Yadanar Cosmetics Online Shop

Yadanar Cosmetics Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yadanar Cosmetics Online Shop, Beauty, cosmetic & personal care, Mandalay.

18/03/2024

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။

ဒီအချိန်ကောင်းနဲ့ကြုံအောင်
ကြိုတင်ကြိုးစားထားကြတာ။

ကိုယ်ကြိုတင်ကြိုးစားပြီး
စောင့်နေတဲ့ အချိန်ကောင်းက
ဘာများဖြစ်မလဲ။

Phyo Paing @ Derek

15/03/2024

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#လေးစားစွာဖြင့် .....

15/03/2024

ကိုယ်တိုင်လဲသောက်ဒယ် ပြတ်မှာစိုးလို့ အော်ဒါထပ်တိုး

မလေးရှား🇲🇾leaders ကြီး အမ Hero Kyaw ရဲ့7️⃣သိန်းကျော်ဖိုး အမှာ

မပို့ခင်ကထဲက ဟိုဘက်မြေမှာ ပို့စရာဒေွတန်းစီနေပီ

ပြန်စrun ပီဆိုကထဲကအရှိန်နဲ့ကို 🔥စဒါ .. အရမ်းတော်ဒဲ့

လီတာမို့ Cashback ဒွေအသားကုန်ထုတ်ကြမယ်နော်🫶

ဆိုင်တဖက်နဲ့ကို offline ဒွေချည်း အသားကုန်ဖောက်ဒါ👏👏👏

မလေးရှားက ကာကာဒွေအမ ဆီမှာယူ
အားပေးနိုင်ပါပီရှငိ့




#မန်းလေးအကြီးဆုံးလက်လီလက်ကားကိုယ်စားလှယ်ကြီး

15/03/2024

ကိုယ်နဲ့ ကိုယ်က
ဘက်တူရမယ်။​
ကိုယ့်ကိုယ်ကို ဝေဖန်တာရပ်။
အပြစ်တင်တာရပ်။

ကိုယ့်ကိုယ်ကို အားပေး။
ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ်ဂုဏ်ယူ။

မနေ့ကထက် ဒီနေ့
ပိုကောင်းတဲ့သူ ဖြစ်အောင်လုပ်။

ကိုယ်နဲ့ အမြဲရှိိနေမှာ ကိုယ်ပဲ။

Phyo Paing @ Derek

14/03/2024

လေကာမှန်က ဘာဖြစ်လို့ နောက်ကြည့်မှန်ထက် ပိုကြီးနေရတာလဲတဲ့။ အကြောင်းက ရှေ့ဆက်တဲ့လမ်းက ကျန်ရစ်နေခဲ့တဲ့ လမ်းထက် အရေးကြီးလို့ပါ။

အတိတ်က လေက ဒီကနေ့ရဲ့ ဝမ်းနည်းခြင်းတိမ်တိုက်ကို တိုက်မပစ်နိုင်ပါဘူး။

အတိတ်က မိုးက ဒီကနေ့ရဲ့ ခြောက်သွေ့မှုကို မပြောင်းလဲနိုင်ပါဘူး။

အတိတ်က အတွေ့အကြုံက ဒီကနေ့ရဲ့ နာကျင်မှုကို ကုစားမပေးနိုင်ပါဘူး။

ဒါပေမဲ့ မှတ်ထားရမှာက ...

အနာဂတ်ရဲ့ ကောင်းကင်ဟာ ကြည်လင်နိုင်သေးတယ်။

အနာဂတ်ရဲ့ ကမ္ဘာမြေဟာ စိမ်းလန်းနိုင်သေးတယ်။

အနာဂတ်ရဲ့ လမ်းပေါ်မှာ မျှော်လင့်ချက်တွေ ပြည့်နေသေးတယ်။

ဘဝမှာ အဆင်မပြေတဲ့ အခိုက်အတန့်တွေ အမြဲရှိနေလည်း ရင်ဝယ်ပိုက်ထားစရာ မလိုပါဘူး။

မမြဲခြင်းက လူ့ဘဝရဲ့ ပုံမှန် အနေအထားပါ။

နှင်းဆီလှလှတစ်ပွင့်မှာ ဆူးကတော့ ပါစမြဲပဲ။

ကြည်လင်တဲ့ စမ်းရေမှာ အနယ်ကတော့ ရှိစမြဲပဲ။

ကြွယ်ဝတဲ့ ဘဝခရီးလမ်းမှာ ရယ်သံရှိရင် ငိုသံလည်း ရှိသလို ပျော်စရာရှိရင် နာကျင်စရာလည်း ရှိတာပါပဲ။

အရာရာတိုင်းက အကောင်းဆုံး စီစဉ်ထားပြီးသားပါ။ ဖြစ်ခဲ့တာတွေအတွက် နာကျင်မှုတွေ လျော့နိုင်သမျှ လျော့ပြီး ခေါင်းမော့ ရင်ကော့ ရှေ့ကို ကြည့်ပါ။

ဆောင်းနေက သိပ်အေးလည်း နွေဦးရဲ့နွေးထွေးမှုကို ငါတို့မျှော်မယ်။

ညက သိပ်မှောင်မိုက်လည်း အရုဏ်အလင်းကို ငါတို့မျှော်မယ်။

ရင်ကွဲနာကျင်ခဲ့လည်း ပျော်ရွှင်တဲ့ အနာဂတ်ကို ငါတို့မျှော်မယ်။

သိပ်ကောင်းတာ တစ်ခုက...
နွေဦးဟာ ကတိအတိုင်း ရောက်လာတတ်တယ်။ အရုဏ်အလင်းက တိတ်တဆိတ် ရောက်လာတတ်တယ်။ လှပတဲ့ အနာဂတ်ကလည်း မဝေးတဲ့တစ်နေရာမှာ ရောက်နေပြီလို့ ယုံကြည်ပါတယ်။

လူတိုင်းမှာ သိပ်ခက်ခဲတဲ့အချိန်တစ်ခု ရှိကြတယ်။ ဘဝ ကျပ်တည်းတယ်၊ အလုပ် အကိုင် မကောင်းဘူး၊ အိမ်ထောင်ရေး အဆင်မပြေဘူး၊ အချစ်ရေး တစ်ချိန်လုံး ချီတုံချတုံ ဖြစ်ရတယ်။ ဒီအချိန်တွေကို တောင့်ခံပြီး ဖြတ်ကျော်နိုင်ရင် ဉာဏ်အလင်း ပွင့်လာမှာပဲ။ မဖြတ်ကျော်နိုင်ရင် ဒီအခက်အခဲတွေနဲ့ ဘယ်လို ငြိမ်းချမ်းစွာနေထိုင်ရမလဲဆိုတာကို အချိန်က သင်ပြပေးသွားပါလိမ့်မယ်။

ဒါကြောင့် ရှေ့ကိုပဲ ကြည့်ပါ... နောက်ပြန်မလှည့်ပါနဲ့။

💌

#နိုင်းနိုင်းစနေ

13/03/2024

စိတ်ခံစားချက်မှူနောက်ကို မလိုက်နဲ့
ရည်မှန်းချက် နောက်ကိုလိုက်။

လူဖြစ်နေသ၍တော့ အခက်ခဲဒွေကရှူထောင့်ပေါင်းစုံကနေလာမှာဘဲ ..

ပြသနာထက် ကိုယ်ကကြီးထွားနေဖို့ဘဲ လိုဒယ်…

ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဒွေကစိတ်ခံစားမှုကို နိုင်ဖို့ဘဲလိုဒယ်

12/03/2024

သင့်ရဲ့အတွေးဒွေ လုပ်နိုင်မှုစွမ်းအားဒွေကို

ကန့်သတ်ထားသ၍တော့ ပျော်ရွှင်မှုအစစ်ကို

လက်ခံရရှိမှာ မဟုတ်သေးပါဘူး ။

Photos from Yadanar Cosmetics Online Shop's post 11/03/2024

Customer အသစ်သစ်ဒွေထက် ဝယ်ပီးသားသူထပ်လာ
နေပုံကြီးအရမ်းကြိုက်

အဆီချမယ် ထိရောက်ဒါလဲလိုချင် ခနာကိုယ်ထဲထဲ့ဒဲ့
အရာမို့ သေချာရွေးချယ်ချင်ရင် အရွေးမမှားဖို့လိုမယ်နော် …

ကိုယ်တိုင်ဝဖူးခဲ့လို့ Boom နဲ့မှ ကျခဲ့လို့ သေချာအာမခံ
ပီးတော့ကို ရောင်းပေးပါဒယ်ရှင်🔥🫶

ပြည်တွင်း/ပြည်ပအစုံပိူ့ဆောင်ပေးပါဒယ်ရှင့်

11/03/2024

“မလဲကျဖူးသရွေ့တော့ ဘယ်လောက်ဒဏ်ခံနိုင်ဒယ်ဆိုဒါ

ဘယ်သူမှသိမှာမဟုတ်ဘူး’’

ပြိုလဲလို့ရဒယ် ဝမ်းနဲလို့ရဒယ် ဒါပေမဲ့ ရပ်တန့်ဖြစ်ဖို့

မဟုတ်ဘူး …

အပြုံးကိုရင်ခွင်ပိုက်ပီး မနေ့ကထက် ဒီနေ့ကိုယ့်ကို

Challenge ခေါ်ပီး ပြန်ထရုံဘဲ …

(🌊ကိုယ်ချစ်ဒဲ့ပင်လယ်ကြီးဆီ သွားရဒဲ့ feeling အရမ်းကြိုက် )

09/03/2024

ခံယူချက်ပြောင်းရင်
ခံစားချက်ပြောင်းဒယ်

ရင်းနှီးမြှုပ်နှံမှုဒွေအားလုံးထဲမှ
အသေချာဆုံးတခုကို ထောကိပြပါဆိုရင်
ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံလိုက်ဒါပါဘဲ

အတွေ့ကြုံသစ်ဒွေရော စိတ်တံခါးအသစ်ဒွေဆီ
ရောက်သွားခဲ့ဒဲ့ ဒီအခိုက်အတန့်မို့ …..

ဘဝမှာ ပထမဆုံးလုပ်ငန်းနဲ့ပတ်သတ်ပီး အသိမှတ်ပြု
ခံရဒဲ့ အခွငိ့ရေးကြီးမို့ ဒီ camp မှာ join ခွငိ့ရခဲ့ဒါ
ကိုယ့်ကိုယ်ကိုရော လမ်းပြပေးခဲ့ဒဲ့ ရတနာ့ လမ်းပြဆရာဒွေတွက်ပါ အမြဲကျေးဇူးတင်နေမိမှာပါဘဲ 💥

Photos from Yadanar Cosmetics Online Shop's post 26/02/2024

🌊💦အပြင်မှာတွေ့ဒဲ့သူတိုင်းက ချစ်စရာကောင်းဒယ်ပဲပြောကြဒယ်

မြင်လိုက်တာနဲ့ချစ်မွှေးပါဒယ်ဒဲ့ ကဲအမှန်လားပြော ‼️

Boom နဲ့တွေ့မှ အဆီဒွေကျလာပီး တရက်ထက်တရက်
ကိုယ့်ကို ပိုချစ်လာပီ ❤️

Photos from Yadanar Cosmetics Online Shop's post 22/02/2024

Boom Brand နဲ့ဆို ခရီးစဉ်တိုင်းက ပိုက်ဆံတပြားတချပ်
မှ မကုန်ဘဲ Luxury time ဒွေချည်း

ပင်လယ်စာကြိုက်သူတယောက်မို့ စားမကုန်နိုင်အောင်ဘဲ

အများကြီးစားခဲ့ပါဒယ် မာမီရေApril K.❤️

ခရီးစဉ်တိုင်း အမြဲအကောင်းဆုံးဒွေ ပေးလို့ ချစ်ဒယ်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
8980