Tonymoly Myanmar Online Shop
သင့်ဘဝ သင့်အနာဂါတ် လှပဖို့ ကူညီပေးပါရစေ
၇လပိုင်းကမှ တရုတ်ပြည်ကနေ Master ဘွဲ့ယူခဲ့ပြီးလက်တလော တရုတ်ပြည်မှာ Master, PhD တက်နေကြသူတွေနဲ့ ဒီပညာရေးဝန်ဆောင်မှုလေးကိုလုပ်ဖြစ်တာပါ 👨🎓👩🏻💻
ကျမတို့ရဲ့ Service လေးကို စိတ်ဝင်စားစွာ မေးမြန်လာမှုများအတွက်လည်းကျေးဇူးအထူးပါ
🌸😘🌸
ယုံကြည်စိတ်ချစွာဖြင့် အပ်နှံလို့ရပါတယ် 👨🎓
04/01/2024
နိုင်ငံရပ်ခြားမှာကျောင်းတက်ပြီး ဘွဲ့လေးတစ်ခုချင်တယ်။ ပြည်တွင်းနဲ့ ပြည်ပမှာ လစာကောင်းတဲ့အလုပ်ခွင်ထဲဝင်ရောက်ချင်တယ်ဆိုတဲ့ မောင်ငယ် ညမငယ်များအတွက် ကျောင်းလခလဲ အများကြီး
အကုန်ကျမခံချင်ဘူးဆိုရင်တော့ ဒါတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံများများစားစားမရှိပါဘူး။ အဲ့ထဲမှာတရုတ်နိုင်ငံက ထိပ်ဆုံးကပါဝင်နေပါတယ်။ တကယ်လို့ ကိုယ်က တရုတ်ပြည်တက္ကသိုလ်မှာ
ကျောင်းသွားတတ်မယ်ဆိုရင်မင်မင်တို့ဆီဆက်
သွယ်လို့ရပါတယ်ရှင့်
Theingi Kyaw Team မှ Scholarship ပညာသင်ဆုတွေကိုရရှိဆွတ်ခူးနိုင်ဖို့ ကူညီပေးပါရစေ😍
03/01/2024
🇨🇳🇨🇳 တရုတ်ပြည်ဟာကမ္ဘာပေါ်မှာဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေသန်း၁၄၀၀ကျော်ရှိတာပါ။
နယ်မြေအကျယ်အဝန်းအရလဲ တတိယအကျယ်ဝန်းဆုံးနိုင်ငံဖြစ်ပြီး ယဥ်ကျေးမှုမြင့်မားတဲ့နိုင်ငံအဖြစ်လဲ နှစ်ပေါင်းထောင်ချီတည်ရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် တရုတ်ပြည်ကိုအလည်အပတ်သွားမယ်ဆို ရွေးချယ်စရာနေရာတွေများပြားလွန်းလှပါတယ် ။
ဘေကျင်းက တရုတ်ပြည်ရဲ့မြို့တော်ဖြစ်ပြီး တရုတ်ပြည်ကိုလာရောက်လည်ပတ်မယ်ဆို မဖြစ်မနေလည်ပတ်သင့်တဲ့မြို့ပဲဖြစ်ပါတယ် ။
BC ၁၀၀၀ကျော်ထဲကတည်ထောင်ခဲ့တဲ့မြို့ဖြစ်ပြီး အရင်ကတော့ပီကင်းမြို့လို့လူသိများပါတယ် ။
ဘေကျင်းမြို့ကိုသွားရောက်မယ်ဆိုရင် မဖြစ်မနေလည်ပတ်သင့်တာကတော့ ကမ္ဘာ့အံ့ဖွယ် ၇ ခုမှာအပါအဝင်ဖြစ်တဲ့ The Great Wall ပဲဖြစ်ပါတယ် ။
The Great Wall ဟာတရုတ်ပြည်ရဲ့အထိမ်းအမှတ်ဖြစ်ပြီး မြောက်ဖက်ကရန်သူများလာရောက်တိုက်ခိုက်တာကို ကာကွယ်ရန်တည်ဆောက်ခဲ့တာဖြစ်ပါတယ် ။
မိုင်ပေါင်း ၁၃၀၀၀ကျော်ရှည်လျားပြီး သက်တမ်းနှစ်၃၀၀၀နီးပါးရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်၁၄ရာစုကနေ၁၇ရာစုအတွင်း မင်မင်းဆက်လက်ထက် မှာမှ တံတိုင်းရဲ့တဝက်လောက်ကိုတည်ဆောက်ပြီးစီးခဲ့တာပါ။ နှစ်ပေါင်း ၂၀၀၀ကျော်အတွင်းမှာ အလုပ်သမား ၁သန်းကျော်ကိုအသုံးပြုတည်ဆောက်ခဲ့ကာ ၅သိန်းခန့်က ပင်ပန်းဆင်းရဲမှုတွေကြောင့်သေဆုံးခဲ့ရတယ်လို့ခန့်မှန်းကြပါတယ် ။ ယခုအချိန်မှာတော့ တစ်နှစ်ကို လာရောက်လည်ပတ်သူ ၁၀သန်းအထက်ရှိတယ်လို့ သိရှိရပါတယ် ။
Forbidden City ဘုရင်ပေါင်း ၂၄ဆက်နန်းစံခဲ့တဲ့ နန်းတော်ဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးဆုံး နန်းတော်ကြီးလဲဖြစ်ပါတယ် ။ အဆောက်အဦးပေါင်း ၉၈၀ နဲ့ အခန်းပေါင်း ၈၀၀၀ကျော် ပါဝင်တဲ့ နန်းတော်ကြီးဖြစ်ပြီး အလုပ်သမား ၁သန်းလောက်အသုံးပြုတည်ဆောက်ခဲ့ရတယ်လို့ ပညာရှင်များကခန့်မှန်းကြပါတယ် ။ ၁၅ရာစုနှစ်အတွင်း မင်မင်းဆက်လက်ထက်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ် ။ တရုတ်ပြည်ရဲ့အကောင်းဆုံး ဗိသုကာလက်ရာလို့ သတ်မှတ်ကြပြီး နှစ်စဥ် ကမ္ဘာလှည့်ခရီးသွား
၁၄သန်းခန့်လာရောက်လည်ပတ်ကြပါတယ် ။
Temple of Heaven ၁၉၉၈ခုနှစ်မှာ UNESCO အသိအမှတ်ပြုကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ဘုံကျောင်းကိုလည်း မင်မင်းဆက်လက်ထက်မှာပဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မင်မင်းဆက်ရဲ့ရွှေရောင်ခေတ်လို့သတ်မှတ်ကြတဲ့ ၁၅ရာစုအစောပိုင်းမှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုရင်များတိုင်းပြည်မှာစားနပ်ရိက္ခာပေါများစေရန်လာရောက်ဆုတောင်းခဲ့ကြတဲ့ဘုရားကျောင်းဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးပြီးလှပလွန်းတဲ့ဗိသုကာလက်ရာများကြောင့် လာရောက်လည်ပတ်သူများပြားလှပါတယ်။
Tiananmen Square သမိုင်းဝင်အဖြစ်အပျက်များစွာဖြစ်ပွားခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ စတုရန်းမီတာပေါင်း ၄သိန်းကျော်ကျယ်ဝန်းပြီး တရုတ်ပြည်၏အကြီးဆုံးရင်ပြင်ဖြစ်ကာ ကမ္ဘာ့အကြီးဆုံးရင်ပြင်စာရင်းမှာလဲ ဆဌမမြောက်အကြီးဆုံးဖြစ်ပါတယ် ။ သမိုင်းဝင်နေရာတစ်ခုဖြစ်သလို နိုင်ငံရေးထူးခြားဖြစ်စဥ်များဖြစ်ပျက်ခဲ့ရာနေရာတစ်ခုဖြစ်တဲ့အတွက် လူအများလာရောက်လေ့လာကြည့်ရှုကြပါတယ် ။
Summer Palace ဒီတစ်ခုကတော့ မင်မင်းဆက်ကျမှတည်ဆောက်ခဲ့တာမဟုတ်ပဲ ချင်မင်းဆက်ကထဲကတည်ဆောက်ခဲ့တာဖြစ်ပါတယ် ။ ၁၉၉၈ခုနှစ်မှာ UNESCO အသိအမှတ်အပြုခံခဲ့ရပြီး ဥယျာဥ်စိုက်ပျိုးပုံစနစ်ကျလှပမှုအတွက်အသိအမှတ်ပြုခံရပါတယ် ။ အဆောက်အဦးပေါင်း ၃၀၀၀ကျော်ထဲမှာမင်းဆက်အသီးသီးက သမိုင်းဝင်အမွေအနှစ် ၄၀၀၀၀ကျော် ကိုခင်းကျင်းပြသထားပါတယ် ။
သမိုင်းဝင်နေရာအမြောက်အများအပြင် ခေတ်မှီလှပတဲ့ အဆောက်အဦးအများအပြားကိုလဲတွေ့ရှိနိုင်ပါတယ် ။ ၂၀၀၈ နွေရာသီ အိုလံပစ် ကော ဆောင်းရာသီ အိုလံပစ်ကော ကိုပါလက်ခံကျင်းပဖူးပြီး နွေနဲ့ဆောင်း အိုလံပစ် ၂ခုလုံးကိုလက်ခံကျင်းပဖူးတဲ့ တစ်ခုထဲသောမြို့လဲဖြစ်ပါတယ်။
Beijing Capital International Airport ဟာဆိုရင်ကမ္ဘာမှာဒုတိယအလုပ်အများဆုံးလေဆိပ်ဖြစ်ပါတယ် ။ မြေအောက်မီးရထားလိုင်းဟာလဲ ကမ္ဘာပေါ်မှာအလုပ်အများဆုံးမြေအောက်မီးရထားလိုင်းဖြစ်ပြီး မြို့ပတ်မြေအောက်ရထားလိုင်းတွေထဲမှာဒုတ်ိယအရှည်ဆုံးပဲဖြစ်ပါတယ် ။ ယဥ်ကျေးမှု၊စီးပွားရေး၊နည်းပညာနှင့်သိပ္ပံအစရှိတဲ့ကဏ္ဍအသီးသီးမှာဦးဆောင်နေတဲ့မြို့ဖြစ်တဲ့အတွက်တရုတ်ပြည်ကိုရောက်ရှိခဲ့ရင်တော့
ရောက်အောင်သွားရောက်လည်ပတ်သင့်တဲ့မြို့ပဲဖြစ်ပါတယ် ။
🤩🤩
Crd
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
