက်ကို အဖွဲ့အစည်းတစ်ခုခုကို
စောင်းမြောင်းပုတ်ခတ်ပြောဆိုတာမြင်ဖူးကြလား?
ဒီအမျိုးသမီးကြီးကို
သတ္တိရှိပါတဲ့ တိုက်ရဲခိုက်ရဲပါတယ်ဆိုတဲ့
ယောက်ျားပေါင်းများစွာက ကဲ့ရဲ့ ပုတ်ခတ် စွပ်စွဲပြောဆိုနေကြပေမယ့် ဒီအမျိုးသမီးကြီး တုန်လှုပ်တာမြင်ဖူးကြလား?
ဒီအမျိုးသမီးကြီးက
မိုင်ပေါင်းများစွာခရီးသွား၊ နိုင်ငံပေါင်းများစွာ လှည့်လည်၊
လူများပေါင်းစွာနဲ့ပြောဆိုရင်း သူမရဲ့အိုမင်းချိန်တွေကို စတေးခဲ့ပေမယ့်
ပင်ပန်းလိုက်တာလို့ ညည်းတာမြင်ဖူးလား?
အဖြေအားလုံးက No ပါ။
မြန်မာ့သမိုင်းမှာ
ဝေဖန်မှုအများဆုံးခံရတဲ့ အမျိုးသမီး။
ယုံကြည်ချက်အတွက်
ခေါင်းအမာဆုံးအမျိုးသမီး။
ရဲရင့်မှုအရှိဆုံး အမျိုးသမီး။
လူတွေအားလုံးရဲ့
သူတို့မွေးထားတဲ့အမေမဟုတ်ပဲ 'အမေ' လို့ တန်ဖိုးထားခေါ်ဆိုခြင်းခံရတဲ့ အမျိုးသမီး။
လှပလွန်းတဲ့ထောင်ချောက်တွေ၊
အန္တရာယ်များလွန်းတဲ့ကျော့ကွင်းတွေ၊
ရက်စက်လွန်းတဲ့ ပရိယာယ်တွေကြားမှာ
အကြိမ်ကြိမ်လွတ်မြောက်ပြီး
အသက်ရှင်ခဲ့တဲ့အမျိုးသမီး။
ဘာမှမပေး၊
ဘာမှမဝေ၊
ဘာမှမရပေမယ့်
သူမသွားလေရာ
လူတွေဝန်းရံလိုက်ပါပေးခြင်းခံရတဲ့အမျိုးသမီး။
ချစ်ခြင်းမရှိ
မုန်းခြင်းမရှိ
အငြိုးအတေးကလဲ့စားတွေမရှိ။
ဘက်လိုက်ခြင်းမရှိ၊
အမြဲအမှန်တရားဘက်ကနေရဲတဲ့ အမျိုးသမီး။
အမေရယ်
အမေ အလွန်ဆုံးနေရလှ နောက်၁၀နှစ်ပေါ့...
ဆံပင်တွေလဲဖြူ...
ပါးရည်တွေလည်းတွန့် ...
ခန္ဓာကိုယ်ပိန်ပိန်လေးနဲ့ ခပ်ယဲ့ယဲ့လေးပဲ
ကျန်တော့ပေမယ့်
မျက်ဝန်းတွေထဲ အားတွေမာန်တွေ
ကျွန်တော်တို့တွေ့နေရသေးတယ် အမေ...
အမေ ကျန်းမာပါစေ.....လို့.... ကျွန်တော်ဆုတောင်းရုံမှတပါး.......
Credit:
အမေဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ အသက်ရှည်ပါစေ ဘေးကင်းပါစေ 🙏🙏🙏
17/05/2021
ငြင်းခွင့်မရှိသော ထမင်းတလုပ်
😢😢😢
17/05/2021
ခင်များတို့ ရက်စက်လိုက်လေခြင်းဗျာ
crd
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
