Kundalini Yogi Yadana
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kundalini Yogi Yadana, Health/Beauty, Mandalay.
01/01/2024
နှစ်သစ်ကစပြီးေအးချမ်းေပျာ်ရွှင်ပါေစ။
19/12/2023
13/12/2023
How would you describe your reality?
Chakra & Kundalini
( ချက္ကရ နှင့် ကုဏ္ဍလိနီ )
--------------------
🍀 ိုတာ အသက်ရှုသွင်းရှုထုပ် လုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ လမ်းကြောင်းတွေ စီးဆင်တဲ့အခါ ဆုံတဲ့နေရာတွေကို Chakra point တွေလို့ခေါ်ပါတယ်။
🍀ရှင်သန်ခြင်းမှာ ို့ခေါ်တဲ့ အသက်ဓာတ်နဲ့ လို့ခေါ်တဲ့ energyစီးဆင်းရာလမ်းကြောင်း ဆိုပြီးရှိပါတယ်။
🍀အသက်ရှုသွင်းတဲ့အခါ ို့ခေါ်တဲ့ အသက်စွမ်းအားကို ရှုသွင်းခြင်းပါ။ဒါကြောင့် လေရှုတာလို့မခေါ်ဘဲ အသက်ရှုတာလို့ ခေါ်ဆိုခြင်းပါ။လူတစ်ယောက်ဟာသိစိတ်ရှိရှိနဲ့ အသက်ရှုသွင်းရှုထုပ်မယ်ဆို တစ်မိနစ်မှာ ၁၅ကြိမ် ၁ရက်ကိုပျမ်းမျှ ၂၁၉၀၀ကျော်ရှုသွင်းခြင်းဟာ ကျန်းမာတဲ့အသက်ရှုခြင်းပါ။တခါလေ အသက်ရှုဖို့မေ့နေတာတွေရှိတယ်၊ဒေါသတွေ စိုးရိမ်စိတ်တွေကြောင့် အသက်ရှုမြန်သွားရှိတယ်။ဒါတွေဟာ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်
🍀 ို့ခေါ်တဲ့ Energyလမ်းကြောင်းမှာတော့ Sushumna(ဗလိုလမ်းကြောင်း)၊ Sushumnaရဲ့ဘယ်ဘက်မှာတော့ ို့ခေါ်တဲ့ လဓာတ်ကို ကိုယ်စားပြုပြီး၊ Sushumnaရဲ့ညာဘက်မှာတော့ ို့ခေါ်ပြီး နေဓာတ်ကိုကိုယ်စားပြုပါတယ်
🍀ခန္ဓာကိုယ်မှာ Nadisပေါင်း ၇၂၀၀၀ကျော်ရှိတဲ့အထဲကမှ အဓိက energyဆုံချက်နေရာဖြစ်တဲ့ ကျောရိုးတစ်လျှောက်နေရာတွေကိုEnergy Center # 7Chakra နေရာအဖြစ် မှတ်သားနိုင်ပါတယ်။
Chakra တွေဟန်ချက်ညီတဲ့အခါဝိဥာဥ်ရေးဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ တို့ကို သုခ ချမ်းသာနှင့် ပြည့်စုံစေပါတယ်
🍀 Chakra တွေရဲ့ တစ်ခုချင်းစီမှာ သူတို့ရဲ့ သက်ဆိုင်တဲ့ နံပါတ် ၊ အမည် ၊ အရောင်တွေရှိပြီး ခန္တာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေပါတယ် ။ စွမ်းအင်တစ်ခုချင်းစီမှာ ရည်ရွယ်ချက်တစ်ခုစီရှိပြီး တိကျတဲ့ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေနဲ့ ပိတ်ဆို့ထားကာ မြှီးညှောင့်ရိုးကနေ ဦးခေါင်းထိပ်ထိ တစ်လျှောက်စီးဆင်း လျှက်ရှိပါတယ်။
🍀🍀🍀Chakra ၇ခု အစဉ်လိုက်ကတော့
1. Chakra (or) Earth chakra ( Muladhara )-LAM
===================================
🍀Root chakra ဟာ အသက်ရှင်သန်မှုနဲ့ ဆက်နွယ်နေတဲ့ စွမ်းအင်တစ်ခုဖြစ်ပြီး မြှီးညှောင့်ရိုးနေရာ စအိုအနီးတဝိုက်မှာရှိပါတယ် ။ အနီနောင်ကို ကိုယ်စားပြုပြီးမြေဓာတ်ဖြစ်ပါတယ်။သူ့ကို ပိတ်ဆို့ထားတဲ့အရာကတော့ အကြောက်တရား ပဲ ဖြစ်ပါတယ် ။ လူ့ဘဝမှာ နေထိုင် စားသောက်ဖို့ ခက်ခဲလာပြီး အသက်ရှင်သန်ဖို့ ကြောက်ရွံ့လာပြီဆိုရင် Root Chakra ပိတ်ဆို့နေပြီ လို့ သိနိုင်ပါတယ် ။ Root Chakra ဟာ တည်ငြိမ်နေတဲ့အခါမှာ လုံခြုံခြင်း ၊ စိတ်တည်ငြိမ်ခြင်းနှင့် ရှင်သန်နေထိုင်ခြင်း မှာ ပျော်ရွှင်မှုကို ခံစားရပါတယ် ။ Root Chakra ရဲ့ စွမ်းအင် လွန်ကဲနေတဲ့အခါမှာ ဆိုရင် လောဘကြီးခြင်း ၊ ကြမ်းတမ်းခက်ထန်ခြင်း ၊ ဥစ္စာပစ္စည်းအပေါ်စွဲလမ်း ခြင်း ၊ အပြစ်မြင်ခြင်း ၊ မထီမဲ့မြင် ပြုခြင်း တို့ဖြစ်တတ်ပါတယ် ။
2. Chakra ( or ) ( Svadhishthana )-VAM
====================================
🍀Sacral chakra တင်ပါစုံ နေရာမှာရှိပြီး လိမ္မော်ရေညင်ဖြစ်ပါတယ်။မိမိကိုယ်မိမိလို့အဓိပ္ပယ်ရပြီး ဖန်တီးနိုင်စွမ်းနဲ့ ဆက်စပ်နေတဲ့ Chakra တစ်ခု ဖြစ်ပါတယ် ။ ပျော်ရွှင်မှု နှင့် ပတ်သက်နေပြီး အပြစ်ရှိခြင်း ဆိုတဲ့ ညစ်ညမ်းမှု နှင့်ပိတ်ဆို့ထားပါတယ် ။ Sacral chakra ပိတ်ဆို့နေတဲ့အခါမှာ လိင်စိတ်ဆန္ဒမရှိခြင်း ၊ ရင်းရင်းနှီးနှီးပေါင်းသင်းရမှာကို ကြောက်ရွံ့ခြင်း ၊ ဖန်တီးနိုင်စွမ်းမရှိခြင်း ၊ သီးခြားဖြစ်နေခြင်းတို့ကို ခံစားရပါတယ် ။ Sacral chakra တည်ငြိမ်နေတဲ့အခါဆိုရင် ဖန်တီးနိုင်စွမ်းအားကောင်းခြင်း ၊ ကျန်းမာတဲ့ လိင်ဆန္ဒရှိခြင်း ၊ အကောင်းမြင်ခြင်း ၊ ရင်းနှီးစွာပြောဆိုဆက်ဆံခြင်း တို့ကို ခံစားနိုင်ပါတယ် ။ အကယ်၍ chakra စွမ်းအင်လွန်ကဲနေမယ်ဆိုရင် s*x ကိစ္စအပေါ်စွဲလမ်းမှု လွန်ကဲနေခြင်း ၊ အပျော်ပါးလိုက်စားခြင်း ၊ တစ်ပါးသူအပေါ်ထိန်းချုပ်ခြင်း တို့ ဖြစ်တတ်ပါတယ် ။
3. Plexus Chakra ( or ) ( Manipura )-RAM
================================
🍀Solar plexus chakra ဟာအစာအိမ်နေရာမှာရှိပြီး အဝါရောင်ဖြစ်ပါတယ်။ စိတ်ဆန္ဒစွမ်းအားဖြင့် ပတ်သက်ပြီး အရှက်တရားဆိုတဲ့ ညစ်ညမ်းမှုကြောင့်ပိတ်ဆို့နိူင်ပါတယ် ။ Solar Plexus chakra ပိတ်ဆို့နေတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်း ၊ ခွန်အားမရှိသလို ခံစားရခြင်း ၊ သိမ်ငယ်ခြင်းတို့ကို ဖြစ်စေပါတယ် ။ Solar plexus chakra တည်ငြိမ်ပြီး ဟန်ချက်ညီနေတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်း ၊ ခွန်အားပြည့်ဝခြင်း ၊ မိမိပုံရိပ်ကောင်းကို မြှင့်တင်နိုင်ခြင်းတို့ ကို ခံစားနိုင်ပါတယ် ။ Solar plexus chakra စွမ်းအင် လွန်ကဲနေမယ် ဆိုရင်တော့ အလွန်အကျွံဗိုက်ဆာခြင်း ၊ ဗိုလ်ကျအနိုင်ကျင့်ခြင်း ၊ ဇီဇာကြောင်ခြင်း ၊ ဝေဖန်တတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။
4. Chakra (or) ( Anahatana)-YAM
================================
🍀Heart chakra ဟာနှလုံးပတ်ဝန်းကျင်မှာရှိပြီး အစိမ်းရောင် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ပူဆွေးမှုနှင့် ပိတ်ဆို့ထားပါတယ် ။ Heart chakra ပိတ်ဆို့နေခဲ့လျှင် ကိုယ်ချင်းစာစိတ်မရှိခြင်း ၊ ခါးသီးခြင်း ၊ မုန်းတီးခြင်း ၊ မယုံကြည်ခြင်း ၊ သည်းမခံနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ် ။ Heart chakra ဟာ ဟန်ချက်ညီညီနှင့် တည်ငြိမ်နေတဲ့အခါ ငြိမ်းချမ်းခြင်း ၊ မေတ္တာရှိခြင်း ၊ ဂရုဏာတရားရှိခြင်း ၊ နွေးထွေးခြင်း ၊ သည်းခံနိုင်ခြင်းတို့ ပြည့်ဝစေပါတယ် ။ Heart chakra ရဲ့ စွမ်းအင်လွန်ကဲ နေခဲ့လျှင် မနာလိုခြင်း ၊ သူတစ်ပါးအပေါ်မှီခိုခြင်း ၊ မိမိကိုယ်ကို စွန့်ပစ်ခြင်း ၊ သူတစ်ပါးအား ပေးဆပ်မှုလွန်ကဲ ခြင်း တို့ ဖြစ်စေနိုင်ပါတယ် ။
5. Chakra ( or ) ( Vishuddha )-HAM
==================================
🍀Throat Chakra ဟာ လည်ပင်းအနီးမှာရှိပြီးအပြာရောင်ဖြစ်ပါတယ်။အမှန်တရား နှင့် ပတ်သက်နေပြီး လိမ်ညာမှု နှင့် ပိတ်ဆို့နေပါသည် ။ Throat Chakra ပိတ်ဆို့နေတဲ့အခါ ကိုယ့်အမှန်တရားကို မထုတ်ပြောနိုင်ခြင်း ၊ နားလည်မှုလွဲခြင်း ၊ တစ်ပါးသူရဲ့စကားကို နားထောင်မပေးနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ် ။ Throat Chakra ဟန်ချက်ညီညီ တည်ငြိမ်နေတဲ့အခါမှာတော့ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုနိုင်ခြင်း ၊ ပေါင်းသင်းဆက်ဆံမှုကောင်းခြင်း ၊ ဖန်တီးနိုင်စွမ်းရှိခြင်း ၊ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း စွမ်းအင် တို့ကို ရရှိစေပါတယ် ။ Throat Chakra စွမ်းအင်လွန်ကဲနေတဲ့အခါမှာတော့ တရားသေယူဆခြင်း ၊ အသံကျယ်လောင်ခြင်း ၊ အတင်းပြောခြင်း ၊ တစ်ပါးသူအပေါ် အော်ဟစ်ကြိမ်းမောင်းခြင်း ၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။
6. eye chakra ( or ) ( Ajna )OM
==============================
🍀 Third eye chakra ဟာ ခန္တာကိုယ်ရဲ့ ခြောက်ခုမြောက် အဓိက chakra တစ်ခုဖြစ်ပြီး နှဖူးပြင်တဝိုက်မှာရှိပြီး မီးခိုးရောင်ဖြစ်ပါတယ်။လူတွေကို ၎င်းတို့ရဲ့ ပင်ကိုယ်သဘော နှင့် ချိတ်ဆက်ရန် ၊ ကမ္ဘာကြီးနှင့် ဆက်သွယ်ပြောဆိုနိုင်မှု သို့မဟုတ် အတိတ်နှင့် အနာဂတ်မှ အကြောင်းအရာများ လက်ခံရရှိနိုင်ရန် ကူညီပေးတယ် လို့ ဆိုပါတယ် ။
Third eye chakra ဟာ ထိုးထွင်း သိမြင်မှုနှင့် ပတ်သက်ပြီး ထင်ယောင်ထင်မှား ဖြစ်ခြင်းဖြင့် ပိတ်ဆို့ထားပါတယ် ။ Third eye chakra ပိတ်ဆို့နေတဲ့အခါ ဆုံးဖြတ်ချက်မမှန်ခြင်း ၊ အာရုံစူးစိုက်မှုမရှိခြင်း ၊ စိတ်ကူးနိုင်စွမ်းအား နည်းခြင်း ၊ ရုပ်ဝါဒီကလွဲ၍ မမြင်နိုင်ခြင်းတို့ကို ဖြစ်စေပါတယ် ။ Third eye chakra ဟန်ချက်ညီပြီး တည်ငြိမ်နေတဲ့အခါ စိတ်ကူးနိုင်စွမ်းရှိခြင်း ၊ အလိုလိုသိစိတ်ရှိခြင်း ၊ ထိုးထွင်း သိမြင်နိုင်ခြင်း ၊ ရုပ်ဝါဒီကို ကျော်လွန်၍ မြင်စေနိုင်ပါတယ် ။ Third eye chakra လွန်ကဲနေတဲ့အခါမှာတော့ အိပ်မက်ဆိုးများမက်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း ၊ စိတ်အာရုံခြောက်ချားခြင်း ၊ စွဲလမ်းခြင်း ၊ ဝိဥာဥ်များစွာကို တွေ့ရခြင်းတို့ ဖြစ်နိုင်ပါတယ် ။
7. chakra ( or ) ( Sahasrara )-AUM
=================================
🍀Crown chakra ဟာ ဦးခေါင်းအထက်မှာရှိပါတယ်။သန့်စင်တဲ့ စကြာဝဠာ စွမ်းအင်နဲ့ ပတ်သက်ပြီး ကမ္ဘာမြေပေါ်က စွဲလမ်းတွယ်တာမှုတွေနဲ့ ပိတ်ဆို့ထားပါတယ် ။ Crown chakra ပိတ်ဆို့ နေမယ်ဆိုရင် စိတ်ဓာတ်ကျခြင်း ၊ သင်ကြားလေ့လာရာမှာ ခက်ခဲ ခြင်း ၊ ယုံကြည်မှုအားနည်းခြင်း ၊ ဒေါသထွက်လွယ်ခြင်း ၊ ဦးနှောက်ခြောက်ခြင်း အကြံအိုက်ခြင်း တို့ကိုဖြစ်စေပါတယ် ။ Crown chakra ဟန်ချက်ညီပြီး တည်ငြိမ်နေတဲ့အခါမှာဆိုရင် ယုံကြည်မှုခိုင်မာခြင်း ၊ မေတ္တာတရားကြီးမား ခြင်း ၊ ဥာဏ်ထက်မြက်ခြင်း ၊ သတိရှိခြင်း ၊ ပညာရှိခြင်း ၊ နားလည်လွယ်ခြင်းတို့ကို ရရှိစေပါတယ် ။ Crown chakra စွမ်းအင် လွန်ကဲနေခဲ့ရင် တယူသန်ခြင်း ၊ ဝိဥာဥ်ရေးရာ စွဲလမ်းမှုရှိခြင်း ၊ မတည်ငြိမ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။
🌞Chakraစွမ်းအင်ညီမျှစေရန် Breakwork.meditation.crystal.sound.yoga.frequency.affirmation.mentra.nature healing
ဖြင့် ညီမျှအောင်လုပ်နိုင်ပါတယ်။
----------------------------------
CHAKRA ဆိုတာဘာလဲ?
Chakra ကို မရှင်းပြခင် ခန္ဓာကိုယ်မှာ ယောဂအခေါ်အဝေါ်အရ
✅ Prana ပါရဏာ
လို့ခေါ်တဲ့ အသက်စွမ်းအား (တနည်းအားဖြင့် အသက်ရှုခြင်းကို ဆိုလိုတာပါ) ရယ်
✅ Nadis နဒီ လို့ ခေါ်တဲ့ Energy စီးဆင်းရာ လမ်းကြောင်းတွေရယ်ရှိတယ်ဆိုတာကို သိထားဖို့ လိုပါတယ်
ခန္ဓာကိုယ်မှာ ယောဂအခေါ်အဝေါ်အရ Nadis လို့ခေါ်တဲ့ Energy စီးဆင်းရာ လမ်းကြောင်းပေါင်း ထောင်ပေါင်းများစွာ ရှိပါတယ် ဒီလမ်းကြောင်းတွေထဲကမှ အဓိက စီးဆင်းတဲ့ လမ်းကြောင်း ၃ခုရှိပါတယ်
ဒီလမ်းကြောင်း ၃ခုအကြောင်းမပြောခင် သိထားရမှာလေး တခု ထပ်ပြောပြပါ့မယ်
(လူရဲ့ခန္ဓာကိုယ်မှာ အပူဓါတ် အအေးဓါတ်ဆိုတာရှိပါတယ် အပူဓါတ်က နေကို ကိုယ်စားပြုပြီး အအေးဓါတ်က လကို ကိုယ်စားပြုပါတယ် ခန္ဓာက်ုယ်ရဲ့ ဘယ်ဘက်ခြမ်းသည် အအေးဓါတ်ဖြစ်တဲ့ လဓါတ်ကို ကိုယ်စားပြုပါတယ် ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းသည် နေဓါတ်ကို ကိုယ်စားပြုပြီး အပူဓါတ်ဖြစ်ပါတယ်)
ခုနက ပြောတဲ့ Nadis လို့ခေါ်တဲ့ Energy စီးဆင်းတဲ့ အဓိကလမ်းကြောင်း ၃ခုအကြောင်း ဆက်ပြောပါ့မယ်နော် အဲဒါတွေက 👇
Ida ဧဒါ လို့ခေါ်တဲ့ ကျောရိုးရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိပါတယ် လ(အအေးဓါတ်)ကို ကိုယ်စားပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်
Pingala ပင်္ဂလ လို့ခေါ်တဲ့ ကျောရိုးရဲ့ ညာဘက်မှာ ရှိပါတယ် သူက နေ(အပူဓါတ်)ကို ကိုယ်စားပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်
Sushumna သုသမ္မဏ လို့ခေါ်တဲ့ ကျောရိုးရဲ့အလယ်တည့်တည့်မှာရှိပါတယ် ဒါက ခန္ဓာကိုယ်ရဲ့ Energy စီးဆင်းတဲ့ အဓိက ဗဟိုလမ်းကြောင်းဖြစ်ပါတယ် ဒါကြောင့်မို့ Breath Work လုပ်တဲ့အချိန် Meditation လုပ်တဲ့အချိန်တွေမှာ ကျောရိုးကို တဖြောင့်တည်းဖြစ်အောင် ထားခိုင်းတာဖြစ်ပါတယ်
အသက်ရှုသွင်း ရှုထုတ်လုပ်တဲ့အချိန်မှာ Energy လမ်းကြောင်းတွေကနေ စီးဆင်းတဲ့အခါ ဆုံတဲ့ နေရာလေးတွေကို Chakra Point လို့ ခေါ်တာပါ ခန္ဓကိုယ်မှာ Charkra Point ပေါင်း 72000 ကျော်ရှိတယ်လို့ ပြောကြပါတယ် အဓိက Point 7ခု က ခုနက လမ်းကြောင်း၃ခုကနေ ဆုံတဲ့နေရာလေးတွေ ဖြစ်ပါတယ်
လူ့ရဲ့ခန္ဓာကိုယ်မှာ Chakra Point ပေါင်း 72000 ကျော် ရှိတဲ့ထဲကမှ အဓိက Main Point (7)ခုကို ပြောပြပေးပါ့မယ်နော်
အဲဒါတွေက . . .
{1} Root Chakra// မူလချက္ကရ
အနီရောင်နေရာလေးက Root Chakra နေရာလေးပါ ကျောရိုးတည့်တည့်ရဲ့အောက် မြီးညှောင့်ရိုး နေရာလေးပါ
{2} Sacral Chakra // ရေ ချက္ကရ
လိမ္မော်ရောင်နေရာလေးပါ သူက ဝမ်းဗိုက်ရဲ့အောက် ဆီးခုံနေရာလေးပါ မိန်းမတွေဆို သားအိမ်နေရာလို့လဲ ပြောလို့ရပါတယ်
{3} Solar Plexus Chakra // မီးချက္ကရ
အဝါရောင်နေရာလေးပါ ချက်ရဲ့အထက် ဝမ်းဗိုက်နေရာလေးပါ
{4} Heart Chakra // နှလုံးသား ချက္ကရ
အစိမ်းရောင်နေရာလေးပါ နှလုံးနေရာလေးဖြစ်ပါတယ်
{5} Throat Chakra // အသံချက္ကရ
အပြာရောင်နေရာလေးပါ လည်ပင်းနေရာဖြစ်ပါတယ်
{6} Third Eye Chakra // အလင်းချက္ကရ
ခရမ်းရောင်နေရာလေးပါ မျက်ခုံးနှစ်ခုကြား နှာခေါင်းအလယ်တည့်တည့်မှာဖြစ်ပါတယ် တချို့ကလဲ မဲနယ်ပြာရောင်လို့ ပြောကြပါတယ်
{7} Crown Chakra // သရဖူ ချက္ကရ
ခရမ်းရောင်နေရာလေးပါ ဦးခေါင်းထိပ်တည့်တည့်မှာရှိပါတယ်
ခန္ဓာကိုယ်မှာရှိတဲ့ Chakra လို့ခေါ်တဲ့ Energy Point တွေက လူ့ရဲ့ခန္ဓာကိုယ် ထိခိုက်နာကျင်ရင်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်သော်လည်းကောင်း သူ့ရဲ့ Energy Point တွေ ပိတ်သွားတတ်တယ် Block ဖြစ်တယ်လို့ ပြောတတ်ကြပါတယ် (သူက တံခါးတွေလိုမျိုးပါ) အဲလို ပိတ်သွားတဲ့အခါမှာ သူ့ရဲ့ ပိတ်သွားတဲ့ point နဲ့ ဆက်စပ်နေတဲ့ အရာတွေမှာ အခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ် အဲလို မကြုံတွေ့ရစေဖို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့အတူ စိတ်ပိုင်းဆိုင်ရာတွေကို ဂရုတစိုက်နေဖို့ လိုအပ်ပါတယ်
Chakra Point တွေဟာ Under Active, Over Active နဲ့ Balance ဆိုပြီး အခြေအနေ (3)ခုရှိပါတယ်
Under ဖြစ်နေရင်မကောင်းသလို Over ဖြစ်နေရင်လဲ မကောင်းပါဘူး Balance ဖြစ်နေမှ ဘ၀က်ု ဟန်ချက်ညီညီနဲ့ လျှောက်လို့ရမှာပါ
အဲတော့ Chakra တွေ Balance ဖြစ်ဖို့အတွက် ကိုယ်ဟာ ဘယ်အနေအထားမှာရှိတယ်ဆိုတာကို စစ်ပြီး လိုအပ်ရင် Chakra တွေကို Healing လုပ်ရပါမယ် Healing လုပ်ပြီး Balance ဖြစ်အောင် နေတဲ့အခါ လက်ရှိ ကိုယ်ကြုံနေရတဲ့ အခက်အခဲတွေက အဆင်ပြေသွားတာကို တွေ့ရမှာပါ
Chakra တွေကို ဘာနည်းလမ်းတွေနဲ့ ကုစားလို့ရလဲဆိုဆိုရင် . . .
Yoga
Breath Work
Meditation
Crystal
Color
Essential Oil
Food
Affirmation
Frequency/Sound
Mantra
Nature Healing စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်
:May Thae
--------------
Root Chakra (မူလချက္ကရ)ဖွင့်ခြင်း
-----------
စက္ကရ/ချက္ကရ (chakra)
ဆိုတဲ့ဝေါဟာရကိုတော့ မိတ်ဆွေတို့ဟာအတော်လေးရင်းနှီးကြပြီးသားဖြစ်တာကြောင့်အထူးတလည်ပြောပြနေစရာလိုမယ်တော့မထင်ပါဘူး။ ဒါကြောင့်ကျတော်က ချက္ကရ၇မျိုးမှာ Base
ဖြစ်တဲ့ မူလဒါရ ချက္ကရ (သို့မဟုတ်)Root Chakra
အားကောင်းစေဖို့ကျင့်နည်း တနည်းပြောရရင်ဖွင့်နည်းလေးကို အများနားလည်လွယ်အောင် လိုတိုရှင်းလေးတင်ပြပေးသွားမယ်။
ချက္ကရ ၇မျိုးမှာRoot chakraဟာအဓိကကျတဲ့ ဘူမိကုဏ္ဍလိနီစွမ်းအင်ကိန်းဝပ်ရာ ပင်မနေရာဖြစ်တာကြောင့် ချက္ကရတွေလေ့ကျင့်ကြတဲ့အခါ Rootကို အရင်လေ့ကျင့်ရပါတယ်။
တနည်းပြောရရင် ကုဏ္ဍလိနီကို အရင်နှိုးရပါတယ်..ကုဏ္ဍလိနီနိုးထသွားတဲ့အခါ ၄င်းစီးဆင်းဖို့ရာ အတွက် တံခါးပေါက်နဲ့အလားသဏ္ဍန်တူတဲ့ ချက္ကရတွေကိုဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ် ။
အောက်ကနေအထက်ကိုတဆင့်ခြင်းစီးဆင်းလာတဲ့
ကုဏ္ဍလိနီဟာ crown လို့ခေါ်တဲ့သရဖူချက္ကရအရောက်မှာ စကြဝဠာစွမ်းအင်နှင့်ပေါင်းစည်းသွား
ပါတယ်။
ကဲ.. နိဒါန်းကိုဒီမှာခဏရပ်လို့အောက်မှာဆက်လေ့လာကြရအောင်။
မူလချက္ကရဖွင့်ဖို့ ဘာတွေလိုအပ်မလဲ? ဘယ်လိုဖွင့်ရမလဲ?
ဒီနေရာမှာမြင်သာအောင် အပိုင်း၂ပိုင်းခွဲပြပါ့မယ်။
ပထမအပိုင်းက ပြင်ဆင်ခြင်းအဆင့်
ဒုတိယအပိုင်းက လေ့ကျင့်မှုအဆင့်
ကျတော်အတိုချုပ် အနှစ်ချုပ်ပြီးသာလိုရင်းရောက်အောင်ပြောပြသွားပါမယ်။ အဓိကလိုအပ်ချက်ကတော့ ဒီလိုစွမ်းအင်တွေရှိတယ်..လေကျင့်ရင်လေ့ကျင့်သလိုအောင်မြင်နိုင်တယ်ဆိုတာ မသိစိတ်ထဲက ပြင်းပြစွာယုံကြည်ထားဖို့လိုပါတယ်။
Chakraဖွင့်တယ်ဆိုတာ ခန္ဓာကိုယ်ကိုပိတ်ဆို့ထားတဲ့ မကောင်းတဲ့စိတ်ခံစားချက်၊ အညစ်အကြေး၊အမှိုက်သရိုက်တွေကိုရှင်းထုတ်လိုက်ခြင်းပါဘဲ..ဒါကအများနားလည်လွယ်အောင်ဥပမာပေးလိုက်တာပါ။ ကုဏ္ဍလိနီလို့ ခေါ်တဲ့ရုပ်ပိုင်း၊စိတ်ပိုင်း၊နာမ်ပိုင်းဆိုင်ရာစွမ်းအင်စုကြီးနိုးကြားစီးဆင်းလာစေဖို့ စိတ်အညစ်ကြေးများရှင်းထုတ်ရခြင်းဖြစ်ပါတယ်။ ကုဏ္ဍလိနီနိုးထစေဖို့အတွက်
meditation တရားထိုင်ခြင်း၊အဆောင်ကျောက်များအသုံးပြုခြင်း၊သင့်လျော်သောအစာအာဟာရမှီဝဲဲခြင်း၊ သံစဥ်တီးလုံးနားဆင်ခြင်း
ရွတ်ဆိုခြင်းစတဲ့အပြုအမူများလိုအပ်ပါတယ်။
ကဲ.. အောက်မှာဆက်ပြီးလေ့လာကြည့်ပါ။ ဘာတွေလုပ်ဆောင်ရမယ်..ဘယ်လိုတွေလေ့ကျင့်ရမလဲဆိုတာကို အသေးစိတ်ပြောပြသွားပါတယ်။
(ပြင်ဆင်ခြင်းအဆင့်)
- Root chakra ဖွင့်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး
အနီရောင်ရှိတဲ့အစားအစာ၊သစ်သီး၊ဖျော်ရည် ( ဥပမာ - ပန်းသီး၊ခရမ်းချဥ်သီး၊ဖရဲသီး) များများစားသုံးပါ၊ အဝတ်အထည်ကိုလည်း အနီရောင်ပါတာကိုပိုဝတ်ပါ..အပြင်သွားရင်အနီရောင်ဦးထုပ်ဆောင်းတာမျိုး၊ လက်ကိုင်အိတ်၊ပိုက်ဆံအိတ်စတဲ့အသုံးအဆောင်တွေအပြင် ခန္ဓာကိုယ်နဲ့နီးနီးကပ်ကပ်ရှိမယ့် အနီရောင်လက်ပတ်ကြိုးနဲ့ Red crystal များဆောင်ထားနိုင်ပါတယ်
ပတ္တမြား၊သလင်းကျောက် စသောကျောက်မျက်များသင့်လျော်ပါတယ်။
(လေ့ကျင့်မှုအဆင့်)
- Root chakra ရဲ့တည်နေရာလိင်အင်္ဂါနဲ့စအိုကြားနေရာကို စိတ်မှတ်ပြီး တရားထိုင်ခြင်းပြုလုပ်ပါ။ လက်အနေအထားမှာပုံပါအတိုင်းဖြစ်ပါသည်..လက်ညှိုးနှင့်လက်မကို O ပုံစံဝိုင်း၍ထားပါ။
ဒီချက္ကရဲ့ ပုံသဏ္ဍာန်ကိုမျက်စိထဲမြင်အောင်အာရုံပြုပြီး ဝင်လေထွက်လေမှတ်ပါ. ..အသက်ကိုဖြေးဖြေးရှုသွင်းရှုထုတ်ပြုလုပ်ရပါတယ်...၁၀မိနစ်ခန့်ကြာလျှင်တော့ ခဏရပ်နားကာ
ပုံပါအနေအထားအတိုင်းနေ၍ Root chakra သံစဥ်လှိုင်း လမ်Lam
ဟုရွတ်ဆိုရပါမယ်။ ဂါထာများရွတ်တဲ့အခါ ဥုံ ကိုခပ်ပြင်းပြင်းရွတ်သလိုပဲ..လမ် lamကိုခပ်ပြင်းပြင်းရွတ်ပါ ..လမ်Lamကိုရွတ်ဆိုတဲ့အခါမှာလည်း တရားထိုင်စဥ်ကကဲ့သို့ Root chakra တည်နေရာကိုစိတ်စူးစိုက်ထားပြီး အသံသြဇာအပြည့်နဲ့ရွတ်ရမှာဖြစ်ပါတယ်။
- Root chakra ပွင့်သွားတဲ့အခါမှာတော့ ရဲရင့်ခြင်း၊လျင်မြန်ဖြတ်လတ်၍လန်းဆန်းတက်ကြွမှုရှိခြင်း၊ကိုယ်ရည်ကိုယ်သွေး၊ညဏ်ရည်ညဏ်သွေးများကောင်းလာခြင်း၊ မိသားစု၊ပတ်ဝန်းကျင်၊မိတ်ဆွေအသိုင်းအဝိုင်းများနဲ့ရင်းနှီးနွေးထွေးသောဆက်ဆံရေးများရှိလာခြင်း၊စီးပွားရေး၊လှုမှုရေးအစစအရာရာအဆင်ပြေခြင်း
ထိတ်လန့်ကြောက်ရွ့ံမှုကင်းမဲ့လာခြင်း၊ဂုဏ်သတင်းအရှိန်အဝါကျော်ဇောခြင်း၊အသက်ရှင်ရခြင်း၏အနှစ်သာရ ၊ဘဝအဓိပ္ပါယ်နားလည်လာခြင်း၊အရာရာတိုင်းအပေါ်မှန်မှန်ကန်ကန်ရှုမြင်တတ်၍လူချင်လူခင်များခြင်း၊မိမိကိုယ်မိမိတန်ဖိုးထားတတ်ခြင်း၊ သူတပါးအပေါ်နားလည်ခွင့်လွှတ်တတ်ခြင်း ၊သင်လွယ်တတ်လွယ်၍ လျှို့ဝှက်နက်နဲသောပညာရပ်များနားလည်လာခြင်းတို့ဖြစ်သည်။
*ဤchakraပွင့်သွားပါက ၎င်းအထက်က sacral chakra ဆက်လက်လေ့ကျင့်ပါရန်*
Admin (AkZ)
28-12-22 7:32 pm
ပွင့်ချပ်တစ်ထောင် (ကုဏ္ဍလိနီ//Kundalini )
------------------------------
#နဒီကြောတွေထဲကို Kundalini ကုဏ္ဍလိနီ စွမ်းအင် စီး ဆင်းတဲ့အခါမှာ လူဟာ သာမန်လူသားကနေ စူပါမင်းဖြစ် သွားနိုင်တယ် / insight independent အသိဥဏ်စွမ်းအင် လည်းရသွားနိုင်တယ်လို ဆိုကြ တယ်။ ကုဏ္ဍလိနီကို Serpent Power (နဂါးစွမ်းအင်) လို့ တင်စားခေါ်ကြတယ်၊ တကယ်တော့ဇီဝ တေဇော ဓါတ်တမျိုးပါဘဲ။ ကမ္ဘာမြေရဲ့တေဇောဓါတ်ကို ဘူမိကုဏ္ဍ လိနီ လို့ခေါ်ကြပြီး အမဓါတ်ရှိတယ်၊ နေစကြဝဠာရဲ့ တေဇောဓါတ်ကိုတော့ အာကာသကုဏ္ဍလိနီလို့ ခေါ်ပြီး အဖိုဓါတ်ရှိတယ်လို့ဆိုကြတယ်၊ လူကတော့ ကမ္ဘာနဲ အာ ကာသကြားက Fuse ဖြစ်ပါတယ်။
#ဘူမိကုဏ္ဍလိနီဓါတ်ဟာ လူရဲမြီးညောင်ရိုးနားက အောက် ခြေမှာ ခွေပြီးဝပ်နေတယ်၊ အဲဒီနေရာကို အောက်ခြေစက် (မူလဒြ ချက္ကရ) လို့ခေါ်ကြတယ်။ လူမှာ Chakara ချက္ကရ (၇) ခုရှိပါတယ်၊ နဒီကြောတွေ အချင်းချင်း ဖြတ်တဲ့ point တွေကို Chakara လို့ခေါ်တာပါ၊ တရားနဲ့အညီ ကျင့်ကြံ လို့ ချက္ကရ တွေ နိုးကြားလာတဲ့အခါ ကုဏ္ဍလိနီ စွမ်းအင် ဟာ Chakara တွေကို ဖြတ်သန်းပြီး ငယ်ထိပ်က Crown
Chakara အထိစီးဆင်းသွားတယ်၊ နောက်ဆုံး အာကာသ ကုဏ္ဍလိနီ နဲ့ ပေါင်းစပ်ပြီး Super Upgrade စွမ်းအင်ထူးတွေရသွားတယ်၊ အဆုံးစွန်မှာ လောက သစ္စာဥာဏ် ကို သိမြင်နားလည်လိမ့်မယ်လို့ ဆိုကြတယ်။
#ရှေးခေတ် India မှာ ဘုရားပွင့်တော်မမူမီက ရုပ်ခန္ဓာ ကျန်းမာရေးအတွက် အာယုဗ္ဗေဒ ဆေးပညာကို သင်ကြား ကြပြီး၊ စိတ်ဝိဥာဉ် လွတ်မြောက်ရေးအတွက် ယောဂ ချက္ကရ ၇ ပါး ကိုကျင့်ကြံခဲ့ကြတယ်၊ လူတယောက်ရဲ့ ကျန်းမာရေးကို တိုင်းတာတဲ့အခါ ချက်ကရတွေဘယ်လောက်ပွင့်သလဲ၊ နဒီကြောတွေသန့်ရှင်းရဲ့လားဆိုတာကိုကြည့်ပြီး တိုင်း တယ်၊ ချက်ကရတွေဟာ Gland တွေ ဟော်မုန်းတွေနဲ့ ဆက်စပ်နေတာကို ခေတ်သစ် သိပ္ပံပညာရှင်တွေက တွေ ရှိလာကြပြီ။ စိတ်ပိုင်းဆိုင်ရာ မြင့်မားမှုကိုတော့ ကုဏ္ဍလိနီ ဘယ်လောက်ထိ နိုးကြားသလဲဆိုတာကို ကြည့်ပြီး တိုင်း တာတယ်။ ဘုရားပွင့်တော်မူပြီးနောက်ပိုင်းမှ မဂ်လေးဆင့်နဲ့ တိုင်းတာတာဖြစ်ပါတယ်။ ပညတ်တင်ပုံခြင်းဘဲကွာခြားသွားကြပါတယ်။
#ချက်ကရတွေဟာ ရုပ်ခန္ဓာထက်နုတဲ့ ပရာဏခန္ဓာမှာတည် ရှိနေတာပါ၊ အချင်း၂လက်မလောက်ရှိတယ်၊ လည်နေတဲ့ ပွင့်ချပ်တွေရှိတယ်၊ ဒါကြောင့် စက်၊ စက္က (ချက္ကရ) လို့ ခေါ်တာပေါ့၊ ဓါတ်မှန်ရိုက်ရင် မပေါ်ဘူး၊ အဘိဥာဏ်နဲ့ ကြည့်မှ မြင်ရသတဲ့၊ ချက်ကရတွေမှာ အရောင်ရှိတယ်၊ အသံရှိတယ်၊ နဒီကြောတွေ ဆုံတဲ့ အဓိက Point တွေမှာ Main Chakara တွေ (၇)ခုရှိတယ်၊ ခြေဖဝါး၊ လက်ဖဝါး၊ တံတောင်ဆစ်၊ ဒူးခေါင်း တို့မှာလည်း Minor Chakara လေးတွေရှိသေးတယ်။
နံပါတ်(၁) ချက်ကရကို မူလဒြ ချက်ကရ (အောက်ခြေ ချက်ကရ) လို့ခေါ်တယ်၊ စအိုနားမှာ ရှိတယ်၊အနီရောင်ရှိပြီး ပွင့်ချပ် ၄လွှာရှိတယ်၊ ဒိုရေမီဖာ စိုလာတီ သံစဉ်(၇) ပါးထဲက ဒို သံဖြစ်တယ်။ အောက်ခြေချက်ကရဟာ အက်ဒရီနယ် ဂလင်းနဲ့ ဆက်စပ်နေပြီး အက်ဒရီနယ်လင် ဟော်မုန်းကို ထုတ်လုပ်တယ်။ အောက်ခြေချက်ကရမှာ ကုဏ္ဍလိနီ စွမ်းအင်ဟာ ဝပ်နေတယ်။
#နံပါတ်(၂) ချက်ကရ ကတော့ ဆွာဒိသန ချက်ကရလို ခေါ်တဲ့ လိင် ချက်ကရ ဖြစ်တယ်။ အရောင်က လိမ္မော် ရောင်၊ အသံက ..ရေ..၊ ပွင့်ချပ် ၆လွှာရှိပြီး G***d Gland နဲ့ ဆက်စပ်နေတယ်။ လိင်ချက်ကရဟာ ၅ခု မြောက် ချက်ကရဖြစ်တဲ့ လည်မျိုချက်ကရနဲ့ နဒီချင်း ဆက်စပ်နေတယ်၊ လိင်ချက်ကရပွင့်မှ လည်မျိုချက်ကရ ပွင့်တယ်၊ လည်မျိုချက်ကရပွင့်ရင် Creative Power အားကောင်းတယ်၊ နာမည်ကျော်အနုပညာရှင်တွေ၊ အဆိုတော်တွေ ဟာ လည်မျိုချက်ကရ ပွင့်လို့ဖြစ်တာတဲ့။ လူပျိုဘုရား မပွင့်ငြား ဆိုတာလည်း ကြားဘူးတယ်၊
နံပါတ်(၃) က မဏိပူရ ချက်ကရ ခေါ် ချက်တိုင် စက် ဖြစ်ပါတယ်၊ ပန်ကရိယ နဲ့ဆက်နေပြီ အင်ဆူလင်ဟော်မုန်း ထုတ်တယ်။ အဝါရောင်ရှိပြီး ပွင့်ချပ် ၁၀လွှာရှိတယ်၊ အသံက ..မီ..၊ ချက်စက်ဟာ ဦးနှောက် ဘယ်ဘက်ခြမ်းနဲ့ သက်ဆိုင်တယ်။
နံပါတ်(၄) က အနာဟတ Chakara ခေါ်တဲ့ နှလုံးစက်ပါ၊ ဖက်ဖူးစိမ်းရောင်ရှိပြီး အသံက …ဖာ..၊ နှလုံးစက်ဟာ သိုင်းမတ် ဂလင်းနဲ့ ဆိုင်ပြီး သိုင်မိုဆင် ဟော်မုန်းကို ထုတ် လုပ်ပါတယ်၊ ပွင့်ချပ် ၁၂လွှာရှိပါတယ်။ နှလုံးချက်ကရ နိုးကြားအောင် မေတ္တာဘာဝနာ ပွါးရတယ်၊ နှလုံးစက်မှာ နဒီတွေ ပိတ်ဆို့နေရင် နှလုံးရောဂါဖြစ်တတ်တယ်။
နံပါတ်(၅) က ဝိသုဒ္ဓိ ချက်ကရ ခေါ် လည်မျိုစက် ဖြစ် ပါတယ်၊ သိုင်းရွိုက်ဂလင်းနဲ့ ဆက်နေတယ်၊ ဦးနှောက် ညာခြမ်းနဲ့ ဆိုင်တယ်၊ ပွင်ချပ် ၁၆လွှာရှိပြီး အရောင်က Sky Blue ပါ၊ အသံက ..စို..၊ လည်မျို ချက်ကရ နိုးရင် အဆိုတော်တွေ၊ တရားဟောဆရာတွေဖြစ်နိုင်တယ်၊ အများကိုလွှမ်းမိုးနိုင်တယ်၊ လည်မျိုစက် ပိတ်နေတဲ့ ကလေးတွေမှာ autism ဖြစ်တတ်ပါတယ်။
***************
နံပါတ်(၆)က အင်ဂျန ချက်ကရ ခေါ်တဲ့ နှာရောင်စက်ပါ၊ Pitutari Gland ပီကျူတရီ ဂလင်းနဲဆိုင်တယ်၊ ခဲပြာ ရောင် ရှိပြီး ပွင့်ချပ် ၁၆လွှာ လည်နေတယ်၊ အသံက လာ၊ နှာရောင်စက်ပွင့်ရင် တတိယမျက်လုံးရတယ်လို့ဆိုတယ်၊ 4th Dimension ကို မြင်နိုင်တယ်၊ ဒိဗ္ဗစက္ခု အဘိဥာဉ် ရတာမျိုးပါ၊ နှာရောင်စက်ပွင့်ရင် တရားထိုင်တဲ့အခါ အလင်းနိမိတ်တွေ ရလာတယ်လို့ဆိုတယ်၊
***********
နံပါတ်(၇) က သဟဆရာရ ချက်ကရ ခေါ်တဲ့ ငယ်ထိပ် စက်ပါ၊ Crown ချက်ကရလို့လည်း ခေါ်တယ်၊ ခရမ်း ရောင်ရှိပြီး အသံက …တီ…၊ ပင်နီယယ် ဂလင်းနဲ့ ဆိုင်ပြီး အိပ်ပျော်စေတဲ့ မယ်လာတိုနင် ဟော်မုန်းကို ထုတ်ပေး ပါတယ်။ ငယ်ထိပ် Chakara နိုးရင် Multi Dimension ကို မြင်နိုင်ပြီ၊ Crown Chakara ဟာ ပွင့်ချပ် တစ်ထောင် ရှိပါသတဲ့၊ ငယ်ထိပ် ချက်ကရ နိုးတဲ့အခါ ဘူမိကုဏ္ဍလိနီနဲ့ အာကာသ ကုဏ္ဍလိနီ ပေါင်းစပ်ပြီး အမြင့်ဆုံးတရား ဥာဏ်ကိုရတယ်လို့ဆိုတယ်၊ ပွင့်ချပ်တစ်ထောင်လုံး နိုးဖို့ ဆိုတာတော့ ခက်တယ်၊ ဘုရားတစ်ဆူနဲ့ တစ်ဆူတောင် မတူဘူး၊ ပွင့်ချပ် ၇၀၀၊ ၈၀၀၊ ၉၀၀ / ၁၀၀၀ စသည်ဖြင့် နိုးကြသတဲ့။
နောက်ပွင့်မဲ့ ဗုဒ္ဓ သည် ချက္ကရ ပွင့်ချပ် ၁၀၀၀ အကုန်
လုံး ပွင့်လိမ့်မယ်လို့ ဗြဟ္မဏ ကျမ်းဂန် တွေကဆိုကြပါတယ် /
*************************
အီဂျစ် က ပရစ်မစ် တွေထဲမှာ ရက် ၄၀ ကမ္မဌာန်း
ထိုင်ခဲ့ပြီးနောက် -
# ကုဏ္ဍလိနီ နိုးသွားတဲ့ India က ဂိုပီ ခရစ်ရှနားဟာ
ဘာသာစကား ၂၀၀ ကျော် -ကို - ရုတ်တရက် ပြော
နိုင်လာ တယ်၊ လောက ကို ထိုးထွင်းသိမြင်လာတယ်၊ ခရစ်ရှ နာမူရတိလည်း ကုဏ္ဍလိနီ နိုးတဲ့အခါ အတွင်းနားနဲ အသံ တွေကြားလာရတယ်၊ ကုဏ္ဍလိနီ နိုးတယ်ဆိုတာ ရှေး ခေတ်ကတော့ ရာမာခရစ်ရှနာလို * ယောဂချက္ကရ ပွင့်ခဲ့ပြီး တန်ခိုး နှင့် ထိုးထွင်းသိမြင်တဲ့ ဥာဏ်စွမ်းအင် တွေ ရခဲ့တယ် / ခုခေတ်တော့ Ted Andrew လို ဂျပန်က ဒေါက်တာ မိုတိုယာမ လို (New Age) ခေတ်သစ်ဝါဒီတွေ သိပ္ပံပညာ ရှင်တွေဟာ အဲ့ဒီ ချက္ကရ ၇ ပါးကို လေ့လာ
လေ့ကျင့် - လာတာကို တွေ့ရတယ်။
***************************
ယောဂကျင့်ရင် > မိစာဒဌိ -အယူလွဲမှားတဲ့ ငရဲ
သွားမဲ့ လူ * လို့ ဘာသာရေး တဖက်ပိတ်တွေက
လို့ ပြောခဲ့ကြတယ်၊ အခုတော့ ကမ္ဘာဟာ ရွာ ဖြစ်သွားပြီး/ သက်သတ်လွတ် တရုတ်ဘုရားကျောင်း ထဲက ပြောင်း လဲခြင်းကျမ်း (ယိကျင်းကျမ်း) ကို Spencer Johnson က ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့သလဲလို့ဆိုပြီး ပြောင်းလဲ ရေးလိုက်ပြီ၊ မဟာသတိပဌာနသုတ်ဟာလည်း Spencer Johnson လက်ချက်နဲ့ဘဲ လက်ဆောင်မွန် (The Present) စာအုပ်ဖြစ်သွားပြီ၊ Android Platform ပေါ်မှာ Huawai တို့ Samsung တို့ ဝင်ပြီး Dock လုပ်ကြသလို၊ Platform ပေါ်မှာ သမာဓိရင့် ပြီးသား၊ ကုဏ္ဍလိနီ နိုးပြီးသား ဘယ်သူမဆို ဝင်ရောက် Dock လုပ်ပြီး ကျင့်ကြံလို့ရတယ်ဆိုတာ သိထားသင့်ပြီ။
အဲ့ဒီ ချက္ကရ ၇ ပါး ကျင့်စဉ်ကို ထေရ ကျမ်းဂန်တွေမှာ မ ပါ ရှိဘူး / လက်လည်းမခံဘူး /ထားလိုက်ပါ / အဲ့ဒီ ချက္ကရ ၇ ပါး တွေပွင့်ဖို့ ထိုက်ချိ / မန္တန် / ကွန်ဖူး / ဘဲလေးအက /insight independent philosophy Meditation
/ Yoga / Body Art / တွေကို လေ့လာလေ့ကျင့်ပြီး/ ဆေးသိပ္ပံ နည်းပညာ တွေကိုလည်းလေ့လာသင့်ပါတယ် လို့ သုတေသန တွေက ဆိုကြပါတယ် ///
တန္တရ လက်ဝဲ နဲ့ ဂမ္ဘီရ -မောင်ကျောက်တိုင်
---------------------
*ဆရာမောင်ကျောက်တိုင်,Mo -life creator, May Thae ,Chakra healing page, admin Aura ၏chakra postများစုစည်းတင်ပြပါသည်။
တင်ပြသူ Aura
28-12-2022
7:32pm Admin Aura
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay

13/12/2023